မိုးကောင်းဘုရား

ဝီကီပီးဒီးယား မှ

မိုးကောင်းဆုတောင်းပြည့်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်၏ (၁၄)ရပ်ကွက်(ကံပဲ့ရွာ)တွင် တည်ရှိသည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာသနာနှစ် ၂၀၀-ကျော်တွင် သီရိဓမ္မာသောကမင်းကြီးသည် သဒ္ဒါကြည်ညို ပြင်းပြစွာဖြင့် သာသနာတော် အကျိုးနှင့် ဝေနေယျတို့ အကျိုးငှာ ဇမ္ဗူထိပ်ကျွန်းတွင်းအနှံ့ စေတီပုထိုးပေါင်း ၈၄၀၀ တည်ထားကိုးကွယ်ရာ၌ မိုးကောင်းဆုတောင်းပြည့်စေတီတော် ကိန်းဝပ်ရာဌာန ကုန်းမြေတွင် စေတီတော် တစ်ဆူ တည်ထားခဲ့သည်။

သီရိဓမ္မာသောကမင်းကြီးက စေတီတော်ကို သီရိမင်္ဂလာစေတီတော်ဟု ဘွဲ့အမည် ဆက်ကပ်ခဲ့သည်။ အင်းဝခေတ် ပထမ မင်းခေါင်မင်းလက်ထက်၊ မိုးမိတ်စော်ဘွားကြီး စဝ်ခွန်နောင်သည် ယခုလက်ရှိ ဉာဏ်တော်အတိုင်း မွမ်းမံတည်ထားပြီးနောက် မိုးကောင်းဆုတောင်းပြည့် စေတီတော်ဟု ဘွဲ့အမည် ဆက်ကပ်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်မှာ ၉၉-ပေရှိပြီး စိန်ဖူးတော်မှ အောက်နှုတ်ခမ်း အထိ ၁၂'၉" ၊ ထီးတော်အောက် နှုတ်ခမ်းမှ ငှက်ပျောဖူးအထိ ၂၅'၊ ကြာမှောက်ကြာလံ ၈'၃"၊ ဖောင်းရစ် ၁၀'၆"၊ ခေါင်းလောင်းတော် ၁၃'၆" ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။