ဉာဏ်ပညာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်


ဉာဏ်ပညာအဖွင့်[ပြင်ဆင်ရန်]


ဉာန, ဉာဏ ဏကြီး နငယ်ရေးထုံး[ပြင်ဆင်ရန်]

ဉာဏ, ဝိညာဏ-ပုဒ်တို့ကား သက္ကတဥပဒေမရှိသော်လည်း မာဂဓ၌ တွင်ကျယ်ထင်ရှား၍ (နျာသ ရူပသိဒ္ဓိ)ဆရာ ကြီး ၂-ပါးပင် မိန့်ဆိုလျက်ရှိချေပြီ၊ ဉာဏ ဝိညာဏ ဟု ရေးမှ အမှန်ဖြစ်၍ နေတော့သည်၊ သက္ကတ ဥပဒေကိုလိုက်သော ဆရာကြီးတို့ကား ဉာသ် ရူပသိဒ္ဓိအာဏာကို မလွန်ဆန်ဝံ့၍ ထို ၂-ပုဒ်မှ ကြွင်းသော သညာန, ပညာန-စသည်တို့မှာ နငယ်နှင့် သင့်သည်ဟု ဆုံး ဖြတ်ကြကုန်၏။ ဝိသုဒ္ဓါရုံ ကစ္စည်း သုတ်နက်၊ ရဟာဒိတော  ဏ-သုတ်အဖွင့်။ သက္ကတ၌ ဏကြီးပြန်ကြောင်းမရှိ၊ ဉာသ်, ရူပသိဒ္ဓိတို့က ဉာဓာတ်နောင် နငယ်၏ ဏကြီးပြန် ဥပဒေပြုကြ၏၊ ဏကြီးပြန် စည်းမျဉ်းစာရင်းမဝင်သော်လည်း ကျမ်းပြုဆရာတော်ကြီးများကို လေးစား ရိုသေသောအားဖြင့် သုဒ္ဓ၌ “ဉာဏ”ဟု မုဒ္ဓဇနှင့် သုံးကြ၍ “သာဓု ပညာနဝါ နရော၊ သညာန, အဘိညာန” စသော ပါဠိမိဿက၌ကား ဒန္တဇနှင့်ပင် သုံးစွဲတော်မူကြ၏။ အမှန်မှာ သုဒ္ဓဖြစ်စေ မိဿကဖြစ်စေ ဒန္တဇနှင့်သာ သင့်ပေသည်။ (ဝိ၊ပိ၊ဓာန်။)

ဉာဏ၏ အနက်များ[ပြင်ဆင်ရန်]

(၁) ဉာဏ်၊ ဝေဖန်-ပိုင်းခြား စဉ်းစား ဆင်ခြင် - သိမြင် - တတ်သော သဘောတရား၊ သိခြင်း၊ သိမှု၊ အသိ၊ အလိမ်မာ၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ (တိ)

(၂) ဝေဖန် - ပိုင်းခြား- စဉ်းစား ဆင်ခြင်- သိမြင် - တတ်သော၊ အသိ- အလိမ်မာ- ဉာဏ်-ပညာ- ရှိသော၊ သူ။ ။

ဉာဏ၏ အဓိပ္ပါယ်များ

ဉာဏ်သည် အကျိုးမှန်သမျှကို အကျိုးအနေဖြင့်၎င်း အကြောင်းမှန်သမျှကို အကြောင်း အနေဖြင့် ၎င်းဟုတ်မှန်သော သဘောအတိုင်း ဖောက်ထွင်း သိမြင်နိုင်သည့် ပြင် ခက်ခဲနက်နဲလှသည့် သစ္စာ၄-ပါး မြတ်တရားကိုပင် ပိုင်းခြားထင်ထင် သိမြင်နိုင်စွမ်းပင် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂။၁၃၂။ နေတ္တိ၊ ဋ္ဌ။၁၃၁။ မူလဋီ၊၂။၉၃)။ ဉာဏ်နှင့်ပညာသည် အတူတူပင်ဖြစ်၍ စေတသိက် ၅၂-ပါးတွင် “ပညိန္ဒြေ” စေတသိက်ဖြစ်သည်။ သဗ္ဗညုဘုရား ရှင်တို့၏သဗ္ဗညုတဉာဏ်မှတပါး အခြားပုဂ္ဂိုလ် တို့၏ဉာဏ်သည် အကြွင်းမဲ့ အကုန်အစင် မသိမြင်နိုင်၊ သိသင့်သိထိုက်သည့် အနိစ္စ ဒုက္ခ အနတ္တစသော သဘောတရားကိုသာ သိမြင်နိုင်၍ မသင်ယူဖူးသော အတတ်ပညာ, မ ရောက်ဘူးသော အရပ်ဒေသ မကြားဖူးသောပုဂ္ဂိုလ်၏ အမည်ပညတ်စသည်တို့ကို ကား မသိနိုင်ပေ၊ သဗ္ဗညုတဉာဏ်တော်ကား ထိုအလုံးစုံကို အကုန်အစင် သိမြင်နိုင်သည် (မိလိန္ဒ၊၄၂)။

ဉာဏ၏ တည်နေရာ[ပြင်ဆင်ရန်]

ဉာဏ်သည် (လူသား) သတ္တဝါတို့၏ သားမြတ် ၂-ခုအလယ် နှလုံးအိမ်၏ အတွင်း ပုန်းညက်စေ ခန့်နက်သော တွင်း၌ရှိသည့် တလက်ဖက် (တလက်ဆွမ်း)၏ ထက်ဝက်မျှသော နှလုံးသွေးကိုမှီ၍ ဖြစ်သည်။

ဉာဏ၏ လက္ခဏ,ရသစသည်[ပြင်ဆင်ရန်]

ဆီမီးသည် အမိုက်မှောင်အတွင်းဝယ် ကွယ်ကာဖုံး လွှမ်းနေသည့် အာရုံဝတ္ထုအစုစုကို တခုမကျန် ဖော်လှန်ပြသကဲ့သို့ ဉာဏ်သည် အဝိဇ္ဇာ အမှောင်က ကွယ်ကာထားသည့် သမ္မုတိ, ပရမတ္တ, အဝဝသောအာရုံတို့ကို စေ့စုံသော ထွန်းလင်း ပြသခြင်း ဟူသော အမှတ် လက္ခဏာ ရှိသည်၊ ထို့ပြင် ထူးထွေ ခြားနား အစားစားအားဖြင့် သိမြင်ခြင်းလက္ခဏာ မဖောက်မပြန် အမှန်အတိုင်း ထိုးထွင်းသိမြင် ခြင်းလက္ခဏာ ချွတ်ယွင်းမရှိ အတိအကျ ဂနသေချာ ဖောက်ထွင်းနိုင်ခြင်း လက္ခဏာလည်း ရှိသည်၊ အာရုံဝတ္ထု အစုစုကို ဖုံးလှမ်းကွယ်ကာတတ်သည့် အဝိဇ္ဇာ မောဟကို တော်လှန်ပယ်ရှား၍ အာရုံ၏ သဘောမှန်ကို ထွန်းလင်းပြသခြင်းဟူသော ကိစ္စရသရှိသည်၊အာရုံကို မတွေမဝေ သိတဘ်သောတရား၏အဖြစ်ဖြင့် ရှေးရှူထင်လာမှု အခြင်းအရာ “အာကာရပစ္စုပဋ္ဌာန်” ရှိသည်၊ ထို့ပြင် တွေဝေမှု၏ ကင်းပျောက်ခြင်း ဟူသော အကျိုး “ဖလပစ္စုပဋ္ဌာန်”လည်း ရှိသည်၊ စိတ်တည်ကြည်မှု “သမာဓိ”ဟူသော နီးစွာသောအကြောင်း “ပဒဋ္ဌာန်”ရှိသည် (မိလိန္ဒ၊၃၁-၂-ဂ-၉။ အဘိ၊ ဋ္ဌ၊၁။၁၆၅-၆။ ပဋိသံ၊ဋ္ဌ၊၁။၁၃။ ဝိသုဒ္ဓိ၊ ၂။ ၆၈-၉)။

သညာသိ ဝိညာဉ်သိ ပညာသိ  သုံးခုအထူး[ပြင်ဆင်ရန်]

သညာ ဝိညာဉ် ပညာတို့သည် “သိခြင်း” သဘောတရားချည်း ဖြစ်ကြသော်လည်း ယင်းတို့၏ သိပုံအခြင်းအရာကား တပါးနှင့် တပါး မတူညီကြပေ။

သညာသည် အာရုံကို အညိုအရွှေစသည်ဖြင့် အမှတ်ပြုကာ သိသည်။ ယင်းအာရုံ၏ အနိစ္စ ဒုက္ခ အနတ္တဟူသော သဘောမှန်ကိုကား ဝေဖန်ဖောက်ထွင်းနိုင် ခြင်း မရှိချေ။

ဝိညာဉ်သည် အာရုံကို အညို အရွှေစသည်ဖြင့် အမှတ်ပြုကာသိနိုင်သည့်ပြင် အနိစ္စ ဒုက္ခ အနတ္တဟူသောသဘောမှန်ကိုပါ ဝေဖန်ဖောက်ထွင်းနိုင်သည်၊ သို့သော် မဂ်ပေါက် ဖိုလ်ဝင်ဖြစ်စေခြင်းငှာ မစွမ်းနိုင်။

