သန်းသန်းနု
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
သန်းသန်းနု သည် မြန်မာလူမျိုး ဘာသာပြန်အသံလွှင့်သူနှင့် စာရေးသူ ဖြစ်သည်။
ဘဝဖြစ်စဉ်[ပြင်ဆင်ရန်]
၁၉၄၇ ခု၊ အောက်တိုဘာလ ၃ ရက်တွင် ဦးနု၊ ဒေါ်မြရီတို့က ရန်ကုန်၌ မွေးသည်။
၁၉၆၄-၆၈ ခုများတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်၌ ပညာသင်သည်။ နိုင်ငံရေး အရှုပ်အထွေးကြောင့် ဖခင်ဖြစ်သူ တိမ်းရှောင်ရသည့် ၁၉၆၉ ခု၊ ဧပြီလတွင် အိန္ဒိယသို့ သင်းသင်းနုပါ ပါသွားသည်။
၁၉၈၀ မှ ၂၀၀၃ ခုအထိ အိန္ဒိယ နိုင်ငံပိုင် အသံလွှင့်ဌာန (All India Radio) တွင် ဘာသာပြန်အသံလွှင့်သူ လုပ်သည်။
၂၀၀၃ ခု၊ မတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။
မိသားစုဘဝ[ပြင်ဆင်ရန်]
ဦးအောင်ငြိမ်းနှင့် လက်ထပ်ရာ ရှိန်မင်းနှင့် အောင်စည်ဟူသော သား ၂ ယောက် ရှိသည်။ ရှိန်မင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိမြို့တွင် နေထိုင်ပြီး အောင်စည်မှာ ဩစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့တွင် သုတေသီအဖြစ် အမှုထမ်းသည်။ [၁]
ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]
ခေါင်းစဉ် | ထုတ်ဝေနှစ် | ပုံနှိပ်တိုက် | မှတ်ချက် |
---|---|---|---|
မျက်စိအကြောင်း သိကောင်းစရာ | ၂၀၀၇ | ပြည့်စုံ စာပေ |
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြသန်းသန်းနု။ "ပညာ"။ Living Color စီးပွားရေးသတင်း မဂ္ဂဇင်း။ ၂၀၀၈၊ ဇူလိုင်။ စာ ၁၂၃။