မာတိကာသို့ ခုန်သွားရန်

သက်ပုံ

ဝီကီပီးဒီးယား မှ

သက်ပုံ
ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ မတ် ၂၀၂၆
တတိယအကြိမ်ပြည်သူ့လွှတ်တော် စတင်သည့်ရက်
ယခင်လူဦးခင်မောင်သိန်း (NLD)
အထွေထွေရွေးကောက်ပွဲ၊၂၀၁၅
မဲဆန္ဒနယ်စစ်ကိုင်းမြို့နယ်
အနိုင်ရမဲ အရေအတွက်၂၃၈၇၄ မဲ
(၅၁ဒသမ ၂၇ ရာခိုင်နှုန်း)
တပ်မတော်စစ်ဆေးရေးအရာရှိချုပ်
တာဝန်သက်တမ်း
မတ် ၂၀၂၅  စက်တင်ဘာ ၂၀၂၅
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်
ဆက်ခံသူဗိုလ်ချုပ် မျိုးမင်းထွန်း (အရှေ့အလယ်ပိုင်းတိုင်းမှူးဟောင်း)[]
အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
ဇန်နဝါရီ ၂၀၂၅  မတ် ၂၀၂၅
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်
အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
ဇွန် ၂၀၂၀  ဇန်နဝါရီ ၂၀၂၅
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
မေ ၂၀၁၇  ဇွန် ၂၀၂၀
ယခင်လူဗိုလ်ချုပ် မျိုးဇော်သိမ်း
ဆက်ခံသူဗိုလ်ချုပ် ညွန့်ဝင်းဆွေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇
မိုးကုတ်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်နှင်းနှင်းအိ
သားသမီးဖြိုးပြည့်သက်ပုံ
မင်းပြည့်သက်ပုံ
မိခင်ဒေါ်အုံးခင်
ဖခင်ဦးတောင်ကျော်
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
စည်သူဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၇ - ၂၀၂၅
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ဇေယျကျော်ထင် စည်သူ ဦးသက်ပုံ (ကြည်း ၂၀၇၃၅) သည် အငြိမ်းစား တပ်မတော် အရာရှိကြီးတစ်ဦးဖြစ်ပြီး၊ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။ ယင်းမတိုင်မီက သူသည် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးအမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် တို့အဖြစ် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

ဖခင်ဖြစ်သူမှာ တရားရေးဝန်ထမ်းဖြစ်ပြီး၊ မိခင်ဖြစ်သူမှာ ပညာရေးဝန်ထမ်း ဖြစ်သည်။ ၎င်းအား မိုးကုတ်မြို့တွင် မွေးဖွားခဲ့သည်။ငယ်စဉ်က မူလတန်းပညာရေးကို မိုးကုတ်မြို့တွင် သင်ယူခဲ့သည်။

ဖခင် နှင့် မိခင်ဖြစ်သူတို့ စစ်ကိုင်းမြို့သို့ တာဝန်ဖြင့် ပြောင်းရွှေ့ခဲ့ကြပြီးနောက်၊၎င်းသည် စစ်ကိုင်းမြို့သို့ လိုက်ပါ၍ အလယ်တန်း နှင့် အထက်တန်းပညာများကို သင်ယူခဲ့သည်။

၁၉၈၃ ခုနှစ် တွင် စစ်ကိုင်း အထက (၁) မှ (၁၀)တန်း အောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ် တွင် သင်္ချာမေဂျာအထူးပြုဖြင့် တက္ကသိုလ် တက်ရောက်ခဲ့သည်။တက္ကသိုလ် ပထမနှစ် တက်ရောက်နေရင်း၊ စစ်တက္ကသိုလ် ဝင်ခွင့်ဖြေကာ အောင်မြင်သည့်အတွက် စစ်တက္ကသိုလ် သို့ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးသက်ပုံ သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ဖြင့် ကျောင်းဆင်းခဲ့သူ ဖြစ်သည်။[] သူသည် အမှတ်(၄၄) တပ်မဌာနချုပ်(ကျိုက်ထို)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ ဖာပွန် အခြေချစစ်ဗျူဟာ ၏ အခြေချ စစ်ဗျူဟာမှူး၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ [] ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် အဆင့်ဆင့် ဝန်ထမ်းဆောင်ခဲ့သည်။

အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀ မတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် အမှတ်(၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် ခန့်အပ်ခြင်းခံရသည်။

သူသည် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးတာဝန်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူး နှင့် ကစထ(၅)မှူး ရာထူးများဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တည်ငြိမ်၊ ရှည်ကြာစွာထမ်းဆောင်ခဲ့ရသူလည်း ဖြစ်သည်။[]

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တွင် ထိုတာဝန်မှ နေပြည်တော်အခြေစိုက် ကစထ(၆)မှူး အဖြစ်သို့လည်းကောင်း[]၊ထိုမှတဆင့် မတ်လ တွင် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် အဖြစ်သို့ လည်းကောင်း ရာထူး ပြောင်းရွှေ့ထမ်းဆောင်ခဲ့သည်။[]