ပညာသည် ဖော်ပြပြီး ကိစ္စ ၃-မျိုးပြီးအောင် သိမြင် နိုင်စွမ်းသည်။

ဥပမာဆိုသော် ရွှေအသပြာတခုကို အသိဉာဏ် မဝင်သေးသည့် ကလေးသူငယ် ပန်းထိမ်ပညာမတတ်သည့် ရွာနေလူကြီးနှင့် ကျွမ်းကျင်လိမ်မာသော ပန်းထိမ်ဆရာ ဤ ၃-ဦးသားတို့ ကြည့်ရှုကြရာ အသိအမြင်ချင်း မတူကြပေ၊ ကလေးသူငယ်သည် ရွှေအသာ၏ အညို အရွှေ စသော အရောင် အဝိုင်း လေးထောင့် စသော သဏ္ဌာန်နှင့် ရှုချင်စဖွယ် ဆန်းကြယ်မှု စသည်ကိုသာ သိမြင်သည်။ လူတို့၏ အတွင်း အပ ဌာနအလိုက် သုံးဆောင်ထိုက်သော ရတနာ ဖြစ်ကြောင်းကိုကား မသိပေ၊ ရွာနေသူ လူကြီးသည် ဆိုခဲ့ပြီး ၂-မျိုးလုံးကို သိမြင်သည်။ သို့သော် ရွှေအသပြာ၏ အစစ်အမှန်ဟုတ် မဟုတ်နှင့် မည်သည့်မြို့ရွာ နိုင်ငံ၌ ပြုလုပ်ကြောင်း မည်မျှ အဖိုးထိုက် တန်ကြောင်း ကိုကား မသိပေ၊ ပန်းထိမ်ဆရာကား ၃-မျိုး လုံးကိုပင် သိမြင်လေသည်။ ဤဥပမာ၌ သူငယ်၏ အသပြာသိမှုနှင့် သညာ၏ အာရုံကို သိမှု၊ လူကြီး၏ အသပြာသိမှုနှင့် ဝိညာဏ်၏ အာရုံကို သိမှုတို့ တူကြ၍ ပန်းထိမ်ဆရာ၏ အသပြာသိမှုနှင့် ပညာ၏အာရုံကို သိမှုတို့ တူညီကြသည် (မ၊ဋ္ဌ၊၂။ ၂၄၃-၄။ သံ၊ ဋ္ဌ၊ ၂။၂၇ဝ-၁။ ဝိသုဒ္ဓိ၊၂။၆၆-၇။ ဝိဘာဝိနီ။ ၁၁၂။မဏိမဉ္ဇူ၊၁။၃၄၈)။

ပညာသည် အလင်းရောင်[ပြင်ဆင်ရန်]

ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြသည့် ဘုရားရှင်တို့၏ အဆုံးအမ သာသနာတော်ကို သီလ သမာဓိ ပညာဟူသော သိက္ခာ ၃-ပါး အကျင့်တရားဖြင့် သိမ် ကျူးယူ ငင်သော် အလုံးစုံပါဝင်ပြီး ဖြစ်သည် (ကင်္ခါ။၉၇။ မို၊ ၃။၁၅၈) ။ ထိုဘုရားရှင်တို့၏ သာသနာတော်ဝယ် သီလသည်အစ သမာဓိသည် အလယ်ဖြစ်၍ ပညာသည် အဆုံးဖြစ်သည် (အံ၊ ဋ္ဌ၊၂။၉၇)။ လောက၌ လရောင် နေရောင် မီးရောင်, ဉာဏ်ပညာ အရောင်ဟူ၍ အရောင်၄-မျိုးရှိရာ ဉာဏ်ပညာအရောင်သည် အကောင်းဆုံး အမြတ်ဆုံးသော အရောင်ဖြစ်သည် (အံ၊၁။၄၅၆-၇)။ ဉာဏ်ပညာနှင့် တူသောအရောင် အလင်းမည်သည် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဉာဏ်ပညာနှင့် ပြည့်စုံသူ ပုဂ္ဂိုလ်တဦး၏ တခုတည်းသော ထက်ဝယ်(တင်ပျဉ်ခွေ)ဖြင့် ထိုင်နေစဉ်အတွင်း တသောင်းသော လောကဓာတ်သည်အခြားသော နေရောင် လရောင် စသည်မထင် ထိုပုဂ္ဂိုလ်၏ တခုတည်းသော အရောင်ဖြင့် ထွန်းလင်းနိုင်သောကြောင့်ဖြစ်သည် (သံ၊ ၁။၆။ နေတ္တိ။၁၆ဝ။ သံ၊ဋ္ဌ၊၁။၃၂။ အဘိ၊ဋ္ဌ၊ ၁။၁၆၆၊၁၉၂။ နေတ္တိ၊ဋ္ဌ။ ၂၆၄၊ သံ၊ဋီ၊၁။ ၇၇)။ ဝိပဿနာ ဉာဏ်စဉ်၁၀-ပါးတွင် သမ္မသနဉာဏ်ဖြင့် နာမ်ရုပ်တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ် ဆင်ခြင်ပြီးနောက် ဥဒယဗ္ဗယဉာဏ်သို့အရောက်တွင် ယင်းဉာဏ်၏ အစွမ်းကြောင့် ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှ ကိုယ်ရောင် ကိုယ်ဝါတို့ ထွန်းလင်း ထွက်လာကြသည်။ အချို့ ယောဂီအား တင်ပျဉ်ခွေအတွင်း အချို့အချိုယောဂီအား တိုက် ခန်းတွင်း တိုက်ခန်းပြင်မှစ၍ ဗြဟ္မာပြည် တိုင်အောင် ဉာဏ်စွမ်းအားလျော်စွာ ထွန်းလင်း တောက်ပသည်၊ ဘုရားအလောင်းတော်တို့၏ကိုယ်ရောင်ကားစကြဝဠာ ကမ္ဘာ တသောင်းတိုင်အောင် ထွန်းလင်းတောက်ပနိုင်သည် (ဝိသုဒ္ဓိ၊ ၂။ ၂၆၉၊၂၇၀)။ ဂေါတမ ဘုရားရှင်သည် ယင်းသို့ ဥဒယဗ္ဗယဉာဏ်ခဏ၌ ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းခဲ့သော်လည်း ဘုရားဖြစ်ပြီးနောက် ပလ္လင်္ကသတ္တာဟအနိမိသသတ္တာဟ စင်္ကမသတ္တာဟဟူသော ရက်သတ္တ ၃-ပတ်တိုင်အောင် ကိုယ်တော်မှ ရောင်ခြည်တော်များ ထွက်ပေါ် ကွန်မြူခြင်းမရှိသေးပေ၊ ရတနာဃရသတ္တာဟဟူသော စတုတ္ထသတ္တာဟ၌ အဘိဓမ္မာ ၇ ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာ အနန္တနယသမန္တပဋ္ဌာန်းကျမ်းသို့ အရောက်တွင် သဗ္ဗညုတဉာဏ်တော်၏ အစွမ်းကုန် ကျက်စားခွင့်ကို ရသဖြင့် ရောင်ခြည်တော် ၆-ပါးတို ထူးများစွာကွန့်မြူထွက်ပေါ်လာကြသည်။ ယင်းရောင်ခြည်တော်တို့ကား အဆုံး မရှိသော စကြဝဠာ ကမ္ဘာလောကဓာတ်တို့ကို ရိုက် ခတ်ပြေးသွားကြလေသည်၊ ထိုအတွင်းရှိ လ, နေ့ နက္ခတ် နတ်ဘုံဗိမာန်-စသည်တို့သည် ထွန်းလင်းတောက်ပခြင်းငှါ မစွမ်းနိုင်ကြပေ။ စကြဝဠကုဋေတသိန်း ထွန်းလင်း တောက်ပစေနိုင်သော ဗြဟ္မာကြီးသည်ပင် နေထွက်စဉ်အခါ ပိုးစုန်းကြူပမာ ဖြစ်ရရှာလေသည် (အဘိ၊ဋ္ဌ၊၁။၁၃-၄-၅)။

ပညာရတနာ[ပြင်ဆင်ရန်]

ဉာဏ်အမြင်ရှိသူသည် အခြားဉာဏ်အမြင် ရှိသူကို၎င်း, ဉာဏ်အမြင်မရှိသူကို၎င်း ခွဲခြား သိမြင်နိုင်သည်၊ ဉာဏ်အမြင်မရှိသူကား ခွဲခြား သိမြင်နိုင်ခြင်းမရှိချေ (ထေရ၊ ၂၃၃။ ထေရ။ ဋ္ဌ၊၁။၁၇၇)။ ထို့ကြောင့် ဉာဏ်အမြင်မရှိသူသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည် (ဝိ၊ဋ္ဌ၊၁။၁၃၉)။ ဉာဏ်ပညာသည် မွေ့လျော် ပျော်ရွှင်မှုကို ပြုတတ် ပေးတတ် ဖြစ်စေ တတ်သောကြောင့်၎င်း, အလေးအမြတ်ပြု အပ်သောကြောင့်၎င်း ခဲယဉ်းစွာ ရယူအပ် သောကြောင့်၎င်း, အတုမရှိသောကြောင့် ၎င်းမြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ အသုံး အဆောင်ဖြစ်သောကြောင့်၎င်း သူခပ်သိမ်းတို့ မြတ်နိုးဖွယ်ရာ “ရတနာ”ဖြစ်သည် (အဘိ၊ ဋ္ဌ၊၁။၁၉၂။ ပဋိသံ၊ဋ္ဌ၊၁။၃၄၄။ နေတ္တိ၊ဋ္ဌ။ ၁၃၃)။

ပညာသည် ရွှေအိုး[ပြင်ဆင်ရန်]

လယ်ယာမိုးမြေ, ရွှေ့ငွေစသော သက်မဲ့ အဝိညာဏ ‘ထာဝရရွှေအိုး”၊ ဆင် မြင်း ကျွဲနွား စသောသက်ရှိ သဝိညာဏက “ဇင်္ဂမ ရွှေအိုး”၊ လယ်ထွန်မှု ကုန်သွယ်မှု ပန်းချီပန်းပု အနုပညာ စာပေကျမ်းဂန်စသည်တို့၌ တတ်သိနားလည်မှုဟူသော အင်္ဂါကြီးငယ်ပမာ တဘဝတွက်တာ သုံးစွဲရာသည့် “အင်္ဂသမရွှေအိုး”၊ ဒါန သီလ သမာဓိ ပညာဟူသော ဘဝသံသရာ ထပ်ချပ်ပါသည့် “အနုဂါမိကရွှေအိုး”ဟူသော ရွှေအိုးကြီး ၄-လုံးတွင် အသိအလိမ်မာ ဉာဏ်ပညာသည် အင်္ဂသမရွှေ အိုး အနုဂါမိကရွှေအိုးကြီး ၂-လုံးတွင် ပါဝင် သည်၊ ယင်း ရွှေအိုးကြီး ၂-လုံးကို ခိုးသူတို့ ခိုးယူလုယက်ခြင်းငှါ မစမ်းနိုင် (ခုဒ္ဒက။ ၉၊ ၁ဝ။ ခုဒ္ဒက၊ဋ္ဌ။၁၇၃-၄-၇-ဂ)။ အတတ်ပညာသည် ခိုးသူစသည်တို့ မခိုးယူနိုင်သောကြောင့်၎င်း အဖိုးမဖြတ်နိုင်သောကြောင့်၎င်း ပေးကမ်းခြင်းစသည်ဖြင့် မကုန်ခန်းနိုင်သောကြောင့်၎င်း အလုံးစုံသောဥစ္စာတို့တွင် အကောင်းဆုံး အမြတ်ဆုံးသော ဥစ္စာဖြစ်သည် (ဟိတောပဒေသ။ ကထာရမ္ဘ၅-ဂါထာ)။

