မာတိကာသို့ ခုန်သွားရန်

မန်းငြိမ်းမောင်

ဝီကီပီးဒီးယား မှ
စည်သူ၊ ပဒို

မန်းငြိမ်းမောင်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏
ဗဟိုအကြံပေးအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်)
ခေါင်းဆောင်စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင်
ယခင်လူအဖွဲ့စတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁
ယခင်လူကောင်စီစတင်
ဆက်ခံသူကောင်စီဖျက်သိမ်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွားc. ၁၉၄၇&#၁၆၀;(၁၉၄၇) (အသက် ၇၉)
ပန်းတနော်မြို့နယ်ဧရာဝတီတိုင်း
နိုင်ငံရေးပါတီကရင်ပြည်သူ့ပါတီ (၂၀၂၀-လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ကရင် အမျိုးသား အစည်းအရုံး
ဆုတံဆိပ်များစည်သူဘွဲ့ (2022)

စည်သူပဒို မန်းငြိမ်းမောင်သည် ကရင်လူမျိုး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦး အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီက ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ထောင်ဒဏ်ကျခံရခြင်း

[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်တွင် ကရင့်တော်လှန်ရေး မြေအောက်ရဲဘော်အဖြစ်ဖြင့် ဦးနေဝင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ရပြီး ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြင့် အပို့ခံခဲ့ရသည်။ ပင်လယ်ပြင်တွင် ၁၄ ရက်ကြာ ဖြတ်သန်းကာ ကိုကိုးကျွန်းမှ ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံခဲ့ရသည်။[] ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကာ ၁၉၈၀ တွင် ထပ်မံဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။[] ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများနှင့် တရားစွဲဆိုခဲ့ရကာ ၂၀၁၃ မတ် ၁၃ တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက တသက်တကျွန်းနှင့် ထောင် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။[]၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။[][]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

ဖဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် နုတ်ထွက်ခဲ့ပြီး[][] ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[]

နစက ကောင်စီဝင်

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[]

ကာလုံအကြံပေးအဖွဲ့ဝင်

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်တွင် တာဝန်ပေးခံရသည်။[]

အရေးယူပိတ်ဆို့ခံရမှု

[ပြင်ဆင်ရန်]

မန်းငြိမ်းမောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စုက ၂၀၂၁ မေ ၁၇တွင်လည်းကောင်း၊ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ တွင်လည်းကောင်း၊ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းသည်။[၁၀] [၁၁] [၁၂]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော “စည်သူဘွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှံခဲ့သည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. မုန်တိုင်းကိုဆန်ပြီးပင်လယ်ကိုဖြတ်ခဲ့သူ ပဒိုမန်းငြိမ်းမောင် (in my) (11 အောက်တိုဘာ 2018)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. KNU ဝါရင့် တော်လှန်ရေးခါင်းဆောင် ပဒိုမန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီးမှ ရွေးကောက်ပွဲဝင်မည် (24 ဇူလိုင် 2020)။ 20 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. မန်းငြိမ်းမောင်ကို တသက်တကျွန်းနှင့် ၃ နှစ် အမိန့်ချ The Irrawaddy။ 7 August 2025 တွင် ပြန်စစ်ပြီး။
  4. ပဒိုမန်းငြိမ်းမောင်ကို ကေအန်ယူထံ ပြန်ပို့ (in my) (24 မတ် 2012)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. ဖဒိုမန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ လွတ်မြောက် (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. KNU ဗဟိုအလုပ်အမှုဆောင်ဟောင်း၊ ပန်းတနော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည့် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း။ (in my)။ 8 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
  7. လက်နက်ကိုင်လမ်းစဉ်မှ လွှတ်တော်နိုင်ငံရေးဖြင့် တော်လှန်ရေးခရီးနှင်မည့်သူ (in mm-MM) (30 ဩဂုတ် 2020)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  8. 1 2 မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  9. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
  10. Treasury Sanctions Governing Body, Officials, and Family Members Connected to Burma’s Military U.S. Embassy in Burma (17 May 2021)။ 2 March 2023 တွင် ပြန်စစ်ပြီး။
  11. COUNCIL IMPLEMENTING REGULATION (EU) the European Union (19 April 2021)။ 2 March 2023 တွင် ပြန်စစ်ပြီး။
  12. Autonomous Sanctions (Designated and Declared Persons – Myanmar) Amendment Instrument 2023 Australian Government (25 January 2023)။ 2 March 2023 တွင် ပြန်စစ်ပြီး။
  13. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း Myanmar National Portal။ 2 August 2025 တွင် ပြန်စစ်ပြီး။