နောင်တော်ကြီးမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နောင်တော်ကြီးမင်း(ခေါ်) ဒီပဲယင်းမင်း(ခေါ်)စစ်ကိုင်းမင်း (၁၀ ဩဂုတ် ၁၇၃၄ -၂၈ နိုဝင်ဘာ ၁၇၆၃) သည် အလောင်းမင်းတရား၏ သားတော်အကြီးဆုံးဖြစ်သည်။ အလောင်းမင်းတရားလက်ထက်တွင် အိမ်ရှေ့မင်းဖြစ်ခဲ့ပြီး အလောင်းမင်းတရားကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံခဲ့သည်။ မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီးသည် နန်းတက်ဘွဲ့မှာ သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဘက် ရဲဘော်ကြီးဖြစ်သည့် မင်းလှနော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ်တွန် (ဦးတွန်)၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။ ဗိုလ်တွန်က အင်းဝကို သိမ်းပိုက်ကာ အခိုင်အလုံနေသည်ကို တိုက်ခိုက်နှိမ်နှင်းရသည်။ နောက်ဆက်တွဲအဖြစ် အခြားဒေသများတွင်လည်း ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ သို့သော် ပုန်ကန်မှုများကို ကောင်းစွာနှိမ်နှင်းနိုင်ခဲ့ပေသည်။ ၎င်းလက်ထက်တွင် စစ်ရေးအင်အားအထွတ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ရာဇဝင်ဆရာများဆိုကြသည်။ တရုတ်မြန်မာနယ်စပ်ရှိကျိုင်းရုံးကြီးနယ်(ယခုတရုတ်ပြည်တွင်းရှိ စစ်ဆောင်ပန္နားနယ်)သည်မြန်မာပိုင်ဖြစ်လာခဲ့သည်။

ကုန်းဘောင်မင်းဆက်၏ ၅ ဆက်မြောက်မင်း ဖောင်းကားစား မောင်မောင်မှာ နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။