ငကျွဲနားတောင်းစေတီ

ဝီကီပီးဒီးယား မှ
ငကျွဲနားတောင်းစေတီ
  • စေတီပုထိုးအမှတ် = ၁၆၀၃/၉၁၁

ငကျွဲနားတောင်းစေတီ သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည့် စေတီဖြစ်သည်။ ငကျွဲနားတောင်းစေတီကို ခရစ်(၁၀)ရာစုတွင် တောင်သူကြီးမင်း၊ အေဒီ(၉၃၁−၉၆၄) တည်ခဲ့သည်။ ငကျွဲနားတောင်းစေတီ၏ ပုံစံမှာ အခြေခံအားဖြင့် သရေခတ္တရာပျူတို့တည်ခဲ့သည့် ဘောဘောကြီးဘုရားကြီးဘုရားမာ စေတီပုံစံများနှင့် တူညီပြီး လုံးစောက်သော ပုံသဏ္ဌာန်ရှိကာ အောက်ခြေအုတ်ခုံ အဝိုင်းခံ၍ တည်ထားသည်။ ငကျွဲနားတောင်းစေတီသည် (၄၄)ပေ မြင့်ပြီး စေတီတစ်ခုလုံး စဉ့်စိမ်းရောင် သုတ်ထားသည်။

  • စေတီပုထိုးအမှတ်=၁၆၀၃/၉၁၁[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