မာတိကာသို့ ခုန်သွားရန်

မဟာယာန

ဝီကီပီးဒီးယား မှ
တီဗက်ရိုးရာ ထျန်ခါပန်းချီဖြင့် ပူဇော်ထားသည့်သကျမုနိဂေါတမဗုဒ္ဓပုံတော်
ဗုဒ္ဓဘာသာ

မဟာယာနဂိုဏ်း (အင်္ဂလိပ်: Mahayana; သင်္သကရိုက်: महायान'; ကြီးမြတ်သောယာဉ် (သို့) လမ်းစဉ်)သည် ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးတမ်း၊ ကျမ်းစာ၊ အတွေးအခေါ် နှင့် ကျင့်စဉ်များပါဝင်သော ကြီးမားသည့် သာသနာအစုအဝေးကြီးဖြစ်၏။ ယခုအချိန်အထိ မဟာယာနဗုဒ္ဓဘာသာသည် ကမ္ဘာ့ဗုဒ္ဓဘာသာ(ထေရဝါဒအပါအဝင်)အသိုင်းအဝိုင်းတွင် လွှမ်းမိုးထားသည့် သာသနာတော်တစ်ခုဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် ခရစ်တော်ပေါ်ပြီး တစ်ရာစုခန့်တွင်ပေါ်ပေါက်လာသည် ဟု သမိုင်းပညာရှင်များကဆိုသည်။

မဟာယာနဟူသောဝေါဟာရသည် ဗောဓိသတ္တ(ဘုရားလောင်း)ဖြစ်ရေးနှင့် ဗုဒ္ဓဖြစ်ရေး လမ်းစဉ်တို့အား ရည်ညွှန်းထားခြင်းဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာတွင် အဓိကပန်းတိုင်ကြီးနှစ်ခုမှ မိမိကိုယ်ကို သံသရာတည်းဟူသောဒုက္ခပင်လယ်ထဲမှ ကယ်တင်ရန် နှင့် ဒုတိယမှာ မိမိနှင့်အတူ သံသရာထဲတွင်ဒုက္ခရောက်နေသော သတ္တဝါအပေါင်းကိုပါ နိဗ္ဗာန်သို့ လမ်းပြပေးရမည်ဟူသော ကယ်တင်ခြင်းပန်းတိုင်တို့ဖြစ်သည်။

မဟာယာနဗုဒ္ဓဘာသာကို တစ်နည်းအားဖြင့်လည်း ဗောဓိသတ္တယာနဗုဒ္ဓယာန နှင့် ဧကယာန ဟုလည်းခေါ်ဆိုကြသည်။ အကြောင်းမူကား မဟာယာနယုံကြည်သူများက ထေရဝါဒကဲ့သို့ အရဟတ္တ(ရဟန္တာ)ဖြစ်ရေးကို အစပထမ ဦးတည်ကျင့်သုံးသော်လည်း ကိလေသာအပြစ်များစင်ကြယ်၍ ရဟန္တာဖြစ်ခြင်းသည် သံသရာ၏ အဆုံးမဟုတ်ကြောင်း ဆိုလေသည်။ ရဟန္တာအဖြစ်ဆိုက်ရောက်သောအခါ ကိလေသာအညစ်အကြေးကင်းစင်သွားသော်လည်း ကြွင်းသောသတ္တဝါတို့အား တရားပြရန်သံသရာဝဋ်မှ ကယ်တင်ရန် ဗောဓိသတ္တကျင့်စဉ်များကို ကျင့်ကြံရမည်ဟု ဆိုထားပါသည်။ ထို့ကြောင့် "ဧကယာန" ဟုခေါ်ဆိုရခြင်းဖြစ်ပြီး သဒ္ဓမ္မပုဏာရိကာသုတ္တံ(မဟာယာန)တွင် ဂေါတမဗုဒ္ဓသည် ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ နှင့် ဗုဒ္ဓ ဖြစ်ခြင်းသည် ကွဲကွာနေသော ကျင့်စဉ်လမ်းစဉ်များမဟုတ်ကြောင်း ဗုဒ္ဓဖြစ်ရေးကိုသာ ဦးတည်နေကြခြင်းဖြစ်ကြောင်း တစ်ခုတည်းသောလမ်း ဧကယာနကြီးဖြစ်ကြောင်း ဟောကြားထားသည်ကို တွေ့မြင်ရပါသည်။

ဝဇီရယာန သည် မဟာယာန၏ အကိုင်းအခက်တစ်ခုဖြစ်ပြီး မြောက်မြားစွာသော ဗုဒ္ဓတန္တရကျင့်စဉ်များကို ကျင့်ကြသည်။ ဤနည်းလမ်းဖြင့် ဗုဒ္ဓဖြစ်ရန် ပို၍ လျင်မြန်သည် ဟု ဆိုထားသည်။ ဝဇီရယာနကို အများသောအားဖြင့် တိဘက်တွင် တိုးတက်ပြန့်ပွားပြီး တခြားသော တရုတ်ပြည် နှင့် ဂျပန်ပြည်တွင်လည်း တမူထူးခြား ကိုးကွယ်ကြသူ ကျင့်ကြံသူ ရဟန်း၊ ဥပသကာတို့လည်း ယနေ့တိုင်ရှိသေး၏။ အထူးသဖြင့် ဂျပန်ပြည်ရှိ ရှင်းဂွန်းဗုဒ္ဓဘာသာ(Shingon Buddhism)သည် ဝဇီရယာနကျင့်သော မဟာယာန၏ဂိုဏ်းခွဲတစ်ခုဖြစ်လေသည်။

မူလအစပိုင်း၌ မဟာယာနအယူအဆသည် သေးငယ်သော်လည်း အိန္ဒိယမြောက်ပိုင်းရှိ ဗုဒ္ဓဘာသာအဝန်းဝိုင်း၌ စွမ်းအားကြီးသော အားတစ်ရပ်ဖြစ်ခဲ့သည်။[] နာလန္ဒာ၊ ဝိကရာမာရှိလာ (Vikramashila)ကဲ့သို့သော မဟာယာနနှင့် ဆက်စပ်သည့် ဗုဒ္ဓတက္ကသိုလ်များနှင့် ပညာသင်ကြားရာနေရာများသည် ၇ ရာစုနှင့် ၁၂ ရာစုတို့တွင် ရှင်သန်ဖြစ်ထွန်းခဲ့ကြသည်။[] သမိုင်းတစ်လျှောက်၌ မဟာယာနသည် တောင်အာရှ၊ အလယ်အာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှများသို့ ပြန့်နှံ့ခဲ့ကြ၍ ယနေ့ခေတ်တွင် တရုတ်၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှားနှင့် ဘူတန်တို့တွင် ဆက်လက်တည်ရှိ အားကောင်းကြသည်။[]

၂၀၂၄ စစ်တမ်းအရ ဗုဒ္ဓဘာသာဝင်အားလုံးတွင်

  • အာရှတိုက်၌ မဟာယာနဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၅၆% ဖြင့် အကြီးမားဆုံးသော ဂိုဏ်းကြီးတစ်ခုဖြစ်၍၊ ဝဇီရာယာနဗုဒ္ဓဘာသာက ၆%၊ ထေရဝါဒဗုဒ္ဓဘာသာက ၃၈%၊
  • မြောက်အမေရိကတိုက်တွင် မဟာယာနဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၅၀%၊ ဝဇီရာယာနဗုဒ္ဓဘာသာက ၁၅%၊ ထေရဝါဒဗုဒ္ဓဘာသာက ၃၅%၊
  • ဥရောပတိုက်တွင် မဟာယာနဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၅၅%၊ ဝဇီရာယာနဗုဒ္ဓဘာသာက ၂၀%၊ ထေရဝါဒဗုဒ္ဓဘာသာက ၂၅%၊
  • အာဖရိကတိုက်တွင် မဟာယာနဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၄၀%၊ ဝဇီရာယာနဗုဒ္ဓဘာသာက ၁၅%၊ ထေရဝါဒဗုဒ္ဓဘာသာက ၄၅%၊
  • ဩစတြေးလျတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းငယ်များတွင် မဟာယာနဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၅၀%၊ ဝဇီရာယာနဗုဒ္ဓဘာသာက ၁၀%၊ ထေရဝါဒဗုဒ္ဓဘာသာက ၄၀%၊
  • တောင်အမေရိကတိုက်တွင် မဟာယာနဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၆၀%၊ ဝဇီရာယာနဗုဒ္ဓဘာသာက ၁၀%၊ ထေရဝါဒဗုဒ္ဓဘာသာက ၃၀% အသီးသီးဖြစ်ကြသည်။

[]

မဟာယန၏လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]
ဗုဒ္ဓဘာသာ
မဟာယာနဗုဒ္ဓဘာသာ၏ ပညာပါရမီတာ(ပညာပါရမီ) ကိုကိုယ်စားပြုသော သဘောဖြင့်တွေ့ရသော ပညာပါရမီတာဘုရားအလောင်းတော် (အင်ဒိုနီးရှား ရှေးဟောင်းအိန္ဒိယလက်ရာ)
ဂျပန်ပြည် ရှင်းဂွန်းဗုဒ္ဓဘာသာ ဘုရား‌‌‌စင်

