မာတိကာသို့ ခုန်သွားရန်

ဒွဲဘူ

ဝီကီပီးဒီးယား မှ
စည်သူ၊ ဒေါ်

ဒွဲဘူ
တတိယအကြိမ် အမျိုးသားလွှတ်တော် သဘာပတိ ဒေါ်ဒွဲဘူအား ၂၀၂၆ ခုနှစ်တွင် တွေ့ရစဉ်
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
သန်းဆွေကိုကိုလှိုင်မိုးအောင်၊ဒေါက်တာရင်ရင်နွယ်၊ချိုချိုကျော်ငြိမ်း၊ကိုကိုကြီးမန်းငြိမ်းမောင်ဇော်အေးမောင် တို့နှင့်အတူ
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ခေါင်းဆောင်စိုးဝင်း
ယခင်လူရာထူးစတင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ မတ် ၂၀၂၆
မဲဆန္ဒနယ်ကချင်ပြည်နယ်၊ မဲဆန္ဒနယ် (၅)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏
ဗဟိုအကြံပေးအဖွဲ့ဝင်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီတာဝန်)
ခေါင်းဆောင်စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင်
ယခင်လူရာထူးစတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီသမ္မတ)
မင်းအောင်လှိုင်၊ ယာယီသမ္မတ (တာဝန်)
ခေါင်းဆောင်မင်းအောင်လှိုင်
ယခင်လူကောင်စီစတင်
ဆက်ခံသူကောင်စီဖျက်သိမ်း
ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ(၁)
တာဝန်သက်တမ်း
၄ မေ ၂၀၂၀  ၁၄ ဇူလိုင် ၂၀၂၂
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဖွဲ့စည်းပုံအခြေခံစတင်
မဲဆန္ဒနယ်အင်ဂျန်းယန်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၆ မတ် ၁၉၆၂&#၁၆၀;(၁၉၆၂-၀၃-၂၆) (အသက် ၆၄)
မြစ်ကြီးနားမြို့ကချင်ပြည်နယ်
နိုင်ငံရေးပါတီစည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) (၂၀၁၀ - ၂၀၁၉)
ကချင်ပြည်နယ်ပြည်သူ့ပါတီ (၂၀၁၉ - ၂၀၂၂)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မိခင်ခေါန်လွမ်း
ဖခင်အင်ဘရန်နော်
ပညာရေးLL.B ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • ရှေ့နေ
ဆုတံဆိပ်များစည်သူဘွဲ့ (၂၀၂၅)

ဒေါ်ဒွဲဘူ (၂၆ မတ် ၁၉၆၂ မွေးဖွား)သည် ကချင်လူမျိုး ရှေ့နေတစ်ဦး နှင့် အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။သူသည် ကချင်ပြည်နယ်၊မဲဆန္ဒနယ်အမှတ် (၅) မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သည်။ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

ဘဝအစောပိုင်း

[ပြင်ဆင်ရန်]

ကချင်ပြည်နယ် မြစ်ကြီးနားတွင် မွေးဖွားခဲ့သည်။ အထက(၃) မြစ်ကြီးနားမှတဆင့် ဆယ်တန်းအောင်မြင်ခဲ့ကာ ၁၉၈၂ တွင် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနသို့ တက်ရောက်ပညာသင်ကြားသည်။ ဥပဒေပညာဘွဲ့ ရရှိပြီးနောက် ၁၉၈၈ မှစပြီး အလုပ်သင်ရှေ့နေ၊ အထက်တန်းရှေ့နေ ယင်းနောက် တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင်း နိုင်ငံရေးလောကထဲ ဝင်ရောက်လာသည်။[] ထိုစဉ်က စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြု၍ အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံအရွေးချယ်ခံရသည်။ []

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားပြုပြီး ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခြင်းများဆောင်ရွက်ခဲ့သည်[]။ ရွေးကောက်ပွဲ ၂ ခုစလုံးတွင် ယှဉ်ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းအား အနိုင်မရဘဲ ရှုံးနိမ့်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

[ပြင်ဆင်ရန်]

ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လွှတ်တော်ဆိုင်ရာကော်မတီများဖြစ်သော ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၁-၂၀၁၂)၊တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် အတွင်းရေးမှူး(၂၀၁၂-၂၀၁၆)၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ချမ်းရေးကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)[]၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)အဖြစ်တာဝန်ထမ်းဆောင်သည်[]။ ၂၀၁၆ နောက်ပိုင်းတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်သည်။၂၀၁၀ နောက်ပိုင်းဖွဲ့စည်းတည်ထောင်ခဲ့သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) တွင် တွဲဘက် အတွင်းရေးမှူးအဖြစ်လည်းကောင်း[]၊ ၂၀၂၀ နောက်ပိုင်းပေါ်ပေါက်လာသော ကချင်ပါတီများပေါင်းစည်းထားသည့် ကချင်ပြည်သူ့ပါတီတွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ်လည်းကောင်း[] တာဝန်များထမ်းဆောင်ကာ ၂၀၂၂ ဇူလိုင် ၁၄ရက်တွင် ပါတီတာဝန်များမှ နုတ်ထွက်ခဲ့သည်။[]

နစက ကောင်စီဝင်

[ပြင်ဆင်ရန်]

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် တာဝန်ပေးအပ် ခံရသည်။[၁၀]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို တာဝန်ပေးခံရသည်။[၁၁]

၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅)မှ မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံသောမဲ အရေအတွက် စုစုပေါင်း ၇,၅၆၆ မဲ (စုစုပေါင်းမဲ၏ ၃၅.၅၇ ရာခိုင်နှုန်း) ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ [၁၂]

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စတင်ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်သဘာပတိ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၎င်းသည် သဘာပတိအဖြစ် တာဝန်ယူစဉ်အတွင်း အမျိုးသားလွှတ်တော်၏ အကြီးအကဲများ ဖြစ်ကြသော ဦးအောင်လင်းဒွေး (အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ) နှင့် ကချင်တိုင်းရင်းသား Jeng Phang နော်တောင် (အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ) တို့အား ရွေးချယ်တင်မြှောက်သည့် လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဦးဆောင်ကျင်းပပေးခဲ့သည်။[၁၃]၎င်းသည် အမျိုးသားလွှတ်တော်သမိုင်းတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ပထမဆုံးသော အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်လာခဲ့သည်။

၂၀၂၆ခုနှစ်၊ဧပြီ ၁၀ရက်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ၏ အဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခံရသည်။

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရခြင်း

[ပြင်ဆင်ရန်]

သူသည် စစ်ကောင်စီ၏ အဖွဲ့ဝင် ပါဝင်မှုကြောင့် ကနေဒါအစိုးရမှ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းထားသည်။ [၁၄]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန် Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တဖွဲ့တည်းကျန်လည်း ငြိမ်းချမ်းရေး မရဘူးလို့ ပြောလို့ရတယ် ဧရာဝတီသတင်းဌာန (၂၆ ဇူလိုင် ၂၀၁၂)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ‘ကချင်ပြည်နယ်မှာနေတဲ့လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ’ Myanmar Now (၈ စက်တင်ဘာ ၂၀၁၅)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကချင်ပြည်နယ်) Eleven Media Group (၂၃ အောက်တိုဘာ ၂၀၂၀)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. တရားဥပဒေရေးရာ ကော်မတီဝင်များ မိတ်ဆက်ပွဲ ပြုလုပ် DVB (၉ ဩဂုတ် ၂၀၁၂)။ 2 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ကချင်အမတ် ဒေါ်ဒွဲဘူရဲ့ ငြိမ်းချမ်းရေးအမြင် VOA Burmese (၄ စက်တင်ဘာ ၂၀၁၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ၏ မူဝါဒ သဘောထား Mizzima Burmese (၂၁ စက်တင်ဘာ ၂၀၁၅)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ဆက်သွယ်မေးမြန်းခြင်း Eleven Media Group (၆ ဇူလိုင် ၂၀၂၀)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. စစ်ကောင်စီဝင်ဖြစ်လာသောဒေါ်ဒွဲဘူ KSPP မှနုတ်ထွက်ပြီးဖြစ်ဟုပါတီဆို လူထုနွေဦး (၅ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း CINCDS Myanmar (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
  12. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ 5 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  13. ■ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက် (in my)။ 2026-03-18 တွင် ပြန်စစ်ပြီး။
  14. Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations 2026-03-18 တွင် ပြန်စစ်ပြီး။
  15. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။