ဒုတိယ အင်္ဂလိပ် - မြန်မာစစ်
Wikipedia မှ
ဒုတိယအင်္ဂလိပ် မြန်မာစစ် သည် ခရစ်နှစ်-၁၈၅၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃-ခုနှစ် ပုဂံမင်းလက်ထက်တွင် ပြီးဆုံးသည်။
စစ်ဖြစ်ရခြင်း အကြောင်းရင်း [ပြင်ဆင်ရန်]
အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ် တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘောပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။