မဟာယာနလှုပ်ရှားမှုသည် ဂေါတမဗုဒ္ဓမှ ဆင်းသက်လာသည်ကို တွေ့ရှိရသော်လည်း၊ ပညာရှင်များက အများပိုင်နှစ် ပထမရာစု(1st CE) (သို့မဟုတ်) အများပိုင်နှစ်မတိုင်မီ ၁-ရာစု(1 BCE)တွင် အိန္ဒိယ၌စတင်ခဲ့သည် ဟု ယုံကြည်ထားကြသည်။ ပညာရှင်များက အိန္ဒိယတွင် မဟာယာနလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသည်မှာ အများပိုင်နှစ် ပဉ္စမရာစုတွင်ဖြစ်သည် ဟု ကိုင်စွဲထားကြသည်။ ယင်းအချိန်မှစပြီး မဟာယာန၏ ပေထက်အက္ခရာကျောက်စာများကို ကမ္ပည်းမှတ်တမ်းများအဖြစ် အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည်။ အများပိုင်နှစ် ဧကာဒသမရာစု (အိန္ဒိယတွင် မဟာယာန တည်ရှိနေဆဲ၊ မဟာယာနသုတ်(သုတ္တန်)များကို ပြန်လည်တည်းဖြတ်နေဆဲဖြစ်သည်။ ထို့အတွက် တူညီသော သုတ်(သုတ္တန်)အပေါ်တွင် များစွာသော မူကွဲများသည် မဟာယာန၏သမိုင်းကို ပညာရှင်များ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားရာတွင် အသုံးမဝင်ပါ။ သမိုင်းစဉ်ဆက်အရ မဟာယာနသည် အရှေ့အာရှတိုက်တခွင်သို့ ပျံ့နှံ့သွားသည်။ ယနေ့အထိ မဟာယာနကို အဓိကကျင့်သုံးနေသော နိုင်ငံများမှာ တရုတ်ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယားတို့ ဖြစ်သည်။ မဟာယာန ဗုဒ္ဓဘာသာကို ယနေ့အထင်ကရ သင်ကြားနေသည့် ကျောင်းတော်များမှာ သုခဝတီဂိုဏ်း(Pure Land Buddhism)၊ ဇင်(Zen)၊ နီချီရန် ဗုဒ္ဓဘာသာ(Nichiren Buddhism)၊ ရှင်းဂွန်းတန္တရဂိုဏ်း(Shingon)၊ တိဗက်တန္တရဗုဒ္ဓဘာသာနှင့် တင်ဒိုင်းဂိုဏ်းတို့ ဖြစ်ကြသည်။ နောက်ဆုံးသုံးဂိုဏ်းသည် မဟာယာနနှင့် ဝဇီရယာန နှစ်ခုစလုံးကို ကျင့်ကြံကြသည်။

မဟာယနဂိုဏ်းများ၏ယုံကြည်မှုဖော်ပြချက်များ

[ပြင်ဆင်ရန်]
တိဗက်ရိုးရာ ပိုးထည်ပန်းချီဖြင့် ဆွဲထားသော အာမိတာဘပုံ

မဟာယာနဗုဒ္ဓဘာသာကျောင်းတော်များသည် ရှေးယခင် ဗုဒ္ဓဘာသာကျောင်းတော်များတွင် သင်ကြားခဲ့သည့် ဒုက္ခမှ ကင်းလွတ်ခြင်းနှင့် နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်း စံနှုန်းများကို အလေးထားသင်ကြားခြင်း ရှိသည်။ထို့အပြင် မဟာယာနအဆိုအမိန့်၏ အခြေခံကျသော မူများသည် အရာအားလုံးအတွက် ဒုက္ခမှ အလုံးစုံလွတ်မြောက်ရေး ဖြစ်နိုင်စွမ်းအားနှင့် ဗုဒ္ဓ၏တည်ရှိနေမှုနှင့် ဗောဓိသတ္တများ၊ ဗုဒ္ဓသဘာဝ (佛性)ကို ပုံဖော်ပေးသည့် အပေါ်တွင် အခြေခံထားသည်။ အချို့သောမဟာယာနဂိုဏ်းများသည် ဘာသာရေးယုံကြည်မှုဖော်ပြချက်ကို လွယ်ကူစွာ ရှင်းလင်းဖော်ပြရာတွင် ဗုဒ္ဓအာမိတာဘ၏ နာမတော်အားဖြင့် ကယ်တင်ခြင်းကိုရရှိခြင်း၊ ဗုဒ္ဓအာမိတာဘ(अमिताभ) ထံသို့ ဂါထာမန္တာန်များရွတ်ခြင်းဖြင့် ဘာသာယုံကြည်မှုနှင့် ကိုးကွယ်ဆည်းကပ်မှုတို့ကို ရရှိစေသည်။

ဗုဒ္ဓဘာသာ၏ ကိုးကွယ်ဆည်းကပ်မှုဘဝပုံစံသည် သန့်ရှင်းသော မြေကျောင်းတော်ရှိ ပြင်းထန်သောအာရုံစူးစိုက်ထားမှု တစ်ခုဖြစ်ပြီး မဟာယာန၏ အရှေ့အာရှတစ်လွှား၌ အောင်မြင်ခဲ့ခြင်းတွင်လည်း ကြီးမားအကြောင်းအရင်း ဖြစ်ခဲ့သည်။ အရှေ့အာရှတွင် စိတ်၏မူလအခြေခံများသည် ဘုရားရှိခိုးရွတ်ဆိုခြင်း၊ မန္တာန်ရွတ်ဆိုခြင်း သို့မဟုတ် ဓရဏပရိတ် ရွတ်ခြင်းတို့အပေါ်တွင် ဓလေ့ထုံးတမ်းအရ အမှီသဟဲပြုနေသည်။ မဟာယာနသုတ်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားအားထုတ်ခြင်းများပေါ်တွင် မှီခိုနေပါသည်။ တရုတ်ဗုဒ္ဓဘာသာတွင် ဘုန်းကြီးအများစုသည် သန့်ရှင်းသောမြေကျောင်းတော်၏ အဆိုအတိုင်းကျင့်ကြံအားထုတ်ကြပြီး အချို့သော ဘုန်းကြီးများသည် ဇန်ကျောင်းတော်၏ သင်ကြားမှုများနှင့် ပေါင်းစပ်ကျင့်ကြံအားထုတ်ကြသည်။

မဟာယာနကျောင်းအများစုသည် ဘုရားမဖြစ်သေးသည့် ဗောဓိသတ္တ (बोधिसत्त्व)များ၏ နတ်ကွန်းများကို လည်း ယုံကြည်သက်ဝင်မှုရှိသည်။ ဗောဓိသတ္တများသည် ပုဂ္ဂိုလ်ရေးထူးချွန်မှု၊ ဆုံးခန်းတိုင်ထက်မြက်သည့် အတတ်ပညာ၊ လူသားများနှင့် အခြားဘုံများ (တိရစ္ဆာန်၊ တစ္ဆေသရဲ၊ တစ်ဝက်တစ်ပျက်နတ်များ စသည်တို့)ကို ကယ်တင်ရေးတို့ကို ရရှိရန် ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။ မဟာယာနတွင် ဗုဒ္ဓသည်အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပြီး အချိန်တိုင်း၊ နေရာတိုင်းနှင့် သုံးဆယ့်တစ်ဘုံတွင်ပါရှိသူအဖြစ် သိမြင်ထားပြီး၊ ဗောဓိသတ္တများသည် အများကောင်းကျိုးအတွက် ထူးချွန်သော အရည်အသွေးစံများကို ကိုယ်စားပြုရန် ရောက်ရှိလာကြသည် ဟု သိမြင်သည်။ ဇင်(ဈာန်)ဗုဒ္ဓဘာသာသည် မဟာယာန၏ကျောင်းတစ်ကျောင်းဖြစ်ပြီး မဟာယာန၏ကယ်တင်ခြင်း၊ အဆိုအမိန့်၏ တရားရိပ်များအပေါ် ချိန်ရွယ်သတ်မှတ်ထားသည်။ ဗောဓိသတ္တများ၏ ဗိမာန်ကို သိစိတ်၏ကိုယ်စားပြု သွင်ပြင်များအဖြစ် မြင်သည်။ (ဥပမာ – အဝ​လောကိ​တေသွာရ (Avalokiteśvara)ကဲ့သို့ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် သနားစာနာစိတ်ပင်ဖြစ်သည်။)

မဟာယာနဗုဒ္ဓဘာသာကို ယေဘုယျအားဖြင့် စရိုက်ခွဲခြားခြင်း

[ပြင်ဆင်ရန်]
  1. အားလုံးနှင့်ဆိုင်သောလမ်းစဉ် – အားလုံးသော မဟာယာနကျောင်းတော်များသည် လူတိုင်း ဗုဒ္ဓဘုရားဖြစ်နိုင်သည်ကို နာခံလိုက်နာဆဲဖြစ်သည်။ (ဥပမာ- ဓမ္မစကြာသုတ်)
  2. ဗောဓိစိတ္တဆိုသော အမှန်တစ်ကယ်ပြည့်စုံစွာ သိရှိနားလည်ခြင်း။ (ဥပမာ- အမျိုးမျိုးသော ပရောဇန ပါရမီသုတ်များ)
  3. သနားစာနာစိတ်ကောင်းမှု ပေးနိုင်ခြင်းမှတဆင့်။
  4. လူသားထက်ကျော်လွန်သော စိတ်သမာဓိ၊ ၎င်းတွင် ပြောင်းလဲမှုမရှိသော ဗုဒ္ဓဥပဒေသသည် သုံးဆယ့်တစ်ဘုံတွင် တည်ရှိနေခြင်း။ (ဥပမာ- ဗုဒ္ဓသဘာဝနှင့် မဟာပရိနိဗ္ဗာနသုတ်အင်္ဂုလိမာလသုတ်သီရိမာလသုတ်နှင့် တတ္ထ ဂတ္တ ကမ္ဘာသုတ်)
  • မဟာယာန၏ အတွေးအခေါ်ဆိုင်ရာတွင် ပထမစရိုက်လက္ခဏာသုံးမျိုးကို အလေးအနက်ထားကြသည်။ အချို့သော မဟာယာနကျောင်းတို့တွင် သဘာဝလွန်ကျင့်စဉ်များကို စိတ်ဝင်စားမှု မပြသသည့် ဗုဒ္ဓဘာသာ၏သဘာဝကို အလေးအနက်ထားကြသည်။
  • တစ်ချိန်တည်းမှာပင် မဟာယာန၏ ကိုးကွယ်ဆည်းကပ်မှုသည် ကယ်တင်ခြင်းအပေါ်တွင် အဓိကထား သုံးသပ်ပြီး တမလွန်ဘဝနှင့် သက်ဆိုင်ရာဘုံဌာနများဆီသို့ ဦးတည်နေသည်။ (ဥပမာ- သုခဝတီသုတ်)

