မာတိကာသို့ ခုန်သွားရန်

မောဂ္ဂလိပုတ္တတိဿ

ဝီကီပီးဒီးယား မှ
သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ တတိယ သင်္ဂါယနာတွင် မောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်း

မောဂ္ဂလိပုတ္တတိဿမထေရ်သည် ဗုဒ္ဓဘာသာရဟန်း ပညာရှင်တစ်ပါးဖြစ်၍ မောရိယအင်ပါယာ ဧကရာဇ် အသောကမင်းလက်ထက်၊ အိန္ဒိယနိုင်ငံ၊ မာဂဓတိုင်း၊ ပါတလိပုတ်တွင် ဖွားမြင်ခဲ့သောသူ ဖြစ်သည်။ မွေးဖွားခုနှစ်မှာ ခရစ်ကြို ၃၂၇ ဝန်းကျင်ခန့်ကဖြစ်၍ တတိယ သင်္ဂါယနာ၊ ဗုဒ္ဓသာသနာပြုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။[]

မောဂ္ဂလိပုတ္တတိဿမထေရ်ကို ထေရဝါဒအရ ဝိဘဇ္ဇဝါဒဂိုဏ်းကို စတင်တည်ထောင်သူ၊ ထိုဂိုဏ်းသည် ထေရဝါဒသာသနာ၏ အစိတ်အပိုင်း၊ အဘိဓမ္မာပိဋကတ်လာ ကထာဝတ္ထု ရေးသားသူဟူ၍လည်း ယူဆကြသည်။[][] အယူမှား၊ အကျင့်မှားများစွာ ပေါ်ပေါက်ခဲ့သော ထိုကာလအတွင်း မမှန်မကန်ဝါဒများကို ဆန့်ကျင်၍ ဗုဒ္ဓ၏ အဆုံးအမ တစ်နည်း ဓမ္မကို ထိန်းသိမ်း ခုခံခဲ့သူတစ်ဦး၊ အသောကမင်း၏ သာသနာပြုကြိုးပမ်းအားထုတ်မှုများ၏ နောက်ကွယ်က အားတစ်ရပ်ဟုလည်း သတ်မှတ်ကြသည်။[][]

သိရိလင်္ကာ ဗုဒ္ဓဒဿနဆရာ ဒေးဗစ် ကာလုပဟာနက အလယ်လတ်လမ်းဖြစ်သော မဇ္ဈိမပဋိပဒါကို ဖော်ဆောင်ကျင့်ကြံဆောင်ရွက်ရာ၌ နာဂါဇုန (နာဂဂျူးန) ထက် ရှေးကျသူ၊ ဗုဒ္ဓဝါဒများကို ပြန်လည်ဖော်ထုတ်သူဟူ၍ ဆိုသည်။[]

အကျဉ်းတင်ပြချက်

[ပြင်ဆင်ရန်]

များစွာသော ဗုဒ္ဓရင်းမြစ်စာပေများမှ သက်သေသာဓကတွင် အရှင် မောဂ္ဂလိပုတ္တတိဿသည် မောရိယမင်းဆက်အရှင် အသောကမင်း စိုးစံတော်မူစဉ်ကာလအတွင်း ဩဇာတိက္ကမကြီးသော ပုဂ္ဂိုလ်တစ်ပါးဟု ဆိုထားကာ တတိယသင်္ဂါယနာတင်ပွဲတွင် ဦးစီးဦးကိုင်ပြုခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်းများရှိခဲ့သည်။[] ထိုစဉ်ပေါ်ပေါက်ခဲ့ပြီးဖြစ်သော အချို့သော ဗုဒ္ဓဘာသာဂိုဏ်ကွဲများ၏ ကျမ်းဂန်လာအယူအဆများကို တည်ကြည်ခိုင်မာစွာ ဝေဖန်ဆန့်ကျင်သူဟုလည်း ထင်ရဖွယ်ရှိသည်။ အထူးသဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း (သာဝတ္ထိဝါဒဂိုဏ်း အဖြစ်လည်းသိရှိ) ၊ ပုဂ္ဂလဝါဒဂိုဏ်းလောကုတ္တရာဝါဒဂိုဏ်းတို့၏ အယူအဆများဖြစ်သည်။[] ထို့အတွက်ကြောင့်ပင် ဤမထေရ်ကို ထေရဝါဒအား တည်ထောင်သူ၊ ခုခံကာကွယ်သူအဖြစ် ရှုမြင်ကြသည်။ ထေရဝါဒသည် အထက်ပါကျမ်းစာသုံးခုစလုံးကို မူရင်းဗုဒ္ဓ၏ ဓမ္မမဟုတ်ဟု ပယ်ချခဲ့သည်။ တစ်နည်းအားဖြင့် လက်ခံခြင်းမရှိပေ။ ထေရဝါဒရင်းမြစ်များက ဆက်လက်ဖော်ပြထားသည်မှာ မောဂ္ဂလိပုတ္တမထေရ်၏ ကူညီစောင်မမှုဖြင့် အသောကမင်း၏ သာသနာသန့်စင်ရေးလုပ်ငန်း လုပ်ဆောင်နိုင်ခဲ့ပေသည်။[]

