တိရစ္ဆာနကထာ

ဝီကီပီးဒီးယား မှ

တိရစ္ဆာနကထာ ၂၇ မျိုး (မဂ်ဖိုလ်နိဗ္ဗာန်၏ ဖီလာကန့်လန့်ဖြစ်သော စကား၂၇ မျိုး)

၁။ ရာဇကထာ- မင်းကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊

၂။ စောရကထာ- ခိုးသား ဓားပြ သူပုန် တို့ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊

၃။ မဟာမတ္တကထာ- မှူးကြီး, မတ်ကြီး တို့၏ အကြောင်းကို ပြောသော စကား၊

၄။ သေနကထာ- စစ်တပ်အကြောင်းကို ပြောသော စကား၊

၅။ ဘယကထာ- ဘေးကြီး ဘေးငယ် အသွယ်သွယ်အကြောင်းကို ပြောသော စကား၊

၆။ ယုဒ္ဓကထာ- စစ်တိုက်ခြင်းအကြောင်းကို ပြောသော စကား၊

၇။ အန္နကထာ- စားဖွယ် အကြောင်းကို ပြောသော စကား၊

၈။ ပါနကထာ- သောက်ဖွယ်အကြောင်းကို ပြောသော စကား၊

၉။ ဝတ္ထကထာ- အဝတ်အထည်အကြောင်းကို ပြောသော စကား၊

၁၀။ သယနကထာ- အိပ်ရာနေရာအကြောင်းကို ပြောသော စကား၊

၁၁။ မာလာကထာ- ပန်းအကြောင်း ပြောသော စကား၊

၁၂။ ဂန္ဓကထာ- နံ့သာအကြောင်း ပြောသော စကား၊

၁၃။ ဉာတိကထာ- ဆွေမျိုး အကြောင်း ပြောသော စကား၊

၁၄။ ယာနကထာ- ယာဉ်အကြောင်း ပြောသော စကား၊

၁၅။ ဂါမကထာ- ရွာအကြောင်း ပြောသော စကား၊

၁၆။ နိဂမကထာ- နိဂုံးအကြောင်း ပြောသော စကား၊

၁၇။ နဂရကထာ- မြို့အကြောင်း ပြောသော စကား၊

၁၈။ ဇနပဒကထာ- ဇနပုဒ် အကြောင်း ပြောသော စကား၊

၁၉။ ဣတ္ထိကထာ- မိန်းမအကြောင်း ယောကျ်ားအကြောင်း ပြောသော စကား၊

၂၀။ သူရကထာ- သူရဲကောင်းအကြောင်း ပြောသော စကား၊

၂၁။ ဝိသိကာ ကထာ- လမ်းဆုံလမ်းခွ လမ်းမအကြောင်း ပြောသော စကား၊

၂၂။ ကုမ္ဘဋ္ဌာနကထာ- ရေခပ်ဆိပ် ရေချိုးဆိပ်ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊

၂၃။ ပုဗ္ဗပေတကထာ- ရှေးရှေးက သေလွန်ပြီးသော ဆွေမျိုးတို့အကြောင်းပြောသော စကား၊

၂၄။ နာနတ္တကထာ- ဆိုခဲ့ပြီး ဆိုအပ်လတ္တံ့မှ တစ်ပါးသော အမျိုးမျိုးသော သဘောရှိသော စကား၊

၂၅။ လောကက္ခာယိက ကထာ- လောကကြီးအကြောင်းကို ပြောသော စကား၊

၂၆။ သမုဒ္ဒက္ခာယိကကထာ- သမုဒ္ဒရာ အကြောင်း ပြောသော စကား၊

၂၇။ ဣတိဘဝါဘဝကထာ- တိုးပွားကြောင်း ဆုတ်ယုတ်ကြောင်း ပြောဆိုသော စကား။ [၁]


တိရစ္ဆာနကထာ ၂၈ မျိုး

မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော စကား ၂၈ မျိုးနှင့် တူသည်။


