မာတိကာသို့ ခုန်သွားရန်

ညိုစော

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး (ငြိမ်း)
မဟာသရေစည်သူ၊ ဦး

ညိုစော
ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစော
ဒုတိယ သမ္မတ (၁)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
နန်းနီနီအေး နှင့်အတူ
သမ္မတမင်းအောင်လှိုင်
ယခင်လူမြင့်ဆွေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၆ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူသူရ သက်ဆွေ (၂၀၁၅-၂၀၂၁)
ဆက်ခံသူလစ်လပ်
မဲဆန္ဒနယ်ကိုကိုးကျွန်းမြို့နယ်
နိုင်ငံတော်ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဆက်ခံသူရာထူးဖျက်သိမ်း
နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ယခင်လူဝန်ကြီးဌာနစတင်
ဆက်ခံသူဌာနဖျက်သိမ်း
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူကော်မရှင်စတင်
ဆက်ခံသူကျော်စွာလင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
တာဝန်သက်တမ်း
၂၅ စက်တင်ဘာ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူကောင်စီစတင်
ဆက်ခံသူကောင်စီဖျက်သိမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏
အကြံပေးပုဂ္ဂိုလ်
တာဝန်သက်တမ်း
၅ ဇူလိုင် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူရာထူးဖျက်သိမ်း
ဆက်ခံသူရာထူးစတင်
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၁၄  ၁၀ ဧပြီ​၂၀၂၆
စစ်ထောက်ချုပ်
တာဝန်သက်တမ်း
၂၀၁၄  ၂၀၂၀
ဆက်ခံသူကျော်စွာလင်း
ကိုယ်ရေး အချက်အလက်များ
လူမျိုးဗမာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်စမ်းစမ်းအေး []
မိခင်ကျောင်းစစ်တက္ကသိုလ် အမှတ်စဉ်(၂၃)
အစိုးရအဖွဲ့မင်းအောင်လှိုင်အစိုးရ (၂၀၂၃-၂၀၂၅)
ဦးညိုစောအစိုးရ (၂၀၂၅-လက်ရှိ)
ဆုတံဆိပ်များ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ? - 2025
ရာထူးဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၁၆၇၆၇

ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစော သည် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) အဖြစ် တင်မြှောက်ခံရသူဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် ထိုရာထူးကို ရရှိခဲ့သည်။

၎င်းသည် ၁၃ဦးမြောက် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် နှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းမတိုင်မီက ၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။ []

စစ်ထောက်ချုပ် ရာထူးအပြင် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံရေးရာထူးများတွင်ပါ တာဝန်ယူခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် ထင်ရှားသည်။[][]

စစ်မှုထမ်းဘဝနှင့် အဓိကရာထူးများ

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ မှ ဆင်းသက်ခဲ့ပြီး နဝတအစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ လုံခြုံရေးကို တာဝန်ယူရသည့် အမှတ် ၃၀၃ ခြေမြန်တပ်ရင်း၏ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။[]ထိုတပ်ကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ ဟု ခေါ်ဆိုကြသည်။

သူသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်ထိ တပ်မတော်နည်းပညာတက္ကသိုလ် နှင့် စစ်တက္ကသိုလ် တို့တွင် ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းမှူး အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။ စစ်ထောက်ချုပ်သည် မြန်မာ့တပ်မတော်အတွက် တိုက်လေယာဉ်နှင့် စစ်လက်နက်များ ဝယ်ယူရေးကအစ ကုန်ပစ္စည်းများ ဝယ်ယူရေးအထိ အဆုံးအဖြတ်ပေးရသည့် အဆင့်မြင့်ရာထူးတစ်ခု ဖြစ်သည်။

အခြားတာဝန်များ

[ပြင်ဆင်ရန်]

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်ထောက်ချုပ် ဖြစ်လာခဲ့ချိန်တွင် စစ်ထောက်ချုပ်လုပ်ငန်းများ၌ ပါဝင်သည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးများကို တာဝန်ယူကြီးကြပ်ခဲ့သည်။ဤတွင် စစ်ခေါင်းဆောင်မိသားစု၏ အကျိုးစီးပွားကို ကာကွယ်ပေးသူအဖြစ်လည်း စွပ်စွဲခံရသည်။[]

  • မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC): သူသည် စစ်ထောက်ချုပ်အဖြစ်မှ စစ်ဘက်ဆိုင်ရာအခြားတာဝန်သို့ ပြောင်းရွှေ့ ခဲ့ရချိန် စစ်ထောက်ချုပ်များသာ ဦးဆောင်ရသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ကို လက်မလွှတ်ခဲ့ရဘဲ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့ရသည်။ လက်ရှိတွင်မူ MD ဦးကျော်လင်းထံသို့ တာဝန်များ လွှဲပြောင်းပေးအပ်ထားသည်။[]
  • ကန်သာယာဆေးရုံ: စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ အရင်းအနှီးများစွာ ပါဝင်ပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ကန်သာယာဆေးရုံကို တည်ဆောက်ပေးခဲ့သူမှာ ၎င်းဖြစ်ပြီး ယင်းဆေးရုံကို MEC က ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ထားသည်။[]
  • အင်းဝဘဏ်: စစ်တပ်ပိုင် အင်းဝဘဏ်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[]
  • ရုရှားမှ ဆီဝယ်ယူရေး: ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူရေးကို ဦးဆောင်ခဲ့သည်။[၁၀] [၁၁]
  • ၂၀၂၄ ခုနှစ် မေ ၂၇ ရက် တွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၁၂]

နိုင်ငံရေးရာထူးများနှင့် တာဝန်များ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး ညိုစောသည် အောက်ပါနိုင်ငံရေးရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်-

၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ရာထူးဖြင့် ခန့်အပ်ခံရသည်။[]

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။

ဘတ်ဂျက်စိစစ်ဖြတ်တောက်ရေးကော်မတီဥက္ကဋ္ဌ: စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးသူဖြစ်လာပြီးနောက် နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးတွင် အရေးပါသော ဘတ်ဂျက်စိစစ်ဖြတ်တောက်ရေးကော်မတီ၏ ဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့သည်။ ယင်းရာထူးသည် ယခင်အစိုးရများလက်ထက်တွင် ဒုတိယသမ္မတများကသာ လုပ်ဆောင်ရသည့် တာဝန်ဖြစ်သည်။[၁၃]

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့နှင့်အတူ ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။ တပ်လက်ကိုင်မရှိဘဲ တပ်မတော်အရန်အင်အားထဲမှနေ၍ ဗိုလ်ချုပ်ကြီးအဆင့်တိုးခဲ့သူအဖြစ် စာရင်းဝင်သည်။[၁၄]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

နိုင်ငံတော်ဝန်ကြီးချုပ်

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး အမိန့်အမှတ် ၂/၂၀၂၅ အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ဤအစိုးရအဖွဲ့သစ်တွင် ၎င်းအား နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ကြေညာချက်တွင် ဗိုလ်ချုပ်ကြီးရာထူးအဆင့်အတန်းဖြင့် မဟုတ်ဘဲ "ဦးညိုစော" ဟူသော အမည်ဖြင့်သာ ဖော်ပြပါရှိသည်။

ဦးညိုစောသည် နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးအပြင် ဝန်ကြီးဌာနအသစ် ဖြစ်သော အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ကိုလည်း ပူးတွဲတာဝန်ယူသည်။ [၁၅] [၁၆]ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစား အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

သူသည် ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်တွင် ဆက်လက်ဖွဲ့စည်းခဲ့သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ၏ ဥက္ကဋ္ဌ တာဝန်ကိုပါ ရယူထားသည်။[၁၇]

ဝန်ကြီးချုပ်အဖြစ် တရားဝင် နိုင်ငံခြား ခရီးစဉ်

[ပြင်ဆင်ရန်]
ခရီးစဉ် ရောက်ရှိသည့် နိုင်ငံများ မြို့များ ရက်စွဲ အကြောင်းအရာ ရင်းမြစ်
၁။  တရုတ်နိုင်ငံ နန်နင်းမြို့ ၁၄ - ၁၈ စက်တင်ဘာ ၂၀၂၅ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်တက်ရောက်ခဲ့သည်။ [၁၈]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံသောမဲ အရေအတွက် စုစုပေါင်း ၁,၄၈၇ မဲ (စုစုပေါင်းမဲ၏ ၉၇.၅၇ ရာခိုင်နှုန်း) ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူ၏ မဲဆန္ဒနယ်တွင် ပြိုင်ဘက်အဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးဝင်းကျော်သူ တစ်ဦးတည်းသာ ရှိသည်။[၁၉]

ဒုတိယသမ္မတ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ [၂၀]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးကောက်ခံအမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောက ထောက်ခံမဲ ၁၂၆ မဲ ရရှိခဲ့သဖြင့် ဒုတိယသမ္မတ-၁ အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့သည်။[၂၁][၂၂]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး ညိုစောသည် ဒေါ်စမ်းစမ်းအေးနှင့် လက်ထပ်ခဲ့သည်။ ဒေါ်စမ်းစမ်းအေးသည် ရုပ်ရှင်သရုပ်ဆောင် မေသဉ္ဇာဦး ၏ အစ်မဖြစ်ပြီး ပြေးခုန်ပစ် အားကစားမယ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။[၂၃] [၂၄]ဗိုလ်ချုပ်ကြီး ညိုစော၏ ဖခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက် ကရင်ပြည်နယ်တွင် သစ်တောအရာရှိ ဖြစ်ခဲ့သည်။[၂၅]