မဟာယာနနှင့် ထေရဝါဒ

[ပြင်ဆင်ရန်]
ဗုဒ္ဓဘာသာ

ထေရဝါဒဗုဒ္ဓဘာသာကို မဟာယနတို့က ဟိနယာန(ယုတ်ညံ့သောလမ်းစဉ်)အဖြစ် ဖော်ပြနေကြသော်လည်း အချို့သော စာပေရေးသားသူများက "မဟာယာနအမြင်မှ အချို့သောကိစ္စရပ်များကို ထည့်သွင်းစဉ်းစားခြင်း မပြုကြရန်" ထောက်ပြပြောဆိုထားကြသည်။ ထိုတွင် ထေရဝါဒ၏ရှုမြင်ပုံသည် ဟိနယာနဆိုသည်မှာ ထေရဝါဒနှင့် ကွဲပြားခြားနားသည်ဖြစ်ကြောင်း နားလည်ထားသည်။ မဟာယာန၏ ဘုရားရှင်ချမှတ်ခဲ့သည့် ဓမ္မဝိနယ(ဝိနည်း)နှင့် ဩဝါဒများကိုလက်ခံထားခြင်း မရှိသည့်အတွက် ထေရဝါဒဗုဒ္ဓဘာသာ(ထေကြီးဝါကြီးတို့၏ လမ်းစဉ်)သည် ဟိနယာနဂိုဏ်းကို အတန်းအစားခွဲခြားရာတွင် သီးသန့် လက္ခဏာများအပေါ်မူတည်၍ ပြုလုပ်ရန် ကျိုးကြောင်းပြထားသည်။ ၎င်းတို့ ထောက်ပြသည်မှာ မဟာယာနတို့အပေါ်ဝေဖန်မှု၏ အခြေခံအကြောင်းအရင်းဖြစ်ခဲ့ပြီး ထေရဝါဒသည် ယနေ့ခေတ်တွင် မရှိတော့ပြီဖြစ်သော သဗ္ဗေတိဝါဒဂိုဏ်းနှင့် မတူညီကြောင်းပင်ဖြစ်သည်။ ထေရဝါဒသည် လွတ်လပ်သည့်အတွေးအခေါ် ဝါဒများ တည်ရှိနေခြင်းကို တင်ပြပြောဆို လက်ခံကျင့်သုံးခြင်းမရှိပါ။ ဤမှာ ထေရဝါဒသည် ရှေးယခင်ကတည်းက ဗုဒ္ဓဘုရားရှင် ဆုံးမခဲ့သည့် မူလဗုဒ္ဓဘာသာကို ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ အခြားတစ်ဘက်တွင် ခေတ်ပြိုင် ထေရဝါဒဘာသာဝင်များညွှန်ပြသည်မှာ မဟာယာန အတွေးအခေါ်ဆီသို့ ရှေးရှုသည့် စာနာမှုရပ်တည်ချက်တစ်ရပ်အဖြစ် မေတ္တာသုတ် နှင့် မဇ္ဈိမပဋိပဒါ(အလယ်အလတ်လမ်း)ပေါ်မှ စာနာခြင်း ကဗျာစာပိုဒ် (Mūlamadhyamakakārikā)တို့တွင် တွေ့ရှိရသည် ဟု ဆိုသည်။ မဟာယာနကိုးကွယ်သူများတွင် သဗ္ဗေတိဝါဒနှင့် သတ္တရံတိကများ၏ တောင့်တင်းခိုင်မာသော တွေးတောကြံစည်ချက်များကြောင့် အနှောင့်အယှက်ဖြစ်ရသည်။ "သုည(ဘာမှမရှိခြင်း)"အဆိုအမိန့်ကို အထူးပြုလေ့လာရာတွင် ကာလူး ပဟာန (Kalupahana)သည် ရှေးယခင်သင်ကြားမှုများကို ရေရှည်တည်တံ့အောင် ကြိုးပမ်းအားထုတ်ခြင်းတို့ကို လက်ကိုင်ထားလျက်ရှိသည်။ ထေရဝါဒယုံကြည်သူများသည် သဗ္ဗေတိဝါဒဝင်များနှင့် သတ္တရံတိကများ(နှင့်အခြားသောကျောင်းများ)ကို စင်စစ်အားဖြင့် ပြင်းပြင်းထန်ထန် ငြင်းပယ်ထားကြသည်။ ၎င်းတို့၏ သဘောတရား၊ အယူအဆများသည် ဓမ္မဝိနယ၏ တောင့်တင်းခိုင်မာမှု မရှိခြင်းကြောင့်ပင်ဖြစ်သည်။ ထေရဝါဒ၏ ငြင်းဆိုချက်များကို ကထာဝတ္ထုထဲတွင် ထည့်သွင်းထိန်းသိမ်းထားသည်။ ဤသို့ ဝိနည်းသိက္ခာပုဒ်များကို မလျော့ကြသည့်အတွက် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာသည် ယနေ့ခေတ်တွင် ဆက်လက်ရပ်တည်ရန် ခက်ခဲသဖွယ် မြင်ရခြင်းဖြစ်သည်။

သမိုင်းကြောင်းများ

[ပြင်ဆင်ရန်]

မဟာယာန အမည်မှာ မြောက်ပိုင်း ဗုဒ္ဓသာသနာ၏ အမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓသာသနာမှာ တောင်ပိုင်း ဗုဒ္ဓသာသနာ၊ မြောက်ပိုင်း ဗုဒ္ဓသာသနာဟု နှစ်မျိုးရှိရာ တောင်ပိုင်းဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓသာသနာဖြစ်သည်။ မြောက်ပိုင်း ဗုဒ္ဓသာသနာမှာ မဟာယာနဗုဒ္ဓသာသနာ (Mahāyāna (Sanskrit: महायान, mahāyāna, အဓိပ္ပာယ်"ကြီးမြတ်သောလမ်းစဉ်") ဖြစ်သည်။ ထိုတောင်ပိုင်းနှင့် မြောက်ပိုင်းကွဲသည်မှာလည်း ဒုတိယသင်္ဂါယနာ တင်သည်ကစ၍ ကွဲခဲ့ကြခြင်းဖြစ်သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ပြီး ၄ လမြောက် တွင် အရှင်မဟာကဿပ အမှူးရှိသော သံဃာတော်တို့သည် အဇာတသတ်မင်းကို အမီပြု၍ ပထမသင်္ဂါယနာတင်ကြပြီး သာသနာတော်နှစ် ၁ဝဝ ပြည့်အတွင်း ဗုဒ္ဓသာသနာသည် အယူဝါဒ ကွဲပြားခြင်းမရှိခဲ့ပေ။ နောက်ထပ် သာသနာတော်နှစ် ၁ဝဝ ပြည့်တွင် အရှင်မဟာကဿပအမှူးရှိသော သံဃာတော်တို့သည် ကာလသောကမင်းကို အမီပြု၍ ဒုတိယသင်္ဂါယနာ တင်ကြသည်။

ထိုအခါ ဝေသာလီပြည် ဝဇ္ဇီတိုင်းသား သံဃာ တစ်သောင်းတို့သည် ဝိနည်းဒေသနာတော်၌ အယူအဆကွဲပြားသည့်အတွက် ကောသမ္ဗီပြည်တွင် သီးခြားခွဲ၍ သင်္ဂါယနာတင်ကြသည်။ ထိုကြောင့် ပထမသင်္ဂါယနာတင်ကြသည့် သံဃာမှ ရွေးချယ်အပ်သော မထေရ်ကြီးတို့အယူဝါဒအတိုင်း တင်ကြသော အရှင်မဟာကဿပ အမှူးရှိသည့် သံဃာတော်တို့ကို ထေရဝါဒဂိုဏ်းဟု ခေါ်တွင်ပြီး သီးခြားခွဲ၍တင်သော ဝေသာလီပြည် ဝဇ္ဇီတိုင်းသား သံဃာတို့ကို သံဃာများသည်ဟု ယူဆကာ မဟာသင်္ဂီတိ(ကြီးမြတ်သော သင်္ဂါယနာတင်ခြင်း) ဟု ခေါ်ကြသည်။ ထိုအခါမှစ၍ ဗုဒ္ဓသာသနာတွင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲခဲ့သည်။

ဂိုဏ်းကွဲခြင်း အကြောင်းကား နာနာနယ နိပုဏ ဂမ္ဘီရဒေသနာတော်အတိုင်း ပိဋကတ်တော်သည် နည်း အမျိုးမျိုးတို့ဖြင့် သိမ်မွေ့နက်နဲရကား အနက်အဓိပ္ပာယ်ကို ယူရာ၌ တိုက်ရိုက်ယူရမည်ကို ဆောင်၍ယူခြင်း၊ ဆောင်၍ယူရမည်ကို တိုက်ရိုက်ယူခြင်း၊ အဖြောင့်ယူရမည်ကို ကွေ့ကောက်ယူခြင်း၊ ကွေ့ကောက်ယူရမည်ကို အဖြောင့်ယူခြင်း၊ မုချယူရမည်ကို ဥပစာယူခြင်း၊ ဥပစာယူရမည်ကို မုချယူခြင်း၊ အပြည့်အစုံယူရမည်ကို တစ်စိတ်တစ်ဒေသယူခြင်း၊ တစ်စိတ်တစ်ဒေသယူရမည်ကို အပြည့်အစုံယူခြင်း စသည်ဖြင့် အယူအဆ ကွဲလွဲခြင်းကြောင့် လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ပုဂ္ဂိုလ်အနေဖြင့် မကျေနပ်ခြင်းကြောင့်လည်းကောင်း ဂိုဏ်းကွဲခြင်း ဖြစ်သည်။

