တရားရှုမှတ်ခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
တရားရှုမှတ်နေသည့် ဗုဒ္ဓဘာသာရဟန်းတစ်ပါး

တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်”ကို ကျော်လွန်ပြီး စိတ်အနားပေးခြင်း သို့မဟုတ် သိမှတ်နေခြင်း၏ အနက်ရှိုင်းဆုံးသော အဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ တရားရှုမှတ်ခြင်းသည် ဘာသာအများစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှေးခေတ်ကတည်းမှပင် ကျင့်ကြံအားထုတ်ခဲ့ကြသည်။မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ဘီစီ ၆၂၃ တွင် ဗုဒ္ဓမြတ်စွာဘုရား မွေးဖွားတော်မူခဲ့ပါသည်။ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈) ) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ နှင့် ဝိပဿနာကျင့်စဉ် ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။[၁][၂] [၃]ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။

(၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း

(၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်၊ဗုဒ္ဓဘာသာသည် လူဦးရေ သန်းပေါင်း ၁၉၀၀ ခန့်အထိ ကိုးကွယ်ယုံကြည်သောဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည် သည် မဟာယာန နှင့် ဇင်ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂ ၀၀ ခန့်အထိ ကိုးကွယ်ယုံကြည်သည်။[၄] ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်လာခဲ့ သည်။ ဗုဒ္ဓဘာသာတွင် မဟာယာန နှင့် ထေရဝါဒဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံ သုံးပါးကို လက်ခံလိုက်လျှင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါသည်။ ဘာသာရေးဓလေ့ထုံးတမ်းတို့၏အပြင်ဘက်တွင် ကျင့်ကြံခဲ့ကြ သည်။ကွဲပြားခြားနားသည့် တရားရှုမှတ်ခြင်း၏ နည်းလမ်းစည်းကမ်းများသည် စိတ်အောင်မြင်ရေးပန်းတိုင် များ၏ ကျုယ်ပြန့်မှု့ကို ဝန်းရံထားလျက်ရှိသည်။ သိစိတ် ၊ သနားစာနာစိတ်နှင့် မေတ္တာတို့၏ အမြင့်ဆုံးအဆင့် ရရှိအောင်မြင်ခြင်းမှသည် အဝေးကိုသိမြင်ခြင်း ၊ ဖန်တီးနိုင်မှု သို့မဟုတ် ကိုယ်တိုင်သိရှိခြင်း သို့မဟုတ် စိတ်၏ ရိုးရှင်းစွာ ပိုမိုတည်ငြိမ်မှုနှင့် အေးချမ်းမှုနယ်ပယ်အထိသို့ ဖြစ်သည်။


ဗုဒ္ဓဘာသာတရား (မြင့်မြတ်သော အမှန်တရား) ရှုမှတ်ခြင်း[ပြင်ဆင်ရန်]

