မာတိကာသို့ ခုန်သွားရန်

ဗိုလ်ချုပ်ကြီး

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး
General
ရေတပ်ဗိုလ်ချုပ်ကြီး
(ကာကွယ်ရေးဦးစီးချုပ်(ရေ))
လေတပ်ဗိုလ်ချုပ်ကြီး
(ကာကွယ်ရေးဦးစီးချုပ်(လေ))
နိုင်ငံ မြန်မာ
တပ်ဖွဲ့ တပ်မတော်

 တပ်မတော် (ရေ)

 တပ်မတော် (လေ)
ရာထူးအုပ်စုထိပ်တန်းခေါင်းဆောင်ပိုင်းအရာရှိ
အထက်အဆင့်ရာထူးဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး
အောက်အဆင့်ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီး (အင်္ဂလိပ်: General) ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ရာထူးတစ်ခုဖြစ်သည်။ လက်နက်ကိုင်ဆောင်သည့်အဖွဲ့အစည်းများတွင် ခန့်အပ်သည့် ရာထူး ဖြစ်ကာ မြန်မာ့တပ်မတော် တွင် တတိယအဆင့်ရှိ ရာထူးဟု သတ်မှတ်ထားသည်။အဆိုပါရာထူး၏ အထက်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Vice Senior General) အဆင့် နှင့် ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) တို့သာ ရှိတော့သည်။

တပ်မတော်

[ပြင်ဆင်ရန်]

ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ (၁/၂၀၂၁)အရ ဗိုလ်ချုပ်မှူးကြီး ရာထူး နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတို့အတွက် အသက်ကန့်သတ်ချက်မှာ မရှိတော့သော်လည်း  ဗိုလ်ချုပ်ကြီးအဆင့် ရာထူးကိုမူ  ၄ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကာ လိုအပ်လျှင် ၂ နှစ်ထက်မပိုသော သက်တမ်းအထိ ထပ်တိုးနိုင်သည်။ ဗိုလ်ချုပ်ကြီးအဆင့်အတွက် တာဝန်သတ်မှတ်ချက်အား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ထံ အပ်နှင်းထားသည်။[]

တစ်ဖက်တွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နေရာအချို့၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာ နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာ အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နေရာတို့အား ဗိုလ်ချုပ်ကြီး အဆင့်ရှိသူများ ထားရှိသည်။

မြန်မာ့တပ်မတော်၌ ဗိုလ်ချုပ်ကြီးအဆင့် ရရှိဖူးသူ (၃၂)ဦးရှိပါသည်။ တပ်မတော်(ကြည်း)၌ (၂၂)ဦး၊ တပ်မတော်(ရေ)၌ (၅)ဦးနှင့် တပ်မတော်(လေ)၌ (၅)ဦး ရှိခဲ့သည်။

ဗိုလ်ချုပ်ကြီး အဆင့်ရှိ အရာရှိကြီးများစာရင်း

[ပြင်ဆင်ရန်]


  တပ်မတော် (ကြည်း)
စဉ် အမည် မှတ်ချက်
ဗိုလ်ချုပ်ကြီး နေဝင်း နောင်တွင် နိုင်ငံတော်အကြီးအကဲ
ဗိုလ်ချုပ်ကြီး စန်းယု နောင်တွင် နိုင်ငံတော်သမ္မတ
ဗိုလ်ချုပ်ကြီး သူရ တင်ဦး နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက
ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် နောင်တွင် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး စောမောင် နောင်တွင် ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး သန်းရွှေ နောင်တွင် ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး မောင်အေး နောင်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖယ်ရှားခံရ
ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း နောင်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
၁၀ ဗိုလ်ချုပ်ကြီး စိုးဝင်း တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်
၁၁ ဗိုလ်ချုပ်ကြီး သိန်းစိန် နောင်တွင် နိုင်ငံတော်သမ္မတ
၁၂ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နောင်တွင် ဒုတိယသမ္မတ(၁)
၁၃ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နောင်တွင် ဗိုလ်ချုပ်မှူးကြီး
၁၄ ဗိုလ်ချုပ်ကြီး စိုးဝင်း နောင်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး
၁၅ ဗိုလ်ချုပ်ကြီး လှဌေးဝင်း နောင်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁၆ ဗိုလ်ချုပ်ကြီး မြထွန်းဦး နောင်တွင် ပြည်ထောင်စုဝန်ကြီး
၁၇ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နောင်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အတွင်းရေးမှူး
၁၈ ဗိုလ်ချုပ်ကြီး ညိုစော နောင်တွင် ဒုတိယသမ္မတ(၁)
၁၉ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နောင်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
၂၀ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၂၁ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၂၂ ဗိုလ်ချုပ်ကြီး ကိုကိုဦး လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)


  တပ်မတော် (ရေ)
စဉ် အမည် မှတ်ချက်
ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း နောင်တွင် ဒုတိယသမ္မတ(၂)
ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ နောင်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဗိုလ်ချုပ်ကြီး တင်အောင်စန်း နောင်တွင် ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီး မိုးအောင် နောင်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်
ဗိုလ်ချုပ်ကြီး ထိန်ဝင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ရေ)


  တပ်မတော် (လေ)
စဉ် အမည် မှတ်ချက်
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နောင်တွင် ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နောင်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ
ဗိုလ်ချုပ်ကြီး ထွန်းအောင် လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီး ထွန်းဝင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(လေ)

ကိုးကား

[ပြင်ဆင်ရန်]
  1. ပဟေဠိဆန်တဲ့ စစ်တပ်ထိပ်ပိုင်း အပြောင်းအရွှေ့များ BBC Burmese (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၃ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။