ဆယ်ထပ်ကြီးဘုရား(ပြည်မြို့)

ဝီကီပီးဒီးယား မှ
ဆယ်ထပ်ကြီးဘုရား(ပြည်မြို့)
တည်နေရာ ပြည်မြို့
ဉာဏ်တော်
ကျော်ကြားမှု


ဘုရားသမိုင်း[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းကြီးသည် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ရန်လာရောက်သောအခါ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရှိ ဇေယျပထဝီအောင်မြေကုန်းတွင် မင်းကြီး စီးတော်ဆင်နှင့်မြင်းတို့ကိုချည်နှောင်ထားလေ့ရှိသည်။ မှူးကြီးမတ်ရာသေနာပတိတို့ ဆင်တပ်ကြီးကို အရှေ့ဘက်စောင်းတန်းထိပ်တွင် စခန်းချခဲ့သဖြင့် ယခုအခါဆင်တဲကျောင်းဟု အမည်တွင်ခဲ့သည်။ ဒွတ္တဘောင်မင်းကြီးနတ်ရွှာစံသောအခါ သားတော်ရဟန်းနာအရှင်စန္ဒာသိရီနှင့်အရှင်စန္ဒာဂရာဇာတို့ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဓာတ်တော်နှင့် မင်းမိဖုရား၏ လက်ဝတ်တန်ဆာတို့ကို ဌာပနာပြီး ရဟန္တာအရှင်သူမြတ်နှစ်ပါးနှင့် ပန်ထွာမိဖုရားတို့ ကြီးကြပ်ကာ ဆင်ချည်တိုင်နှင့် မြင်းချည်တိုင် ညီနောင်စေတီနှစ်ဆူကို တည်ထားတော်မူခဲ့သည်။ ထို့နောက် ဆင်ချည်တိုင်၊ မြင်းချည်တိုင်စေတီနှစ်ဆူမှာ နှစ်ကာလကြာနှောင်းလာသောအခါ ပျက်စီးလာသဖြင့် ဆရာတော်ဘဒ္ဒ န္တတေဇဝန္တဦးဆောင်ပြီး ဇေယျပထဝီကုန်းမြေပေါ်ရှိ ဆင်ချည်တိုင်၊ မြင်းချည်တိုင်စေတီတော်နေရာတွင် ဆယ်ထပ်ကြီးဘုရားကို( ၁၂၈၀ )ခုနှစ်မှစပြီး တည်ထားခဲ့ရာ နှစ်ကြိမ်တိုင်တိုင် အထမမြောက်ဘဲပြိုကျခဲ့သဖြင့် ( ၁၂၈၂ )ခုနှစ်တွင် ဗေဒင်ပညာရှိများ၏ တွက်ချက်မှုအရ ကဏာ ဇာလီကိန်းနက္ခတ်ကျနေသဖြင့် မောင်နှမအရင်းအထက်အောက်ဖြစ်ပြီး မောင်ဖြစ်သူစနေသားနှင့် နှမဖြစ်သူ ကြာသပတေးသမီးတို့ အုတ်မြစ်ချမှသာလျှင် အောင်မြင်မည်ဖြစ်သဖြင့် လိုက်လံရှာဖွေရာ အချို့မိဘများမှာ မိမိတို့သားသမီးများကို ဘုရားတည်ရန်အတွက် စတေးလိမ့်မည်ဟုယူဆပြီး မိမိတို့သားသမီးတို့နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။ သို့ရာတွင် မိဘများ၏ ခွင့်ပြုချက်အရ မောင်တင်မောင် ( ဂ)နှစ်သားနှင့် မခင်သန်း ( ၅ )နှစ်သမီး မောင်နှမနှစ်ယောက်တို့ကို ဝါးတပြန်သာသာနက်သော မြေကြီးကျင်းထဲသို့ လူကြီးများကပွေ့ချီကာဆင်းပြီး ရွှေချထားသော အုတ်နှစ်ချပ်ကို ကိုင်ဆောင်စေလျှက်အုတ်မြစ်ချခဲ့သည်။ ထိုအခိုက်ကျင်းကြီးနှုတ်ခမ်းများ စစ်ဗာရီများက သေနတ်များကိုမိုးပေါ်သို့ ထောင်ပြီးပစ်ဖောက်ရာ မြေကြီးမှာသိမ့်သိမ့်ခါခဲ့သည်။ အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ်ပုပ္ပါးဆရာကြီး ဦးစော်ဘွားမှ ပန္နက်ချသော မောင်နှမနှစ်ယောက်၏ နောက်မှနေပြီး ဂါထာမန္တံများရွတ်ဖက်ခြင်း၊ ခရုသင်းဖြူဖြူများမှုတ်ခြင်း ငွေဖလားကြီးနှင့် သပြေခတ်မှ ရေစက်များ ပတ်ဖြန်းပေးခဲ့သည်။ ကျင်းကြီးအပေါ်မှ ပရိသတ်များက ပန်းပေါက်ပေါက်များကြဲချခဲ့သည်။ ယင်းမှာ ဆယ်ထပ်ကြီးဘုရားတည်ရန်အတွက် တတိယအကြိမ်အုတ်ဖြစ်ချခဲ့ခြင်းဖြစ်သည်.....။

