ကုသိုလ်တော် ဘုရား(မန္တလေး)
Wikipedia မှ
| ကုသိုလ်တော် ဘုရား(မန္တလေး) | |
| ဘွဲ့တော် | မဟာလောကမာရဇိန် |
| တည်နေရာ | မန္တလေးမြို့ |
| တည်ထားသူ | မင်းတုန်းမင်း |
| ဉာဏ်တော် | |
| ကျော်ကြားမှု | ကမ္ဘာ့အကြီးဆုံးစာအုပ် ရှိသည့်ဘုရား |
| ဘုရားပွဲတော်နေ့ | |
ကုသိုလ်တော် ဘုရား [ပြင်ဆင်ရန်]
- ကုသိုလ်တော် ဘုရားသည် မန္တလေးတောင်ရဲ့ အရှေ့တောင်ဖက် မင်းတုန်းမင်း၏ ကုသိုလ်တော် ဖြစ်သည်။
- မြန်မာသက္ကရာဇ် ၁၂၂၄ ဝါဆိုလမှာ မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပြီး ဘွဲ့အမည်က မဟာလောကမာရဇိန်ဖြစ်သည်။ တံတိုင်း ၃ ထပ်ရှိပြီး ဖိနပ်ခင်းအချင်း သံတောင် ၆၅၊ အရပ်တော် သံတောင် ၅၀၊ ၁ မိုက် ၄ သစ်ရှိသည်။
- မြန်မာသက္ကရာဇ် ၁၂၃၀ ကဆုန်လဆန်း ၁ ရက်မှာ ဝိနည်း ၅ ကျမ်း၊ ကျော်ချပ်ရေ (၁၁၁)။ အဘိဓမ္မာ ၇ ကျမ်း၊ ကျောက်ချပ်ရေ (၂၀၈)။ သုတ္တန်ပါဠိတော် ကျောက်ချပ် (၄၁၀) ရှိတဲ့ ဓမ္မစေတီတော် (၇၂၉) ဆူ ကို ထုလုပ် ဝန်းရံ တည်ထားခဲ့ပါသည်။ ကျောက်စာအချပ်ရေများတဲ့ ဘုရားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားရေးသားကြပါသည်။ [၁]