နွားထိုးကြီးမြို့နယ်
နွားထိုးကြီးမြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
နွားထိုးကြီးမြို့နယ်တွင်းရှိ မြင်းခြံ-မန္တလေး ကားလမ်း | |
ကိုဩဒိနိတ်: 21°25′N 95°39′E / 21.417°N 95.650°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | မြင်းခြံ |
မြို့နယ်ရုံးစိုက်ရာမြို့ | နွားထိုးကြီးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၇၆,၉၂၇ [၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
နွားထိုးကြီးမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် တည်ရှိသည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ နွားထိုးကြီးမြို့ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]သက္ကရာဇ် ၇၆၃ခု၊ အင်းဝပထမမင်းဆက် မင်းကြီးစွာဆော်ကဲ လက်ထက်တွင် နွားဓိုရ်ရွာအဖြစ် တည်ရှိကာ ကျောက်စာအရ နွား+ဓိုရ်=နွား+ဓူဝ= နွားများကို ထိန်းကျောင်းလေ့ကျင့်သောရွာဟု သုတေသီများကဆိုကြသည်။ အချို့ကလည်း နွားများဖြင့် အသက်မွေး၍ တိုးတက်ကြီးပွားလာသောကြောင့် နွားတိုးဟုလည်းခေါ်ကြသည်။ ကာလကြာသော် နွားဓိုရ်၊ နွားတိုးမှ နွားထိုးကြီးဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်လာနိုင်ကြောင်း ကောဇာသက္ကရာဇ် ၁၂၆၇ခုနှစ်၊ ရှင်ပင်သာဒွန်းဦးဘုရား ခေါင်းလောင်းစာအရ သိရသည်။၃၁.၈.၁၉၇၂ခုနှစ်တွင် နွားထိုးကြီးမြို့နယ်ကို စတင်ဖွဲ့စည်းခဲ့သည်။[၂]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် (၂၁)ဒီဂရီ (၁၇)မိနစ် (၃၄)စက္ကန့် နှင့် (၂၁)ဒီဂရီ (၃၈)မိနစ် (၄၂)စက္ကန့် အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၇)မိနစ် (၅၄)စက္ကန့် နှင့် (၉၅)ဒီဂရီ (၅၈)မိနစ် (၃၂)စက္ကန့် အတွင်းတည်ရှိသည်။ အရှေ့နှင့်အနောက် (၃၀)မိုင် (၃)ဖာလုံ၊ တောင်နှင့်မြောက် (၂၂)မိုင် (၂)ဖာလုံ ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၄၈၁၂၀) ကျယ်ဝန်းသည်။
နယ်နိမိတ်
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့နယ်၏ အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ တံတားဦးမြို့နယ် အရှေ့ဘက်တွင် မြစ်သားမြို့နယ် နှင့် တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၅ပေအထက်တွင် တည်ရှိသည်။မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးခြင်းမရှိဘဲ ကုန်းမြင့်ချိုင့်ဝှမ်းနှင့် ဆင်ခြေလျောများ ဖြစ်ပေါ်ကာ လှိုင်းတွန့်သဏ္ဌာန် တည်ရှိသည်။ နွားထိုးကြီးမြို့နယ်အတွင်း ချောင်းအနည်းငယ်သာ စီးဆင်းသည်။
လူဦးရေ
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အနည်းငယ်ရှိသည်။[၂]
စီးပွားရေး
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော မြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ လူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားကာ လုပ်ကိုင်ကြသည်။အဓိက စိုက်ပျိုးသီးနှံများမှာ ဝါဂွမ်း၊ ထန်းနှင့် ပဲအမျိုးမျိုးဖြစ်သည်။ အရည်အသွေးကောင်းမွန်သော သက်တမ်းရင့် အင်ကြင်းကျောက် ထွက်ရှိရာဒေသလည်း ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲမျိုးစုံနှင့် ထန်းလျက်တို့ဖြစ်ကာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချသည်။ မန္တလေးနှင့် မြင်းခြံတို့မှ လူ့သုံးကုန်ပစ္စည်းများ အဓိကတင်သွင်းသည်။ နိုင်ငံပိုင် ဝါကြိတ်စက်ရုံရှိသော်လည်း ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်မှစတင်ကာ လုပ်ငန်းရပ်ဆိုင်းထားသည်။ ပုဂ္ဂလိက အလုပ်ရုံ၃ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၄၈ခု တည်ရှိသည်။
ဈေးများ
[ပြင်ဆင်ရန်]- နွားထိုးကြီးမြို့မစည်ပင်သာယာဈေး
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့နယ်သည် အခြားဒေသများသို့ ကုန်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ မြင်းခြံ-မန္တလေး ကားလမ်းမနှင့် ပုဂံ-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိပြီး မြင်းခြံမြို့မှ အရှေ့ဘက် ၁၉ မိုင်ကွာဝေးပါသည်။
ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နွားထိုးကြီးမြို့၏ အရှေ့ဘက် ပြင်စည်ကျေးရွာအနီးမှ ဖြတ်သန်းဖောက်လုပ်ထားသည်။ ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၉ကျောင်းရှိသည်။
- အထက နွားထိုးကြီး
- အထက မြို့မ
- အထက ပြင်စည်
- အထက ဝက်လူး
- အထက ကနား
- အထက လက်ဝဲ+မြင်းနီ
- အထက ဆူးဖြူကုန်း
- အထက ရွာကြီး
- အထက လုံးတော
- အထက အိုးပုံတော
- အထက ကြာပင်အိုင်
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) ပဲချက်
- အလက (ထ(ခွဲ)) မင်းရွာ
- အလက (ထ(ခွဲ)) ဇေဒိတ်
- အလက (ထ(ခွဲ)) ဘုံသာ
- အလက (ထ(ခွဲ)) မကျီးကန်
- အလက (ထ(ခွဲ)) ကျွန်းဒေါင့်
- အလက (ထ(ခွဲ)) လျော်ဖြူ
- အလက (ထ(ခွဲ)) မျက်ရှု
- အလက (ထ(ခွဲ)) ဒေါင့်ဘိုး
- အလက (ထ(ခွဲ)) ကဒေါင်
- အလက (ထ(ခွဲ)) ဇီးတော
- အလက (ထ(ခွဲ)) မလည်
- အလက ပဒေါင်း
- အလက နနွင်းတော်ဘိုး
- အလက တပါယ်
- အလက နဘဲမြစ်
- အလက လက်ပံ
- အလက ဆားတောင်
*အလက ကျောက်တန်း
- အလက ညောင်ပင်ရွာ
- အလက ကန်ကြီး
- အလက ထန်းတောမ
*အလက ဖောင်ချဉ်း
- အလက ရွာသာအေး
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၀ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]- နွားထိုးကြီး မြို့နယ်ဆေးရုံ
- ဝက်လူး တိုက်နယ်ဆေးရုံ
- သူစိုး တိုက်နယ်ဆေးရုံ
- ကနား တိုက်နယ်ဆေးရုံ
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့၏ အထင်ရှားဆုံးသော တန်ခိုးကြီးဘုရားမှာ ရှင်ပင်သာထွန်းဦးဘုရား ဖြစ်သည်။ ဘုရားပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး
- ↑ ၂.၀ ၂.၁ နွားထိုးကြီးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။