ပညာသည် အဆင်တန်ဆာ[ပြင်ဆင်ရန်]

နက္ခတ်တာရာတို့၏ တန်းဆာသည် စန်း “လ”ဖြစ်သည်၊ မိန်းမတို့၏ တန်းဆာသည် “လင်”ဖြစ်သည်၊ မြေကြီး၏ တန်းဆာသည် “မင်း ဖြစ်သည်၊ သူခပ်သိမ်းတို့၏ တန်းဆာ ကား အတတ်“ပညာ” ဖြစ်လေသည် (စာဏ ကျနီတိ။ ဂ-ဂါထာ)။ ပညာသည် ကြားမြင် အပ်တိုင်းသော အရာကို ဆုံးဖြတ် နိုင်ခြင်း သဘောရှိ၍ မျက်မှောက်-မျက်ကွယ် ကျော်စောသတင်း ပြန့်နှံခြင်းကို တိုးပွါးစေနိုင်သည်၊ လောက၌ ပညာရှိသောသူသည် ဆင်း ရဲဒုက္ခမှသော်လည်းချမ်းသာသုခကို ထုတ်နှုတ် ရယူနိုင်သည် (ထေရ။၃၀၂။ ထေရ၊ဋ္ဌ၊ ၂။ ၁၈၇)။

ပညာသည် အင်အား

လောက၌ လက်ရုံးအား (ကိုယ် အား), စည်းစိမ်အား မှူးမတ်အား (အခြံ အရံအား), အမျိုးဇာတ်, ပညာအား ဟူ၍ အား၅-မျိုးရှိရာ ပညာအားသည် အကြီးမြတ်ဆုံးဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် ရွှေအား ၄-မျိုးကိုလည်း ပညာအား ဖြင့်သာ ရယူနိုင်သောကြောင့်တည်း (ဇာ၊ ၂။၃။ ဇာ၊ဋ္ဌ၊၅။၁၂၈)။

ပညာသည် အကောင်းဆုံးရောင့်ရဲမှု[ပြင်ဆင်ရန်]

ပညာဖြင့် ရောင့်ရဲနေသူသည် ကာမဂုဏ်တို့ကြောင့် ပူပန်ခြင်း မရှိပေ၊ ယင်းပုဂ္ဂိုလ်ကိုတဏှာသည် မိမိအလို သို့ လိုက်ပါလာအောင် မဆွဲဆောင်နိုင်၊ ထို့ကြောင့် ပညာဖြင့် ရောင့်ရဲ နေသူသည် ကောင်းသော ရောင့်ရဲသူ ဖြစ်သည်၊ ယင်း ပညာဖြင့် ရောင့်ရဲနေမှုသည် သင့်လျော် လျောက်ပတ် ကောင်းမြတ်လှပေသည် (ဇာ၊ ၁။၂၄၆။ ဇာ၊ ဋ္ဌ၊ ၄။ ၁၇၅)။

ပညာသည် အမြတ်ဆုံး[ပြင်ဆင်ရန်]

ပညာသည် လောဘ ဒေါသ မောဟစသည်ကို ဖောက်ထွင်း ဖျက်ဆီး၍ သန္တိသုခနိဗ္ဗာနဓာတ်သို့ ချင်းနင်း ဝင်ရောက်စေနိုင်သည်။ ထို့ပြင် ပဋိသန္ဓေအိုနာသေရေး ဒုက္ခဘေးနှင့် ယင်း ကိုပေးတတ်သည့် ကုသိုလ် အကုသိုလ် ကမ္မ ဘဝ၏ ကုန်ဆုံးရာ နိဗ္ဗာန်ကို ကောင်းစွာ သိမြင်နိုင်သည်။ ထို့ကြောင့် ပညာသည် လောက၌ အမြတ်ဆုံးဖြစ်သည် (ဣတိဝုတ်။ ၂၁၉။ နေတ္တိ။၁၄၃။ ဣတိဝုတ်၊ဋ္ဌ။၁၄၉)။

ပညာမရှိ သမာဓိမတည်ပဲ အနှစ်တရာပတ်လုံး အသက်ရှည်နေခြင်းထက် ပညာရှိ၍ သမာဓိတည်ကာဝိပဿနာရှုနေသော ပုဂ္ဂိုလ်၏ တနေ့တရက်မျှအသက်ရှင် နေရခြင်းသည် မြင့်မြတ်လှပေသည် (ဓမ္မ။ ၂၉။ ဓမ္မ၊ဋ္ဌ၊၁။ ၄၃၄)။

ပညာသည် အကောင်းဆုံးရနံ့[ပြင်ဆင်ရန်]

အတတ်ပညာမရှိသူသည် ပြန့်ပြော ကြီးမား အထက်တန်းစားအမျိုး၌ဖြစ်၍ ရုပ် ဆင်းအင်္ဂါနှင့် ပြည့်စုံသော်လည်း အနံ့မရှိသော ပေါက်ပန်းသဖွယ် ပရိသတ်အလယ်၌ မတင့်တယ်နိုင် (စာဏကျနီတိ။ ၇-ဂါထာ။ လောကနီတိ။ ၃၆-ဂါထာ)။

ဉာဏ်ပညာအမျိုးမျိုး[ပြင်ဆင်ရန်]

ဉာဏ်ကို ထိုထိုပါဠိတော်တို့၌ အမျိုးမျိုး အဖုံဖုံဝေဖန်ဟောပြတော်မူသည်။ အဘိဓမ္မာ ဝိဘင်းပါဠိတော်, ဉာဏဝိဘင်း(နှာ-၃၂၃ ၃၅၈)၌ ဉာဏ်ကိုတပါးစု (ဧကက)မှစ၍ ဆယ်ပါးစု (ဒသက) တိုင်အောင် ဝေဖန် ဟောပြတော်မူသည်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ပဌမဉာဏဝတ္ထု၊ သုတ်(နှာ-၂၈-၂၉ဝ)၌ ဉာဏ် ၄၄-ပါး ဝေဖန်ဟောပြထားသည်။ ဇရာမရဏကို သိသောဉာဏ် ဇရာမရဏ၏ အကြောင်းကို သိသောဉာဏ်, ဇရာမရဏ၏ ချုပ်ငြိမ်းရာကို သိသောဉာဏ် ဇရာမရဏ၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိသောဉာဏ်ဟူ၍ ဇရာမရဏ၌ ဉာဏ် ၄-ပါး ဖြစ်သည်၊ ထို့ အတူ ကျန် သင်္ခါရတိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၀-ပါး ၌လည်း ဉာဏ် ၄-ပါးစီဖြစ်ရာ ဉာဏ်ပေါင်း ၄၄-ပါး ပြားလေသည်။

ယင်းပါဠိတော် ဒုတိယဉာဏ ဝတ္ထုသုတ် (နှာ-၂၉ဝ-၁)၌ ဉာဏ် ၇၇-ပါး ဝေဖန်ဟောပြ ထားပြန်သည်။ “ဇာတိကြောင့် ဇရာမရဏဖြစ်ရသည်၊ ဇာတိ မရှိသော် ဇရာမရဏမဖြစ်နိုင်”ဤသို့ပစ္စုပ္ပန်၌ ဉာဏ် ၂-ပါး, ထိုအတူ အတိတ် အနာဂတ်၌လည်း ဉာဏ် ၂-ပါးစီအားဖြင့် ဓမ္မဋ္ဌိတိဉာဏ် ၆-ပါးဖြစ်သည်။ ယင်းဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခန်းပျက်စီးခြင်း သဘောရှိသောတရား မျိုးသာဖြစ်သည်ဟု ဆင်ခြင်သော ပစ္စဝေ က္ခဏာဉာဏ်တပါး၊ ဤသို့အားဖြင့် ဇရာ မရဏ၌ ဉာဏ် ၇-ပါးဖြစ်သည်၊ ထိုအတူ ကျန် သင်္ခါရတိုင်အောင်သာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၀-ပါး၌လည်းဉာဏ် ၇-ပါးစီဖြစ်ရာ ဉာဏ် ပေါင်း ၇၇-ပါးပြားလေသည်။

ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ကား သုတမယဉာဏ်သီလမယဉာဏ်, သမာဓိဘာဝနာ မယဉာဏ်မှ စ၍ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တိုင်အောင် ဉာဏ် ပေါင်း ၇၃-ပါး အကျယ်ဝေဖန် ဟောပြထားသည်။ ယင်း ၇၃-ပါးတွင် ဣန္ဒိယပရောပရိယတ္တဉာဏ်, အာသယာနုသယဉာဏ်, ယမကပါဋိဟီရဉာဏ်, မဟာကရုဏာသမာပတ္တိဉာဏ်, သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်ဟူသော  နောက်ဆုံးဉာဏ်၆-ပါးကား ဘုရားရှင်တို့သာ ရနိုင်၍ တပည့်သာဝကတို့နှင့် မဆက်ဆံသော “အသာဓာရဏ ́ဉာဏ်တို့ဖြစ်သည်။ ကျန် ၆၇ ပါးသော ဉာဏ်တို့ကား တပည့်သာဝကတို့ပါ ရရှိနိုင်သော “သာဝကသာဓာရဏ ဉာဏ်များ ဖြစ်သည်။

အကျဉ်းချုပ် ဉာဏ်ပညာနှစ်မျိုး[ပြင်ဆင်ရန်]