၂၀၂၅ မြန်မာ ငလျင်ကြီး လှုပ်ခတ်ပြီး‌နောက် စစ်ကိုင်းမြို့ ငလျင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။[]၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် စစ်ဘက်ဆိုင်ရာ ရာထူးများမှ အနားယူခဲ့သည်။[]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

တပ်မတော် မှ အငြိမ်းစားယူပြီးသည့်နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သို့ ဝင်ရောက်ခဲ့သည်။[]အထွေထွေရွေးကောက်ပွဲ ၂၀၂၅ -၂၀၂၆ အပိုင်း(၁) တွင် စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဖြင့် ဝင်ရောက်အရွေးချယ်ခံခဲ့ရသည်။ [၁၀]

၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၂၈ ရက် တွင် ကျင်းပပြုလုပ်သည့် အပိုင်း(၁) ရွေးကောက်ပွဲ တွင် ဦးသက်ပုံ သည် ဆန္ဒမဲပေးခဲ့ကြသူ (၄၆၅၆၅)မဲ အရေအတွက် တွင် ၂၃၈၇၄ မဲ (စုစုပေါင်း မဲရလဒ်၏ ၅၁ ဒသမ ၂၇ ရာခိုင်နှုန်း)ဖြင့် အနိုင်ရခဲ့သည်။[၁၁]

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၃ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ၎င်းအား စစ်ကိုင်းမြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခံရကြောင်း အမည်စာရင်းကြေညာခဲ့သည်။[၁၂]

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံက တပ်ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း အား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် အဆိုပြု တင်သွင်းခဲ့သည်။[၁၃]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

အဘိုးအဖွားများမှာ ကိုလိုနီခေတ် သစ်တောနယ်ပိုင်ဝန်ထောက်ကြီး ဦးဖထော် နှင့် ဒေါ်ရွှေသင် တို့ဖြစ်ကြသည်။ထိုသူတို့မှာ ၎င်း၏မိခင်ဖြစ်သူ အထက်တန်းပြဆရာမ ဒေါ်အုံးခင် ၏ မိဘများဖြစ်သည်။

အိမ်ထောင်ဖက်မှာ ဒေါ်နှင်းနှင်းအိ ဖြစ်ပြီး သားနှစ်ဦး ရှိသည်။[၁၄]ဇနီးဖြစ်သူ၏ ဖခင်မှာ စစ်တက္ကသိုလ် ​၏ (၁၁)ဆက်မြောက် ကျောင်းအုပ်ကြီး ကြည်း-၈၇၉၀ ဗိုလ်မှူးကြီး အောင်နိုင် (၁၈.၁၀.၁၉၈၆ မှ ၅.၈.၁၉၉၂ ထိ) ဖြစ်သည်။

ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၄ ရက် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၊ ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ) က ၎င်းအား စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းဘွဲ့ ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။[၁၅] ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။[၁၆]

အရေးယူပိတ်ဆို့ခံရမှုများ

[ပြင်ဆင်ရန်]

ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါနိုင်ငံတို့သည် ဦးသက်ပုံအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။[၁၇][၁၈]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ် BBC (၂၃ စက်တင်ဘာ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. KyawThu (2020-07-01)။ Myanmar Military Makes Major Reshuffle (in en-US)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  3. ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး The Irrawaddy (၃၀ ဇွန် ၂၀၂၀)။ ၁၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီး USDP ကို ပြောင်းကြပြန်ပြီ The Irrawaddy (၁၆ စက်တင်ဘာ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. နေပြည်တော်နဲ့ ရန်ကုန် စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေ အပြောင်းအလဲဖြစ် BBC (၁၀ ဇန်နဝါရီ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. နေပြည်တော် ကစထမှူး အပြောင်းအလဲဖြစ် BBC (၂၇ မတ် ၂၀၂၅)။ ၂၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. စစ်ကိုင်းငလျင်ပြန်လည်ထူထောင်ရေး ဒုဗိုလ်ချုပ်ကြီးသက်ပုံကို တာဝန်ပေး DVB (၁၁ ဧပြီ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး BBC (၁၃ စက်တင်ဘာ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး သုံးဦး ဇာတိကနေ ရွေးကောက်ပွဲဝင်မယ် BBC (၁၁ အောက်တိုဘာ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည် The Irrawaddy (၁၂ အောက်တိုဘာ ၂၀၂၅)။ ၁၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ MOI Myanmar (၃ ဇန်နဝါရီ ၂၀၂၆)။ ၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  12. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း MOI Myanmar (၃ ဇန်နဝါရီ ၂၀၂၆)။ ၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  13. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက် | Ministry Of Information (in en)။ 2026-03-26 တွင် ပြန်စစ်ပြီး။
  14. သက်ပုံ (ဒုတိယဗိုလ်ချုပ်ကြီး) – နွေဦးမြန်မာ 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-02-18 တွင် ပြန်စစ်ပြီး။
  15. နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ စကားသံများ MOI Myanmar (၅ ဇန်နဝါရီ ၂၀၂၁)။ ၁၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  16. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  17. Thet Pon (in en)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  18. Backgrounder – Additional sanctions for Myanmar (2023-01-31)။ 2023-02-18 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]