ဒွဲဘူ
စည်သူ၊ ဒေါ် ဒွဲဘူ | |
|---|---|
| အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်) |
| ခေါင်းဆောင် | စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင် |
| ယခင်လူ | ရာထူးစတင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီသမ္မတ) မင်းအောင်လှိုင်၊ ယာယီသမ္မတ (တာဝန်) |
| ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ(၁) | |
| တာဝန်သက်တမ်း ၄ မေ ၂၀၂၀ – ၁၄ ဇူလိုင် ၂၀၂၂ | |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ယခင်လူ | ဖွဲ့စည်းပုံအခြေခံစတင် |
| မဲဆန္ဒနယ် | အင်ဂျန်းယန်မြို့နယ် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၆ မတ် ၁၉၆၂
(အသက် ၆၃) မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
| နိုင်ငံရေးပါတီ | စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) (၂၀၁၀ - ၂၀၁၉) ကချင်ပြည်နယ်ပြည်သူ့ပါတီ (၂၀၁၉ - လက်ရှိ) |
| မိခင် | ခေါန်လွမ်း |
| ဖခင် | အင်ဘရန်နော် |
| ပညာရေး | LL.B ရန်ကုန်တက္ကသိုလ် |
| အလုပ်အကိုင် |
|
| ဆုတံဆိပ်များ | စည်သူဘွဲ့ (၂၀၂၅) |
ဒေါ်ဒွဲဘူ (၂၆ မတ် ၁၉၆၂ မွေးဖွား)သည် မြန်မာနိုင်ငံသား ကချင်လူမျိုး ရှေ့နေနှင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။[၁]
ကိုယ်ရေးအကျဉ်းနှင့်ပညာရေး
[ပြင်ဆင်ရန်]ကချင်ပြည်နယ် မြစ်ကြီးနားတွင် မွေးဖွားခဲ့သည်။ အထက(၃) မြစ်ကြီးနားမှတဆင့် ဆယ်တန်းအောင်မြင်ခဲ့ကာ ၁၉၈၂ တွင် ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာန သို့တက်ရောက်ပညာသင်ကြားသည်။ဥပဒေပညာဘွဲ့ ရရှိပြီးနောက် ၁၉၈၈ မှစပြီး အလုပ်သင်ရှေ့နေ၊အထက်တန်းရှေ့နေ ယင်းနောက် တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင်း နိုင်ငံရေးလောကထဲ ဝင်ရောက်လာသည်။[၂] ထိုစဉ်က စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြု၍ အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံအရွေးချယ်ခံရသည်။ [၃]
အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားပြုပြီး ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခြင်းများဆောင်ရွက်ခဲ့သည်[၄]။ ရွေးကောက်ပွဲ ၂ခုစလုံးတွင် ယှဉ်ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းအား အနိုင်မရဘဲ ရှုံးနိမ့်သည်။
လွှတ်တော်ကိုယ်စားလှယ်
[ပြင်ဆင်ရန်]ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လွှတ်တော်ဆိုင်ရာကော်မတီများဖြစ်သော ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၁-၂၀၁၂)၊တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် အတွင်းရေးမှူး(၂၀၁၂-၂၀၁၆)၊တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ချမ်းရေးကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)[၅]၊ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)အဖြစ်တာဝန်ထမ်းဆောင်သည်[၆]။ ၂၀၁၆ နောက်ပိုင်းတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်သည်။၂၀၁၀ နောက်ပိုင်းဖွဲ့စည်းတည်ထောင်ခဲ့သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) တွင် တွဲဘက် အတွင်းရေးမှူးအဖြစ်လည်းကောင်း[၇]၊ ၂၀၂၀နောက်ပိုင်းပေါ်ပေါက်လာသော ကချင်ပါတီများပေါင်းစည်းထားသည့် ကချင်ပြည်သူ့ပါတီတွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ်လည်းကောင်း[၈] တာဝန်များထမ်းဆောင်ကာ ၂၀၂၂ ဇူလိုင် ၁၄ရက်တွင် ပါတီတာဝန်များမှ နုတ်ထွက်ခဲ့သည်။[၉]
နစက ကောင်စီဝင်
[ပြင်ဆင်ရန်]၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် တာဝန်ပေးအပ် ခံရသည်။[၁၀]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို တာဝန်ပေးခံရသည်။[၁၁]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်။ Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တဖွဲ့တည်းကျန်လည်း ငြိမ်းချမ်းရေး မရဘူးလို့ ပြောလို့ရတယ်။ ဧရာဝတီသတင်းဌာန (၂၆ ဇူလိုင် ၂၀၁၂)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ‘ကချင်ပြည်နယ်မှာနေတဲ့လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ’။ Myanmar Now (၈ စက်တင်ဘာ ၂၀၁၅)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကချင်ပြည်နယ်)။ Eleven Media Group (၂၃ အောက်တိုဘာ ၂၀၂၀)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တရားဥပဒေရေးရာ ကော်မတီဝင်များ မိတ်ဆက်ပွဲ ပြုလုပ်။ DVB (၉ ဩဂုတ် ၂၀၁၂)။ 2 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကချင်အမတ် ဒေါ်ဒွဲဘူရဲ့ ငြိမ်းချမ်းရေးအမြင်။ VOA Burmese (၄ စက်တင်ဘာ ၂၀၁၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ၏ မူဝါဒ သဘောထား။ Mizzima Burmese (၂၁ စက်တင်ဘာ ၂၀၁၅)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ဆက်သွယ်မေးမြန်းခြင်း။ Eleven Media Group (၆ ဇူလိုင် ၂၀၂၀)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီဝင်ဖြစ်လာသောဒေါ်ဒွဲဘူ KSPP မှနုတ်ထွက်ပြီးဖြစ်ဟုပါတီဆို။ လူထုနွေဦး (၅ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း။ CINCDS Myanmar (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း။ CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။