Monks' Meditation
တရားရှုမှတ်နကြေသော ရဟန်းသံဃာတော်များ

ဗုဒ္ဓဘာသာ တရားရှုမှတ်ခြင်းသည် အကြောင်းနှစ်ရပ်နှင့် အခြေခံကျစွာဆက်စပ်ပတ်သက်သည်။ ၎င်းတို့မှာ စိတ်ကိုပြောင်းလဲခြင်းနှင့် ရှိလာသည့်စိတ်ကိုအသုံးချပြီး မိမိကိုယ်ကိုနှင့် အခြားသောထူးခြားဖြစ်ရပ်ကို ရှာဖွေကြည့်ရှုခြင်းဖြစ်သည်။ သမိုင်းရှိပြီးဖြစ်သော ဗုဒ္ဓကိုယ်တော် သိဒ္ဓတ္ထဂေါတမ ပင်လျှင် ဗောဓိပင်အောက်တွင် ဘီစီ (၅၈၈) တွင်တရားရှုမှတ်နေစဉ် ဉာဏ်အလင်းရရှိသွားခဲ့သည်။ ဗုဒ္ဓဘာသာသမိုင်းပုံပြင်တွင်ဗုဒ္ဓဘုရား နှစ်ဆယ့်ရှစ်ဆူ ရှိပြီးအားလုံးသော ဗုဒ္ဓဘုရားများသည်တရားရှုမှတ်ခြင်းကို ကျင့်သုံးခဲ့ခြင်းဖြင့် စိတ်အစဉ် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ ဗုဒ္ဓအယူဝါဒ၏ပုံစံများ အများစုသည် ကမ္မဋ္ဌာန်း တရားထိုင်ခြင်း သမထအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ သမထ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။ တရားရှုမှတ်ကျင့် ကြံအားထုတ်ခြင်း နှစ်မျိုးဖြစ်ကြသော သမထ နှင့် ဝိပဿနာ တို့အကြားတွင် ထင်ရှားသည်။ နှစ်မျိုးစလုံးသည်ဉာဏ်အလင်းရရှိရန်အတွက်လိုအပ်သည်။ သမထတွင်အမှတ်တစ်ခုတည်းအာရုံစိုက်ကြည့်ခြင်း စိတ်တည်ငြိမ်မှုစွမ်းရည်ကိုတိုးတက်ဖြစ်ထွန်းအောင်လေ့ကျင့်အားထုတ်ခြင်းဖြစ်ပြီး၊ ဝိပဿနာသည်ပကတိသဘာဝအမှန်များကိုရှုမြင်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့် ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။ တရားရှုမှတ်ကျင့်ကြံခြင်းနှစ်မျိုးအကြား ကွာခြားမှုနှိုင်းယှဉ်ချက်သည် အမြဲတမ်းပြတ်သား ပေါ်လွင်မှုမရှိပါ။ ကွာခြားမှုသည် အာနာပါနသတိ ကဲ့သို့သော ကျင့်ကြံမှုများ လေ့လာလိုက်စား သည့်အခါတွင်ထင်ရှားစွာတွေ့မြင်ရသည်။ အာနာပါန သည် သမထကျင့်စဉ်၏အစ တာထွက်ဟု ပြောနိုင်သော်လည်း အဆင့်အမျိုး မျိုးကိုဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဝိပဿနာကျင့်စဉ်သို့ ရောက်ရှိအဆုံးသတ်သွားသည်။


ထေရဝါဒဗုဒ္ဓအယူဝါဒ[ပြင်ဆင်ရန်]

ထေရဝါဒဗုဒ္ဓအယူဝါဒသည်တရားရှုမှတ်ခြင်းဖြင့်တွေးတောဆင်ခြင်မှုကိုတိုးတက်အောင်အာရုံစိုက်ခြင်းဖြစ်သည်။ အာနာပါနကျင့်စဉ်သည် အိန္ဒိယနိုင်ငံရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ ဝိပဿနာဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။ စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ (အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။

ဝိပဿနာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ပေသည်။ ကြိုးစားပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါလျှင် အားထုတ်သူ၏ နေ့စဉ်ဆင်းရဲ ပင်ပန်းမှုများမှ သက်သာစေပြီး ယခင်အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ်မှုမရှိသော တုန့်ပြန်မှုများတို့ဖြင့် နှစ်သက်သာယာဖွယ်၊ မနှစ်သက်သာယာဖွယ် ကိစ္စများ ကြုံရသောအခါ စိတ်ထဲတွင် ထုံးဖွဲ့ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲများစွာ ဖြစ်ပေါ်ခြင်းတို့မှ ဖြေလျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာပါလိမ့်မည်။ ဝိပဿနာကျင့်စဉ်သည် ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက်ဆိုင်သောကျင့်စဉ် ဖြစ်သည်။ စကြာဝဋ္ဌာရှိ အားလုံးသောလူတို့အတွက် ဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော နည်းလမ်းသာဖြစ်သည်။

