မာတိကာသို့ ခုန်သွားရန်

ရဲဝင်းဦး

ဝီကီပီးဒီးယား မှ

ရဲဝင်းဦး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၂၆
လက်ထောက်ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
ယခင်လူဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 တပ်မတော် (ကြည်း)
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
တာဝန်သက်တမ်း
မတ် ၂၀၂၆  ၃၀ မတ် ၂၀၂၆
ယခင်လူဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ဆက်ခံသူဗိုလ်ချုပ်ကြီး ကျော်စွာလင်း
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
အတွင်းရေးမှူး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ယခင်လူကော်မရှင်စတင်
ဆက်ခံသူကော်မရှင်ဖျက်သိမ်း
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
တွဲဖက်အမှုဆောင်ချုပ်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တွဲဖက်အတွင်းရေးမှူး
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁
ယခင်လူကောင်စီစတင်
ဆက်ခံသူကောင်စီဖျက်သိမ်း
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်
တာဝန်သက်တမ်း
၁၀ ဖေဖော်ဝါရီ ၂၀၂၀  မတ် ၂၀၂၆
ယခင်လူဒုဗိုလ်ချုပ်ကြီးစိုးထွဋ်
ဆက်ခံသူဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်
တိုင်းမှူး
အနောက်တောင်တိုင်းစစ်ဌာနချုပ်
တာဝန်သက်တမ်း
၁၈ ဇွန် ၂၀၁၈  ၁၀ ဖေဖော်ဝါရီ ၂၀၂၀
ယခင်လူဗိုလ်ချုပ် တေဇကျော်
ဆက်ခံသူဗိုလ်ချုပ် ညွန့်ဝင်းဆွေ
ကျောင်းအုပ်ကြီး
တပ်မတော်ဆေးတက္ကသိုလ်
တာဝန်သက်တမ်း
၂၆ ဩဂုတ် ၂၀၁၆  ၁၈ ဇွန် ၂၀၁၈
ယခင်လူဗိုလ်ချုပ် သက်ပုံ
ဆက်ခံသူဗိုလ်ချုပ် ညွန့်ဝင်းဆွေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1966-02-21) ၂၁ ဖေဖော်ဝါရီ၊ ၁၉၆၆ (အသက် ၆၀)
မြန်မာပြည်
နိုင်ငံသားမြန်မာ
ကြင်ဖော်နီလာ
သားသမီးသိမ့်သဉ္ဇာရဲ၊ထက်ရဲနောင်
မိခင်ကျောင်းတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) OTS အပတ်စဉ် ၇၇
ဆုတံဆိပ်များ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်ကြီး
တပ်တပ်မတော်
တိုက်ပွဲ/စစ်ပွဲများပြည်သူ့ခုခံတော်လှန်စစ်
ကိုယ်ပိုင်အမှတ်ကြည်း ၂၁၄၄၀

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၂၁ ဖေဖော်ဝါရီ ၁၉၆၆ ဖွား) သည် ၁၁ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။သူသည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ်၊ မတ်လတွင် ခန့်အပ်ခံရပြီးနောက် မတ်လ ၃၀ရက်တွင် မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခြင်းခံရသူ ဖြစ်သည်။[]

၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့သည်။ []နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သက်တမ်းကုန်ဆုံးပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အတွက် ရုံးအဖွဲ့ကို အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အသစ်ဖွဲ့စည်းခဲ့ရာ ၎င်းသည် ကာလုံရုံး၏ တွဲဖက်အမှုဆောင်ချုပ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[]

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစား အသစ်အစားထိုး ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်သည်။[]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၇၇) ဆင်း အရာရှိတစ်ဦးဖြစ်ပြီး ပြန်တမ်းဝင်အမှတ် ကြည်း ၂၁၄၄၀ ဖြင့် စစ်မှုထမ်းခဲ့ကာ ဗိုလ်မှူးကြီးအဆင့်ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း-G1) နှင့် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်တိုးမြှင့်ခံခဲ့ရသည်။

တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား သမ္မတဦးဝင်းမြင့် က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီးနောက် သူသည် စိုးထွဋ် ၏ စစ်ဘက်ဆိုင်ရာရာထူးနေရာ အား ဆက်ခံခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရကာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၎င်းရာထူးတွင် တိုင်းမှူးတာဝန်ယူပြီး နှစ်နှစ်မပြည့်မီ အဆင့်တိုးမြှင့်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သည်။[]

၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နှင့်အတူ ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရကာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ တွဲဖက်အမှုဆောင်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံခဲ့ရသည်။[][]

၂၀၂၆ ခုနှစ် မတ်လတွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်းခံရရာ ၎င်းရာထူးသည် အစဉ်အလာအရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနှင့် ပူးတွဲထမ်းဆောင်ရသော တာဝန်ဖြစ်ပြီး ယခင်က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တာဝန်ယူခဲ့သည့် တပ်မတော် (ကြည်း) ၏ အကြီးအကဲ တာဝန်ကို ဆက်ခံခြင်း ဖြစ်သည်။[]

အရေးယူပိတ်ဆို့ခံရမှုများ

[ပြင်ဆင်ရန်]

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဖြစ်လာသည့် ၎င်းအား အမေရိကန်၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂ အစရှိသည့် နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားကြသည်။[၁၀][၁၁]ထို့အပြင် ၎င်း၏ ဇနီးဖြစ်သူ နှင့် အရွယ်ရာက်ပြီး သမီးဖြစ်သူတို့ကိုပါ အရေးယူပိတ်ဆို့ထားသည်။[၁၂]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဇနီးဖြစ်သူ ဒေါ်နီလာနှင့် သိမ့်သဉ္ဇာရဲ နှင့် ထက်ရဲနောင် ခေါ်သမီးနှင့်သားရှိသည်။[၁၃] ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ခမည်းခမက် တော်စပ်သည်။

ချီးမြှင့်ခံရသည့် ဆုများ

[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းထားသည်။[၁၄]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာ ဘီဘီစီ (၄ မတ် ၂၀၂၆)။ ၄ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2021 တွင် ပြန်စစ်ပြီး။
  3. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  5. အနောက်တောင်တိုင်းတိုင်းမှူးကို စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ခန့် BBC Burmese (၁၂ ဖေဖော်ဝါရီ ၂၀၂၀)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက်၊ အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးတက်ရောက်ကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ MOI Myanmar (၁၇ မတ် ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးတိုးပေး (in en)။ 2026-03-07 တွင် ပြန်စစ်ပြီး။
  10. Myanmar/Burma: EU sanctions 11 people over the recent military coup and ensuing repression The Council of the European Union (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
  11. Official Journal of the European Union 15–24 (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
  12. မြန်မာ စစ်တပ်နှင့် ဆက်နွှယ်သည့် အရာရှိကြီးများနှင့်မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း U.S Embassy in Burma (၂ ဇူလိုင် ၂၀၂၁)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. Myanmar military SAC members, their businesses and associates that require targeted sanctions 2021-02-11 တွင် ပြန်စစ်ပြီး။
  14. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ MWD Webportal (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။