လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
၂၀:၃၉၊ ၁၅ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝက်ဘ်ဆိုက်moep.gov.mm

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electric Power; အတိုကောက် MOEP) သည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားရေးရာ မူဝါဒများကို ကိုင်တွယ်ရသော ဝန်ကြီးဌာနဖြစ်သည်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

သမိုင်းကြောင်း

အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။

ဌာနများ

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်တွင် လျှပ်စစ်စွမ်းအား ဦးစီးဌာန၊ ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မန္တလေးမြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပါဝင်သည်။

အခြားကြည့်ရန်

ကိုးကား

ပြင်ပလင့်ခ်များ