ဘုရားဉာဏ်တော်[ပြင်ဆင်ရန်]

ဆယ်ထပ်ကြီးဘုရားတည်ထားကိုးကွယ်ရန်အတွက် ဉာဏ်တော်အချိုးအစားကိုဝင်မစွတ်မြို့စားကြီးမှ ရှေ့အစဉ်အလာလင်္ကာအရ အတိုင်းအထွာရေးဆွဲပေးခဲ့သည်။ ရုပ်ပွားတော်ကြီးအား ပန်းရံဆရာကြီး( ၆ )ဦးမှာ အချိုးအစားပြေပြစ် ကြည်ညိုဖွယ်ကောင်းအောင် သုံးနှစ်တိုင်တိုင်အချိန်ယူကာ အချောသတ်ပြီး ပြီးမြောက်အောင်မြင်သည်အထိ တည်ဆောက်ခဲ့သည်။ ထို့နောက်မန္တလေးမြို့မှ မှာယူထားသည့် စကျင်ကျောက်ရုပ်ပွားတော်မှာ လေးလံလွန်းသဖြင့် အသုံးမပြုတော့ဘဲ မဟူရာမျက်လုံးတော်ကိုသွေး၍ ပူဖော်ခဲ့ပါတယ်။

ဘုရားဘွဲ့တော်[ပြင်ဆင်ရန်]

သို့ဖြစ်၍ ( ၁၂၈၀ )ပြည်နှစ်မှ စတင်တည်ထားခဲ့ရာ မူလဆင်ချည်တိုင်၊ မြင်းချည်တိုင် စေတီနှစ်ဆူမှာ ဓာတ်တော်များနှင့်လက်ဝတ်ရတနာများကို ဌာပနာပြီး ( ၁၂၉၀ )ပြည့်နှစ်တွင် ပြီးစီးအောင်မြင်ခဲ့ပြီး( ၁၀ )နှစ်တိုင်တိုင် တည်ထားခဲ့ရသဖြင့် ( ၁၀ )ထပ်ဘုရားကြီးဟု ဘွဲ့အမည်တွင်ခဲ့ရသည်။ ဉာဏ်တော်အမြင့်မှ ( ၇၃ )တောင် ( ၇ )လက်မ၊ ( ၁၁၀ )ပေ ( ၁ )လက်မ ဖြစ်ပါတယ်။ ဆရာတော်ဘဒ္ဒန္ဒတေဇဝန္တမှ ဦးဆောင်တည်ထားခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးနှင့် စစ်ပြီးခေတ်နှစ်ပေါင်းများစွာ ထိန်းသိမ်းပူဇော်ခဲ့မှု ကင်းမဲ့ခဲ့သဖြင့် တိုင်းပြည်လုံးချမ်းသာဘုရားကြီးမှာ ချုံနွယ်ပိတ်ပေါင်းများနှင့်ဖုံးလွှမ်းကာ ညဥ့်အခါမှောင်နှင့်မည်းမည်းတစ်ပါးတည်း ဧကစာရီကျင့်သုံးတော်မူခဲ့ရသည်။ ထို့နောက် ( ၁၃၃၉ )ခုနှစ်၊ နယုန်လဆန်း ( ၁၃ )ရက်နေ့ တိုင်းပြည်လုံးချမ်းသာဘုရားကြီးကို စေတနာရှင်သဒ္ဒါတရားထက်သန်ကြသော ရဟန်းရှင်လူပြည်သူအများတို့က ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့ကြသည်။ ယနေ့တိုင် ပဲခူးတိုင်း ( အနောက်ပိုင်း ) ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားအရှေ့ဘက်တွင်“ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီး ” ကို ကြည်ညိုဖွယ်ရာ လာရောက် ဖူးမြော်နိုင်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

[၁]