ဤဘဒ္ဒကမ္ဘာတွင် နောက်ဆုံးပွင့်ထွန်းမည့် အရိမေတ္တယျဗုဒ္ဓရုပ်တုအား အနီးကပ်တွေ့ရပုံ၊ အိန္ဒိယနိုင်ငံ

ဒုတိယသင်္ဂါယနာ တင်သည်မှ တတိယသင်္ဂါယနာ အထိ နှစ်ပေါင်း ၁၃၅ နှစ်အတွင်း ထေရဝါဒဂိုဏ်းကြီးမှ

  1. မဟိသာသကဂိုဏ်း၊
  2. ဝဇ္ဇီပုတ္တကဂိုဏ်း၊
  3. ဓမ္မုတ္တရိကဂိုဏ်း၊
  4. ဘဒ္ဒယာနိကဂိုဏ်း၊
  5. ဆန္နာဓာရိကဂိုဏ်း၊
  6. သမ္မိတိဂိုဏ်း၊
  7. သှူတ္တိဂိုဏ်း၊ (သဗ္ဗသတိဂိုဏ်း)၊
  8. ဓမ္မဂုတ္တ ဂိုဏ်း၊
  9. ကဿပိကဂိုဏ်း၊
  10. သင်္ကန္တိကဂိုဏ်းနှင့်
  11. သတ္တဂိုဏ်း ဟူ၍ တစ်ဆယ့်တစ်ဂိုဏ်း ကွဲခဲ့သည်။

မဟာသင်္ဂီတိဂိုဏ်းကြီးမှာလည်း

  1. ဂေါကုလိကဂိုဏ်း၊
  2. ဧကဗျောဟာရဂိုဏ်း၊
  3. ဗဟုသုတိကဂိုဏ်း၊
  4. ပညတ္တိဂိုဏ်း၊
  5. စေတိယဂိုဏ်း ဟူ၍ ငါးဂိုဏ်း ကွဲခဲ့သည်။

ဤသို့လျှင် ဗုဒ္ဓဘာသာ၌ ဂိုဏ်းငယ်-တစ်ဆယ့်ခြောက်ဂိုဏ်း၊ မူလဂိုဏ်းကြီး- နှစ်ဂိုဏ်းနှင့် ပေါင်းလျှင် တစ်ဆယ့်ရှစ်ဂိုဏ်း ကွဲခဲ့သည်။

ထိုတစ်ဆယ့်ရှစ်ဂိုဏ်းတွင် မူလဖြစ်သော ထေရဝါဒ ဂိုဏ်းကြီး တစ်ဂိုဏ်းသာ ပထမသင်္ဂါယနာ တင်ရာတွင် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ပိဋကတ်တော်ကို ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမရှိ။ မူလအတိုင်း ထားကာ ယနေ့တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်လာကြသည်။

အခြားဂိုဏ်းတို့ကား ပထမသင်္ဂါယနာ တင်ရာတွင် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ပိဋကတ်တော်ကို မူလအတိုင်းမထားဘဲ အရပ်ဒေသတို့ကို လိုက်၍ လည်းကောင်း၊ အခြားဘာသာ အယူဝါဒများသို့ လိုက်၍လည်းကောင်း၊ ကျပ်တည်းကျဉ်း မြောင်းသည် ဟု ယူဆကာ မိမိတို့မကျင့်လို၍ လည်းကောင်း၊ မိမိတို့ လိုရာဆွဲ၍ ဖောက်လဲဖောက်ပြန် မမှန်မကန် ယူဆ၍လည်းကောင်း၊ မလိုသောနေရာကို နုတ်ပယ်ခြင်း၊ လိုသောနေရာကို အသစ်ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း စသည် တို့ကို ပြုလုပ်ကြ၍လည်းကောင်း မူလပိဋကတ်တော် မဟုတ်တော့ဘဲ တစ်မျိုးတစ်မည် ဖြစ်၍သွားကြတော့သည်။

မဟာယာနဗုဒ္ဓရုပ်ပုံတော်များ၊ဗောဓိသတ္တ အရိမေတ္တယျ၊ ဘုရားလောင်းနှင့် လောကနတ်တို့ပါဝင်သည်။ စီအီး ၂-၃ ရာစုခန့်၊ ဂန္ဓာရတိုင်း

သာသနာတော်နှစ်-၂၃၅ တွင် အရှင်မောဂ္ဂလိပုတ္တတိဿအမှူးရှိသော သံဃာတော်တို့သည် သီရိဓမ္မာသောကမင်းကို အမီပြု၍ တတိယသင်္ဂါယနာတင်ကြသည်။ ထိုအခါ ထေရဝါဒဂိုဏ်းကြီးမှ ကွဲသွားသော တစ်ဆယ့်တစ်ဂိုဏ်းတို့တွင် သဗ္ဗသတိဂိုဏ်းက အမှူးပြု၍ ရာဇဂြိုဟ်ပြည်အနီး နာလန္ဒကျောင်းကြီး၌ သီးခြားခွဲ၍ သင်္ဂါယနာတင်ကြသည်။

ထိုအခါမှစ၍ သဗ္ဗသတိဂိုဏ်းသည် တိုးတက် ကြီးပွားကာ မဟာသင်္ဂီတိဂိုဏ်းကြီးနှင့် အခြားဂိုဏ်းတို့ကို လွှမ်းမိုး၍သွားသည်။ မဟာသင်္ဂီဂိုဏ်းကြီးနှင့် အခြားဂိုဏ်းတို့သည် အမည်မထင်ရှားတော့ဘဲ တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်သွားကြသည်။ နောင်အခါ သဗ္ဗသတိဂိုဏ်းတစ်ခုသာ ထင်ရှားကျန်ရှိလေသည်။

သဗ္ဗသတိဂိုဏ်းကား မဟာယာနဗုဒ္ဓသာသနာ၏ ပေါက်ပွားရာ ဖြစ်သည်။ မြတ်စွာဘုရားက ခပ်သိမ်းသော အရာသည် (ခပ်သိမ်းသော သတ္တဝါသင်္ခါရသည်) အမြဲမရှိ၊ မတည်မြဲ ဟု ဟောတော်မူ၏။ သို့သော် ထိုဂိုဏ်းကမူ "အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ကာလ-သုံးပါး၌ မြဲ၏၊ တည်နေ၏" ဟု ယူဆပြောဟောသည်။

အိန္ဒိယနိုင်ငံမှ အဝလောကီတေသွာရဘုရားအလောင်း ရုပ်တု။ တရုတ်ပြည်နှင့် ထိုင်ဝမ်နိုင်ငံတွင် (ကွမ်ရင်ဗောဓိသတ္တ)ဟု လူသိများသည်။

တတိယသင်္ဂါယနာတင်ပြီးနောက် အရှင်မောဂ္ဂလိပုတ္တတိဿ၏ စေလွှတ်ခြင်းဖြင့် ထေရဝါဒဗုဒ္ဓသာသနာသည် ဗမာ(မြန်မာ)၊ သီဟိုဠ်(သီရိလင်္ကာ)၊ ယိုးဒယား(ထိုင်း)၊ ကမ္ဗောဇပြည်(လာအိုနှင့် ကမ္ဘောဒီးယား) စသည်တို့သို့ ရောက်သွားသည်။

နောက်ဗုဒ္ဓသာသနာကို အားပေးသော သီရိဓမ္မာ သောကမင်းဆက်ပြတ်၍ ဗြဟ္မဏအယူဝါဒကို အားပေးသော ဆုင်္ဂမင်းဆက် တက်လာသောအခါ ဗုဒ္ဓသာသနာသည် တဖြည်းဖြည်း မှေးမှိန်လာသည်။ ဗြဟ္မာဏဘာသာ သာမဗေဒင်ကျမ်းအရ ယဇ်ပူဇော်ခြင်း ခေတ်စားလာသည်။ ဆန်းကျမ်းကို စီရင်သော ပိင်္ဂလဆရာကြီးသည်ပင် ယဇ်ဆရာကြီး ဖြစ်လာသည်။

ထိုအခါ ထေရဝါဒဂိုဏ်းသည် မဇ္ဈိမဒေသမှ တောင်ဘက်သို့ရွှေ့ပြောင်းသွားသည်။ ထို့ကြောင့် တောင်ပိုင်း ဗုဒ္ဓသာသနာခေါ်သည်။ သဗ္ဗသတိဂိုဏ်းလည်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်ဖြစ်သော မထုရာပြည် ကန္နီရတိုင်း ဂန္ဓာရတိုင်းသို့ ပြောင်းရွှေ့သွားသည်။ ထို့ကြောင့် မြောက်ပိုင်း ဗုဒ္ဓသာသနာခေါ်သည်။ ထိုစဉ်အခါ ထိုမြောက်ပိုင်းရှိ တိုင်းတို့၌ ကနိသျှကမင်း အုပ်စိုးလျက်ရှိသည်။ နောက်တဖြည်းဖြည်း ကိုရီးယား၊ တရုတ်၊ ဂျပန်၊ တိဗက်၊ ရုရှား၊ ဆိုက်ဘေးရီးယား၊ နီပေါ၊ ဘူတန် စသည်တို့သို့ရောက်သွားသည်။

ပြောင်းရွှေ့သွားကြရာ၌ ထေရဝါဒဂိုဏ်းသည် မူရင်း မဂဓဘာသာဖြင့်ရှိသော ပိဋကတ်တော်ကို အခြားဘာသာသို့ ပြောင်းလဲပြန်ဆိုခြင်း မပြုရအောင် ကျပ်တည်းစွာ ထိန်းသိမ်းစောင့်ရှောက်သည်။ သဗ္ဗသတိဂိုဏ်းကား ကာလ၊ ဒေသ၊ ဘာသာစကား၊ ပုဂ္ဂိုလ်တို့သို့လိုက်၍ တစ်စတစ်စ အခြားဘာသာ စကားသို့ ပြောင်းလဲပြန်ဆိုကြသည်။

