မာတိကာသို့ ခုန်သွားရန်

သုဝေ (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
ဦးသုဝေ
မွေးဖွား(၁၉၃၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၃၁)ဒီဇင်ဘာ ၃၁၊ ၁၉၃၂
တောင်ငူမြို့ပဲခူးတိုင်း
ကွယ်လွန်၁၈ မေ၊ ၂၀၂၂(2022-05-18) (အသက် ၈၉)
ရွှေပြည်သာမြို့ ရန်ကုန်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
နိုင်ငံရေးပါတီဒီမိုကရက်တစ်ပါတီ (မြန်မာ)
အိမ်ထောင်ဖက်(များ)ဒေါ်မြသန်း(Pharlimee Chittaphan)
သားသမီးသား၂ဦး၊သမီး၁ဦး

ဦးသုဝေ(၁၉၃၂ဖွား)သည် ၂၀၁၀ခုနှစ်က တည်ထောင်ခဲ့သောဒီမိုကရက်တစ်ပါတီ(မြန်မာ)ပါတီ၏ ဥက္ကဋ္ဌ[] တစ်ဦးဖြစ်သည့်အပြင်  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)၏  ဒုဥက္ကဋ္ဌလည်းဖြစ်သည်။[]

ဝါရင့် နိုင်ငံရေးသမားကြီးတစ်ဦးအဖြစ် ဖော်ညွှန်းကြသည်။ ဖဆပလ အစိုးရခေတ်တွင် ဒုတိယဝန်ကြီးချုပ် ဦး ကျော်ငြိမ်း ၏  ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၁၉၈၈ ခုနှစ်အရေးအခင်းပြီးနောက် ၁၀ နှစ်ကျော်ကြာ နိုင်ငံရေးအမှုဖြင့် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သည်။[]၂၀၂၂ မေလ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သည်။ []

[]

၃၁-၁၂-၃၂ ရက်နေ့တွင် တောင်ငူမြို့၌ အဖဦးလှအုန်း၊ အမိဒေါ်လှတင်တို့မှ မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ထိုင်းနိုင်ငံသူ (Pharlimee Chittaphan (ခ) ဒေါ်မြသန်း)နှင့် အကြောင်းပါခဲ့ပြီး သားနှစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ဗန်ကောက်မြို့အနီး ထုံဘူရီ(တွန်ပိုလီ)မြို့၊ ချရာနကွမ်လမ်းရှိ ယောက္ခမ မိသားစုနှင့် အတူ နေထိုင်ခဲ့ဖူးသည်။

ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

ဒီမိုကရက်တစ် ကျောင်းသားအဖွဲ့ (ဒီအက်စ်အို) ခေါင်းဆောင်၊ ၁၉၅၆-၆၂ ခုနှစ်တွင် ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့) လူငယ်အဖွဲ့ဝင်၊ ရန်ကုန်ခရိုင်အတွင်းရေးမှူး၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ၁၉၄၈-၅၈ ခုနှစ်တွင် ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန်၊ ၁၉၆၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှို့ဝှက် ထွက်ခွာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်းဦးနု ခေါင်းဆောင်သော ပါလီမန် ဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီနှင့် စစ်ကောင်စီဝင် တစ်ဦးဖြစ်သည်။ [] ပြည်ချစ်လူငယ်တပ်ပေါင်းစုဥက္ကဋ္ဌ။ ပီဒီပီ (ပါလီမန် ဒီမိုကရေစီပါတီ) အသံလွှင့်ဌာနတွင် ဦးစီခဲ့သည်။ ဘန်ကောက်ဝါးလ် သတင်းစာတွင် စာတည်းအဖြစ် လုပ်ကိုင်ခဲ့သည်။ []

ဖိုင်:Utw 02.jpg
ဓာတ်ပုံ - AP (ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးသေုဝက သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်)

၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောငြာစာအမှတ် (၂/၈၀) အရ မြန်မာနိုင်ငံသို့ ပြန်လာသည်။ ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ဦးနုနှင့်အတူ ပါဝင်ခဲ့သည်။ ၉-၉-၈၈ ရက်နေ့တွင် ဦးနုပါဝင်သော စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် စာရင်း ပါရှိခဲ့ပြီး နုတ်ထွက်ကြောင်း အကြောင်းကြားခဲ့သည်။

ပြည်ပ (၁၅) နိုင်ငံသွား အတွေ့အကြုံများရှိသည်။ ယူပီအိုင်၊ မောနင်းအိပ်စပရက်နှင့် ဗန်ကောက်ဝါးလ်တို့၌ သတင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဘကျော်လမ်း တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်တွင် နေထိုင်ခဲ့ဖူးပြီး ရွှေပြည်သာမြို့တွင်လည်း နေထိုင်ခဲ့သည်။(1) နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးပါက ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ဖွဲ့စည်းကာ ရွေးကောက်ပွဲ ဝင်မည်ဟု ကြေညာခဲ့သည်။ မတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဗွီအိုအေ မြန်မာပိုင်း ရုပ်သံ အစီအစဉ်က တင်ဆက်သည့် ရွေးကောက်ပွဲဆိုင်ရာ ရုပ်သံ စကားဝိုင်းတွင် ဦးသုဝေက လက်ရှိ တပ်မတော်အစိုးရဟာ စစ်တပ် ဖြစ်သည်နှင့်အညီ တပ်ဆုတ်သည်ဆိုရာမှာ စနစ်တကျ တပ်ဆုတ်ခွါတဲ့ အလေ့အထ ရှိကြောင်း၊ ယခု ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးခြင်းသည် တပ်မတော်အနေနှင့် စနစ်တကျ တပ်ဆုတ်ခြင်း ဖြစ်သည်ဟု ၎င်းအနေနှင့် ထင်မြင်ယူဆကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုမှုကြောင့် ဦးသုဝေသည်ပြင်ပ အတိုက်အခံ နိုင်ငံရေးသမားများ၊ အတိုက်အခံ မီဒီယာများ၏ထိုးနှက် တိုက်ခိုက်မှုဒါဏ်ကို ခံရသည်။