ယင်းသို့ အမျိုးမျိုးအဖုံဖုံ ဝေဖတ်ဟောပြထားသော ဉာဏ်တို့ကို အတိုချုံးရသော် လောကီဉာဏ်, လောကုတ္တရာဉာဏ်ဟူ၍ ၂-မျိုးသာ ဖြစ်သည်။ ထိုတွင် ဉာဏသမ္ပယုတ် ကာမကုသိုလ်, ဝိပါက်ကြိယာစိတ် ၁၂ပါး, မဟဂ္ဂုတ်ဈာန်စိတ် ၂၇ပါး ဟူသော လောကီဉာဏသမ္ပယုတ်စိတ် ၃၉-ပါး၌ ယှဉ်သော ဉာဏ်ကို “လောကီဉာဏ်”ဟု ခေါ်၍ လောကုတ္တရာ မဂ်စိတ်၄-ပါး ဖိုလ်စိတ်၄-ပါး၌ ယှဉ်သော ဉာဏ်ကို “လောကုတ္တရာဉာဏ်”ဟု ခေါ်ဆိုလေသည် (အဘိ၊ဝိ။ ၃၃၄။ ဥဒါန၊ဋ္ဌ။ ၆၃၊၂၁၁)။ လောကီဉာဏ်သည် သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသော သိဖွယ် “ဉေယျ” တရားအားလုံးကို အာရုံပြုသောအားဖြင့် ထိုက်သည်အားလျော်စွာ သိမြင် နိုင်သည်၊ လောကုတ္တရာဉာဏ်ကား နိဗ္ဗာန်ဟူသော နိရောဓသစ္စာသိဖွယ် “ဉေယျ” တရား တပါးကိုသာ အာရုံပြုသောအားဖြင့် သိ၍၊ ကျန်သိဖွယ် “ဉေယျ”တရားများကိုမူ မတွေဝေသောအားဖြင့် သိမြင်လေသည် (ဝိသုဒ္ဓိ၊ ၂။၃၃၁။ သင်္ဂဟ။၅၁။ ဝိသုဒ္ဓိ၊ဋီ၊ ၂။၅၀၄)။

ဉာဏ်ပညာသုံးမျိုး[ပြင်ဆင်ရန်]

တနည်း အတိုချုံးရသော် စိန္တာမယဉာဏ်, သုတမယဉာဏ်, ဘာဝနာမယဉာဏ်ဟု ၃-မျိုး ဖြစ်သည်။

ထိုတွင် အသက်မွေးကြောင်း ဖြစ်သည့် အမှုကိစ္စအမျိုးမျိုး အတတ်ပညာအမျိုးမျိုး အသိပညာအမျိုးမျိုးတို့၌ သူတပါးထံမှ နာခံမှတ်သား သင်ကြားရမှုမရှိပဲ မိမိဖာသာ ကြံစည်တွေးဆ၍ သိမြင်တတ်ကျွမ်းမှုကို “စိန္တာမယ ဉာဏ်”ဟု ခေါ်သည်။ ထိုကြောင့် လောက လူသားတို့ အသက်ရှင်နေရေး၌ အကျိုးပြုသည့် လက်သမား ပန်းရန်သမားအမှု လယ်ထွန်မှု့ ကုန်သွယ်မှု ပန်းချီပန်းပု အနုပညာ စာပေကျမ်းဂန်အတတ် စသည်တို့၌ သူတပါးထံမှ သီးခြား သင်ယူရမှုမရှိပဲ ကိုယ်တိုင် ကြံစည်သိမြင်မှုကို “စိန္တာမယဉာဏ်”ဟု ခေါ်သည်။ ထို့ပြင် အပြစ်ကင်း၍သန့်ရှင်းသော ကုသိုလ်ကောင်းမှုအစုစုသည် သတ္တဝါတို့၏ ကိုယ်ပိုင်ဥစ္စာရတနာဖြစ်သည်။ အပြစ်မကင်း၍ မသန့်ရှင်းသော အကုသိုလ်မှု အစုစုကား သတ္တဝါတို့၏ ကိုယ်ပိုင်ဥစ္စာမဟုတ်ချေ၊ ဤသို့ ကံနှင့် ကံ၏ အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သော “ကမ္မ သကတာဉာဏ်”သည်၎င်း ရုပ်-နာမ် ဓမ္မသင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တဟုရှုမြင်တတ်သော “သစ္စာနုလောမိကဉာဏ်” သည်၎င်း သူတပါးထံမှ နာခံမှတ်သားရမှုမရှိပဲ မိမိဖာသာ ကြံစည်တွေးဆမှုဖြင့် ဖြစ်ပေါ်လာလျှင် “စိန္တာ မယဉာဏ်”ပင် ဖြစ်သည်။ ဖော်ပြပြီး စိန္တာမယဉာဏ်တို့တွင် သစ္စာနုလောမိက စိန္တာမယဉာဏ်သည် သမ္မာသမ္ဗောဓိ ပစ္စေကဗောဓိ အလောင်းအလျာ အာဇာနည် ပုဂ္ဂိုလ်ကြီး ၂-ပါးတို့သန္တာန်၌သာ ဖြစ်ခွင့်ရှိသည်။ ကြွင်းစိန္တာမယဉာဏ်တို့ကား ပါရမီရင့်ပြီး ပညာရှိကြီး များစွာတို့ သန္တာန်ဝယ် ဖြစ်နိုင်ခွင့် ရှိကြပေသည်။

သူတပါးထံမှ နာခံမှတ်သားသင် ကြားမှုကြောင့် ဖြစ်ပေါ်လာသော အတတ်ပညာအမျိုးမျိုး၌ လိမ္မာ တတ်ကျွမ်းသော ဉာဏ်နှင့် ကမ္မသကတာဉာဏ် သစ္စာနုလောမိကဉာဏ်ကို “သုတမယဉာဏ်” ဟုခေါ်သည်။ ဤသုတမယဉာဏ်နှင့် ပြဆိုခဲ့ပြီး စိန္တာမယဉာဏ်တို့သည် ပရမတ္ထသဘာဝတရား အထည်ကိုယ်အားဖြင့် ကာမကုသိုလ်ကြိယာ ဉာဏသမ္ပယုတ်စိတ်၌ယှဉ်သော ပညိန္ဒြေစေတသိက်သာ ဖြစ်သည်။

မဟဂ္ဂုတ်ကုသိုလ် ကြိယာ ဈာန်စိတ် ၁၈-ပါးနှင့် မဂ်စိတ် ၄-ပါး, ဖိုလ်စိတ် ၄-ပါး၌ ယှဉ်သောဉာဏ်ကို ဘာဝနာပွါးများမှုကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ဖြစ်၍ “ဘာဝနာမယဉာဏ်”ဟု ခေါ်ဆိုလေသည် (ဒီ၊ ၃။၁၀၃။ အဘိ၊ဝိ၊၃၇။ဒီ၊ဋ္ဌ၊၃။၁၈၄။ အဘိ၊ ဋ္ဌ၊ ၂။၃၉၂-၃၉၅။ ဒီ၊ဋီ၊၃။ ၂ဝ၉၊၂၁၀)။

သမ္မာသမ္ဗောဓိဉာဏ်[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သည့် အထွတ်အထိပ် ဉာဏ်တို့ကား သမ္မာသမ္ဗောဓိဉာဏ် ပစ္စေကဗော ဓိဉာဏ်, သာဝကဗောဓိဉာဏ်တို့ ဖြစ်သည် (ခုဒ္ဒက။၁ဝ။ ဝိ၊ဋ္ဌ၊၁။၁၁၀။ ဒီ၊ဋ္ဌ၊၁၊ ၉၃။ ဒီ၊ဋ္ဌ၊၂။၆၃။ မ၊ဋ္ဌ၊၃။၆၄။ သံ၊ဋ္ဌ၊၂။၁၈။ အံ၊ ဋ္ဌ၊၁။၄၃။ အံ၊ဋ္ဌ၊၃။ ၂၁၃။ ခုဒ္ဒက၊ဋ္ဌ၊၁၉၆။ ဥဒါန၊ဋ္ဌ။ ၂၅၆။ သာရတ္ထု၊၁။၃၅၂။ သာ ရတ္ထ၊၃။၁ဂ၀၊၁၉၃။ ဝိမတိ၊၁။ ၇၀။ ဒီ၊ဋီ၊၁။ ၁၃၆။ သီ၊ဋီ၊ သစ်၊၁။၃၈၄)။ ထိုတွင် သမ္မာ သမ္ဗောဓိဉာဏ်ကို ရယူလိုသော ဘုရားအလောင်းသူတော်ကောင်းတို့သည် အောက်ထစ် ပိုင်းခြား အယုတ်အားဖြင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီ ၁၀-ပါး (အပြား ၃၀) စွန့်ခြင်းကြီး ၅-ပါး စရိယ ၃-ပါးတို့ကို မကြောက်မရွံ့  နောက်မတွန့်ပဲ ရဲဝံ့စွာ ဖြည့်ကျင့် ဆည်းပူးတော်မူရသည်၊ ယင်းသို့ ဖြည့်ကျင့် ဆည်းပူးပြီးလျှင် နောက်ဆုံး ပစ္ဆိမဘဝ၌ အရဟတ္တမဂ်ကို ရသည်နှင့် တပြိုင်နက် ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိ ဒါ၄-ပါး ဝေသာရဇ္ဇဉာဏ် ၄-ပါးအဘိညာဉ် ၆-ပါး, အသာဓာရဏဉာဏ် ၆-ပါး, ဒသဗလဉာဏ် ၁၀-ပါး, ဗုဒ္ဓဉာဏ် ၁၄-ပါးစသည်တို့ဖြင့် တန်းဆာဆင်အပ်သည့် သဗ္ဗညုတဉာဏ်တော် ကြီးကို ရရှိတော်မူကြသည်၊ အရဟတ္တမဂ် ဉာဏ်နှင့်တကွ ဖော်ပြပြီး ဉာဏ်တို့ကို “သမ္မာ သမ္ဗောဓိဉာဏ်”ဟု ခေါ်သည်။ (ဤ၌ဝိဇ္ဇာ ၃ ပါးဟူသည် ရှေးဘဝတို့၌ နေခဲ့ဖူး (ဖြစ်ခဲ့ဖူး) သော ခန္ဓာတို့ကိုပြန်ပြောင်း အောက်မေ့နိုင်သော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ် စုတေဆဲ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကို သိမြင်နိုင်သော စုတူပပါတဉာဏ်”, တထောင့်ငါးရာ ကိလေ သာတို့ကိုကုန်ခန်းစေနိုင်သော “အာသဝက္ခယဉာဏ်” တို့ဖြစ်သည်။ (ဝိ၊၁၊၅၊၆။ဒီ၊၁။၇၆-၇၀။ အဘိ၊။ ၂၆၅။ ဝိ၊ဋ္ဌ၊၁။၁၂၆-၁၃ဂ။ ဒီ၊ဋ္ဌ၊ ၁။ ၂ဝဝ-၁။ အဘိ၊ဋ္ဌ၊၁။၄၃၅)။ သဗ္ဗညုတ ဉာဏ်၏အရမှာ သာမညအားဖြင့် မဟာကိရိယာ ဉာဏသမ္ပယုတ်စိတ် ၄-ခု၌ရှိသော “ပညာ” ဟူ၍ သုတ္တန်အဋ္ဌကထာ ဗြဟ္မဇာလသုတ် (ဒီ၊ဋ္ဌ၊၁။၉၃)၌လာ၏၊ ရေမီးအစုံအစုံ တန် ခိုးပြာဋိဟာပြသော အခါတို့၌ကား သောမနဿသဟဂုတ် ဥပေက္ခာသဟဂုတ်ဉာဏ သမ္ပယုတ် အသင်္ခါရိကမဟာကိရိယာစိတ်၌ရှိသော “ပညာ”ဟူ၍ ဇိနာလင်္ကာရဋီကာ (နှာ ၃ဝဂ)၌လာ၏။ အဘိဓမ္မာဝိနိစ္ဆယကျမ်း၊ နှာ ၃ဝ၄-၅။ ပဋိသမ္ဘိဒါ ၄-ပါး ဝေသာရဇ္ဇဉာဏ် ၄-ပါး၊ အဘိညာဉ် ၆-ပါး, အသာဓာရဏ ဉာဏ်-၆ပါး ဒသဗလဉာဏ် ၁၀-ပါး, ဗုဒ္ဓဉာဏ် ၁၄-ပါးတို့ကို ဆိုင်ရာ အဘိဓာန်ဝင်ပုဒ်ရင်းနှင့် စတုပဋိသမ္ဘိဒါစတုဝေသာရ ဆဠဘိညာ, ဆအသာဓာရဏဉာဏ စုဒ္ဒသဗုဒ္ဓဉာဏ-ပုဒ်ကို ၌ကြည့်။) ယင်းသမ္မာသမ္ဗောဓိဉာဏ်ကို ဂေါတ မဘုရားရှင်သည် သက်တော် ၃၅-နှစ်ပြည့်မြောက်သည့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မိုးသောက်ယံဝယ် ရရှိတော်မူသည်။