သဗ္ဗသတိဂိုဏ်းသည် မထုရာပြည်သို့ ရောက်သောအခါ အရိယသဗ္ဗသတိဂိုဏ်း ဖြစ်လာသည်။ ပိဋကတ်တော်ကိုလည်း ဗြဟ္မဏပုဏ္ဏားတို့ လိုလားသော သက္ကတဘာသာသို့ ပြန်ဆိုကြသည်။ ပြန်ဆိုရာ၌ အပြည့်အစုံပြန်ဆိုခြင်း မဟုတ်၊ နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ လိုရာသို့ ဆွဲဆောင်ခြင်းများကို ပြုလုပ်ပြန်ဆိုကြဟန် တူသည်။

သာသနာတော်နှစ် ၆၅ဝ-၇ဝဝ (ခရစ် ၁ဝ၆-၁၅၆) အတွင်း သဗ္ဗသတိဂိုဏ်းဝင် အရှင်ဝါသုမိတ္တနှင့် အရှင်အဿဃောသတို့ ကြီးမှူးသော သံဃာ ၅၀၀ တို့သည် ကနိသျှကမင်းကို အမီပြု၍ ပက်ရှဝါမြို့တော်၌ (သို့မဟုတ်) ကန္နီရတိုင်း ဇလန္ဓာမြို့ကုန္ဓာလဝန္နကျောင်း၌ သင်္ဂါယနာတင် ကြသည်။ ထိုအခါ ဝိဘာသာဋီကာကျမ်းများကို ရေးသား၍ တင်ကြသောကြောင့် ဝိဘာသိကဂိုဏ်း ဟု ခေါ်ကြပြန်သည်။

သင်္ဂါယနာတင်ပြီးနောက် အရှင်အဿဃောသသည် ဗုဒ္ဓစရိယမည်သော ဘုရားကျင့်စဉ် ဖြစ်စဉ်ကျမ်းကို ရေးသားသည်။ ယင်းကျမ်း၌ အဓိကကျင့်စဉ် သုံးမျိုးမှာ # သာဝကယာန - သာဝကကျင့်စဥ်၊ သာဝက ဗောဓိကျင့်စဉ်၊ # ပစ္စေကဗုဒ္ဓယာန - ပစ္စေကဗုဒ္ဓကျင့်စဉ်၊ ပစ္စေကဗောဓိကျင့်စဉ်၊ # ဗုဒ္ဓယာန - ဗုဒ္ဓကျင့်စဥ်၊ သမာသမ္ဗောဓိကျင့်စဉ် ဟူသော ၃ မျိုးဖြစ်သည်။ သာဝကယာနနှင့် သာဝက ဗောဓိ၊ ပစ္စေကဗုဒ္ဓယာနနှင့် ပစ္စေကဗောဓိ၊ ဗုဒ္ဓယာန နှင့် သမ္မာသမ္ဗောဓိ အတူတူပင် ဖြစ်သည်။ ဤနေရာ၌ အကျင့်ကို "ယာဉ်"ဟုဆိုသည်မှာ လိုရာအရပ်သို့ သွားရောက် နိုင်သော၊ လှည်း၊ ရထားတို့ကို ယာဉ်ခေါ်ဆိုသကဲ့သို့ နိဗ္ဗာန်ရောက်နိုင်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာ ၃ ပါးကို တင်စား၍ ယာဉ်ခေါ်သည်။ ထို့ပြင် သာဝကအဖြစ်၊ ပစ္စေကဗုဒ္ဓအဖြစ်၊ ဘုရားအဖြစ်သို့ ရောက်နိုင် သော အကျင့်ကိုလည်း တင်စား၍ ယာဉ်ခေါ်ဆိုခြင်း ဖြစ်သည်။

ထိုအခါမှစ၍ သဗ္ဗသတိဂိုဏ်းသည် "ထိုယာဉ် ၃ မျိုး တို့တွင် သာဝကယာနနှင့် ပစ္စေကဗုဒ္ဓယာနတို့မှာ မိမိတစ်ဦးတည်းသာ နိဗ္ဗာန်သို့ရောက်နိုင်သဖြင့် တစ်ကိုယ်ကောင်းအကျင့်ဖြစ်သောကြောင့် ယုတ်ညံ့သည်၊ ဗုဒ္ဓယာနသည်သာ မိမိ နိဗ္ဗာန်သို့ရောက်သကဲ့သို့ သတ္တဝါအများကိုလည်း ရောက်စေနိုင်သော အကျင့်ဖြစ်သောကြောင့် မြင့်မြတ်သည်" ဟု ယူဆကြသည်။ ယူဆသည့်အတိုင်းလည်း ဘုရားဆုကိုတောင်း၍ ဗုဒ္ဓယာနအကျင့်ကိုသာ ကျင့်လာကြသည်။ ထို့ကြောင့် သဗ္ဗသတိဂိုဏ်းကို ယာနံ-ယာနဂိုဏ်း၊ နောက် မြင့်မြတ်သောအကျင့် ဖြစ်သောကြောင့် ယာနရှေ့က မဟာတပ်၍ မဟာယာန၊ "မဟာယာနဂိုဏ်း" ဟု ခေါ်ဆိုကြသည်။ ထိုဂိုဏ်းသည် သာသနာနှစ် ၇ဝဝ မှ ၉ဝဝ (ခရစ် ၁၅၆ မှ ၃၅၆) အတွင် လူကြိုက်များသဖြင့် ကြီးပွားလာသည်။

ထေရဝါဒဂိုဏ်းကား ပုဂ္ဂိုလ် အယုတ်-အလတ်- အမြတ် ၃ မျိုး၊ အကျင့်လည်း သမ္မာသမ္ဗောဓိအကျင့်၊ ပစ္စေကဗောဓိအကျင့်၊ သာဝကဗောဓိအကျင့် ၃ မျိုးစီရှိရာ မိမိတို့အလိုရှိရာ ကျင့်ကို နိဗ္ဗာန်ရောက်နိုင်သည်ဟု ယူဆသည်။ ထိုသို့ ယူဆသည်ကိုပင် မဟာယာနဂိုဏ်းက သာဝကဗောဓိအကျင့်နှင့် ပစ္စေကဗောဓိအကျင့် ပါဝင်နေသဖြင့် တစ်ကိုယ်ကောင်း အကျင့် ဖြစ်သည်။ ယုတ်ညံ့သည်ဟု စွပ်စွဲကာ ထေရဝါဒဂိုဏ်းကို နှိပ်၍ "ဟိနယာနဂိုဏ်း" ဟု အမည် တပ်ကြသည်။ တပ်ကြသော်လည်း အမည်မတွင် မသုံးစွဲကြပေ။ ယနေ့တိုင်အောင် ထေရဝါဒဂိုဏ်း ဟူ၍သာ သုံးစွဲလျက် ရှိသည်။

စီအီး ၁-၂ ရာစုခန့်က ဗုဒ္ဓရုပ်ပွားတော်၊ ဂန္ဓာရတိုင်း

သာသနာနှစ် ၂ဝဝ ခန့်မှ ၁၆ဝဝအတွင်း(ခရစ် ၁ဝ၅၆ ခန့်အထိ) မဟာယာနဂိုဏ်းသည် ကျမ်းစာအမျိုးမျိုး ရေးသား၍ ဝါဒအမျိုးမျိုး ပြောင်းလဲလာကြသည်။ ဂိုဏ်းအမျိုးမျိုးလည်း ကွဲလာကြသည်။ ထူးခြားချက်တစ်ခုမှာ ဘုရားထက်ပို၍ ဘုရားအလောင်းကို အရေးပေးလာကြသည်။ ရုပ်တု အမျိုးမျိုး ထုလုပ်ကိုးကွယ်လာကြသည်။ ဘုရားလောင်းကို ဖန်ဆင်းရှင်ဘုရားအနေ၊ နတ်အနေအထား ကိုးကွယ်လာကြသည်။ အချုပ်အားဖြင့် ဘုရားကို ကောင်းကင်ဘုံ၌ အမြဲတည်ရှိနေစေပြီးလျှင် ကောင်းကင်ဘုံ၌ တည်နေသော ဘုရားမှာ လူ့လောက နှင့် တိုက်ရိုက်မဆက်သွယ်နိုင်သဖြင့် လူနှင့် ဘုရားကြား ဆက်သွယ်ပေးမည့်သူ လိုနေသည်ဖြစ်ရာ ဆက်သွယ်ပေးမည့်သူအဖြစ် ဘုရားလောင်းကို ထားကြသည်။

နောက်တွင် တာရာ စာမုဏ္ဍီ စသော နတ်သမီး နတ်သား ရုပ်တုတို့ကို ကိုးကွယ်ကြသည်။ ဂါထာ၊ မန္တန်၊ မန္တရား၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မှော်ပညာ၊ ပယောဂပညာ၊ ဝိဇ္ဇာပညာ၊ ဂန္ဓာရပညာတို့လည်း ဝင်လာကြ သည်။ ရဟန်းများလည်း ဂါထာ၊ မန္တန်၊ မန္တရား၊ အင်းအိုင်၊ ခါးလှည့်လက်ဖွဲ့ဆရာ၊ မှော်ဆရာ၊ ပယောဂဆရာ၊ ဝိဇ္ဇာ ဆရာ၊ ဂန္ဓာရီဆရာများ ဖြစ်လာကြသည်။ ပိဋကတ်တော်နှင့် ညီသည်၊ မညီသည်ကို ဂရုမစိုက်ကြ။ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်ခြင်းမရှိ။ ဓမ္မဝိနယကိုလည်း မလိုက်နာကြကာ ယုတ်ညံ့သည့် ရဟန်းဟုခေါ်သည့် ပုဂ္ဂိုလ်တို့အား နှိပ်ကွပ်ချည်နှောင်နိုင်ရန်ပင်ဖြစ်သည်။ "ငါတို့ဘုရားလောင်းများ အကျင့်မဟုတ်" ဟု ကျမ်းစာရေးသားခြင်း၊ ပြောဟောခြင်းကို ပြုကြ သည်။ ကိုယ်တိုင်မှာကား ကျင့်ကြဟန်မရှိကြပေ။