ထေရဝါဒကျမ်းလာ ကထာဝတ္ထုတွင် ရှင်းလင်းဖော်ဆောင်ထားမှာတစ်ခုရှိရာ ၎င်းမှာ ဤဗုဒ္ဓကျမ်းစာများနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများကို အသေးစိတ်ဖော်ပြထားခြင်းပင်ဖြစ်သည်။ ဘန္တေ သုဇာတောမထေရ်က ဝိဇဉာဏကာယဟုခေါ်ဆိုသော သဗ္ဗတ္တိဝါဒဂိုဏ်းလာ အဘိဓမ္မာကျမ်းတွင် မောဂ္ဂလာနအပိုင်း အမည်ရှိသည့် အပိုင်းတစ်ခုပါဝင်ကာ ထိုတွင် သာမည မောဂ္ဂလာနအရာအားလုံးတည်မြဲ/တည်ရှိ ဆိုသောအယူကို ငြင်းခုံဆွေးနွေးထားသည့် အပိုင်းတစ်ပိုင်းပါသည်ဟု မှတ်ချက်ပြုထားသည်။[] မဟာသံဃိကဂိုဏ်းရှိ Śāripūtraparipṛcchā ကျမ်းတွင်လည်း မောဂ္ဂလာန (သို့) မောဂ္ဂလာ-ဥပဒေသ အမည်တွင်သည့် ရဟန်းတစ်ပါးကို ဖော်ပြထားကာ ထိုရဟန်းသည် ဓမ္မဂုတ္တကဂိုဏ်း (Dharmaguptaka) ၊ သုဝါသက္ကဂိုဏ်း (Suvarṣaka) ၊ သထာဝိရဂိုဏ်း (Sthavira) တို့၏ တည်ထောင်သူ ဟုဆိုထားသည်။[၁၀] သုဇာတောမထေရ်အရ မောဂ္ဂလာန.. စသဖြင့် ထိုကျမ်းများတွင် ဖော်ပြထားမှုသည် ဂေါတမဗုဒ္ဓ၏ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်ကို ဆိုလိုသည်မဟုတ်၊ မောဂ္ဂလာနပုတ္တတိဿမထေရ်ကိုသာ ဆိုလိုသည်ဟု မှတ်ချက်ပြုသည်။[၁၁]

သို့သော်လည်း ယိုဟန်းနက်စ် ဘရွန်ခေါ့စ် (Johannes Bronkhorst) အရ ပါတလိပုတ်တွင် ကျင်းပခဲ့သည့် တတိယသင်္ဂါယနာတွင် ဆွေးနွေးထားတင်ပြထားသည်မှာ အဓိကပြဿနာများသည် ဝိနည်းစည်းကမ်းကွဲလွဲကြခြင်းကြောင့်သာ(အခြားအပိုင်းမဟုတ်) ရဟန်းများကို သံဃအဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းများဖြစ်ပေါ်စေခဲ့သည်။[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. Sujato၊ Bhante (2007)၊ Sects and Sectarianism: The origins of Buddhist schools၊ Santipada၊ p. 13၊ ISBN 9781921842085
  2. Sujato၊ Bhante (2007)၊ Sects and Sectarianism: The origins of Buddhist schools၊ Santipada၊ p. 104၊ ISBN 9781921842085
  3. Karl H. Potter, Robert E. Buswell, Abhidharma Buddhism to 150 A.D., Motilal Banarsidass Publ., 1970, chapter 8.
  4. Sujato၊ Bhante (2007)၊ Sects and Sectarianism: The origins of Buddhist schools၊ Santipada၊ pp. 27–29၊ ISBN 9781921842085
  5. ၅.၀ ၅.၁ Gethin, Rupert, Was Buddhaghosa a Theravādin? Buddhist Identity in the Pali Commentaries and Chronicles, in "How Theravāda is Theravāda? Exploring Buddhist Identities", ed. by Peter Skilling and others, pp. 1–63, 2012.
  6. David Kalupahana, Mulamadhyamakakarika of Nagarjuna: The Philosophy of the Middle Way. Motilal Banarsidass, 2005, pages 2,5.
  7. Kalupahana, David J. (1992) A History of Buddhist Philosophy: Continuities and Discontinuities, University of Hawaii Press, p. 132.
  8. Sukumar Dutt (1988), Buddhist Monks and Monasteries of India: Their History and Their Contribution to Indian Culture, Motilal Banarsidass Publishe, pp. 108-110.
  9. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :0
  10. Sujato၊ Bhante (2007)၊ Sects and Sectarianism: The origins of Buddhist schools၊ Santipada၊ p. 75၊ ISBN 9781921842085
  11. Sujato၊ Bhante (2007)၊ Sects and Sectarianism: The origins of Buddhist schools၊ Santipada၊ pp. 126–127၊ ISBN 9781921842085
  12. Bronkhorst, Johannes, Kathavatthu and Vijñanakaya, published in: Premier Colloque Étienne Lamotte (Bruxelles et Liège 24-27 septembre 1989). Université Catholique de Louvain: Institut Orientaliste Louvain-la-Neuve. 1993. Pp. 57-61.