ပိုးရယ်အောင်သိန်း

ဝီကီပီးဒီးယား မှ
ပိုးရယ်အောင်သိန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူကိုယ်တိုင်
ဆက်ခံသူဒေါက်တာခင်မကြီး (NLD)
မဲဆန္ဒနယ်ကယားပြည်နယ်
မဲဆန္ဒနယ် အမှတ်(၈)
အနိုင်ရမဲ အရေအတွက်ကြိုတင်မဲ ၁၃၆၅
မဲစုစုပေါင်း ၁၃၈၇ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၃ မေ ၁၉၅၃&#၁၆၀;(၁၉၅၃-၀၅-၀၃) (အသက် ၇၀)
ကယားပြည်နယ်လွိုင်ကော်မြို့နယ်
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မိခင်ဒေါ်စိုးမြာ
ဖခင်ဦးစိုးရယ်

ပိုးရယ်အောင်သိန်း ( ၁၉၅၃ ဖွား) သည် ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်အမတ် လည်း ဖြစ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်နေသည်။[၁] [၂]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဖခင်ဖြစ်သူ ဦးစိုးရယ် နှင့် မိခင်ဖြစ်သူ ဒေါ်စိုးမြာ တို့က ၁၉၅၃ ခုနှစ် မေလ ၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် ထေးသမရွာ တွင် သူ့အား မွေးဖွားသည်။ ပညာအရည်အချင်းမှာ ၁၀ တန်းအောင် ဖြစ်သည်။[၃]

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

သူသည် ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ကယားပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခဲ့ပြီးနောက် [၄] မြန်မာ့နိုင်ငံရေးထဲ စတင် ဝင်ရောက်လာသည်။ လွှတ်တော်အမတ်အဖြစ် ၅ နှစ်တာ ဖြတ်သန်းသည်။[၅] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် နှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ စသည်ဖြင့် ပါတီလုပ်ငန်းများသာ ဆက်လက် လုပ်ဆောင်သည်။[၆] [၇] ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) မှနေ၍ ဝင်ရောက် အရွေးခံသော်လည်း[၈] ပြိုင်ဘက်ပါတီ အား ရှုံးနိမ့်သည်။[၉]

ကောင်စီဝင်ဖြစ်လာပုံ[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း ခံရပြီးနောက်ပိုင်း သူသည် မိခင်ပါတီ၏ လုပ်ငန်းများတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြန်လည် ဖွဲ့စည်းစဉ် သူသည် ကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရသည်။[၁၀]

အရေးယူပိတ်ဆို့ခံရခြင်း[ပြင်ဆင်ရန်]

သူ့ကို ကောင်စီ အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့မှု ဖြင့် အမေရိကန်၊ဥရောပသမဂ္ဂ နှင့် ဆွတ်ဇာလန် အစရှိသည့် နိုင်ငံတို့က ၂၀၂၃ ခုနှစ်ထဲ တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြသည်။[၁၁] [၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစားThe Irrawaddy (၁၅ စက်တင်ဘာ ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားMyanmar Digital News (၁၈ ဧပြီ ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဦးပိုးရယ်အောင်သိန်းKantarawaddy Times (၉ အောက်တိုဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၇-၁၁-၂၀၁၀)မြန်မာ့အလင်းသတင်းစာ အချက်ပို(ဃ ) (၁၄ နိုဝင်ဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ကရင်နီပြည် ငြိမ်းချမ်းရေးကိစ္စ ကြံခိုင်ရေးပါတီသို့ တင်ပြရန် အစီအစဉ်ရှိby - ကန္တာရဝတီတိုင်း(မ်) (၃၀ ဧပြီ ၂၀၁၁)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. Kayah State politicians reflect on limited public engagementby - Kantarawaddy Times (14 May 2017)။ 19 Feb 2024 တွင် ပြန်စစ်ပြီး။
  7. ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများအား သွားရောက်လှူဒါန်းUSDP Party (၁၀ ဇွန် ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၂/၂၀၂၀)USDP Party (၁၂ ဩဂုတ် ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  9. ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်စာရင်း ထုတ်ပြန်ပြီးစီးRFA Burmese (၉ နိုဝင်ဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. စစ်ကောင်စီ အပြောင်းအလဲ စစ်တပ်ကလူဟောင်းတွေလွှမ်းမိုးထားBBC Burmese (၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် သတ္တုတွင်းလုပ်ငန်းကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်DVB (၂၁ ဇူလိုင် ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. Myanmar Junta Attempts Charm Offensive in Ethnic StatesThe Irrawaddy (13 September 2023)။ 19 Feb 2024 တွင် ပြန်စစ်ပြီး။