ထိုအချိန်အခါလောက်ကစ၍ ဝိနည်းတရားတော် ကွယ်ပျောက်ပြီး သိမ်ဝင်ခြင်း၊ ဥတ်ကမ္မဝါဖြင့် ရဟန်းခံခြင်း ရှိတော့မည်မဟုတ်ဟု ယူဆရသည်။ ရသေ့နှင့် ပရိဗိုဇ်များကဲ့သို့ ရဟန်းခံကြတော့သည် ဟု ယူဆဖွယ်ဖြစ်သည်။ နောက် သာသနာနှစ် ၁၇ဝဝ (ခရစ် - ၁၁၅၆) လောက်တွင် မွတ်ဆလင်တို့သည် အိန္ဒိယ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့ကို သိမ်းယူ ပြီး ဗုဒ္ဓသာသာ တဖြည်းဖြည်း ဆုတ်ယုတ်၍ သာသနာတော်နှစ် ၁၉ဝဝ (ခရစ် ၁၃၅၆) လောက်တွင် လုံးဝ ကွယ်ပျောက်လုမတတ် ဖြစ်သွားလေသည်။

ရှေးဟောင်းမဟာယာနဗုဒ္ဓပုထိုးတော်များ၊ အင်ဒိုနီးရှားနိုင်ငံ ‌ဘောရောဘုဒုရ်ဘုရား

ကိုးကွယ်သော ဘုရားလောင်းများကို ရှေးဦးစွာ ဗောဓိသတ္တ၊ ဗုဒ္ဓင်္ကုရ ဟူ၍ အမည်နှစ်မျိုးသာ ပေးထားသည်။ နောက်တဖြည်းဖြည်း ချဲ့ထွင်ကာ

  1. အဝလောကိတေသွာရ - လောကကို အမြဲစောင့်ရှောက်ကြည့်ရှုနေသော ကရုဏာရှင်(လောကနတ်)၊
  2. မဉ္စူသီရိ - သာယာနှစ်သက်ဖွယ် အသားရေ

ရှိသူ၊

  1. သမန္တဘဒြ - အလုံးစုံ ထက်ဝန်းကျင် ကောင်းမွန်

လျက် စီးပွားတိုးတက်စေသူ၊

  1. အာကာသဂ၊
  2. ခဂ - ကောင်းကင်တိုက်ခန်းရှိသူ၊
  3. ဂဂနဂဉ္စ - ကောင်းကင်

ကျောက်မျက်ထွက်သော တွင်းရှိသူ၊

  1. ပဒုမပါဏိ - ပဒုမ္မာကြာပွင့် ကိုင်ထားသူ၊
  2. ဝဇီရပါဏိ - ဝရဇိန်လက်နက် ကိုင်ထားသူ၊
  3. ဝဇိရဂ - ဝရဇိန်တိုက်ခန်းရှိသူ၊
  4. သဝ - နီဝရဏ - ဝိကမ္ဗီ - ယိုစီးခြင်း၊ တားမြစ်ခြင်း၊ ခွာအပ်ခြင်းရှိသူ၊
  5. ကိတ္တိဂ - ကျော်စောခြင်း တိုက်ခန်းရှိသူ၊
  6. ဗျူဟရာဇ - ကိုယ်ပွားခြင်းရှိသော မင်း၊
  7. န္ဒဇာလီ - မျက်လှည့်ဆရာ၊ မှော်ဆရာ၊
  8. ရတနာဂ - ရတနာတိုက်ခန်းရှိသူ စသည်တို့ဖြစ်သည်။

ကိုယ်ကျင့်တရားများကား- (၁) ဒါန၊ (၂) သီလ၊ (၃) ခန္တီ၊ (၄) ဝီရိယ၊ (၅) ဈာန၊ (၆) ပညာနှင့် နောက်ထပ် ဖြည့်စွက်ထားသော (၇) ဥပါယ၊ (၈) ပဏိဓာန၊ (၉) ဗလ၊ (၁ဝ) ညာဏတို့ဖြစ်သည်။

တရုတ်ပြည်

[ပြင်ဆင်ရန်]

သာသနာနှစ် ၃၂၇ တွင် တရုတ်အမည် လိဖန်ခေါ် ဗုဒ္ဓအယူဝါဒီ ရဟန်းတစ်ပါးသည် အိန္ဒိယပြည်မှ အခြားရဟန်း ၁၇ ပါးနှင့် တရုတ်ပြည်သို့ရောက်လာဖူးသည်။ နောက် ၄၂၁ ခုတွင်လည်း ချန်ချအိယင် မည်သော တရုတ် စစ်ဗိုလ်တစ်ယောက်သည် ပါသိယပြည်မှ ရွေဆင်းတု တစ်ဆူ ပင့်လာခဲ့ဖူးသည်။ ဤကား တရုတ် ပြည်သို့ဗုဒ္ဓသာသနာ ရောက်ရန် ရှေးပြေးဖြစ်သည်။

သာသနာနှစ် ၆ဝ၇ (ခရစ် ၆၁) တွင် အရှေ့ဟန် မင်းဆက် မင်းထီးခေါ် လိယူချွန် ဘုရင်လက်ထက် မဇ္ဈိမ ဒေသတို့တမန် ၁၈ ယောက်ကိုလွှတ်၍ ပင့်စေရာ အရှင် ကဿပ မာတင်္ဂနှင့် အရှင်ဂေါတရနတို့သည် သက္ကတဘာသာ ကျမ်းစာများနှင့် ဓာတ်တော်တို့ကို မြင်းဖြူပေါ်တွင် တင်၍ ပင့်ဆောင်ခဲ့ကြသည်။ လိုယန်မြို့တွင် ပထမဆောက်လုပ်သော ကျောင်းကို မြင်းဖြူကို အစွဲပြု၍ မြင်းဖြူကျောင်းခေါ်သည်။

နောက် ဆောက်လုပ်သော ကျောင်းများကိုလည်း မြင်းဖြူ ကျောင်းပင် ခေါ်ကြသည်။ ထိုအခါက ရောက်လာသော ဗုဒ္ဓသာသနာသည် ကနိသျှ ကမင်းခေတ်ဖြစ်၍ မြောက်ပိုင်း ဗုဒ္ဓသာသနာဖြစ်သည်။ ပင့်ဆောင်လာသော သက္ကတ ဘာသာ ကျမ်းစာများကိုလည်း တရုတ်ဘာသာ ပြန်ဆိုကြသည်။ နောက် တဖြည်းဖြည်း ဘုရားလောင်းဝါဒ မဟာယာနဗုဒ္ဓသာသနာ ဖြစ်လာသည်။

သာသနာနှစ် ၉၄၃ (ခရစ် ၃၉၉) တွင် တရုတ်ရဟန်း အရှင်ဖာဟိယန် တစ်ကြိမ်၊ သာသနာနှစ် ၁၁၇၃ (ခရစ် ၆၂၉) တွင် အရှင် ဟိယင်ဆိုင် တစ်ကြိမ်၊ သာသနာနှစ်စ် ၁၂၁၅ (ခရစ် - ၆၇၁) တွင် ရှင်အိုင်ဆင် တစ်ကြိမ် ၃ ကြိမ် အိန္ဒိယသို့ သွားကြ၍ ဗုဒ္ဓသာသနာ စာပေများကို သင်ကြား လေ့လာပြီးလျှင် ဂိုဏ်းအမျိုးမျိုးမှ ပိဋကတ်တော်အမျိုးမျိုးကို ဆောင်ယူခဲ့ကြ၍ တရုတ်ဘာသာပြန်ဆိုကြသည်။ တရုတ်ဗုဒ္ဓ သာသနာလည်း တိုင်းရင်းအယူဝါဒများနှင့် ရောထွေးကာ၊ ဂိုဏ်းအမျိုးမျိုးကွဲလျက် အယူဝါဒ အမျိုးမျိုး ဖြစ်လာသည်။

(ခရစ် ၅ဝဝ-၆ဝဝ ) တွင်ဆရာတော် ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ချန်ဗုဒ္ဓဘာသာ(ဇင်ဗုဒ္ဓဘာသာ) ဂိုဏ်း ကို တည်ထောင်သည်။ ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာန ဇင်ဗုဒ္ဓဘာသာ ဆရာတော်ဖြစ်သည်။

အကျဉ်းချုပ်အားဖြင့် တရုတ်ပြည်၌ မဟာယာနဂိုဏ်း ကိုးကွယ်သော ပုဂ္ဂိုလ်တို့မှာ (က) ဘုရားများ၊ (ခ) ဘုရား လောင်းများ၊ (ဂ) နတ်များဖြစ်သည်။ ဘုရားမှာ ၅ ဆူထား သည်။ (၁) ပထမ - ဂေါတမသကျမုနိ (တထာဂတ ကိုလည်း တစ်ခါတစ်ရံ သုံးသည်)။ (၂) ဒုတိယ - အမိတာဘာ၊ ပုံမှာ ခေါင်းကြီးကိုယ်သေး၊ ယာလက်ချ၍ လက်ဝါးပြထားသည်။ ဝဲလက်ရင်တွင် ကြာပွင့်ကိုင်ထားသည်။ (၃) တတိယ - ဘေသဇ္ဇ ဇယဂုရု - ဆေးဝါးဘက်ဆိုင်ရာ ဘုရား။ အနာရောဂါ စွဲကပ်နေသူ၊ ကျိုးကန်းနေသူ၊ အကျဉ်း ကျနေသူ၊ ဆင်းရဲဒုက္ခ ရောက်နေသူတို့ကို ကယ်မစောင့် ရှောက်၏ဟု ယူဆသည်။ (၄) စတုတ္ထ - ဝေရောစန၊ ပုံမှာ လက်နှစ်ဖက် ရင်ပေါ်တွင် ပိုက်ထား၍ လက်ည|ိုးအပေါ် ထောင်ထားသည်။ (၅) ပဉ္စမ - လောရှန၊ ပုံမှာ ယာလက် ပေါင်ပေါ်တွင်ထား၊ ဝဲလက် ရင်တွင်ထားပြီးလျှင် လက်မနှင့် လက်လယ်ထိထားသည်။