ထေရဝါဒဗုဒ္ဓအယူဝါဒသည်နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်သတိတရား(ဥပမာသတိပဌာနသုတ်တွင်ကြည့်ပါ)နှင့်အာရုံစူးစိုက်မှု(သမာဓိကမ္မဌာနသုတ်တွင်ကြည့်ပါ)တို့၏ရှုမှတ်ခြင်းဖွံ့ဖြိုးလာမှုကိုဦးစားပေးဆောင်ရွက်သည်။ ထေရဝါဒဗုဒ္ဓအယူဝါဒသည်မူရင်းကျင့်စဉ်ဖြစ်ပြီး လူတစ်ဦးစီသည်မတူကွဲဟြးနေသည့် အတွက်ကြောင့်နိဗ္ဗာန်သို့သွားရာတွင် ကိုယ့်နည်းကိုယ့်ဟန်သုံးထားသည်။ လုပ်ရိုးလုပ်စဉ်ထင်ပေါ်နေသည့် တရားရှုမှတ်ခြင်းအကြောင်းအရာများတွင် ရှုရှိုက်ခြင်း (အာနာပါန)နှင့်ချစ်ခင်ကြင်နာခြင်း(မေတ္တာ)တို့ပါဝင်သည်။ဝိပဿနာပုံစံတရားရှုမှတ်ခြင်းတွင်သတိသည်အစတွင် ဝင်လေနှင့်ထွက်လေအပေါ်ထားရှိပြီးထို့နောက်(အသက်ရှုခြင်းကိုခေတ္တရပ်ဆိုင်းထားချိန်၊စိတ်နှင့်နှလုံးရှိနေသေး)ရိုးရိုးအမှတ်သင်္ကေတ(ဖယောင်းတိုင်မီးတောက်)အပေါ်ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်(လက်မသို့မဟုတ်နှာသီးဖျား)သို့မဟုတ်စိတ်အယူအဆအပေါ် (မည်သည့်ခံစားမှုအနှောင့်အယှက် သို့မဟုတ်ဉာဏ်ပါသည့်အနှောင့်အယှက်များအပေါ် အမှတ်မထားခြင်းကို ပံ့ပိုးပေးသည်) ထားရှိသည်။ ၂၀ ရာစုနှစ်တွင် အထူးဩဇာညောင်းသည့် ဗုဒ္ဓဘာသာတရားရှုမှတ်ခြင်းကျောင်း တစ်ခုမှာ ထိုင်းသစ် တော ဓလေ့ထုံးတမ်း ကျောင်းဖြစ်သည်။ ကျောင်းတွင် အဂျန်ထတေး ၊ အဂျန်မဟာဘူ နှင့်အဂျန်ချာတို့ကဲ့သို့အထင်ကရတရားရှုမှတ်သူများပါဝင်သည်။ဂျပန်တွင်မဟာယာနကျောင်းများဖြစ်သည့်တီအင်တိုင်းတွင်အာရုံစူးစိုက်မှုကိုမြှင့်တင် ဖွဲ့စည်းထားသည့်စည်းကမ်းမှတဆင့်ပြုစုပျိုးထောင်ကြသည်။ အထူးသဖြင့် တရုတ် ချန် ၊ ဗုဒ္ဓဘာသာကျောင်း တွင် (၎င်းမှဂျပန် လူမျိုးတို့၏ ဇန် နှင့် ကိုးရီးယား လူမျိုးတို့၏ဆီအွန်ကျောင်းများအဖြစ်ခွဲထွက်သွားကြသည်)။ဆိုချိန်နှင့်ကိုအန်တရားရှုမှတ်ကျင့်စဉ်များသည် တရားအားထုတ်သူကို ပကတိသဘာဝအမှန်များနှင့် တိုက်ရိုက်တွေ့ကြုံ ရန်ခွင့်ပြုထားသည်။ (ထိုကျောင်းများ၏အမည်များတစ်ခုစီသည် သင်္ကရိုက် - ဓယာန မှလာပြီး “တရားရှုမှတ်ခြင်း” ဟု ၎င်းတို့၏ ဘာသာစကားအသီးသီးသို့ပြန်ဆိုထားကြသည်)။ လေးနက်သည့် ရှင်ကုန်း ဂိုဏ်းသည် တိဗက်ဗုဒ္ဓဘာသာနှင့်များစွာသောအကြောင်းအရာများကို မျှဝေယူထားကြသည်။ ဂျပန် ဟိုက်ကူ ကဗျာဆရာဘရှိုးသည် ကဗျာကိုတရားရှုမှတ်ခြင်းလုပ်ငန်းစဉ်တစ်ခုအဖြစ်မြင်ပြီးကမ္ဘာကြီး၏ဖြစ်ပျက်နေမှုများတွင် ထာဝရမညှိုးနွမ်းသောမပြီးဆုံးနိုင်သောအမြင်များကို အနုပညာဖြင့်အကျဉ်းချုပ်ဖော်ပြခြင်းနှင့် သက်ဆိုင် သည်ဟု မြင်ထားသည်။ ကျွနု်ပ်တို့သည် ဤ ကျင့်ဝတ်ရည်ရွယ်ချက်၏ ခံစားမှုကို သူရေးသားခဲ့သည့် သူ၏ ဂန္ဓဝင်မြောက်လက်ရာ မြောက်စူးစူးသို့ လမ်းကျဉ်းလေးများ ၏ အစပိုင်းတွင် ရရှိခဲ့သည်။ ကင်တာဘာရိပုံပြင်များ တွင် ချောဆာ ရေးသားတင်ပြထားသည်ထက် ပို၍ တစ်ကိုယ်တည်းနှင့်အမှန်တကယ်ပို၍လေးလေးနက်နက် ရှုမြင်သော ခံစားမှုခရီးတွင်ဂျပန်ကဗျာဆရာဘရှိုးသည် သေခြင်းတရားအပေါ်ထင်ဟပ်ပြမှုကိုသူမြောက်အရပ်သို့ နတ်ကွန်းတစ်ခုမှတစ်ခုခရီးသွားခြင်းအကြောင်း ဖွဲ့ဆိုထားသည့်ကဗျာနှင့်စာနုရောနေသည့်အထဲ တွင် တွေ့ရသည်။

