ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန

ဝီကီပီးဒီးယား မှ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၉၀၂ (ကမ္ပည်းကျောက်စာဌာန)
  • ၁၉၅၄ (ရှေးဟောင်းသုတေသနဦးစီးဌာန၊ ယဉ်ကျေးမှုကောင်စီ)
  • ၁ ဇွန် ၁၉၅၂ (ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန)
ယခင်အဖွဲ့အစည်း
  • မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာန
  • ရှေးဟောင်းသုတေသနဦးစီးဌာန
  • ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန
ဌာနချုပ်ရုံးအမှတ် (၃၅)၊ နေပြည်တော်
ဝန်ကြီးများသူရဦးအောင်ကို
ဌာနအကြီးအမှူးများဦးကျော်ဦးလွင်၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်archaeologymm.com

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (အင်္ဂလိပ်: Department of Archaeology and National Museum) သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ ယဉ်ကျေးမှုဆိုင်ရာဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးဟောင်းသုတေသနဦးစီးဌာန[ပြင်ဆင်ရန်]

၁၈၈၅ ခုနှစ်မတိုင်မီက တည်ရှိခဲ့သည့် ရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှု ဝတ္ထုပစ္စည်း များနှင့် မရွှေ့ပြောင်းနိုင်သော သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း ရန်နှင့် သုတေသနပြုဖော်ထုတ်ရန် ၁၉၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကမ္ပည်း ကျောက်စာဌာနကို ဝန်ထမ်းအင်အား(၉၆)ဦးဖြင့် ရှေးဟောင်းသုတေသနဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင်

  • ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် ရှေးဟောင်းသုတေသနဦးစီးဌာနကို အဆင့်(၃)ဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။
  • ၁၉၈၇ ခုနှစ်၊ မတ်လတွင် ရှေးဟောင်းသုတေသနဦးစီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အုပ်ချုပ်မျုအောက်သို့ လွှဲပြောင်းပေးခဲ့သည်။
  • ၁၉၈၈ ခုနှစ်တွင် အဆင့်(၂)ဦးစီးဌာနအဖြစ် တိုးမြှင့်ခဲ့ပြီး၊ ၁၉၉၂ ခုနှစ်၊ မတ်လတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အုပ်ချုပ်မှု အောက်သို့ ပြန်လည်လွှဲပြောင်းခဲသည်။
  • ၁၉၉၅ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တွင် ဝန်ထမ်းအင်အားကို တိုးမြှင့်ခဲ့သည်။
  • ၁၉၉၈ ခုနှစ်တွင် အဆင့်(၁)ဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။
  • ၂၀၀၄ ခုနှစ်တွင် ဝန်ထမ်းအင်အားတိုးမြှင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန[ပြင်ဆင်ရန်]

၁၉၅၂ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြူနီစီပယ်အဖွဲ့မှ ဘားနက်ပိဋကတ်တိုက်ကို လွှဲပြောင်းလက်ခံခဲ့ပြီး နိုင်ငံတော် စာကြည့်တိုက်ဟု အမည်ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်နှင့် အမျိုးသား ပန်းချီခန်းမဆောင် တို့ကို အုပ်ချုပ်နိုင်ရေးအတွက် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ယဉ်ကျေးမှုဗိမာန် ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက်

  • ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ငန်းအဝဝကို ပံ့ပိုး ကူညီရန် ယဉ်ကျေးမှုကောင်စီကို ဖွဲ့စည်းခဲ့သည်။
  • ၁၉၆၃ ခုနှစ်တွင် ယဉ်ကျေးမှုကောင်စီဖျက်သိမ်းခဲ့၍ ယဉ်ကျေးမှုကောင်စီ၏ အစီ အစဉ်ဖြင့် ဖွင့်လှစ်ထားသော ပြတိုက်နှင့်စာကြည့်တိုက်များ ယဉ်ကျေးမှုဗိမာန်၏ စီမံခန့်ခွဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့သည်။
  • ၁၉၆၆ ခုနှစ်တွင် တောင်တွင်းကြီး ယဉ်ကျေးမှုပြတိုက်ကို လက်ခံရရှိခဲ့သည်။
  • ၁၉၇၁ ခုနှစ်တွင် ကာယကံရှင်များက နိုင်ငံတော်အစိုးရသို့ လွှဲပြောင်းပေးခဲ့၍ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်)ကို ပြတိုက်အဖြစ် ထိန်းသိမ်း ပြသ ခဲ့သည်။
  • ၁၉၇၂ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနအမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ(၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုဌာနများနှင့် ချင်းဝိသေသ တိုင်းအောက်ရှိ ချင်းပြည်နယ်ယဉ်ကျေးမှုဌာနများသည် ယဉ်ကျေးမှုဗိမာန်ဦးစီး ဌာန လက်အောက်သို့ရောက်ရှိခဲ့သည်။
  • ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ဝန်ထမ်း အင်အား တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
  • ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် အဆင့်(၁)ဦးစီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန(၂)ခုအား ပေါင်း၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)နှင့် (ရန်ကုန်)တို့အား သမိုင်းသုတေသနဦးစီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]

ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

စီမံ/ဘဏ္ဍာဌာနခွဲ[ပြင်ဆင်ရန်]

