ဖောင်းကားစား မောင်မောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက်အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်းဝင်ခဲ့သော မင်းဖြစ်သည်။ အရည်အချင်းညံ့သည် ဟုလည်း ဆိုသည်။ ဖောင်းကားမြို့ကိုစားရသည့်အတွက် ၄င်း၏အမည်ရှေ့တွင် ဖောင်းကား ဟု အစပြုခေါ်ကာ ဖောင်းကားစား မောင်မောင် ဖြစ်လာခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတော ဘုရားဖူးသွားနေတဲ့အချိန်မှာ နောက်ပါကျွန်ယုံများဖြင့် ဘုရင်အယောင်ဆောင်ပြီး နန်းသိမ်းခဲ့သည် ။ သို့သော် ၇ ရက်အကြာတွင် ဘထွေးတော်စပ်သူဖြစ်သည့် အိမ်နှိမ့်စံနေရသော ဗဒုံမင်းသားက တိုင်းပြည်အကျိုးလိုလားသော မူးမတ်များ စုစည်းညီညာမှုဖြင့် လုပ်ကြံပြီး ဗဒုံမင်း အဖြစ်နန်းတက်လာခဲ့သည်။ နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။ ဝိနည်းလွှတ်ရန် ထိုကဲ့သို့သွယ်ဝိုက် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံမင်းသားအား သုတ်သင်ပစ် ရန်ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တစ်ကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။