နိုင်ငံတကာပိတ်ဆို့မှုများ

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ညိုစော၏ အမည်သည် ဥရောပသမဂ္ဂ (EU) ၏ ထပ်တိုးအရေးယူပိတ်ဆို့သည့် စာရင်းတွင် ပါဝင်လာခဲ့သည်။ ယင်းပိတ်ဆို့မှုတွင် ၎င်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ စီးပွားရေးအရင်းအမြစ်များအား ပိတ်ပင်ခြင်းနှင့် ဥရောပဒေသအတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ပါဝင်သည်။[၂၆]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်ထောက်ချုပ်ရုံး၊ အရန်အင်အား ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော “စည်သူဘွဲ့” ကို ချီးမြှင့်ခဲ့သည်။ [၂၇]

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ ပေးအပ်သည်။[၂၈]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော မဟာသရေစည်သူဘွဲ့နှင့် သုဓမ္မသင်္ဂဟဘွဲ့ဖြစ်သော မဟာသီရိသုဓမ္မဘွဲ့ကိုလည်း ချီးမြှင့်ခဲ့သည်။ [၂၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများကို စစ်ခေါင်းဆောင်က သာသနာတော်ဆိုင်ရာ ဘွဲ့ပေး mizzima (၁၇ ဧပြီ ၂၀၂၅)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးကျင်းပ | Ministry Of Information (in en)။ 2026-04-02 တွင် ပြန်စစ်ပြီး။
  3. အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးအပ်ခြင်း Ministry of Information(Myanmar) (၅ ဇူလိုင် ၂၀၂၃)။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်ရဲ့ အကြံပေးဖြစ်လာ BBC Burmese (၅ ဇူလိုင်၂၀၂၃)။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. 1 2 ဒုတိယဗိုလ်ချုပ်ကြီး ညိုစော - စစ်ခေါင်းဆောင်ရဲ့ အကြံပေးအသစ် BBC Burmese (၅ ဇူလိုင် ၂၀၂၃)။ ၆ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးကို မင်းအောင်လှိုင် အကြံပေးခန့် Myanmar Now (၅ ဇူလိုင် ၂၀၂၃)။ ၆ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Governance Structure of MEHL and MEC OHCHR (August 2019)။ 5 July 2023 တွင် ပြန်စစ်ပြီး။
  8. စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော ဧရာဝတီသတင်းဌာန (၁၆ ဩဂုတ် ၂၀၂၂)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ MWD Webportal (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. The junta chief appoints MEHL boss Lieutenant General Nyo Saw to spearhead Organizing Committee for Russian Oil Purchase and Distribution thechindwin (16 August 2022)။ 26 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2023 တွင် ပြန်စစ်ပြီး။
  11. ရုရှားမှ စက်သုံးဆီဝယ်ယူရန် ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်သည့် ဆီဝယ်ယူရေး ဦးဆောင်ကော်မတီဖွဲ့စည်း Yangon Media Group (၁၆ ဩဂုတ် ၂၀၂၂)။ 5 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၂၇ မေ ၂၀၂၄)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  13. သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော The Irrawaddy။ 1 August 2025 တွင် ပြန်စစ်ပြီး။
  14. စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာ BBC Burmese (၁၆ ဩဂုတ် ၂၀၂၄)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. ကာလုံအစည်းအဝေးခေါ်ယူပြီး ကြားကာလပြည်ထောင်စုအစိုးရ ဖွဲ့စည်း DVB Burmese။ 2025-7-15 တွင် ပြန်စစ်ပြီး။
  16. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
  17. နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ပြန်လည် ဖွဲ့စည်း Myanmar Transparency News (၁၅ ဩဂုတ် ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  18. နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန။ 17 Septemberf 2025 တွင် ပြန်စစ်ပြီး။
  19. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ (in en-US)။ 2026-03-16 တွင် ပြန်စစ်ပြီး။
  20. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးကျင်းပ | Ministry Of Information (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  21. နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  22. ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း | Ministry Of Information (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  23. စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများကို စစ်ခေါင်းဆောင်က သာသနာတော်ဆိုင်ရာ ဘွဲ့ပေး Mizzima Burmese (၁၇ ဧပြီ ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  24. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၉/၂၀၂၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၁၇ ဧပြီ ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  25. သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော The Irrawaddy (၅ ဇန်နဝါရီ ၂၀၂၄)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  26. Irrawaddy၊ The (2023-12-12)။ EU Adds Myanmar Junta Chief’s Business Supremo to Sanctions List (in en-US)။ 2026-03-16 တွင် ပြန်စစ်ပြီး။
  27. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
  28. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃ cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  29. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-04-17 တွင် ပြန်စစ်ပြီး။