ကသိုဏ်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကသိုဏ်း ဆိုသည်မှာ ပါဠိစကား ကသိဏ မှ ဆင်းသက်လာသည်။ အလုံးစုံ အကုန်အစင် တပြိုင်နက် ထင်မြင်အောင် ဆင်ခြင်ကြည့်ရှုအပ်သော အာရုံဟု အဓိပ္ပာယ်ရသည်။ ကသိုဏ်း (၁၀)ပါး တို့မှာ -
(၁) ပထဝီကသိုဏ်း = မြေအဝန်း၊
(၂) အာပေါကသိုဏ်း = ရေအဝန်း၊
(၃) တေဇောကသိုဏ်း = မီးအဝန်း၊
(၄) ဝါယောကသိုဏ်း = လေအဝန်း၊
(၅) နီလကသိုဏ်း = အညိုရောင်အဆင်းကသိုဏ်း၊
(၆) ပီတကသိုဏ်း = ရွှေရောင်အဆင်းကသိုဏ်း၊
(၇) လောဟိတကသိုဏ်း = အနီရောင်အဆင်းကသိုဏ်း၊
(၈) ဩဒါတကသိုဏ်း = အဖြူရောင်အဆင်းကသိုဏ်း၊
(၉) အာကာသကသိုဏ်း = ကောင်းကင်ဟင်းလင်းပြင်ကသိုဏ်း၊
(၁၀) အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း။[၁]
ကသိဏ ကမ္မဋ္ဌာန်း မှတ်ဖွယ်
[ပြင်ဆင်ရန်]ဝဏ္ဏ − အဆင်းကသိုဏ်း၌ − ကဏှ − မည်းနက်သောအဆင်း၊ ဟရိတ − စိန်သောအဆင်းတို့ကိုလည်း ကြည့်ရှု၍ နိမိတ်ရနိုင်၏။ ဈာန်ရနိုင်၏။ ကဏှ − ကသိုဏ်း၊ ဟရိတ − ကသိုဏ်းတို့ကို နီလ − ကသိုဏ်းဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏။
ထိုနည်းတူ −
၁။ အဝါနှင့် နီးစပ်သော အလုံးစုံသော အဆင်းကသိုဏ်းတို့ကို အဝါ − ကသိုဏ်းဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏။
၂။ အနီနှင့် နီးစပ်သော အလုံးစုံသော အဆင်းတို့ကို အနီ − ကသိုဏ်းဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏။
၃။ အဖြူနှင့် နီးစပ်သော မွဲပြာပြာ ပြာစိမ်းစိမ်း စသော အလုံးစုံသော အဆင်းတို့ကို အဖြူ − ကသိုဏ်းဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏။
(လောက၌ မျက်စိဖြင့် မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း၊ အရပ် (၁၀) မျက်နှာကို ဘယ်အရပ်ကိုဘဲ ကြည့်ကြည့် ကသိုဏ်းချည်းပင် မြင်ရတော့၏။ နိမိတ်ရအောင်သာ ကြည့်ရှု၍ ယူကြလေ။)
ကသိုဏ်းကို ကြည့်ရှုပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀) ပါးတို့တွင် မိမိစိတ် ချစ်ခင်နှစ်သက်တွယ်တာပုံရသော တစ်ခုခုသော ကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု၍ နိမိတ်ယူ၍ ဈာန် (၅) ပါးတို့ကို ဖြစ်စေရာ၏။ ကသိုဏ်းနိမိတ် တစ်ခုခုကို ရသည်ရှိသော် ကြွင်းကသိုဏ်းနိမိတ်တို့ကို အလွယ်တကူဖြင့်ပင် ရရှိနိုင်တော့၏။ ရှေးအတိတ်ကာလက အထုံဝသီ ပါရမီ အဓိကာရမရှိသော ပကတိသော ပုဂ္ဂိုလ်မှာ ပထဝီကသိုဏ်းလည်း ခက်ခဲသည်။ နိမိတ်ရခဲသည်။ ဝါယောကသိုဏ်း၊ အာလောကကသိုဏ်းတို့လည်း ခက်သည်။ နိမိတ်ရခဲသည်။
ရေကသိုဏ်း၊ မီးကသိုဏ်း၊ ကောင်းကင်ကသိုဏ်းတို့လည်း တော်တော်လွယ်၏။ အလွယ်ဆုံးမှာ ဝဏ္ဏ − အဆင်းကသိုဏ်းတို့သာ၍ လွယ်၏။ အလုပ်ရ အကြည့်ရ လွယ်၏။ နိမိတ်ရလွယ်၏။
ဤဝဏ္ဏ − အဆင်းကသိုဏ်းတို့တွင်လည်း အာဒိကမ္မိက အဦးအစပုဂ္ဂိုလ်အား ထိန၊ မိဒ္ဓ ထိုင်းမှိုင်းခြင်းကို လျင်မြန်စွာကင်းကွာစေတတ်သော အလွန်စိတ်ဉာဏ်ကို ကြည်စေတတ်သော နိမိတ်မရခင် လမ်းခရီး၌ပင် အထည်ဝတ္ထု အဆင်းဟူသမျှကို အလိုရှိတိုင်း မြင်စေတတ်သော အလွန်တန်ခိုးအာနုဘော်ကြီးသော ကသိုဏ်းတို့တွင် အမြတ်ဆုံး၊ အကောင်းဆုံး၊ အသာဆုံးဟူ၍ ဘုရားရှင် ဧတဒဂ်ထားတော်မူသော ဩဒါတ − အဖြူကသိုဏ်းကို ရှေးဦးစွာ ပွားများခြင်းကို ငါတို့ လွန်စွာ နှစ်သက်၏။[၂]