မာတိကာသို့ ခုန်သွားရန်

မိုးမြင့်ထွန်း

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)

မိုးမြင့်ထွန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၂၅ စက်တင်ဘာ ၂၀၂၃
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁
ယခင်လူကောင်စီစတင်
ဆက်ခံသူညိုစော
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ[]
တာဝန်သက်တမ်း
၄ မတ် ၂၀၂၁  ၁၇ စက်တင်ဘာ ၂၀၂၃
ယခင်လူဦးသောင်းထွန်း
ဆက်ခံသူဗိုလ်ချုပ်ကြီးမြထွန်းဦး
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
တာဝန်သက်တမ်း
၄ ဧပြီ ၂၀၂၂  ၁၇ စက်တင်ဘာ ၂၀၂၃
ယခင်လူကိုယ်တိုင်
ဆက်ခံသူဗိုလ်ချုပ်ကြီးမြထွန်းဦး
စစ်ဦးစီးအရာရှိချုပ်(ကြည်း)
တာဝန်သက်တမ်း
၂၀၀၇  ၂၀၂၅
ဆက်ခံသူဗိုလ်ချုပ် သန်းထိုက်
အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
ယခင်လူမြထွန်းဦး
ဆက်ခံသူတေဇကျော်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1968-05-24) ၂၄ မေ၊ ၁၉၆၈ (အသက် ၅၇)
ပြည်ထောင်စုမြန်မာနိုင်ငံတော်‌
နိုင်ငံသားမြန်မာ
ကြင်ဖော်ခိုင်ပပချစ်
သားသမီးရတနာမိုးမြင့်
မိုးထက်ထက်ထွန်း
ခိုင်မိုးမြင့်
မိခင်ဒေါ်ခင်ရီ
ဖခင်ဦးပေါ်ထွန်း
ဆွေမျိုးသားချင်းရီရီထွန်း၊ မျိုးတင့်ထွန်း
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၉-၂၀၂၅
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၂၁၃၉၅

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း သည်မြန်မာတပ်မတော်အရာရှိနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[] ၂၀၂၃ စက်တင်ဘာလ ၂၅ ရက်တွင် ကောင်စီအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခံရသည်။

ဘဝအကျဉ်း

[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့ကာ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူဖြစ်သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးလေသည်။ နောက်ပိုင်း၌ ရာထူးတစ်ဆင့်တစ်ဆင့်တက်ကာ နေပြည်တော်စစ်ဌာနချုပ်၏ စစ်တိုင်းမှူးဖြစ်လာခဲ့သည်။ အသက် ၄၈ နှစ်အရွယ် ၂၀၁၇ ၌ စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် မိုးမြင့်ထွန်းသည် ကြည်းတပ်၏ နံပါတ်(၄) အဆင့် တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်အပြင် အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) အဖြစ် ပူးတွဲတာဝန်ယူထားသူလည်းဖြစ်၏။ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားလေရာ အနီးကပ်လိုက်ပါရသူဖြစ်သဖြင့် တပ်မတော်အတွင်း တခြားဗိုလ်ချုပ်ကြီးများထက် ဩဇာကြီးမားသူဟူ၍ ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြသည်။[]

စစ်ဆေးခံရခြင်း

[ပြင်ဆင်ရန်]

နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့ပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စီးပွားရေးနှင့် သက်ဆိုင်သော ဝန်ကြီးများဖြင့် ဖွဲ့စည်းခဲ့သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။[] များမကြာမီ အဂတိလိုက်စားမှုနှင့် ပတ်သက်ကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး စစ်ဆေးခံခဲ့ရသည်။[][]၂၀၂၃ စက်တင်ဘာ ၁၇ ရက်တွင် ၎င်းတာဝန်ယူထားသည့် နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအစရှိသည့်  ကော်မတီ၊ကော်မရှင် သုံးခု၏ ဥက္ကဋ္ဌ ရာထူးများမှ ဖယ်ရှားခံရသည်။ [] ယင်းနောက် ၂၀၂၃ စက်တင်ဘာလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဖြစ်ကပါ ထုတ်ပယ်ခြင်းခံရသည်။

၂၀၂၃ အောက်တိုဘာ ၁၀ရက်တွင် သူ့ကို စစ်ခုံရုံးက ထောင်ဒဏ်နှစ် ၂၀ နှင့် ညီမျှသည့် ထောင်တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကို ချမှတ်သည်။ []