တိဗက်ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တိဗက်ဗုဒ္ဓဘာသာ

(ဝိဇ္ဇာယာန)သည်တန်တြာကိုသူ၏အထက်မှကျင့်ကြံအားထုတ်သူများအတွက်အလေးအနက်ထားရှိသည်။ဤအကြောင်းကြောင့်အမည်ကိုတန်တြာယာနဗုဒ္ဓဘာသာဟုပြောင်းလဲခေါ်ဆိုသည်။ ဘုန်းတော်ကြီးအများစုသည်သတ်မှတ်ပုံစံအတိုင်း “တရားရှုမှတ်ခြင်း”မရှိဘဲ၎င်းတို့၏တစ်နေ့တာပြီးဆုံးသွားသည်။

သူတို့သည်ဂါထာမန္တာန်များရွတ်ခြင်းသို့မဟုတ်အုပ်စုလိုက်တွင်ပါဝင်ဝတ်ပြုဆုတောင်းခြင်းတို့ကိုပိုမိုနှစ်သက်ကြသည်။ဤဓလေ့ထုံးတမ်းတွင်တရားရှုမှတ်ခြင်း၏ ရည်ရွယ်ချက်သည်စိတ်၏ကောင်းကင်နှင့်တူသည့်သဘာဝကိုနိုးထစေပြီးတရားအားထုတ်သူများကိုစိတ်၏သဘာဝအမှန်သို့တွေ့ဆုံပေးလိုက်သည်။စိတ်၏သဘာဝအမှန်သည်မပြောင်းလဲသောဖြူစင်သည့်သတိဖြစ်သည်။ ၎င်းသည်ဘဝတစ်ခုလုံးနှင့် သေခြင်းတရားအောက်တွင်ရှိသည်။)