ဘုရားလောင်းမှာလည်း ၅ ပါးပင်ထားသည်။ (၁) ပထမ - အဝလောကိတေသွာရ၊ (၂) ဒုတိယ - တရှိချိ - အမိတာဘာ၏ ဒုတိယ သား၊ (၃) တတိယ - မေတ္တယျ၊ ပုံမှာ ပြုံးရွှင်နေသော လူဝကြီး၊ အဝတ်ကို ဖယ်၍ ဝမ်းပိုက် ပူပြီးကို ဖော်ပြထားသည်။ ယာလက် ပန်းခက်ပန်းပွင့်ကိုင်၍ ဝဲလက် နောင်အခါပေးမည့် ချမ်းသာလက်ဆောင်များ ပါရှိသည့် အိတ်ဝကို ဆုပ်ကိုင်ထားသည်။ (၄) စတုတ္ထ-မဉ္စူသီရိ၊ ပုံမှာ ခြင်္သေ့ပေါ်တွင်စီးသည်။ (၅) ပဉ္စမ - သမန္တဘဒြ၊ ပုံမှာ ဆင်ပေါ်တွင် စီးသည်။

အရဟတ်များမှာ (၁) အရှင်သာရိပုတ္တရာ၊ (၂) အရှင်သာရိပုတ္တရာ၊ (၂) အရှင်မောဂ္ဂလာန်၊ (၃) အရှင် မဟာကဿပ၊ (၄) အရှင်အနုရုဒ္ဓါ၊ (၅) အရှင်သုဘူတိ၊ (၆) အရှင်ပူရဏ၊ (၇) အရှင်ကုတျဝယ၊ (၈) အရှင်ဥပါ လိ၊ (၉) အရှင်ရာဟုလာ၊ (၁ဝ) အရှင်အာနန္ဒာတို့ဖြစ်သည်။

နတ်များမှာ ထင်ရှားသောနတ် ၂၄ ပါးကိုပြသည်။ ဗြဟ္မာ၊ သိကြား၊ ယမမင်း၊ စာတုမဟာရာဇ် ဆိုင်ရာ နတ်များ ပါသည်။ ကွန်ဖုဇီးနှင့် စာပေဘက်ဆိုင်ရာ နတ်များကိုလည်း ထည့်သွင်းထားသည်။

ရဟန်းပြုပုံမှာ ပထမ လူအဖြစ်နှင့် ငါးပါးသီလ၊ ဒုတိယ သာမဏေအဖြစ်နှင့် ဆယ်ပါးသီလ၊ တတိယ ရဟန်းပြု၊ စတုတ္ထ ဘုရားလောင်းအဖြစ်နှင့် ပါရမီ ဖြည့်ရသည်။

ထေရဝါဒဂိုဏ်းမှာ နောက်ဆုံး စခန်းအဖြစ် နိဗ္ဗာန်သို့ရောက်ရန် ရည်ရွယ်၍ ကျင့်သကဲ့သို့ မဟာယာန ဂိုဏ်းမှာလည်း နောက်ဆုံးစခန်းအဖြစ် အတိုင်းအရှည်အဆုံးမရှိ ကိုယ်ရောင်ရှိသော အမိတာဘာဘုရား (ဝါ) အတိုင်းအရှည် အဆုံးမရှိ အသက်ရှည်သော အမိတာယုဘုရားစံရာ အနောက်အရပ်ရှိ သန့်ရှင်းစင်ကြယ်၍ ချမ်းသာ သုခနှင့် ပြည့်စုံသော သုခဝတီပြည်သို့ရောက်ရန် ရည်ရွယ်၍ ကျင့်ခြင်းဖြစ်လေသည်။

ဂျပန်ပြည်

[ပြင်ဆင်ရန်]

သာသနာနှစ် ၁ဝ၉၆ (ခရစ် ၅၅၂) တွင် ကိုရီးယားပြည်၌ ပြည်တွင်းစစ် ဖြစ်နေသဖြင့် ကိုရီးယားဘုရင် ကုဒရက ဂျပန်ဘုရင်ထံ အကူအညီတောင်းရာ၌ လက်ဆောင် အဖြစ် မဟာယာန ဗုဒ္ဓသာသနာ ကျမ်းစာများနှင့် ဘုရား ရုပ်တုတော်မျာကို ပို့လိုက်သည်။ ဤကား ဂျပန်ပြည်သို့ ဗုဒ္ဓရုပ်သာသနာ အစရောက်ခြင်းတည်း။ နောက်သာသနာနှစ် ၁၁၃၇ (ခရစ် ၅၉၃) တွင် ဘုရင်နှင့်တကွ တစ်ပြည်လုံး ကိုးကွယ်ကြသည်။ အုပ်ချုပ်သော ဥပဒေတို့ကိုလည်း ဗုဒ္ဓတရားတော်ကို အခြေခံထား၍ စီမံကြသည်။ ထင်ရှားသော ကျောင်းကြီးတို့နှင့် တန်ဆောင်းကြီး တို့ကိုလည်း ဆောက်လုပ် ကြသည်။ အယူဝါဒလည်း တရုတ်ပြည်၌ကဲ့သို့ပင် မဟာယာန ဂိုဏ်း ဗုဒ္ဓသာသနာ ဘုရားလောင်း အယူဝါဒဖြစ်သည်။

နောက်ဗုဒ္ဓသာသနာတွင် တိုင်းရင်း အယူဝါဒနတ်များ ဝင်လာသဖြင့် ရှုပ်ထွေးလာသည်။ ဂိုဏ်းအမျိုးမျိုးလည်း ကွဲလာသည်။ ဂျပန်ဘုန်းကြီးတို့လည်း မိမိတို့ဂိုဏ်းအလိုက် အမျိုးမျိုး ဝတ်ဆင်ကြသည်။

ရှေးအခါက ဂျပန်မဟာယာန ဂိုဏ်းသည် သိမ်သင်၍ ဥတ်ကမ္မဝါဖြင့် ရဟန်းမပြုသော်လည်း အိမ်ထောင်ပြုခြင်း မရှိကြ။ ဂိုဏ်းအမျိုးမျိုး ရှိသည့်အနက် ဂျိုဒိုဂိုဏ်း ဟိုနင် ဆရာတော်ကြီးလက်ထက် သာသနာ နှစ် ၁၆၇၇-၁၇၅၆ (ခရစ် ၁၁၃၃-၁၂၁၂) လောက်တွင် ယင်းဆရာတော်ကြီးသည် မင်းမျိုးမှ ရဟန်းပြုသော ရှိုနင်ဆရာတော်ကလေး အသက် ၃ဝ ကျော်တွင် မင်းမျိုးတစ်စုက ဆရာတော်ကြီးထံ ရှိုနင်ဆရာတော် ကလေး အတွက် အိမ်ထောင်ပြုနိုင်သည့် ဂိုဏ်း တည်ထောင် ရန် အကြိမ်ကြိမ် ခွင့်တောင်းသဖြင့် နောက်ဆုံး၌ ခွင့်ရရှိလေ သည်။

ထိုအခါ ရှိုနင်ဆရာတော်ကလေးသည် ဂျိုဒိုဂိုဏ်းမှ ခွဲထွက်ကာ ထားမာဟိခေါ် မင်းမျိုးမင်းနွယ် အမျိုး သမီးနှင့် လက်ထပ်ပြီးလျှင် အိမ်ထောင်ပြုနိုင်သော ရှင်ဂိုဏ်းစ၍ တည်ထောင်သည်။ ယင်းဂိုဏ်းသည် လူကြိုက်များ၍ ကြီးပွား လာသည်။ ဂိုဏ်းကို ဆရာတော်ကလေး၏ သားမြေးအဆက် ဆက်တို့ သာသနာပိုင်အဖြစ်ဖြင့် အုပ်ချုပ်လာကြသည်။ နောက် အတန်ကြာသော် ဂျိုဒိုဂိုဏ်းသည် လည်းကောင်း၊ အခြားဂိုဏ်း တို့သည်လည်းကောင်း အိမ်ထောင်ပြုကြလေသည်။ ရဟန်း ဆိုသော်လည်း အိမ်ထောင်သည် လူဝတ်ကြောင်နှင့် လွန်စွာ မခြားတော့ပြီ။

တိဗက်ပြည်

[ပြင်ဆင်ရန်]

တိဗက်ပြည်သည် ဗုဒ္ဓသာသနာ မရောက်မီ စုန်းနတ်တစ္ဆေ စသည်တို့နှင့် ရောပြွမ်းလျက် ရှိသည်။ လူကိုပင် ယဇ်ပူဇော်သည်။ သာသနာနှစ် ၁၁၈၂ (ခရစ် ၆၃၈) တွင် ဘုရင်ဆရုန်စဉ်ဂံပိုသည် နီပေါ ပြည်ဘုရင် အံသုဝါမန်၏ သမီးတော် ဘရိကုဋိနှင့် လက်ထပ်သည်။ သာသနာနှစ် ၁၁၈၅ (ခရစ် ၆၄၁) တွင် တရုတ်မင်းသမီး ဝင်ချအင်နှင့် လက်ထပ် ပြန်သည်။ မင်းသမီးတို့သည် ဗုဒ္ဓဝါဒီများ ဖြစ်ကြ၍ ဘုရင် မင်းမြတ်အား ဗုဒ္ဓသာသနာအကြောင်း အမြဲဟောပြောသဖြင့် ဗုဒ္ဓဝါဒီ ဖြစ်လာသည်။

