မာတိကာသို့ ခုန်သွားရန်

ညွန့်ဝင်းဆွေ

ဝီကီပီးဒီးယား မှ

ညွန့်ဝင်းဆွေ
ပြည်ထဲရေးဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
လက်ထောက်ဗိုလ်ချုပ် မင်းသူ
သမ္မတမင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်
အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
ဧပြီ ၂၀၂၃  မတ် ၂၀၂၆
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် []
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင် []
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
ဇွန် ၂၀၂၀  ဧပြီ ၂၀၂၃
ခေါင်းဆောင်မင်းအောင်လှိုင်
ယခင်လူဗိုလ်ချုပ် သက်ပုံ
ဆက်ခံသူဗိုလ်ချုပ် ဇော်ဟိန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၇၂ (အသက် ၅၃၅၄)
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်မို့မို့စိုး
သားသမီးသား ၁ဦး၊ သမီး ၁ဦး
မိခင်ဒေါ်စမ်းမြင့်
ဖခင်ဦးသိမ်းဆွေ
မိခင်ကျောင်းစစ်တက္ကသိုလ် (အပတ်စဉ် ၃၆)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၉၁ - လက်ရှိ
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
Commandsအမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး

ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (၁၉၇၂ မွေးဖွား) (ကြည်း ၂၅၉၈၂) သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[]၎င်းသည် တပ်မတော် တွင် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ သည် ၁၉၇၂ ခုနှစ် တွင် ဖခင်ဖြစ်သူ ဦးသိမ်းဆွေ (ပြည်နယ်အုပ်ချုပ်ရေးမှူး ၊ ထွေအုပ် )( ငြိမ်း ) နှင့် မိခင်ဖြစ်သူ ဒေါ်စမ်းမြင့် အထက်တန်းပြ (ငြိမ်း) တို့မှ မွေးဖွားသည်။၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် စစ်တက္ကသိုလ် အပတ်စဉ် (၃၆) သို့ တက်ရောက်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၂၅၉၈၂ ဖြင့် ၁၉၉၁ ခုနှစ် နောက်ပိုင်းကစပြီး တပ်မတော်တွင် စတင် စစ်မှုထမ်းခဲ့သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ သည် တပ်မတော်တွင် ဒုဗိုလ်ဘဝ ဖြင့် စတင်၍ စစ်မှုထမ်းခဲ့ပြီးနောက် လုပ်သက် ၂၇ နှစ် အကြာတွင် ရာထူးအဆင့်ဆင့်တိုးကာ ဗိုလ်မှူးချုပ်အဆင့်ထိ ရာထူးအပ်နှင်းခံရသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ်ခံရပြီး ၂၀၂၀ပြည့် နှစ် ဧပြီလ ၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။

သူသည် ထိုမှ နေ၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ပေးခံရသည်။[] ၃လ ခန့်သာ တာဝန်ထမ်းဆောင်လိုက်ရပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲ ခန့်အပ်ခံရသည်။ []

၂၀၂၁ ခုနှစ် နောက်ပိုင်းအချိန်ကာလ

[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ရန်ကုန်မြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ရန်ကုန်တိုင်း တိုင်းမှူးဖြစ်သော ညွန့်ဝင်းဆွေအား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို အပ်နှင်းခဲ့သည်။[] ညွန့်ဝင်းဆွေသည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား ဦးဆောင်ခဲ့သူ ဖြစ်သည်။[] ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါနိုင်ငံတို့က ညွန့်ဝင်းဆွေအား လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် အရပ်သားများအပေါ် ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။[][]

သူသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခံရပြီးနောက် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ခန့်အပ်ခံရသည်။၂၀၂၆ ခုနှစ် မတ်လ တွင် ၎င်းသည် တပ်မတော် အရန်အင်အားသို့ ရောက်ရှိသွားခဲ့သည်။၎င်းနေရာသို့ ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးသွားသော တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် က ဆက်ခံခဲ့သည်။ [၁၀]

သမ္မတ ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည်။[၁၁]

ရရှိခဲ့သောဘွဲ့

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၂]

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် ဇနီးဖြစ်သူ ဒေါ် မို့မို့စိုး နှင့် အိမ်ထောင်ကျခဲ့ပြီး မောင်စိုးသီဟဆွေ နှင့် မစိုးသီရိဆွေ ဆိုသည့် သားသမီး ၂ဦး ထွန်းကားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ကောင်စီတပ်တွင်း ထိပ်ပိုင်းအရာရှိအချို့ကို အနားပေး၊ ရာထူးတိုး၊ နေရာပြောင်းအလဲလုပ် DVB (၁ ဧပြီ ၂၀၂၃)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. စစ်ခေါင်းဆောင်က တိုင်းမှူးများကို ရာထူးတိုး အပြောင်းအလဲလုပ် DVB (၇ မတ် ၂၀၂၆)။ ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  4. အနောက်တောင်တိုင်းစစ်ဌာနချုပ်က COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း DVB (၂၀ ဧပြီ ၂၀၂၀)။ ၁၃ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. KyawThu (2020-07-01)။ Myanmar Military Makes Major Reshuffle (in en-US)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  6. Myanmar: Junta Tribunals Impose 65 Death Sentences (in en) (2021-07-21)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  7. Myanmar: Protesters Targeted in March Massacre (in en) (2021-12-02)။ 2023-02-22 တွင် ပြန်စစ်ပြီး။
  8. Nyunt Win Swe (in en) (8 November 2022)။ 14 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-02-18 တွင် ပြန်စစ်ပြီး။
  9. Canada၊ Global Affairs (2023-01-31)။ Backgrounder – Additional sanctions for Myanmar 2023-02-18 တွင် ပြန်စစ်ပြီး။
  10. Myanmar Junta Sacks Commander After Heavy Casualties in Karen State (in en-US) (2023-04-01)။ 2023-04-03 တွင် ပြန်စစ်ပြီး။
  11. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း | Ministry Of Information (in en)။ 2026-04-13 တွင် ပြန်စစ်ပြီး။
  12. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဇေယျကျော်ထင်ဘွဲ့ MWD Webportal (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။