ကေဗန်း (၁၉၇၅ စာမျက်နှာ ၁၆၄) ၊ ၎င်း၏တိုးချဲ့ထားသည့်သဟဇာ ဆွေးနွေးချက်တွင် ဆွေးနွေးထားသည့်အတွင်းသဏ္ဍာန် ဆတ်ဒန နှင့်ပြင်ပတို့ဆက်စပ်နေမှု၏ မန္ဓလ နှင့်ပတ်သက်နေမှုကို ဆွေးနွေးထားသည်မှာ “ပြင်ပဘာသာရေးကိုးကွယ်မှုပုံစံနှင့် အတွင်းသဏ္ဍာန်တို့သည် မခွဲခြားနိုင်သော တစ်လုံးတစ်ခဲတည်းပုံကိုဖြစ်စေပြီး ဤပေါင်းစည်းမှုသည် မန္ဓလ၏ ထင်ရှားမှုဖော်ပြချက်အများဆုံး ပုံစံအသွင်အဖြစ် တွေ့ရှိသည်။ မန္ဓလသည် မြင့်မြတ်သော ဝန်းရံထားမှုတစ်ခုဖြစ်ပြီး ၎င်းတွင် ဗဟိုချက်တူညီကြသော လေးထောင့်များနှင့် အဝိုင်းများကို မြေပြင်တွင် ချရေးထားသည့်ပုံများပါရှိသည်။ ထိုဗဟိုချက်တူလေးထောင့်များနှင့် အဝိုင်းများသည် ဖောက်ထွင်း၍မရသော မျက်နှာပြင် တစ်ခုဖြစ်ပြီး ၎င်းအပေါ်တွင် ဗုဒ္ဓအဖြစ်သို့ ရည်ရွယ်ချက်ကြီးမားသူသည် (သူတို့) ကိုယ်တိုင်ဆောက်တည်ရန် ဆန္ဒရှိသည်။ တန်တြာ၏ဘာသာရေးပုံစံကိုထုတ်ဖော်ခြင်းသည် မန္ဓလအပေါ်တွင်မူတည်ပြီးမန္ဓလရုပ်ပစ္စည်းကိုသုံး၍မရသည့်နေရာတွင်တတ်ကျွမ်းသူတစ်ဦးသည်ဆက်လက်၍စိတ်အားဖြင့်(သူတို့၏) တရားရှုမှတ်ခြင်းလမ်းကြောင်း တွင် တည်ဆောက်သွားသည်။” (မှတ်ချက်၊ လိင်ခွဲခြားမှုစကားကို ကွင်းကြီးခတ်ထားသည့်နေရာတွင် ပြင်ဆင်ထားသည်။ ပထမ ဥပမာ “သူ့”ကိုသုံးပြီး ဒုတိယဥပမာ “သူ၏” ဟု သုံးသည်။)

ပကတိတည်ငြိမ်အေးချမ်းခြင်း - ဉာဏ်ဝင်စားနေသည့်ဗုဒ္ဓ။

တရားရှုမှတ်သင်ကြားခြင်း[ပြင်ဆင်ရန်]

တရားရှုမှတ်သင်ကြားခြင်း၏ ဆုလာဒ်သည် ဤဘဝတွင် သင့်ကိုယ်သင်ပေးနိုင်သည့် အကြီးမားဆုံးသော ဆုလာဒ်ဖြစ်သည်။ တရားရှုမှတ်ခြင်းသည် သင်၏သဘာဝအမှန်တရားများကို ရှာဖွေရန်ခရီးကို တာဝန်ယူ အာမခံထား နိုင်သည့် တစ်ခုတည်းသော အကြောင်းတရားဖြစ်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် ကောင်းသော ရှင်သန်ခြင်းနှင့် ကောင်း သောသေဆုံးခြင်းကို လိုလားသောသင်၏တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ကိုတွေ့မြင်လာမည်။ တရားရှုမှတ်ခြင်းသည် ဉာဏ်အလင်းရရှိစေသည့် လမ်းဖြစ်သည်။ ဆိုဂျယ်ရင်ပို့ချ် (Sogyal Rinpoche) တိဗက်လူမျိုးတို့၏ သေခြင်းနှင့် ရှင်ခြင်း စာအုပ်ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများ အားလုံးနီးပါးသိမှတ်ထားသည်မှာ ဉာဏ်အလင်းရရှိရေးလမ်းတွင် လေ့ကျင့်မှုသုံး မျိုးသည် လိုအပ်ချက်အရ ပါရှိနေသည်။

ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရားက[ပြင်ဆင်ရန်]

ဗုဒ္ဓ မြတ်စွာဘုရား ၏ တရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကပင် လွတ်လပ်စွာ ပြောဆို ဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရား က' ဟု ဆိုအပ်လှပေသည်။ ဒီမိုကရေစီ၏အစ၊ ပထမ ဟု ထိုစဉ်ကအများက သက်မှတ်ထားသော ဂရိ နိုင်ငံ တွင် ဒီမိုကရေစီ မပေါ်ထွန်းသေးပါ၊ ကမ္ဘာ့ အတွေးအခေါ်ပညာရှင် ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊ ပလေတို (ဘီစီ ၄၂၈-၃၄၈) ၊ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)၊နှင့် မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ တို့ မမွေးသေးပါ။ ဗုဒ္ဓ သည် ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ 588 တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်ချိန်တွင် တရုတ်အတွေးအခေါ်ပညာရှင် ဒဿန ဆရာကြီးကွန်ဖြူးရှပ် (ဘီစီ ၅⁠၅၁-၄၇၉) မမွေးသေးပါ။ ကမ္ဘာ့ရူပဗေဒပညာရှင် သင်္ချာပညာရှင် နယူတန်(၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) ၊ အဲလ်ဘတ် အိုင်းစတိုင်း( ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်-၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် ) တို့ မမွေးသေးပါ။ ခရစ်ယာန်ဘာသာမှ ထာဝရဘုရားသခင် ၏ သားတော် ခရစ်တော်၊ ယေရှု(Jesus Christ BC 5-AD 30) နှင့် အစ္စလမ်ဘာသာ တမန်တော် မိုဟာမက် (Muhammad AD 570- AD 632) တို့ မပေါ်သေးပါ။

ဗုဒ္ဓတရားတော်များသည် naturally or universally သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း (၂၆၀ဝ) ကျော်ကတည်းက ဗုဒ္ဓ မြတ်စွာဘုရား က မိုက်ခရိုစကုပ်မပါ၊ အာထရာဆောင်းမပါ၊ ဓါတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။ ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓက ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ၏ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာတို့ ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံနည်းကျ မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။ Anatomy အနတ်တိုမီ (ခေါ် ) ခန္ဓာဗေဒကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓ မြတ်စွာဘုရား က ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ် (Atom) အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူ စသည်ဖြင့် ဟောပြတော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒ စသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို သိပ္ပံပညာက လိုက်မမီနိုင်သေးသော အနေအထားများ ယနေ့ထက်တိုင် ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်

ထောက်ပြပြောဆိုကြသည်မှာ ဗုဒ္ဓဘာသာ တရားရှုမှတ်ခြင်း အလေ့အကျင့်များသည် ခရစ်ယာန် ဉာဏ်ဝင်စားခြင်း ယုံကြည်မှု၏ အချို့သော အသွင်အပြင်များကိုတိုးတက်ကောင်းမွန်လာစေရန် များစွာလွှမ်းမိုးထားရှိခဲ့သည်။(ဗုဒ္ဓ အယူဝါဒ နှင့် ခရစ်ယာန်အယူဝါဒ)။ BC 588 တွင် ဗုဒ္ဓဘာသာ စတင် ထွန်းကားပြီးနောက် နှစ်ပေါင်း ၆၀၀ ကျော် တွင် ခရစ်တော်၊ ယေရှု(Jesus Christ BC 5-AD 30) သည် (Meditation) တရားရှုမှတ် ကျင့်ကြံအားထုတ် ခဲ့သည်။ BC 588 တွင် ဗုဒ္ဓဘာသာ စတင် ထွန်းကားပြီးနောက် နှစ်ပေါင်း ၁၂၀၀ ကျော် တွင် တမန်တော် မိုဟာမက် (Muhammad AD 570- AD 632) သည် (Meditation) တရားရှုမှတ် ကျင့်ကြံအားထုတ်ခဲ့သည်။ [၅]

