မှုထန်
စည်သူ၊ ဒေါက်တာ မှုထန် | |
|---|---|
Hmuh Thang | |
| အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်) |
| ခေါင်းဆောင် | စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင် |
| ယခင်လူ | ရာထူးစတင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၁၇ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင်၊ ယာယီသမ္မတ (တာဝန်) |
| ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
| ယခင်လူ | ဦးရိုဘင် (ချင်းအမျိုးသားပါတီ) [၁] |
| မဲဆန္ဒနယ် | ထန်တလန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) |
| အနိုင်ရမဲ အရေအတွက် | ကြိုတင်မဲ ၃၃၀ မဲစုစုပေါင်း ၄၉၆၉ မဲ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၄၈
(အသက် ၇၇) ချင်းပြည်နယ် ထန်တလန်မြို့နယ် |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ဆုတံဆိပ်များ | စည်သူဘွဲ့ (၂၀၂၅) |
ဒေါက်တာမှုထန် ( ၁၉၄၈ ဖွား) သည် ချင်းလူမျိုး နိုင်ငံရေးသမား ဆရာဝန်တစ်ဦး ဖြစ်သည်။[၂] သူသည် ၁၉၉၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမတ်တစ်ဦး လည်းဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။[၃]
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]သူ၏ မွေးဇာတိ မှာ ချင်းပြည်နယ် ထန်တလန်မြို့နယ် ကြောင်ထီးယားရွာ ဖြစ်သည်။[၄] ငယ်စဉ်က မွေးရပ်ဒေသတွင် ပညာဆည်းပူးသည်။ ယင်းနောက် ထန်တလန်မြို့မှ ဆယ်တန်းအောင်သည်။ ဆရာဝန်ဘွဲ့အား မန္တလေးဆေးတက္ကသိုလ် မှနေ၍ ရရှိခဲ့သည်။
နိုင်ငံရေးသမားဘဝ
[ပြင်ဆင်ရန်]၁၉၉၀ ရွေးကောက်ပွဲဝင်ပြိုင်မှု
[ပြင်ဆင်ရန်]သူသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တွင် ထန်တလန် မဲဆန္ဒနယ် မှနေ၍ တစ်သီးပုဂ္ဂလအမတ် အဖြစ် ရွေးချယ်ခံရင်း အနိုင် ရရှိခဲ့ရာမှတဆင့် မြန်မာ့ နိုင်ငံရေးလောကထဲ စတင် ဝင်ရောက်လာသည်။ သို့သော်လည်း ထိုစဉ်က တပ်မတော်အစိုးရက လွှတ်တော်မခေါ်ပေး၍ အမတ်တာဝန် မထမ်းဆောင်ခဲ့ရပေ။
အမျိုးသားညီလာခံ ကိုယ်စားလှယ်
[ပြင်ဆင်ရန်]ဒေါက်တာမှုထန် သည် ၁၉၉၃ ခုနှစ် တွင် စတင်ကျင်းပသည့် အမျိုးသားညီလာခံ အား ရွေးကောက်ပွဲတွင်ရွေးချယ်ခံထားရသောကိုယ်စားလှယ်များအစုအဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် ညီလာခံပြီးဆုံးသည် အထိ တက်ရောက်သည်။ [၅] ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် တွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် (၄၅) ဦးပါ ပြည်လုံးကျွတ်ဆန္ဒခံယူကျင်းပရေးကော်မရှင် တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။[၆] ယင်းနောက် ဒေါက်တာမှုထန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သို့ ဝင်ရောက်သည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]၂၀၁၀ မှ စပြီး အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်စလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ချင်းပြည်နယ်လွှတ်တော် ထန်တလန်မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ပြိုင်ပြီး၊ ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တစ်ခုတွင်သာ ပြိုင်ဘက်များအား အနိုင်ရသည်။[၇] ချင်းပြည်နယ်လွှတ်တော်အမတ်အဖြစ် ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ တာဝန်ထမ်းသည်။ ထိုကာလတွင် ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ပါတီဗဟို၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်လည်းကောင်း တာဝန်ယူသည်။[၈] သူသည် NLD အစိုးရ ဦးဆောင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အား မဲသမာမှုပြုကျင့်သည် ဟု လူသိထင်ရှား စွပ်စွဲ ဝေဖန်ခဲ့သူလည်း ဖြစ်သည်။ [၉]
၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်မှု
[ပြင်ဆင်ရန်]| စဉ် | ကိုယ်စားလှယ်လောင်းအမည် | ပါတီအမည် | မဲရုံမဲ | ကြိုတင်မဲ | စုစုပေါင်းမဲ | ရာခိုင်နှုန်း |
|---|---|---|---|---|---|---|
| ၁။ | ဦးဗန်ဇရုန်း | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၅၄၅ | ၈ | ၅၅၃ | ၅.၁၈% |
| ၂။ | ဒေါက်တာမှုထန် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | ၄,၂၃၆ | ၄၀၉ | ၄,၆၄၅ | ၄၃.၅၀% |
| ၃။ | ဦးရိုဘင် | ချင်းအမျိုးသားပါတီ | ၅,၂၉၄ | ၁၈၆ | ၅,၄၈ဝ | ၅၁.၃၂% |
| စုစုပေါင်း | ၁၀,၀၇၅ | ၆၀၃ | ၅,၇၄၆ | ၁၀၀% | ||
| *ဦးရိုဘင်က အနိုင်ရသည်။ | ||||||
၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မှု