ပစ္စေကဗောဓိဉာဏ်[ပြင်ဆင်ရန်]

ပစ္စေကဗောဓိဉာဏ်ကိုရယူလိုသော ပစ္စေကဗုဒ္ဓအလောင်းအလျာတို့သည် ၂-သင်္ချေနှင့် ကမ္ဘာတသိန်းကာလပတ်လုံး ဒါနသီလစသော ပါရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူ ကြရသည်၊ ယင်းသို့ ဖြည့်ကျင့်ဆည်းပူးပြီးလျှင် နောက်ဆုံး ပစ္ဆိမဘဝ၌ အရဟတ္တမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက် ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိ ဒါ၄-ပါး၊ အဘိညာဉ် ၆-ပါးတို့ကို ဆရာမကူ သယမ္ဟုဖြင့် ရရှိတော်မူကြသည်။ ထိုဉာဏ်စုကို “ပစ္စေကဗောဓိဉာဏ်” ဟု ခေါ်ဆိုရလေသည်။ (ဤ၌“ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဂုဏ်ထူးရှိသော ပုဂ္ဂိုလ်များ မဆိတ်သုဉ်းသည့် “အသုည” ကမ္ဘာ၌သာ ပွင့်တော်မူကြ သည်၊ ဆိတ်သုဉ်းသည့် “သုည” ကမ္ဘာ၌ ပွင့်ပေါကြရိုး မရှိ”ဟု ဗုဒ္ဓဝံသ အဋ္ဌကထာ (နှာ-၂၂၇) ၌လာသည်၊ သုတ်မဟာဝါဋီကာ (နှာ-၆) ၌ကား သဗ္ဗညုဘုရားရှင်တို့ ဆိတ် သုဉ်းသည့် ဗုဒ္ဓသုညကမ္ဘာ၌လည်း ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပွင့်တော်မူကြကြောင်း လာရှိပေသည်၊ ဤနှင့်စပ်၍ မှတ်သားဖွယ် အဆုံးအဖြတ်ကို သမန္တစက္ခုဒီပနီ (ဒု၊နှာ ၂၆၃-၂၇ဝ) ၌ ကြည့်။)

သာဝကဗောဓိဉာဏ်[ပြင်ဆင်ရန်]

သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ တရားဒေသနာတော်ကို ဘုရားရှင်တို့ထံမှ၎င်း၊ ဘုရားရှင်တို့၏ တပည့်သာဝကများထံမှ၎င်း ကြားနာ၍ မဂ်ဖိုလ်ကိုရသော သာဝကတို့၏ အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါးစသော ဉာဏ်တို့ကို “သာဝကဗောဓိဉာဏ်”ဟု ခေါ် သည်၊ ယင်းသာဝကဗောဓိဉာဏ်သည် အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိ ဉာဏ် ပကတိသာဝကဗောဓိဉာဏ်ဟူ၍ ၃-မျိုး ပြားသည်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ လကျ်ာတော်ရံ လက်ဝဲတော်ရံ သာဝက ၂-ပါးကို “အဂ္ဂသာဝက” ဟုခေါ်သည်။ ယင်းအဂ္ဂသာဝကတို့ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါး ပဋိသမ္ဘိဒါ ၄-ပါး၊ အဘိညာဉ်၆-ပါးတို့ကို “အဂ္ဂသာဝကဗောဓိဉာဏ်” ဟုခေါ်သည်၊ အဂ္ဂသာဝကအလောင်းအလျာ ပုဂ္ဂိုလ်တို့သည် အဂ္ဂသာဝကဗောဓိဉာဏ်ကို ရယူတော်မူရန် တသင်္ချေနှင့်ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့်တော် မူကြရသည်။ (ယင်း အဂ္ဂသာဝကဗောဓိဉာဏ်ကို အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ ရဟန်းပြုပြီး နောက် ၁၅-ရက်မြောက်တွင် ရရှိတော်မူသည်၊ အရှင်မောဂ္ဂလ္လာန်ကား ရဟန်းပြုပြီး နောက် ၇ ရက်မြောက်တွင် ရရှိတော်မူသည်။ ဝိ၊ဋ္ဌ၊၁။၁၅ဝ။ ဒီ၊ဋ္ဌ၊၂။၁၁။ မ၊ဋ္ဌ၊၄၊၅၇-၉၊ အံ၊ဋ္ဌ၊၁။၁၂၆။ ဓမ္မ၊ဋ္ဌ၊၁။၆၁။ ထေရ၊ဋ္ဌ၊၂။ ၇၅။ အပ၊ဋ္ဌ၊၁။၂၃၄။ ထိုအရှင် ၂-ပါးတို့ သက်တော် ၂၅-နှစ်အရွယ် တောထွက်၍ တရားထူးရကြသည်ဟု ပဉ္စစတ္တာလီသပုစ္ဆာ ဝိသဇ္ဇနာကျမ်း၊ တတိယပုစ္ဆာ၌ အနုမာနနည်းအားဖြင့် ဆိုသည်။)

အရှင်မဟာကဿပ အရှင်ဥပါလိ အရှင်အာနန္ဒာစသော ရှစ်ကျိပ်သော မဟာသာဝ ကတို့ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိဒါ ၄-ပါး အဘိညာဉ် ၆ပါးတို့ကို “မဟာသာဝကဗောဓိဉာဏ်”ဟု ခေါ်သည်။ ယင်း မဟာသာဝက ဗောဓိဉာဏ်ကို ရယူရန် ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့် ဆည်းပူးတော်မူကြရသည်။ (ထို့ ပြင် ဘုရားရှင်တို့၏မယ်တော် ခမည်းတော် အလုပ်အကျွေး သားတော်တို့သည် ယင်း မဟာသာဝကများနည်းတူ ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်တော်မူကြရသည်။ သုတ္တနိ၊ဋ္ဌ၊၁။၄၆။ ထေရ၊ဋ္ဌ၊၁။၁၁။ အပ၊ဋ္ဌ၊ ၁။၁၅၈)။

အဂ္ဂသာဝက၊ မဟာသာဝကတို့မှ တပါးအခြားသော အရဟတ္တမဂ် အရဟတ္တဖိုလ် ပေါက်ရောက်တော်မူကြသော ဘုရားရှင်၏ တပည့်သားများကို “ပကတိသာဝက” ဟု ခေါ်သည်။ ယင်း ပကတိသာဝကတို ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃ ပါး ပဋိသမ္ဘိဒါ ၄-ပါး, အဘိညာဉ် ၆-ပါး တို့ကို “ပကတိသာဝကဗောဓိဉာဏ်”ဟု ခေါ် သည်၊ ထိုဉာဏ်ကို ရယူရန် ပကတိသာဝက အလောင်းအလျာတို့သည် တဘဝ နှစ်ဘဝမှ စ၍ ကမ္ဘာတသိန်းအတွင်း ထိုက်သည်အားလျော်စွာ ပါရမီ ဖြည့်ကျင့်တော်မူကြရသည်။ ထို ပကတိသာဝကတို့တွင် အချို့မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုသာရ၍ ဝိဇ္ဇာ ၃-ပါးစသော ဂုဏ်ထူးဝိသေသကို မရကြ၊ အချို့မှာ ဝိဇ္ဇာ ၃-ပါး, အချို့ ပဋိသမ္ဘိဒါ ၄-ပါး အချို့ အဘိညာဉ် ၆-ပါး အချို့ ဆိုခဲ့ပြီး အားလုံးကို ပါရမီသမ္ဘာရအလိုက် ထိုက် သည့်အားလျော်စွာ ရရှိတော်မူကြသည် (အံ၊ ဋ္ဌ၊၁။၁ဝ။ သုတ္တနိ၊ဋ္ဌ၊၁။၄၃-၄၆။ ထေရ၊ဋ္ဌ၊ ၁။ဂ-၁၅။ အပ၊ဋ္ဌ၊၁။၁၅၅-၁၅၉။ စရိယာ၊ဋ္ဌ။ ၃၂၀)။ (ဤဂေါတမဘုရားရှင် သာသနာတော်၌ ပကတိသာဝကဗောဓိဉာဏ်ကို ဧကဒီပိယထေရ်သည် ၄-နှစ်သားအရွယ်၌ ရရှိ၍ ပဉ္စသီလသမာဒါနိယထေရ်နှင့် ပဒုမထေရ်တို့သည် ၅-နှစ်သားအရွယ်၌ ရရှိတော်မူကြသည်။ အပ၊၁။ဂ၅၊၁၂၂/၄၄၀။ ထို့ကြောင့် ထိုမထေရ်တို့ကို အသက်အရွယ် အငယ်ဆုံး ပကတိသာဝကဗောဓိဉာဏ်ကိုရသော ပုဂ္ဂိုလ်များဟု မှတ်တမ်းတင်ထိက်ပေသည်)