၎င်းတို့မှာ သီလ (SILA) ၊ သမာဓိ (SAMADHI) နှင့် ပညာ (PANNA) တို့ဖြစ် သည်။ ဤနည်းဖြင့် တရားရှုမှတ်ခြင်းလုပ်ငန်းစဉ်တစ်ခုတည်းသည် လုံလောက်မှုမရှိပါ။ သို့သော် ဉာဏ်အလင်းရမည့် လမ်း၏တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ တစ်နည်းတစ်ဖုံ ပြောရလျှင် ဗုဒ္ဓဘာသာတွင် တစ်ခုနောက်တစ်ခုလိုက်ပါနေသည့် စိတ်ကို ပြုစုပျိုးထောင်ခြင်း ၊ ကျင့်ဝတ်များကိုတိုးတက်ကောင်းမွန်အောင် စောင့်ထိန်းခြင်းနှင့် ဉာဏ်ပညာကြီးမားခြင်းတို့ သည် အမြင့်ဆုံးပန်းတိုင်ရောက်ရှိရန်အတွက် အလိုအပ်ဆုံးလည်းဖြစ်သည်။ ထောက်ပြပြောဆိုကြသည်မှာ ဗုဒ္ဓဘာသာ (ခရစ်တော်မဖွားမြင်ခင် နှစ်ပေါင်း ၅၀၀ စောပြီး ၊ အာရှအနောက် ဘက် အစွန်းအဖျား နှင့် အလက်ဇန္ဒီးယား တွင် ခရစ်တော်သက်ရှိထင်ရှား ရှိစဉ်ကာလကတည်းမှပင် ရှိနေကြသည်။) BC 543 တွင် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၁၁၀၀ ကျော် တွင် တမန်တော် မိုဟာမက် (Muhammad AD 570- AD 632) သည် (Meditation) တရားရှုမှတ် ခဲ့သည်။ (Samatha meditation is not Vipassana Meditation. Vipassana is not only "nose awareness" or "abdomen awareness" but also these are merely points of focus to achieve one pointedness of mind. Vipassana is the direct seeing of impermanence, unsatisfactoriness and non self in all mental and physical phenomenon or the five aggregates.) [၆] [၇] [၈] [၉] [၁၀] [၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  2. http://www.unz.org/Pub/SingletonEsther-1908v01-00124
  3. http://dhammamedicine.net/2010/12/01/supreme-buddh/
  4. http://www.foreignercn.com/index.php?option=com_content&view=article&id=2929:buddhism-in-china&catid=1:history-and-culture&Itemid=114
  5. http://www.thisismyanmar.com/nibbana/lhistory.htm
  6. both Lama Gursam, a yogi raised in a Tibetan monastery, and Khenpo Nyima Gyaltsen, a teacher at the Drikung Kagyu college, have told me this
  7. Abelson, Peter (April 1993) Schopenhauer and Buddhism. Philosophy East and West Volume 43, Number 2, pp. 255-278. University of Hawaii Press. Retrieved on: 12 April 2008.
  8. Kabat-Zinn gives the body scan and food meditations in "Mindfulness for Beginners" the 2CD set, and Matthieu Ricard gives the letting thoughts arise and pass away in his 2CD set "Happiness: A Guide to Cultivating Life's Most Important Skill"
  9. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  10. http://whc.unesco.org/en/list/666
  11. http://news.xinhuanet.com/english/culture/2012-02/22/c_131425079.htm

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]