အမရပူရမြို့နယ်

ဝီကီပီးဒီးယား မှ
အမရပူရမြို့နယ်
မန္တလေးမြို့ရှိ မြို့နယ်
Skyline of အမရပူရမြို့နယ်
အမရပူရခရိုင် (အမရပူရမြို့နယ်)
အမရပူရခရိုင် (အမရပူရမြို့နယ်)
အမရပူရမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အမရပူရမြို့နယ်
အမရပူရမြို့နယ်
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°54′N 96°03′E / 21.900°N 96.050°E / 21.900; 96.050
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်အမရပူရခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့အမရပူရမြို့
အချိန်ဇုန်MST (UTC+၆:၃၀)
ဧရိယာကုဒ်(များ)၀၂ (မိုဘိုင်း: ၀၆၉, ၀၉၀)[၁]

အမရပူရမြို့နယ် သည် မန္တလေးတိုင်းဒေသကြီးအမရပူရခရိုင်တွင် တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၁၄၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ရက်၊ခရစ်နှစ် ၁၇၈၂ခု၊ အောက်တိုဘာလ၁၁ရက်နေ့တွင် ဗဒုံမင်းသည် တောင်သမန်အင်း၊ဒုဋ္ဌဝတီမြစ်၊ရွှေတချောင်းနှင့် တက်သေးအင်း၊ အောင်ပင်လယ်ကန် ဝိုင်းရံလျက် ထီးပေါင်းကားအရပ်၌ မြို့တော်တည်သောနှစ်ကို အင်းအိုင်ဝိုက်လည် အမရတည် ဟုဖော်ပြခဲ့သည်။[၂]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၄မိနစ်နှင့် ၂၂ဒီဂရီ ၄၆မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၀မိနစ်နှင့် ၉၆ဒီဂရီ ၀၃မိနစ် အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၅.၇၁မိုင်ရှိပြီး ၈၀.၁၁စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

အမရပူရမြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊တောင်ဘက်တွင် ဒုဋ္ဌဝတီမြစ်ခြား၍ စဉ့်ကိုင်မြို့နယ်၊အနောက်ဘက်တွင် ဒုဋ္ဌဝတီမြစ်ခြား၍ တံတားဦးမြို့နယ်နှင့် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းမြို့နယ်၊မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့တည်ရှိသည်။ အမရပူရမြို့နယ်တွင် အမရပူရမြို့နှင့် မြစ်ငယ်မြို့ဟု ထားရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

အမရပူရမြို့နယ်သည် မြေပြန့်လွင်ပြင်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၅၀အထက်တွင်ရှိသည်။ မြို့နယ်၏ အရှေ့ပိုင်းသည် ကုန်းမြင့်ပိုင်းဖြစ်ကာ အနောက်ဘက်နှင့်တောင်ဘက်သည် ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာဒေသဖြစ်၍ အနောက်တောင်ဘက်တွင် နှစ်စဉ် ရေဝင်ရောက်လေ့ရှိသည်။

ဤမြို့နယ်သည် မြစ်၊ချောင်းများ ပေါများသည်။ ထင်ရှားသော မြစ်များမှ အရှေ့နှင့်အနောက် စီးဆင်းနေသော ဒုဋ္ဌဝတီမြစ်နှင့် မြောက်မှတောင် စီးဆင်းနေသော ဧရာဝတီမြစ်တို့ဖြစ်သည်။

လူဦးရေ[ပြင်ဆင်ရန်]

အမရပူရမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရှမ်း၊ရခိုင်၊ကရင်၊ကချင် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး[ပြင်ဆင်ရန်]

အမရပူရမြို့နယ်သည် မန္တလေးမြို့ရှိ စီးပွားရေး အသင့်အတင့်ဖွံ့ဖြိုးသော မြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ယက္ကန်းလုပ်ငန်းလုပ်ကိုင်သည်။ အမရပူရမြို့နယ်မှ ချိတ်လုံချည်သည် နာမည်ကျော်ကြားသည်။ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ချည်မျှင်ရှည်ဝါတို့ စိုက်ပျိုးသည်။ နိုင်ငံတော်ပိုင် မြစ်ငယ်မီးရထားတွဲစက်ရုံနှင့် သစ်ခွဲစက်တို့ တည်ရှိသည်။ သစ်ခွဲ အလုပ်ရုံ၂ရုံလည်းရှိသည်။

ယက္ကန်းလုပ်ငန်း

ဈေးများ[ပြင်ဆင်ရန်]

  • သိမ်ကြီးဈေး
  • နန်းရတနာဈေး
  • မြစ်ငယ်ဈေး

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

အမရပူရမြို့နယ်အတွင်းရှိ အမရပူရမြို့တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်း၊စစ်ကိုင်း-မန္တလေးလမ်းများသည် ဤမြို့နယ်အတွင်းမှ ဖြတ်သွားသည်။

ပညာရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အမရပူရမြို့နယ်အတွင်းတွင်

တို့တည်ရှိသည်။

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၆ကျောင်းရှိသည်။

  • အထက မြစ်ငယ်
  • အထက ပလစ-၂
  • အထက ၁
  • အထက ၂
  • အထက ရွှေကြက်ယက်
  • အထက တမုတ်ဆိုး

အထက (ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ကုက္ကို
  • အလက (ထ(ခွဲ)) ရေကြည်ပေါက်
  • အလက (ထ(ခွဲ)) လိပ်ဆံခွန်
  • အလက (ထ(ခွဲ)) ကြည်မြင့်တိုင်
  • အလက (ထ(ခွဲ)) ယန္တရား
  • အလက မှန်တန်း
  • အလက ကင်းဘက်
  • အလက တလင်းကြီး
  • အလက ဆောက်တောဝ (တောင်)

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၈ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • ပြည်သူ့ဆေးရုံ
  • မန္တလေး စိတ္တဇရောဂါကုဆေးရုံ
  • ရဲလွန်းကျော်
  • တလင်းကြီး
  • တမုတ်ဆိုး

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ဘာသာရေး[ပြင်ဆင်ရန်]

အခြား[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2011 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ အမရပူရမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]