နိုင်ငံရေးပါတီထူထောင်ခြင်း

[ပြင်ဆင်ရန်]

၁၉၈၈ အရေးအခင်းအပြီးနောက်ပိုင်း ပြုလုပ်သည့်  ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက်  ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးအောင် နှင့်အတူ ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြရာတွင် ဦးသုဝေလည်းပါဝင်ခဲ့ပြီး အဆိုပါပါတီတွင် ဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ထိုစဉ်က တာမွေမဲဆန္ဒနယ်တွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။ထို့နောက် ထိုကာလ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အာဏာမလွဲပေးဘဲ နိုင်ငံရေးသမားများအား ဆက်တိုက်ဖမ်းဆီးခဲ့ရာတွင် ဒီမိုကရေစီပါတီ၏ဒုတိယဥက္ကဋ္ဌဦးသုဝေလည်း အဖမ်းခံခဲ့ရသည့်ထဲပါဝင်ခဲ့သည်။ ၁၉၉၃ခုနှစ်ကတစ်ကြိမ်၊၁၉၉၅ခုနှစ်က တစ်ကြိမ် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ထဲ ထောင်၁၀နှစ် ကျခံခဲ့ရသည်။

ယင်းနောက် ၂၀၀၅ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။

စစ်အစိုးရလက်ထက်ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ဖော်ပြောဆိုပြီး  မိတ်ဆွေများဖြစ်သည့် ဒေါ်သန်းသန်းနု (ဝန်ကြီးချုပ်ဦးနု ၏ သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဖဆပလခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကျော်ငြိမ်း၏သမီး) တို့နှင့် ပူးပေါင်းကာ ဒီမိုကရက်တစ် ပါတီ (မြန်မာ)ကို ထူထောင်ခဲ့သည်။

ဦးသုဝေသည် ၂၀၁၀ရွေးကောက်ပွဲတွင်[]  မင်္ဂလာတောင်ညွန့်မြို့နယ်မှလည်းကောင်း၊  ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း စမ်းချောင်းမြို့နယ်မှနေ၍ လည်းကောင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ဘဲ ရှုံးနိမ့်ခဲ့ရာ နိုင်ငံရေးကုသိုလ်ကံမကောင်းသူ တစ်ဦးဟု  ၎င်းကိုယ်တိုင် ၎င်းမှတ်ချက်ပြုခဲ့သည်။[]

၂၀၁၆ခုနှစ် နောက်ပိုင်းကာလများတွင် နိုင်ငံရေးပါတီအစုအဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သည်။[၁၀]

နောက်ပိုင်း ၎င်းပါတီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားတွေ့သည့် ၃၄ပါတီထဲ ပါဝင်ခဲ့၍ ဝေဖန်ခြင်းများခံခဲ့ရသည်။[၁၁]

တစ်ဖက်တွင်လည်း ဦးသုဝေ၏ ပါတီသည် လူအများကြားမထင်ရှားသော်လည်း ဦးသုဝေမှာမူ  နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင်မူ ဝါရင့်နိုင်ငံရေးသမားတစ်ဦးအဖြစ်ထင်ရှားသူဖြစ်ခဲ့သည်။ [၁၂]

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]

(၁)သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ

  1. မော်ကွန်းတင်ပြီးမိတ္တူ 20 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2022 တွင် ပြန်စစ်ပြီး။
  2. https://ispmyanmarpeacedesk.com/function/updjc-ကော်မတီဝင်များ/
  3. ဒီမိုကရက်တစ်ပါတီ (မြန်မာ) တည်ထောင်သူ ဦးသုဝေ ကွယ်လွန်
  4. ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  5. NEWS COLLECTION:နိုင်ငံရေးပါတီများ အခက်တွေ့စေရန် ဖန်တီးခံရဟု ဦးသုဝေ ပြောကြား
  6. July 2010 | ဒီရေသတင်းများ
  7. justfreeman:ရွေးကောက်ပွဲပြီးလည်း စစ်အစိုးရပဲ အာဏာရှိမယ်လို့ ဦးသုဝေ ဝေဖန်
  8. ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  9. မော်ကွန်းတင်ပြီးမိတ္တူ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2022 တွင် ပြန်စစ်ပြီး။
  10. ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  11. ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  12. ကိုးကား အမှား - The opening <ref> tag is malformed or has a bad name