ဉာဏ်ရည်များ ကွားခြားကြပုံ[ပြင်ဆင်ရန်]

ဖော်ပြပြီး ဗောဓိဉာဏ်တို့သည် စိန္တာမယ သုတမယ ဘာဝနာမယဉာဏ်တို့၌ ထိုက်သည် အားလျော်စွာ ပါဝင်ကြသည်။ ပုထုဇဉ်တို့၏ စိန္တာမယ သုတမယ ဘာဝနာမယဉာဏ်ထက် သေက္ခပုဂ္ဂိုလ်ကို၏ စိန္တာမယ သုတမယ ဘာဝနာမယဉာဏ်သည် သာလွန်နက်နဲသည်။ ယင်းထက် ပကတိသာဝကရဟန္တာတို့၏ သာဝကဗောဓိဉာဏ်သည် သာလွန်နက်နဲသည်၊ ယင်းထက်လည်း မဟာသာဝက အဂ္ဂသာဝက ပစ္စေကဗုဒ္ဓါ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ ဗောဓိဉာဏ်တို့သည် အဆင့်ဆင့် သာလွန်နက်နဲကြပေသည် (ဒီ၊ဋ္ဌ၊၁။၉၃။ ဒီ၊ဋီ၊ ၁။ ၁၃၆။ သီ၊ဋီ၊သစ်၊၁။၃၈၄)။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များနှင့် အဂ္ဂသာဝက ၂-ပါးတို့သည် သက်ရှိ “သဝိညာဏက” သတ္တဝါတို့၏ စက္ခု သောတ ဃာန ဇိဝှါ ကာယ စသော ဓာတ်တို့၏ တပါးနှင့်တပါး မတူထူးခြား ကွဲ ပြားမှုကို သိတော်မူကြသည်။ သက်မဲ့ “အဝိညာဏက” သစ်ပင် တော တောင် စသည် တို့၏ ပထဝီ ပေါ တေဇော ဝါယာ ဝဏ္ဏ ဂန္ဓ ရသ ဩာစသော ဓာတ်တို့၏ တပါးနှင့်တပါး မတူထူးခြား ကွဲပြားမှုကိုကားသိရှိတော်မမူကြပေ၊ သဗ္ဗညုဘုရားရှင်တို့ကား သက်မဲ့ “အဝိညာဏက” ဝတ္ထုတို့၏ ဓာတ်သဘာဝချင်း ထူးခြားမှုကိုလည်း သိမြင်တော် မူကြသည်၊ “ဤမည်သောဓာတ်၏ လွန်ကဲ များပြားမှုကြောင့် ဤမည်သော သစ်ပင်၏ ပင်စည်သည် ဖြူဖွေးနေရသည်၊ မည်းနက်နေရသည်၊ အခွံအခေါက်သည် ထူထဲနေရသည်။ ပါးလှစ်နေရသည်၊ အရွက်သည်လေးထောင့် အဝိုင်းစသည်ဖြစ်၍ နေရသည်၊ အပွင့်သည် ဖြူ နီ ဝါ ညှိ ထိုထိုအဆင်းရှိနေရသည်၊ အနံ့ ကောင်း အနံ့ဆိုး တမျိုးမျိုး ရှိနေရသည်။ အသီးသည် ကြီး ငယ်၂-ပါး ကွဲပြား၍ အဝိုင်း လေးထောင့်-စသည် ပုံဟန်သဏ္ဌာန်ကွဲ၍နေရသည်၊ ထို့ပြင် ချို ချဉ် စွပ် ခါး အစားစားသော အရသာရှိရလေသည်” ဤသို့ ကျနသေချာ သိမြင်တော်မူကြပါပေသည် (မ၊ဋီ၊ ၃။ ၂၇၂)။

ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ဗောဓိအလောင်းအလျာ အာဇာနည် ပုဂ္ဂိုလ်ကြီးတို့သည် မိမိတို့ရည်သန် ပန်ဆင် အပ်သည့် “ဗောဓိဉာဏ်”အလိုက် ထိုက်သည် အားလျော်စွာ ပါရမီဖြည့်ကျင့်တော်မူကြပြီး လျှင် နောက်ဆုံးပစ္ဆိမဘဝ၌ ဝိသုဒ္ဓိ ၇-ပါး ယာဉ်ရထားဖြင့် အဆင့်ဆင့်တက်ကာအထွတ် အထိပ်ဖြစ်သည့် ဗောဓိဉာဏ်သို့ ရောက်တော်မူကြသည်၊ နောက်ဆုံးပစ္ဆိမဘဝဝယ် ဗောဓိ အလျာပုဂ္ဂိုလ်သူမြတ်ကြီးတို့သည် သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ခြင်းစသော ပါတိ မောက္ခသံဝရသီလ, ဣန္ဒြေ ၆-ပါး တံခါး ၆ ပေါက်တို့၌ အကုသိုလ်တရားတို့ မဝင်လာရအောင် စောင့်စည်းပိတ်ဆို့ခြင်းဣန္ဒိယသံဝရသီလ အသက်မွေးမှု၏ စင်ကြယ်ခြင်းအာဇီဝ ပါရိသုဒ္ဓိသီလ, ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း ၄-ပါးတို့ကို ဉာဏ်နှင့်ယှဉ်ကာ ဆင်ခြင်သုံးစွဲခြင်း ပစ္စယသန္နိဿိတသီလ ဟူသော စတုပါရိသုဒ္ဓိသီလကို ခရုသင်းပွတ်သစ် ပုလဲနှစ်အသွင် စင်ကြယ်အောင် ကျင့်သုံး တော်မူကြသည်။ ယင်းသို့ ကျင့်သုံး၍ သီလ ဝိသုဒ္ဓိ ဖြစ်ပြီးနောက် သမထကမ္မဋ္ဌာန်းကို အားထုတ်တော်မူကြပြီးလျှင် မဟဂ္ဂုတ် အပ္ပနာဈာန်သို့သော်၎င်း အပ္ပနာဈာန်၏အနီး ဥပစာရသို့သော်၎င်း ရောက်စေကာ သမာဓိကို ထူထောင်တော်မူကြသည်၊ ဥပစာရသမာဓိ အပ္ပနာသမာဓိကိုရ၍ စိတ္တဝိသုဒ္ဓိဖြစ် ပြီးသောအခါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် နာမ် ရုပ်တရားတို့ကို “ဤကားရုပ် ဤကားနာမ်”ဟု အဖန်ဖန် သိမ်းဆည်းဆင်ခြင်တော်မူကြသည်။ ယင်းသို့ သိမ်းဆည်းဆင်ခြင်သော “နာမရူပပရိဂ္ဂဟဉာဏ်”ကို အတ္တဒိဋ္ဌိမှ စင်ကြယ်သောကြောင့် “ဒိဋ္ဌိဝိသုဒ္ဓိ” ဟု ခေါ်သည်။ ထိုနောက်တဖန် ဆက်လက်၍ “ဤနာမ် ရုပ်တရားတို့သည် ပဋိသန္ဓေအခါဝယ် အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံဟူသော အတိတ်အကြောင်းများကြောင့်ဖြစ်၍ ပဝတ္တိအခါဝယ် ရုပ်သည် ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း ၄-ပါး ကြောင့်၎င်း နာမ်သည် စက္ခုပသာဒ ရူပါရုံစသော အကြောင်းများကြောင့်၎င်း ဖြစ်ပေါ်နေသည်”ဤသို့ နာမ်ရုပ်တရားတို့၏ အကြောင်းကို သိမ်းဆည်းဆင်ခြင်တော်မူကြသည်။ ယင်းသို့ သိမ်းဆည်းဆင်ခြင်သော “ပစ္စယပရိဂ္ဂဟဉာဏ်”ကို ၁၆-ပါးသော ယုံမှားခြင်းမှ လွန်မြောက်၍ စင်ကြယ်သောကြောင့် “ကင်္ခါဝိတရဏဝိသုဒ္ဓိ”ဟု ခေါ်သည်၊ ဤကင်္ခါဝိတရဏဝိသုဒ္ဓိတိုင်အောင် ဝိပဿနာဉာဏ် အမြင် မပါဝင်သေးပေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ တက်လှမ်းပြီးနောက် ဉာဏ်ဖြင့် သိမ်းဆည်းဆင်ခြင်ခဲ့ပြီး ဖြစ်သည့် နာမ်ရုပ်တရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် သုံးသပ်ဆင်ခြင်တော်မူကြသည်။ ထိုသို့ သုံးသပ်ဆင်ခြင်သောဉာဏ်ကို “သမ္မသနဉာဏ်” ဟု ခေါ်သည်။ (ဤသို့ ဝိပဿနာရှုကြသော ပုဂ္ဂိုလ်တို့ကား ဈာန်အဘိညာဉ် မရသည့် သုက္ခဝိပဿကပုဂ္ဂိုလ်, ဈာန်အဘိညာဉ်ရသည့် ပကတိသာဝက, မဟာသာဝက, အဂ္ဂသာဝက, ပစ္စေကဗုဒ္ဓါ, သမ္မာသမ္ဗုဒ္ဓဘုရားအလောင်းဟု ၆-မျိုးရှိရာ သုက္ခဝိပဿကပုဂ္ဂိုလ်တို့သည် မိမိတို့ လိုလားအပ်တိုင်းသော နာမ်ရုပ်တရားကို ဝိပဿနာရှုခြင်းငှါ မစွမ်းနိုင်ကြပေ၊ နာမ်ရုပ် အများတွင် နာမရူပပရိဂ္ဂဟဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းဆင်ခြင်အပ်ပြီး နာမ်ရုပ်တရားတပါးပါးကိုသာ ဝိပဿနာရှုစွမ်းနိုင်ကြသည်။ ဈာန်အဘိညာဉ်ရပြီး ပကတိသာဝကပုဂ္ဂိုလ်ကြီးတို့ကား နာမရူပပရိဂ္ဂဟဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းဆင်ခြင်အပ်ပြီး နာမ်ရုပ်တရားမှတပါး အခြားနာမ်ရုပ်တရားကိုလည်း တိုးချဲ့ကာ ဝိပဿနာရှုနိုင်ကြသည်၊ မဟာသာဝက အဂ္ဂသာဝက ပစ္စေက ဗုဒ္ဓါအလောင်းအလျာတို့ကား ဆုတောင်းခြင်း “အဘိနီဟာရ” အားလျော်စွာ အဆင့်ဆင့် သာလွန်ကာ အထူးပင်ဝိပဿနာရှုမြင်တော်မူနိုင်ကြသည်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်တို့ကား မဖောက်မပြန် ကောင်းမွန်စွာ ဖြည့်ကျင့်ဆည်းပူးအပ်သည့် ပညာပါရမီတော်ဖြင့် ထုံမွှမ်းအပ်သော သဗ္ဗညုတဉာဏ်ကို ရယူဖိုရန် လျော်ကန်သောအားဖြင့် အလွန်အကျူးအထူးပင် ရှုမြင်တော်မူနိုင်ကြပါပေသည်။ (သာရတ္ထ၊၃။ ၂၃၀။ မ၊ဋီ၊၃။ ၂၇၅-၆)။ ဘုရားအလောင်းတော်တို့သည် သမ္မသနဉာဏ်ဖြင့် နာမ်ရုပ်တရားတို့ကို သုံးသပ်ဆင်ခြင်တော်မူကြသောအခါ “အာဏာခေတ်”ဟုခေါ်သည့် စကြဝဠာကုဋေတသိန်းအတွင်းရှိ နာမ် ရုပ် တရားတို့ကို သုံးသပ်ဆင်ခြင်တော်မူကြသည်။ စကြဝဠာတခုအတွင်းဝယ် သတ္တဝါတွေ မည်မျှပင် များပြားစေကာမူ ပရမတ္ထသဘာဝ အစစ် တရားအနှစ်ကို ညှစ်ထုတ်လိုက်သော် အဝိဇ္ဇာအစ ဇရာ-မရဏအဆုံးရှိသည့် ပဋိစ္စ သမုပ္ပါဒ် အင်္ဂါ ၁၂-ပါး တရားသားတို့သာ ရှိကြပေသည်။ ဤသို့ စကြဝဠာတခုလျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးစီအားဖြင့် စကြဝဠာ ကုဋေတသိန်းအတွင်းဝယ် ပဋိစ္စသမုပ္ပါဒ် အင်္ဂါတသန်းနှစ်သိန်း တွေ့မြင်တော်မူကြရာ ယင်းအင်္ဂါတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်တော်မူကြသည်၊ ထို့ ကြောင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါတသန်းနှစ်သိန်းကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်သော ဝိပဿနာဉာဏ် ၃-ပါးဖြင့် မြှောက်ပွါး၍ အလောင်းဘုရားတို့ သန္တာန်ဝယ် ကုဋေသုံးသန်း ခြောက်သိန်းမျှသော သမ္မသနဉာဏ်တို့ ဖြစ်ပွါးခဲ့ကြသည်ကို ကြည်ညိုသိရှိရပေသည်၊ ဤသမ္မသနဉာဏ်ကို “မဟာဝဇိရဉာဏ်”ဟု ခေါ်ဆိုလေသည်။ ယင်း မဟာဝဇိရဉာဏ်ကို ကျမ်းဂန်တို့၌ အမျိုးမျိုးမိန့်ဆိုလျက်ရှိရာ- ဒီ၊ဋ္ဌ၊၃။၅၈။ ထေရ၊ဋ္ဌ၊၁။ ၁၀။ နေတ္တိ၊ဋ္ဌ။၁၉၆။ သာရတ္ထ၊၁။၃၁၅။ သာရတ္ထု၊၃။ ၂၂၉။ ဒီ၊ဋီ၊၃။၅၅။ သီ၊ဋီ၊သစ်၊ ၁။၂၄၂။ မ၊ဋီ၊၁။၃ဂ။ မ၊ဋီ၊ ၂။ ၂၆၆။ မ၊ဋီ၊ ၃။ ၂၇၅။ သံ၊ဋီ၊၁။ ၂၅၁။ ဝိသုဒ္ဓိ၊ဋီ၊၁။ ၂၅၉။ နေတ္တိ၊ဋီ၊၂၁၊၄ဂ-တို့၌ ကြည့်။)

အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံဟူသော အတိတ်အကြောင်းများနှင့် စိတ် ဥတု အာဟာရစသော ပစ္စုပ္ပန်အကြောင်းများကြောင့် နာမ် ရုပ်တရားတို့ ဖြစ်ပွါးနေကြသည်၊ ယင်းအကြောင်းများ ချုပ်ငြိမ်းသွားလျှင် နာမ် ရုပ်တရားတို့ ချုပ်ငြိမ်းသွားကြပေမည်၊ ဤသို့ အကြောင်းနှင့်စပ်၍ အဖြစ်အပျက်ကို ရှုသော အလောင်းတော်တို့အား ၎င်း အကြောင်းတရားမဖက် နာမ်ရုပ်တရားတို့၏ အဖြစ်အပျက်သဘော လက္ခဏာသက်သက်ကိုသာ ရှုသော အလောင်းတော်တို့အား ၎င်း“ဥဒယဗ္ဗယဉာဏ်” ရင့်သန်တိုးတက်လာပေသည်၊ ထိုဥဒယဗ္ဗယဉာဏ်ဖြင့် နာမ်ရုပ်တရားတို့၏ ဖြစ်ပျက်ဟန်ကို သန်သန်ကြီး ရှုတော်မူကြစဉ် အလောင်းတော်တို့၏ သန္တာန်ဝယ် ဩဘာသ (=ကိုယ်ရောင်ကိုယ်ဝါ) စသော ဝိပဿနာညစ်ညူးကြောင်း ဘေးရန်တို့ ဖြစ်ပေါ်လာကြသည်။ ထိုအခါ “ ဩဘာသစသည်တို့သည် တဏှာ မာန ဒိဋ္ဌိ တို့၏ အကြောင်းဖြစ်၍ အရိယမဂ်သို့ ရောက်ကြောင်း လမ်းကောင်း လမ်းမှန်မဟုတ်ကြပေ၊ စင်စစ်သော်ကား ဝိပဿနာ၏ ညစ်ညူးကြောင်း ဘေးရန်တို့သာ ဖြစ်ချေသည်၊ ထို ညစ်ညူးကြောင်း ဘေးရန်တို့မှ လွတ်သည့် ဝိပဿနာဉာဏ်သည်သာ အရိယမဂ်သို့ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ဖြစ်ပေသည်” ဟု ပိုင်းခြားဆင်ခြင်တော်မူကြသည်၊ ယင်းသို့ မဂ်ဟုတ်သည် မဟုတ်သည်ကို ပိုင်းခြားဆင် ခြင်မှုကို “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟု ခေါ် သည် ။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုစခန်းသို့ တက်လှန်းပြီးနောက် ဆက်လက်တဖန် အားထုတ် ပြန်သော အလောင်းတော်တို့အား ၉-ပါးသော ဝိပဿနာဉာဏ်တို အဆင့်ဆင့် တက် ကာ ဖြစ်ပေါ်လာကြပေသည်၊ ယင်းကား (၁) အဖြစ်အပျက်ကို ရှုမြင်သော “ဥဒယဗ္ဗ ယဉာဏ်”၊ (၂) အဖြစ်ကိုလွှတ်၍ အပျက်ကိုသာ ရှုမြင်သော “ဘင်္ဂဉာဏ်၊ (၃) နာမ်ရုပ် တရားတို့ကို ခြင်္သေ့ သစ် ကျားပမာ ကြောက် မက်ဖွယ်ရာ ဘေးကြီးအဖြစ်ဖြင့် ရှုမြင်သော “ဘယဉာဏ်”၊ (၄) ယင်းသို့ ရှုမြင်အပ်သော နာမ်ရုပ်တရားတို့ကို အလျှံတပြောင်ပြောင် တောက်လောင်နေသော အိမ်ကြီးပမာ အပြစ်အစုသာဖြစ်ကြောင်း ရှုမြင်သော “အာဒီနဝဉာဏ်”၊ (၅) အပြစ်မြင်အပ်ပြီး နာမ်ရုပ်တရားတို့၌ ငြီးငွေသည်၏အစွမ်းဖြင့်ဖြစ်သော “နိဗ္ဗဒါဉာဏ်၊ (၆) နာမ် ရုပ် ၂-ပါး သင်္ခါရတရားတို့ကို စွန့်လွှတ်ပယ်ရှားလိုသော “မုစ္စိတုကမျတာဉာဏ်၊ (၇) တဖန် နာမ်ရုပ်တရားတို့ကို သုံးသပ်ဆင်ခြင်သော “ပဋိသင်္ခါဉာဏ်၊ (၈) စွန့်လွှတ်အပ်ပြီးမယား၌ အပြစ်မပြု လျစ်လျူရှုသော ယောက်ျားကဲ့သို့ အပြစ်မြင်အပ်ပြီးသော နာမ်ရုပ်တရားတို့၌ လျစ်လျူရှု “သင်္ခါရုပေက္ခာဉာဏ်”၊ (၉) မဂ္ဂဝီထိတွင်ပါဝင်သည့် ပရိကံ ဥပစာ အနုလုံ၌ယှဉ်သော “အနုလောမဉာဏ်”တို့ဖြစ်သည်၊ ဤဝိပဿနာဉာဏ် ၉-ပါးကို “ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ”ဟု ခေါ် သည်။ သမ္မသနဉာဏ်မှ စ၍ အနုလောမဉာဏ် တိုင်အောင် ဖော်ပြပြီး ဉာဏ်၁၀-ပါးကို “ဝိပဿနာဉာဏ်စဉ် ၁၀-ပါး”ဟု ခေါ်ဆိုကြလေသည်။