[ပြင်ဆင်ရန်]| စဉ် | ကိုယ်စားလှယ်လောင်း | ပါတီအမည် | မဲရုံမဲ | ကြိုတင်မဲ | စုစုပေါင်းမဲ | ရာခိုင်နှုန်း |
|---|---|---|---|---|---|---|
| ၁ | ဦးခင်တလုံး | တစ်သီးပုဂ္ဂလ | ၁၉၄ | ၇ | ၂၀၁ | ၁.၆၈% |
| ၂ | ဦးဗန်ကျင်း | တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ | ၄၈၁ | ၁၉ | ၅၀၀ | ၄.၁၈% |
| ၃ | ဦးဘွဲ့တီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၃,၄၅၀ | ၂၁၀ | ၃,၆၆၀ | ၃၀.၆၀% |
| ၄ | ဒေါက်တာမှုထန် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | ၄,၆၃၉ | ၃၃၀ | ၄,၉၆၉ | ၄၁.၅၄% |
| ၅ | ဦးလျှံကြယ် | ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ | ၁,၅၅၃ | ၈၀ | ၁,၆၃၃ | ၁၃.၆၈% |
| စုစုပေါင်း | ၁၀,၃၁၇ | ၆၄၆ | ၁၀,၉၆၃ | ၉၁.၆၈% | ||
| * အနိုင်ရရှိသူမှာ ဒေါက်တာမှုထန် ဖြစ်သည်။ | ||||||
၂၀၂၁ နောက်ပိုင်း ဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်က ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့ရှိ ၎င်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်။ [၁၁]
စစ်ကောင်စီဝင်ဖြစ်လာပုံ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကောင်စီဝင်အဖြစ် ခန့်အပ်သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့က ခန့်အပ်ခံရသော ကောက်စီဝင် ပူဂင့်ကမ်းလျန်က ခန့်အပ်ခံရမှုအပေါ် လက်မခံ ငြင်းဆန်ခဲ့သည့်အတွက် ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။[၁၂]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို တာဝန်ပေးခံရသည်။[၁၃]
အရေးယူပိတ်ဆို့ခံရခြင်း
[ပြင်ဆင်ရန်]စစ်ကောင်စီဝင် ဖြစ်လာသည့် သူ့ကို အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ တို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည်။ [၁၄]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၁၀ အထွေထွေရွေးကောက်ပွဲ)။ UEC Myanmar (၇ နိုဝင်ဘာ ၂၀၁၀)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အနိုင်ရလျှင် တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ်ပြီး ရှုံးလျှင် မိမိအတွက်သာဖြစ်ဟု ချင်းပြည်နယ် USDP ဥက္ကဋ္ဌဆို။ by - Chin World (၁၇ နိုဝင်ဘာ ၂၀၂၀)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ SAC Member meets Chin State departmental staff။ Global New Light of Myanmar (15 September 2023)။ 21 Feb 2024 တွင် ပြန်စစ်ပြီး။
- ↑ နစကအဖွဲ့ဝင်အဖြစ် ပူဂင့်ကမ်းလျန်အစား ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်။ CNI (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ 26 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားညီလာခံကိုယ်စားလှယ် အစုအဖွဲ့များ၏ အစည်းအဝေးများ ညောင်နှစ်ပင်စခန်းရှိ သတ်မှတ်ထားသောဆွေးနွေးပွဲခန်းမများ၌ကျင်းပ။ ကြေးမုံသတင်းစာ ၊စာမျက်နှာ(၃) (၁၂ အောက်တိုဘာ ၂၀၀၆)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်လုံးကျွတ်ဆန္ဒခံယူကျင်းပရေးကော်မရှင် ဖွဲ့စည်းခြင်း။ mlis gov (၂၆ ဖေဖော်ဝါရီ ၂၀၀၈)။ 21 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- 1 2 တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၁၅ အထွေထွေရွေးကောက်ပွဲ)။ UEC Myanmar (၂၀၁၅)။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။ USDP Party (၅ စက်တင်ဘာ ၂၀၁၇)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ မဲမသမာမှုများကြောင့်သာ ပြိုင်ဘက်ကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု ဒေါက်တာမှုထန်ပြော။ by - Chin World (၉ ဒီဇင်ဘာ ၂၀၂၀)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၇-၁၁-၂ဝ၁ဝ)။ UEC။ ၂၀၂၅-၇-၁ တွင် ပြန်စစ်ပြီး။
- ↑ ထန်တလန်မြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်ဟောင်း နေအိမ်မှာ ဗုံးပေါက်ကွဲ။ RFA Burmese (၁၂ ဩဂုတ် ၂၀၂၁)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအဖွဲ့ဝင် ပူဂင့်ကမ်းလျန်နေရာမှာ ဒေါက်တာမှုထန်ကို အစားထိုးခန့်။ BBC Burmese (၁၈ ဖေဖော်ဝါရီ ၂၀၂၃)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း။ CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
- ↑ ဦးဝဏ္ဏမောင်လွင်အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီနှစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့။ RFA Burmese (၁၁ ဒီဇင်ဘာ ၂၀၂၃)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။