  • ဌာန၏လုပ်ငန်းတာဝန်များ၊ လုပ်ငန်းရည်ရွယ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်။
  • စီမံခန့်ခွဲအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးရာကိစ္စရပ်များအတွက် လုပ်ငန်းစီမံချက်များရေးဆွဲ ပေးရန်။
  • ဌာနမှလုပ်ငန်းဆောင်ရွက်ချက်များ၏ တိုးတက်မှုအခြေအနေကို လစဉ်အစီရင်ခံတင်ပြရန်။
  • ဌာန၏ လုပ်ငန်းစီမံကိန်းများအား ကြီးကြပ်ဆောင်ရွက်ရန်။

ပြုပြင်/ထိန်းသိမ်း/စစ်ဆေးမှတ်တမ်းနှင့် ဓာတုဗေဒဌာနခွဲ[ပြင်ဆင်ရန်]

  • နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မူလအနေ အထားအတိုင်း ပြန်လည်ထိန်းသိမ်းခြင်းဟူသည့် မူဝါဒကို အကောင်အထည်ဖော်ရန်၊
  • ဒေသအလိုက် တည်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို မူလအနေ အထားအတိုင်း ပြန်လည်ထိန်းသိမ်းခြင်းအတွက် စီမံကိန်းများနှင့် အစီအစဉ်များကို အကောင်အထည်ဖော်ရန်၊
  • ရှေးဟောင်းအဆောက်အအုံများကို မူလအနေအထားအတိုင်း ပြန်လည်ထိန်းသိမ်းရန်၊ မှတ်တမ်းပြုစုရန်နှင့် ပုံနှိပ်ထုတ်ဝေရန်။
  • နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းရုပ်လုံးရုပ်ကြွများ၊ ကျောက်ရုပ်လုံးရုပ်ကြွများနှင့် သစ်သားပန်းပုလက်ရာများကဲ့သို့သော ယဉ်ကျေးမှုအမွေအနှစ်များ အပါအဝင် မရွှေ့ မပြောင်းနိုင်သော ယဉ်ကျေးမှုအမွေအနှစ်များကို သိပ္ပံနည်းကျ နည်းလမ်းများဖြင့် မူလ အနေအထားအတိုင်း ကာကွယ်ထိန်းသိမ်းရန်၊
  • အရေးကြီးသော စာရွက်စာတမ်းများ၊ ရှားပါးစာအုပ်များ၊ ပေ-ပုရပိုဒ်များနှင့် ကျောက်စာ များ အပါအဝင် စုဆောင်းထားသော အချက်အလက်များအား ခေတ်မီ သိပ္ပံနည်းလမ်း များဖြင့် မူလအနေအထားအတိုင်း ကာကွယ်ထိန်းသိမ်းရန်။
  • ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းနှင့် မူလအနေအထားအတိုင်း ကာကွယ် ထိန်းသိမ်းခြင်းတို့၏ သုတေသနစာတမ်းများကို စုဆောင်းရန်နှင့် ကွန်ပြူတာဖြင့် Digitization ပြုလုပ်ရန်။
  • တူးဖော်သုတေသနပြုခြင်းလုပ်ငန်းများတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ရန်။

တူးဖော်/ရှေးပစ္စည်း/ကမ္ပည်းကျောက်စာဌာနခွဲ[ပြင်ဆင်ရန်]

  • ရှေးဟောင်းသုတေသနဆိုင်ရာများအား တူးဖော်သုတေသနပြုရန်နှင့် သမိုင်းမတင်မီ ခေတ်နှင့် သမိုင်းတင်ခေတ်ကာလများ၏ တူးဖော်တွေ့ရှိပစ္စည်းများအား သုတေသနပြု ရန်။
  • သုတေသနစာတမ်းများ ရေးသားရန်၊ စာတမ်းဖတ်ပွဲများတွင် ဖတ်ကြားရန်။
  • ကျောက်စာများနှင့် ရှေးဟောင်းကျောက်စာရေးနည်း အတတ်ပညာများကို သုတေသန ပြုလုပ်ရန်နှင့် ထိန်းသိမ်းရန်။
  • အမျိုးမျိုးသော ကျောက်စာများအား မိတ္တူကူးရန်၊ မှတ်တမ်းပြုစုရန်နှင့် ထိန်းသိမ်းရန်။
  • ရှေးဟောင်းနေရာဒေသများအား ကွင်းဆင်းလေ့လာရန်နှင့် မှတ်တမ်းပြုစုထားရန်။
  • ရှေးဟောင်းပစ္စည်းများ စုဆောင်းရှာဖွေလေ့လာ သုတေသနပြုရန်။
===အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ===

- မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာတစ်ဝှန်းလုံး*ရှိစေရန်အတွက် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်။

  • မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေးကိစ္စရပ်များအတွက် နိုင်ငံတကာနှင့် ဒေသဆိုင်ရာတို့မှ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေးအတွက် ပြည်ပသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများ တက်ရောက်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် စီစဉ်ဆောင်ရွက်ပေးရန်။
  • အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှု အဖွဲ့အစည်းများ နှင့် ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာစီမံကိန်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေး ပွဲများ၊ ဆွေးနွေးပွဲများ၊ သုတေသနလုပ်ငန်းနှင့် အခမ်းအနားများကို အကောင်အထည်ဖော် ရန်နှင့် စီစဉ်ရန်။

ပြတိုက်များ[ပြင်ဆင်ရန်]

ယဉ်ကျေးမှုပြတိုက်များ[ပြင်ဆင်ရန်]

အခြား[ပြင်ဆင်ရန်]

နန်းတွင်းပြတိုက်

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]