ဘုရင်သည် မိဖုရားနှစ်ပါး အကြံပေးချက်အရ အိန္ဒိယ ပြည်နှင့် နီပေါပြည်သို့တမန်များ စေလွှတ်သည်။ အိန္ဒိယပြည် သို့သွားရသော သံသည် အိန္ဒိယပြည်တွင် အတန်ကြာနေ၍ စာပေများ သင်ကြားပြီးလျှင် ပိဋကတ် ကျမ်းစာတို့ကို ယူဆောင်ကာ သာသနာနှစ် ၁၁၉၄ (ခရစ် ၆၅ဝ) လောက် တွင် တိဗက်ပြည်သို့ပြန်ရောက် လာသည်။ တိဗက်ပြည်သို့ ရောက်လာသော ဗုဒ္ဓသာသနာကား ဘုရားလောင်းဝါဒ မဟာယာန ဗုဒ္ဓသာသနာ ဖြစ်သည်။ ကျမ်းစာများကိုလည်း တိဗက်ဘာသာသို့ပြန်ဆိုသည်။ ဘုရင်လည်း သာသနာ ပြုမင်းဖြစ်၍ အလွန် ထင်ရှားလာသည်။

သာသနာနှစ် ၁၂၉၄ (ခရစ် ၇၅ဝ) လောက်တွင် ဆရုန်စဉ်ဂံပို ဘုရင်၏ အဆက်အနွယ်ဖြစ်သော သိဆရုန် ဒတ်စတန် ဘုရင်တက်လာ၏။ ထိုဘုရင်သည် တန်ခိုးကြီး၏ ဗုဒ္ဓဝါဒီဖြစ်၍ ဗုဒ္ဓသာသနာသည် တိုးတက် ခိုင်မြဲလာသည်။ လာမာဘုန်းကြီး ဝါဒကိုလည်း စ၍ထွင်သည်။ တိဗက် ဘာသာလာမာကား မြင့်မြတ်သော ပုဂ္ဂိုလ်ဟု အဓိပ္ပာယ် ရသည်။ ဘုရင်သည် သာသနာပြုရန် ရဟန်းတစ်ပါးကို အလိုရှိသဖြင့် အိန္ဒိယပြည်သို့စေလွှတ်ရာ၊ နာလန္ဒကျောင်းကြီး၌ နေသော အရှင်ဂုရုပဒုမ သမ္ဘဝကို ရခဲ့သည်။ ထိုမထေရ်လည်း လာမာဂိုဏ်းကိုစ၍ တည်ထောင်သည်။ တိဗက်ပြည်၌ရှိသော ဗုဒ္ဓသာသနာသည် ယခင်က ရှိနှင့်သော စုန်း - နတ် - တစ္ဆေ - ပယောဂတို့ကို နိုင်နင်းသော ပုဂ္ဂိုလ်ဖြစ်ရကား အလွန် ကြည်ညိုကြသည်။ တိဗက်ပြည်ပ မဟာယာနဂိုဏ်း သည် တရုတ်ပြည်၊ ဂျပန်ပြည်တို့ကဲ့သို့ တဖြည်းဖြည်း ဂိုဏ်းအမျိုးမျိုး ကွဲလာသည်။

သာသနာနှစ် ၁၈၁၄ (ခရစ် ၁၂ရဝ) တွင် တရုတ် ပြည်၌ အလွန် တန်ခိုးကြီးသော ကူဗလိုင်ခန် ဘုရင်သည် ထိုစဉ်အခါက တိဗက်ပြည်ကိုပါ အာဏာပျံ့နှံ့သည်။ ဘုရင် သည် တိဗက်ပြည်ကို အုပ်စိုးရန် သကျပဏ္ဍိတ မည်သော လာမာဘုန်းကြီးအား အပ်နှင်းသည်။ ဘုန်းကြီးလည်း ဘုရင်ခံ သဘောဖြင့် အုပ်စိုးရသည်။ ထိုစဉ်အခါ ကစ၍ ရဟန်းမင်း အဖြစ် တည်ထောင်ခဲ့သည်။ နောက်လည်း လာမာဘုန်းကြီးများ ဆက်ကာဆက်ကာ လာခဲ့သဖြင့် ယနေ့တိုင်အောင် လာမာ ဘုန်းကြီးက မင်းအဖြစ် သာသနာပိုင်အဖြစ် ဆက်ခံအုပ်စိုး လျက် ရှိလေသည်။

အထူးအားဖြင့် ထေရဝါဒဂိုဏ်းမှာ နမော တဿ ဘုရားရှိခိုးကို အလွန်အလေးပြုသကဲ့သို့မဟာယာန ဂိုဏ်းမှာ လည်း တရုတ်က နန်-မော-အို-မိတ-အို-ဖူး၊ ဂျပန်က နမော-အမိဒ-ဘုတ်စု၊ ကိုရီးယားက န-မော- အမိဒ-ပု(လ်) ဟု အသီးအသီးရှိသော ဘုရားရှိခိုးတို့ကို အလွန်အလေးပြုကြ သည်။ အမြဲလည်း ရှိခိုးကြသည်။

မြန်မာပြည်

[ပြင်ဆင်ရန်]

သာသနာနှစ် ၂၃၅ တွင် မြန်မာပြည် တောင်ပိုင်းသို့ ထေရဝါဒဗုဒ္ဓသာသနာ ရောက်သည်။ ပုဂံ အနီး မင်းနန်သူအရပ် ဘုရားသုံးဆူနှင့် နန္ဒမညစေတီများအတွင်းရှိ ဆေးရေးရုပ်များကို ထောက်၍ သာသနာနှစ် ၁ဝဝဝ ကျော် ၁၁ဝဝ (ခရစ် ၄၅၆-၅၅၆) အတွင်း မြန်မာပြည် မြောက်ပိုင်း သို့ မဟာယာန ဗုဒ္ဓသာသနာ ရောက်သည်ဟု ယူဆကြသည်။ ရဟန်းတို့မှာ အရည်းကြီးတို့ ဖြစ်ဟန်တူသော်လည်း အမှန်တကယ် ထိုအရည်းကြီးတို့သည် မဟာယာနရဟန်းများ လုံးဝ မဟုတ်ကြောင်း သမိုင်းပညာရှင်များကဆိုထားပါသည်


မဟာယာနဂိုဏ်းတွင် သက္ကတဘာသာရင်းနှင့် ရှိ၍ တရုတ်စသော ဘာသာအမျိုးမျိုးဖြင့် ပြန်ဆိုထားသော ကျမ်းများအနက် ထင်ရှားသော ကျမ်းများကား (၁) မဟာ ဝတ္ထု၊ (၂) လလိတဝိတ္ထာရ၊ (၃) သဒ္ဓမ္မပုဏ္ဍရိက၊ (၄) သုခဝတီဗျူဟာ၊ (၅) ဗုဒ္ဓစရိတ၊ (၆) အဋ္ဌသာဟသိရိကပညာ ပါရမိတာ၊ (၇) စတ္တသာဟသိရိကပညာ ပါရမိတာ၊ (၈) ဝဇီရဆေဒိကပညာ ပါရမိတာ၊ (၉) မူလမဇ္ဈိမကကာရိကာ၊ (၁ဝ) ဓမ္မသင်္ဂဟ၊ (၁၁) အဝဒါန ဇာတက၊ (၁၃) ဒိဗျာဝဒါန၊ (၁၃) ဒသဘူမိကသုတ္တ၊ (၁၄) မဟာယာနသုတ္တလင်္ကာရ၊ (၁၅) ဗောဓိသတ္တဘူမိ၊ (၁၆) လင်္ကာဝတာရသုတ္တ၊ (၁၇) သမာဓိရာဇ သုတ္တ၊ (၁၈) သုဝဏ္ဏပဘာသ၊ (၁၉) ကရုဏာပုဏ္ဍရိကသုတ္တ၊ (၂ဝ) ဇာတကမာလာ၊ (၂၁) ရဋ္ဌပါလပရိပစ္ဆ၊ (၂၂) နာဂါနန္ဒ၊ (၂၃) သိဿသမုစ္စယ၊ (၂၄) ဗောဓိစရိယာဝတာရ၊ (၂၅) သိဿလေခ၊ (၂၆) ကာရဏ္ဍဗျူဟာ၊ (၂၇) မဟာဗျုပ္ပတ္တိ၊ (၂၈) ဗောဓိသတ္တ အဝဒါနကာလပါလတာတို့ဖြစ်သည်။ ထိုကျမ်း တို့အား သာသနာနှစ် ၂ဝဝ ခန့်မှ ၁၆ဝဝ ခန့်အထိ ရေးသား သော ကျမ်းတို့ဖြစ်သည်။(ဦးကြီးဖေ)[]

မှတ်စု

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "သုည">
  2. "သုည">
  3. Foltz၊ Richard (2013)။ Religions of Iran:From Prehistory to the Present။ p. 95။ ISBN 978-17807430972017-12-18 တွင် ပြန်စစ်ပြီးIn the centuries before the Arab conquests Buddhism was spread throughout the eastern Iranian world. Buddhist sites have been found in Afghanistan, Turkmenistan, Uzbekistan, and Tajikistan, as well as within Iran itself.
  4. Johnson၊ Todd M.; Grim၊ Brian J. (2013)။ The World's Religions in Figures: An Introduction to International Religious Demography (PDF)။ Hoboken, NJ: Wiley-Blackwell။ p. 36။ 20 October 2013 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2 September 2013 တွင် ပြန်စစ်ပြီး
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)