ပုံတော်စေတီ

ဝီကီပီးဒီးယား မှ
မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ပုံတော်စေတီ

ပုံတော်စေတီကို ၁၁၅၂-ခုနှစ်၊ နောက်ပိုင်းတွင် ဘိုးတော်ဘုရားတည်ခဲ့ဟန်တူသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီးဘုရား၏ စံနစ်မူပုံတော်အတိုင်း ၁၅-ပေခန့် မြင့်သော ဤပုံတော်စေတီကို တည်ခဲ့သည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် မဟာဇောတိကာရာမ ဆရာတော်ဘုရားကြီး၏ ပုရပိုက်တစ်ခုတွင် မင်းကွန်းပုထိုးတော်ကြီးအပြီးမသတ်နိုင်ခြင်းမှာ ဘုရားကြီးတည်နေဆဲကာလ၌ ဤပုံတော်စေတီကို ပုံစံတည်ပြီး ဌာပနာပစ္စည်းများ ထည့်သည့်အပြင် အနေကဇာပါ တင်ခဲ့သည့်အကြောင်းကြောင့်ဟု ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းကွန်းဘိုးဘွားရိပ်သာအကြောင်း သိကောင်းစရာ စာအုပ်မှ၊ စာ-၂၆