တိုး၊ ဦး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆင်မြင်းခြေသည်-ချီ ရခို်င်ချီမောင်ဖွဲ့ ရတုရေးသူ ဦးတိုးမှာ ရွှေဘိုအနောက် ခရီးတတိုင်ကွာ ဆီးတောရွာ၌ ၁၁၁၃-ခုနှစ်တွင် ဖွားမြင်၍ ကျောင်းသား၊ သာမဏေ၊ ရဟန်းဖြစ်သည်အထိ စာပေကျမ်းဂန် တတ်မြောက်အောင် သင်ကြားခဲ့ပြီးနောက် ၁၁၂၅-ခုနှစ်တွင် နန်းတတ်သော ဆင်ဖြူရှင်မင်းတရားကြီးနှင့် ၁၁၃၈-ခုနှစ်တွင် နန်းတတ်သော စဥ့်ကူးမင်းလက်ထက်တို့၌ ရတု၊ ကဗျာ၊ သီချင်းများ အပြင်ဆောင်းပါးများကိုလည်း ရေးသားသောကြောင့် ဆောင်းပါးမောင်တိုးဟု ခေါ်တွင်သည်။

၁၁၄၃-ခုနှစ်တွင်နန်းတတ်သော ဘိုးတော်မင်းတရားကြီးလက်ထက်တွင် သားတော် အိမ်ရှေ့မင်းလက်သုံး ကျွန်ယုံတော်အဖြစ်နှင့် ထမ်းရွက်ရသည်။ ၁၁၄၆-ခုနှစ် အိမ်ရှေ့မင်း ဓညဝတီရခိုင်ပြည်ကို တိုက်ခိုက်အောင်မြင်သောအခါနှင့် ဦးတိုးရေးသးသော ရာမရကန် ပြီးဆုံးအောင်မြင်သောအခါ တိုက်ဆိုင်နေသဖြင့် အိမ်ရှေ့မင်း အလွန်နှစ်လိုခြင်းဖြစ်ရကား ဦးတိုးအား ဇေယျကျော်သူဘွဲ့နှင့် အိမ်ရှေ့သံတော်ဆင့်အရာ၊ အိမ်ရှေ့ရွှေတိုက်စိုး အရာဖြင့် ချီးမြှင့်မြှောက်စားခြင်းကို ခံရသည်။ ထိုအခါမှစ၍ သံတော်ဆင့်ဦးတိုး၊ ရွှေတိုက်စိုးဦးတိုး၊ ရကန်ဦးတိုး ဟုခေါ်တွင်လာပြန်သည်။ ၁၁၅၈-ခုနှစ် အသက် ၄၅-နှစ်တွင် ဦးတိုး အနိစ္စရောက်သတည်း။

[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)