သာယာဝတီမင်း ခေါင်းလောင်းတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သာယာဝတီမင်း ခေါင်းလောင်းတော်

ရွှေတိဂုံ စေတီတော်‎ တနင်္ဂနွေထောင့်ရှိ ခေါင်းလောင်းကြီး ဖြစ်ပြီး သာယာဝတီမင်းခေါင်းလောင်းကြီးဟု အမည်ရသည်။ ၁၈၄၁-ခုနှစ်တွင် သွန်းလုပ်သည်။ အလေးချိန်ပိဿာ ၂၆၀၀ဝ ရှိပြီး တန်ချိန် ၄၂-တန်လေး၏။ ခေါင်းလောင်းကြီး၏ အထက်ချိတ် နေရာတွင် မနုသီဟရုပ်များဖြင့် ပုံဖော်ထား၏။

ထိုခေါင်းလောင်းကြီး၏ အတိုင်းအတာမှာ ရ-ပေ အမြင့်ရှိသည်။ အဝအကျယ်မှာ (၆)ပေ၊ ၈ လက်မ နှုတ်ခမ်းသား တစ်ပေထုရှိလေသည်။