တိရစ္ဆာနကထာ ၃၂ မျိုး

၁။ မင်းနှင့် စပ်သော စကား (ရာဇကထာ)၊

၂။ ခိုးသူနှင့် စပ်သော စကား (စောရကထာ)၊

၃။ အမတ်ကြီးတို့နှင့် စပ်သော စကား (မဟာမတ္တကထာ)၊

၄။ စစ်သည်နှင့် စပ်သော စကား (သေနာကထာ)၊

၅။ ဘေးနှင့် စပ်သော စကား (ဘယကထာ)၊

၆။ စစ်ထိုး ခြင်းနှင့် စပ်သော စကား (ယုဒ္ဓကထာ)၊

၇။ ထမင်းနှင့် စပ်သော စကား (အန္နကထာ)၊

၈။ အဖျော်ယမကာနှင့် စပ်သော စကား (ပါနကထာ)၊

၉။ အဝတ်အထည်နှင့် စပ်သော စကား (ဝတ္ထကထာ)၊

၁၀။ ယာဉ်ရထားနှင့် စပ်သော စကား (ယာနကထာ)၊

၁၁။ အိပ်ရာ နေရာနှင့် စပ်သော စကား (သယနကထာ)၊

၁၂။ ပန်းနှင့် စပ်သော စကား (မာလာကထာ)၊

၁၃။ နံ့သာနှင့် စပ်သော စကား (ဂန္ဓကထာ)၊

၁၄။ ဆွေမျိုးတို့နှင့် စပ်သော စကား (ဉာတိကထာ)၊

၁၅။ ရွာနှင့် စပ်သော စကား (ဂါမကထာ)၊

၁၆။ နိဂုံးနှင့် စပ်သော စကား (နိဂမကထာ)၊

၁၇။ မြို့နှင့် စပ်သော စကား (နဂရကထာ)၊

၁၈။ ဇနပုဒ်နှင့် စပ်သော စကား (ဇနပဒကထာ)၊

၁၉။ မိန်းမနှင့် စပ်သော စကား (ဣတ္ထိကထာ)၊

၂၀။ ယောကျ်ားနှင့် စပ်သော စကား (ပုရိသကထာ)၊

၂၁။ သူရဲ သူခက်နှင့် စပ်သော စကား (သူရကထာ)၊

၂၂။ လမ်းဆုံ လမ်းခွနှင့်ဆိုင်သော စကား (ဝိသိခါ ကထာ)၊

၂၃။ ရေဆိပ်နှင့် ဆိုင်သော စကား (ကုမ္ဘဋ္ဌာနကထာ)၊

၂၄။ ရှေး၌ ဖြစ်ဖူးသည်ကို ဆိုသော စကား(ပုဗ္ဗပေတကထာ)၊

၂၅။ အထူးထူး အပြားပြားစကား (နာနတ္တကထာ)၊

၂၆။ သံသရာကို ရှည်စေတတ်သော စကား ( လောကက္ခာယိကကထာ)၊

၂၇။ သမုဒ္ဒရာနှင့် စပ်သော စကား (သမုဒ္ဒက္ခာယိကကထာ)၊

၂၈။ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့နှင့် စပ်သော စကား (ဣတိဘဝါဘဝ ကထာ) (၂၈ မှ ၃၂ အထိ ဣတိဘဝါဘဝကထာ (၅) ပါး) ။ [၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. (ဒီ၊၁၊၁၆၇။) (ဒီ၊၁၊၇၊၆၂။) (ဒီ၊၃၊၃၀။) (သံ၊၃၊၃၆၈။) (ဒီ၊မြန်၊၁။၂၀၃။) (ဒီ၊မြန်၊၁။၇၊၇၅။) (ဒီ၊မြန်၊၃။၂၉။) (သံ၊မြန်၊၃။၃၇၃။)
  2. (မဟာနိ၊၂၈၆။)
  3. ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်