အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၅

ဝီကီပီးဒီးယား မှ
၁၉၂၅ မြန်မာအထွေထွေရွေးကောက်ပွဲ

← ၁၉၂၂ ၁၇ နိုဝင်ဘာ ၁၉၂၅ ၁၉၂၈ →

ဥပဒေပြုကောင်စီနေရာ ၁၀၃ နေရာအနက် ၈၀ နေရာ
မဲပေးသူဦးရေ၁၆%
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြန်မာနိုင်ငံဥပဒေပြုကောင်စီအတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။[၁] ဒိုင်အာခီစနစ်သစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုကောင်စီသည် ဘုရင်ခံ၏ အကြံပေးအဖွဲ့ကဲ့သို့ဆောင်ရွက်သည်။[၂] အမျိုးသားပါတီသည် မဲအရေအတွက် အများဆုံးရရှိသော်လည်း ဗြိတိသျှတို့သည် ရွှေတောင်ကြားပါတီကို မျက်နှာသာပေးခဲ့သဖြင့် ထိုပါတီမှဂျေအေ မောင်ကြီးဦးဆောင်သည့် အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။[၃]

စနစ်[ပြင်ဆင်ရန်]

ဥပဒေပြုကောင်စီတွင် နေရာ ၁၀၃ နေရာရှိရာ နေရာ ၈၀ အတွက် ရွေးချယ်တင်မြှောက်ရသည်။ ထိုနေရာ ၈၀ အနက် အသိုင်းအဝိုင်းမဟုတ် (non-communal) ၅၈ နေရာကို ရွေးချယ်နိုင်သည်။ ကျန် ၂၂ နေရာကို ကုလားများအတွက် ၈ နေရာ၊ ကရင်များအတွက် ၅ နေရာ၊ ဥရောပလူမျိုးအတွက် ၁ နေရာ၊ အင်္ဂလိပ်-အိန္ဒိယကပြားအတွက် ၁ နေရာ၊ စီးပွားရေးအဖွဲ့များဖြစ်သော Burma Chamber of Commerce အတွက် ၂ နေရာ၊ Burmese Chamber of Commerce၊ Chinese Chamber of Commerce၊ Indian Chamber of Commerce၊ Rangoon Trades Association နှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ၁ နေရာစီထားရှိထားသည်။[၄] ရွေးချယ်၍မရသော နေရာ ၂၃ နေရာအနက် ၂၁ နေရာကို အစိုးရမှတင်မြှောက်သည် (အများဆုံး ၁၄ ယောက်မှာ အစိုးရအဖွဲ့ဝင်များဖြစ်နိုင်သည်)။ ကျန် ၂ နေရာမှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ (Executive Council of the Governor) မှ အဖွဲ့ဝင် ၂ ဦးအတွက်ဖြစ်ကြသည်။

ယှဉ်ပြိုင်ကြခြင်း[ပြင်ဆင်ရန်]

ဦးတုတ်ကြီးဦးဆောင်သည့် ဆွာရပ်ဂ်ျပါတီတွင် ယှဉ်ပြိုင်သူပေါင်း ၂၀၊ ရွှေတောင်ကြားပါတီတွင် ယှဉ်ပြိုင်သူ ၈၅ ဦး နှင့် အမျိုးသားပါတီတွင် ယှဉ်ပြိုင်သူ ၄၉ ဦးရှိခဲ့သည်။[၅]

ရလဒ်[ပြင်ဆင်ရန်]

ဆွာရပ်ဂ်ျပါတီသည် ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အပြင် ဦးတုတ်ကြီးသည်လည်း မိမိယှဉ်ပြိုင်ရာ စီရင်စု၌ပင် နေရာရှုံးခဲ့ရသည်။[၆] မဲပေးသူဦးရေမှာ ၁၆ ရာခိုင်နှုန်းရှိခဲ့ရာ ၁၉၂၂ ရွေးကောက်ပွဲ၏ ၆.၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ပို၍များလာခဲ့သည်။ ပါတီအသစ်များ ပေါ်ပေါက်လာခြင်းကြောင့် မဲပေးသူဦးရေတိုးတက်လာသည်ဟု သုံးသပ်နိုင်သည်။[၇]

ရွေးကောက်ပွဲရလဒ်[၈]
ပါတီ မဲအရေအတွက် ရရှိသည့်နေရာ
အမျိုးသားပါတီ ၂၅
ရွှေတောင်ကြားပါတီ ၂၀
ဟုမ္မရူးပါတီ ၁၁
ဆွာရပ်ဂ်ျပါတီ
အခြား ၁၅
ဘုရင်ခံမှအမတ် ၂၁
ဝန်ကြီးများ
စုစုပေါင်း ၁၀၃

ကိုးကား[ပြင်ဆင်ရန်]

  1. "Burmese Elections. A Forecast", The Times, 18 November 1925, p13, Issue 44122
  2. Robert H. Taylor (2009)။ The State in Myanmar။ NUS Press။ p. 185။ ISBN 978-9971-69-466-124 November 2012 တွင် ပြန်စစ်ပြီး
  3. Here Today, Gone Tomorrow Archived 26 November 2015 at the Wayback Machine. The Irrawaddy, 3 November 2009
  4. Ganga Singh (1940) Burma Parliamentary Companion, British Burma Press, p38
  5. "Elections In Burma. Grouping Of Parties", The Times, 13 November 1925, p11, Issue 44118
  6. "News in Brief", The Times, 25 November 1925, p15, Issue 44128
  7. The Ghost of Elections Past[လင့်ခ်သေ] The Irrawaday, 31 May 2010
  8. Haruhiro Fukui (1985) Political parties of Asia and the Pacific, Greenwood Press, pp106–154