ဇေယျကျော်ထင်ဘွဲ့
ပုံပန်းသွင်ပြင်
| ဇေယျကျော်ထင်ဘွဲ့ | |
|---|---|
| အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
| တည်ထောင်ခဲ့ | ၂ စက်တင်ဘာ ၁၉၄၈ |
| နိုင်ငံ | |
| ဖဲကြိုး | |
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။
- သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
- ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
- အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
- သိပ္ပံကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
- ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]
ဇေယျကျော်ထင်ဘွဲ့ ရရှိခဲ့သူများ
[ပြင်ဆင်ရန်]
ဤဘွဲ့ရသူများ စာရင်း သည် မပြီးစီးသေးပါ။ |
၂၀၂၅
[ပြင်ဆင်ရန်]| ချီးမြှင့်သည့်နှစ် | ရာထူးအဆင့် | အမည် | အဖွဲ့အစည်း | ချီးမြှင့်သူ |
|---|---|---|---|---|
| ၂၀၂၅[၂] | ဗိုလ်ချုပ် | ဇော်မင်းလတ် | ကာကွယ်ရေးဝန်ကြီးဌာန | မင်းအောင်လှိုင် |
| ဗိုလ်ချုပ် | မျိုးမင်းထွန်း | |||
| ဗိုလ်ချုပ် | သန်းထိုက် | |||
| ဗိုလ်ချုပ် | နိုင်မင်းကျော် | |||
| ဗိုလ်ချုပ် | မိုးမြင့်ဆွေ | |||
| ဗိုလ်ချုပ် | အောင်ခင်သိန်း | |||
| ဗိုလ်ချုပ် | အောင်ကျော်မိုး | |||
| ဗိုလ်ချုပ် | နိုင်ဝင်းဆွေ | |||
| ဗိုလ်ချုပ် | သိန်းဇော် | |||
| ဗိုလ်ချုပ် | လှမိုး | |||
| ဗိုလ်ချုပ် | ကျော်ကျော်ဦး | |||
| ဗိုလ်ချုပ် | သက်ထွန်းအောင် | |||
| ဗိုလ်ချုပ် | ဝင်းမြတ် | |||
| ဗိုလ်ချုပ် | နေမျိုးဦး | |||
| ဗိုလ်ချုပ် | ကျော်ကျော်လွင် | |||
| ဗိုလ်ချုပ် | အောင်ကျော်ကျော် | |||
| ဗိုလ်ချုပ် | ကျော်ရွှေထွန်း |
၂၀၂၆
[ပြင်ဆင်ရန်]| ချီးမြှင့်သည့်နှစ် | ရာထူးအဆင့် | အမည် | အဖွဲ့အစည်း | ချီးမြှင့်သူ |
|---|---|---|---|---|
| ၂၀၂၆ မတ်[၃] | ဒုတိယဗိုလ်ချုပ်ကြီး | ကျော်ကိုထိုက် | ကာကွယ်ရေးဝန်ကြီးဌာန | မင်းအောင်လှိုင် |
| ဗိုလ်ချုပ် | ကြည်သိုက် | |||
| ဗိုလ်ချုပ် | ကျော်လင်းမောင် | |||
| ဗိုလ်ချုပ် | ကျော်စွာဦး | |||
| ဗိုလ်ချုပ် | ကျော်ကျော်ထူး |
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၃၉၅ - ၄၀၁။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။