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်နှင့် ရတနာမိုးမြင့်၊ မိုးထက်ထက်ထွန်း၊ ခိုင်မိုးမြင့် ဟူသော သမီး ၃ ဦးရှိသည်။[]

နိုင်ငံတကာမှ ပိတ်ဆို့အရေးယူခြင်းများ

[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဝန်ကြီးဌာနက မိုးမြင့်ထွန်းအား ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသူများအား သတ်ဖြတ်ခြင်းအတွက် တာဝန်ရှိသော အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း (သို့) စစ်တပ်ထိပ်တန်းအရာရှိတစ်ဦးဖြစ်ခြင်း စသည်တို့ကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၂၂ ကတည်းကအရေးယူပိတ်ဆို့ခဲ့သည်။[၁၀] ကနေဒါအစိုးရက ၎င်းအား လူ့အခွင့်ရေးနှင့် လူသားခြင်းစာနာထောက်ထားခြင်းကို ကြီးလေးစွာဖောက်ဖျက်သည့်အတွက် ၂၀၂၁ ဖေဖော်ဝါရီ ၁၈ တွင် အရေးယူပိတ်ဆို့ခဲ့ကာ[၁၁][၁၂] ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံခြားဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၂၅ ၌ ပြင်းထန်သည့် လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် အရေးယူကန့်သတ်ပိတ်ပင်ခဲ့သည်။[၁၃] ထို့အပြင်အာဏာသိမ်းယူရာ၌ တာဝန်ရှိခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို နှိပ်ကွပ်ခြင်းတို့အတွက် တာဝန်ရှိခြင်းတို့အတွက် မိုးမြင့်ထွန်းသည် မတ်လ ၂၂ တွင် ဥရောပသမဂ္ဂကောင်စီ၏ အရေးယူပိတ်ဆို့မှုခံရပြန်သည်။[၁၄][၁၅] အဆိုပါပိတ်ဆို့မှုများတွင် သက်ဆိုင်ရာနိုင်ငံများအတွင်းရှိ ၎င်း၏ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ ယင်းနိုင်ငံများရှိသူတစ်ဦးဦးနှင့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းကို တားမြစ်ခြင်းနှင့် အဆိုပါနိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများပါဝင်သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. "​ကော်မရှင်"၊ DICA။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2021 တွင် ပြန်စစ်ပြီး။
  3. "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
  4. "ဩဂုတ်လ ၁၁ ရက်ထိပ်တန်းသတင်းများ - တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အသစ်ခန့်" (in my)၊ BBC News မြန်မာ၊ ၁၁ ဩဂုတ် ၂၀၂၃။
  5. "ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်မှအနား ပေး၊ နေအိမ်အကျယ်ချုပ်ချခံရ"၊ ၁၆ စက်တင်ဘာ ၂၀၂၃။[လင့်ခ်သေ]
  6. "ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ"၊ ဧရာဝတီ၊ ၁၄ စက်တင်ဘာ ၂၀၂၃။
  7. ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှား RFA Burmese (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့အား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ် MWD Webportal (၁၀ အောက်တိုဘာ ၂၀၂၃)။ ၁၀ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. Myanmar military SAC members, their businesses and associates that require targeted sanctions 2021-02-11 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  10. United States Targets Members of Burma's State Administrative Council following Violence against Protestors U.S. Department of the Treasury (22 February 2021)။ 4 April 2021 တွင် ပြန်စစ်ပြီး။
  11. Special Economic Measures Act (S.C. 1992, c. 17) (4 June 1992)။ 11 April 2021 တွင် ပြန်စစ်ပြီး။
  12. Regulations Amending the Special Economic Measures (Burma) Regulations: SOR/2021-18 (18 February 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
  13. Raab၊ Dominic (25 February 2021)။ UK sanctions further Myanmar military figures for role in coup: 25 February 2021:Foreign Secretary Dominic Raab announces further sanctions against members of Myanmar's State Administration Council. Foreign, Commonwealth and Development Office 7 April 2021 တွင် ပြန်စစ်ပြီး။
  14. Myanmar/Burma: EU sanctions 11 people over the recent military coup and ensuing repression The Council of the European Union (22 March 2021)။ 22 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2021 တွင် ပြန်စစ်ပြီး။
  15. Official Journal of the European Union 15-24 (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။