စဉ့်ကူးမင်း
Wikipedia မှ
စဉ့်ကူးမင်းသည် ကုန်းဘောင်မင်းဆက်၏ စတုတ္ထမင်း ဖြစ်သည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် အလောင်းမင်းတရားကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင်ဗဒုံမင်း) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား ဖောင်းကားစား မောင်မောင်က ဘုရင်အယောင်ဆောင်ပြီး နန်းတွင်းသို့ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။