ဝိပဿနာဉာဏ်စဉ် ၁၀-ပါးတွင် ၉-ခု မြောက် သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာ သောအခါ နာမ်ရုပ်တရား အများတွင် တပါးပါးသော နာမ် ရုပ်တရားသည် အလောင်းတော်တို့၏ မနောဒွါရဝယ် ရှေးရှုထင်လာသည်။ ယင်းသို့ "ထင်လာမှုကြောင့် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ-ဟု ဘဝင် ၂-ကြိမ် ဖြစ်၍ ချုပ်ကာ ဘဝင်အယဉ် ပြတ်သွားလေ သည်။ ထိုအခါ ထင်လာသော နာမ်ရုပ်တရား တပါးပါးကို အာရုံပြု၍ ပရိကံ, ဥပစာ, အနုလုံ ဟူသော ဝိပဿနာဇောတို့ တကြိမ်စီ စောကြသည်၊ ထို့နောက် ဆက်လက်၍ သန္တိသုခနိဗ္ဗာနဓာတ်ကို အာရုံပြုသော ဂေါတြဘူတကြိမ် မဂ်ဇောတကြိမ် ဖိုလ်ဇော ၂-ကြိမ်စော၍ ဘဝင်ကျလေတော့သည်၊ ဤစိတ်အစဉ်ကို မဂ်ကျသော စိတ်အစဉ်ဖြစ်သောကြောင့်“မဂ္ဂဝီထိ” ဟု ခေါ် သည်၊ ယင်းမဂ္ဂဝီထိတွင် ပါဝင်သော ပရိကံ ဥပစာ အနုလုံ၌ယှဉ်သော ဉာဏ်ကို “အနုလောမဉာဏ်”ဟု ခေါ် သည်၊ ဤသို့ မဂ္ဂဝီထိ ကျပြီးနောက် မဂ်, ဖိုလ်, နိဗ္ဗာန်, ပယ်အပ်ပြီးသော ကိလေသာ, မပယ်ရသေးပဲ ကြွင်းကျန် နေသော ကိလေသာတို့ကို ဆင်ခြင်သော “ပစ္စဝေက္ခဏာဝီထိ”တို့ ဖြစ်ကြပြန်သည်။ ယင်း ပစ္စဝေက္ခဏာဝီထိ၌ယှဉ်သော ဉာဏ်ကို “ပစ္စဝေက္ခဏာဉာဏ်”ဟု ခေါ်သည်၊ ပြဆို ခဲ့ပြီးအတိုင်း သောတာပတ္တိမဂ်, သကဒါဂါမ်မဂ်, အနာဂါမိမဂ်တိုင်အောင် ၃-ကြိမ် ၃ ဆင့်တက်ပြီးနောက် ၄-ဆင့်မြောက် အရဟတ္တမဂ်သို့ ရောက်သောအခါ ဆည်းပူးအပ်ပြီးသော ပါရမီတော်အလျောက် “ဗောဓိဉာဏ်” ပေါက်တော်မူကြလေသည်။ ဤသို့ သီလဝိသုဒ္ဓိမှစ၍ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိတိုင်အောင် ဝိသုဒ္ဓိ ၆-ပါးဖြင့် အဆင့်ဆင့်တက်ကာ ရရှိအပ်သော မဂ်ဉာဏ် ၄-ပါးကို စင်ကြယ်သော ဉာဏ်အမြင်ဖြစ်သောကြောင့် “ဉာဏဒဿနဝိသုဒ္ဓိ”ဟု ခေါ်ဆိုလေသည် (ပဋိသံ၊ဋ္ဌ၊ ၁။၁၇-၂၈။ ဝိသုဒ္ဓိ၊ ၂၂၂-၃၁၈။ စူဠနိ၊ဋ္ဌ၊ ၉၃-၁၀၁။ သင်္ဂဟ။၁၅၆-၁၆၂။ ဝိဘာဝိနီ။ ၂၆-၂၇၄)။

ပညာနှင့်ဗောဓိပက္ခိယတရားများ[ပြင်ဆင်ရန်]

လောကီဂုဏ်ကျေးဇူးတရား (သူတော် ကောင်းတရား) အများတွင် သဒ္ဓါသည် အကြီးအမှူးဦးစီးပဓာနဖြစ်၍ လောကုတ္တရာဂုဏ်ကျေးဇူးတရားအများတွင် ပညာသည် အကြီးအမှူးဦးစီးပဓာနဖြစ်သည် (သာရတ္ထ၊ ၁။၄၁၂)။ ပညာသည် အကြီးအမှူးတရား “အဓိပတိ” ၄-ပါးတွင် ဝီမံသာဓိပတိအဖြစ်ဖြင့် ပါဝင်သည်(ပဋ္ဌာန၊၁။ ၂)။ ထို့ပြင် မဂ် ဉာဏ်၏ အသင်းအပင်း၌ဖြစ်သည့် “ဗောဓိပက္ခိယ”တရား ၃၇-ပါးတွင်လည်း ပဓာန အခန်းမှ ပါဝင်ပြန်သည်၊ ပြီးစီးပြည့်စုံသောတရား “ဣဒ္ဓိပါဒ်” ၄-ပါးတွင် ဝီမံသိဒ္ဓိပါဒ် အဖြစ်ဖြင့်၎င်း ကိုယ့်ဆိုင်ရာဝယ် စိုးပိုင်နိုင်နင်းသောတရား “ဣနြေ” ၅-ပါးတွင် ပညိနြေ အဖြစ်ဖြင့်၎င်း ဆန့်ကျင်ဖက်တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ ရဲဝံ့သည့် “ဗိုလ်”တရား ၅-ပါးတွင် ပညာဗိုလ်အဖြစ်ဖြင့်၎င်း၊ နာမ်ရုပ်မြင်သိ ပညာရှိ ဖြစ်ကြောင်းတရား “ဗောဇ္ဈင်” ၇-ပါးတွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်အဖြစ်ဖြင့်၎င်း နိဗ္ဗာန်လမ်းစဉ် “မဂ္ဂင်” ဂ-ပါးတွင် သမ္မာဒိဋ္ဌိမဂ္ဂင်အဖြစ်ဖြင့်၎င်း ပါဝင်လေသည် (သံ၊၃။၁၇၀။ အဘိဓ။၁၇။ အဘိ၊ဝိ။ ၂၂ဂ၊ ၂၃၁-၇-၉၊၂၄၄-၆။ ပဋိသံ။၁၉၈)။

ပညာတိုးပွားကြောင်း[ပြင်ဆင်ရန်]

ဉာဏ်ပညာတိုးပွါးကြောင်း တရားများကို ကျမ်းဂန်တို့၌ အမျိုးမျိုးမိန့်ဆိုကြသည်။ အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၁၁၇-၈) အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ(နှာ-ဂ၇) မဏိသာရ များသာဋီကာ(ပ၊နှာ-၂၁၂-၃)နှင့် ပရမတ္ထဒီပနီဋီကာ(နှာ-၅၀)တို့၌ (၁) ဉာဏ်ပညာတိုးပွါး စေတတ်သည့် ကောင်းမှုကံရှိခြင်း (၂) ဒေါသ“ဗျာပါဒ” မရှိသည့် ဗြဟ္မာပြည်၌ဖြစ်ခြင်း (၃) ပညိန္ဒြေရင့်ကျက်လာခြင်း (= လူသားများအတွက် “ပညာဒသကအရွယ်” ၄၀-ကျော် ၅၀-တွင်း ချင်းနင်း ဝင်ရောက်လာခြင်း), (၄) ကိလေသာတရား ခေါင်းပါးဝေးကွာခြင်းဟု အ ကြောင်း ၄-ပါး မိန့်ဆိုသည်။ ပရမတ္ထဒီပနီဋီကာ (နှာ-၅၀-၁)၌ (၁) ဉာဏသမ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း (ယင်းကို ပဋိသန္ဓေဉာဏ် ပင်ကိုယ်ဉာဏ်ဟု ခေါ်သည်), (၂) အမောဟ အဇ္ဈာသယရှိခြင်း (၃) ပညာရှိပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊ (၄) ကြားနာသင်အံ ကြံစည်လေ့ လာခြင်းဟူ၍ အကြောင်း ၄-ပါး၊ တနည်းအားဖြင့် မိန့်ဆိုသည် သုတ်မဟာဝါ အဋ္ဌကထာ(နှာ-၃၇၆-၇-ဂ) မူလပဏ္ဏာသအဋ္ဌကထာ(ပနှာ-၂၉၄-၅-၆), သံယုတ်အဋ္ဌကထာ(တ၊နှာ-၁၉၃-၄-၅), အင်္ဂုတ္တရအဋ္ဌကထာ(ပ၊နှာ-၃၉ဝ-၁-၂), အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၁၁၈), သမ္မောဟဝိနောဒနီ အဋ္ဌကထာ (နှာ-၂၆၃-၄-၅) နှင့် မဏိသာရမဉ္ဇူသာဋီကာ (ပ၊နှာ-၂၁၄)တို့၌ (၁) ပညာရှိများထံ အဖန်ဖန်မေးမြန်းခြင်း (၂) ကိုယ်တွင်း ကိုယ်ပ ၂-ဌာနလုံး သန့်ရှင်းစင်ကြယ်အောင် ရှင်းလင်းသုတ်သင်ခြင်း (၃) သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ- ပညာဟူသော ဣနြေ ၅-ပါး အစိုးရတရားတို့ အလွန် အကဲမရှိ အချင်းချင်းညီမျှနေခြင်း, (၄) ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ဝေးစွာရှောင်ကြဉ်ခြင်း, (၅) ပညာရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း (၆) ဉာဏ်၏ ကျက်စားရာ နက်နဲသော တရားသဘောတို့ကို သုံးသပ်ဆင်ခြင်ခြင်း (၇) လျောင်း ထိုင် ရပ် သွား ဣရိယာပုတ် ၄-ပါးတို့၌ တရားတော်တို့ကို စိစစ်သုံးသပ်မှု “ဓမ္မဝိစယသမ္ဗောဇ္ဈင်” ဖြစ်ပေါ်လာစေရန် ရှေးညွှတ်ကိုင်းခြင်းဟု အကြောင်း ၇-ပါး မိန့်ဆိုသည်။ မိလိန္ဒပဉ္စာပါဠိတော် (နှာ-၁၀၀)၌ (၁) အသက်အရွယ်ကြီးရင့်လာခြင်း၊ (၂) အခြံအရံပေါများခြင်း (၃) စုံစမ်းမေးမြန်းခြင်း (၄) ဆရာ့ထံပါး ခစားဆည်းကပ် မပြတ်မှီဝဲခြင်း (၅) အသင့်အတင့်နှလုံးသွင်းဆင်ခြင်ခြင်း (၆) ဆွေးနွေးတိုင်ပင်ခြင်း (၇) ချစ်ခင်သူနှင့် ပေါင်းသင်းရခြင်း (၈)သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ခြင်းဟူ၍ ဉာဏ်ပညာတိုးပွါးကြောင်းတရား ဂ-ပါး မိန့် ဆိုတော်မူသည်။ ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်ကို ရရှိတော်မူရန် ဝိဓုရပညာရှိ မဟာဂေါဝိန္ဒပညာရှိ ကုဒါလပညာရှိ အရကပညာရှိ ဗောဓိပရိဗိုင် မဟောသဓာသုခမိန်-  စသော ဘဝပေါင်းများစွာတို့၌ ပညာပါရမီကို အထူးဖြည့်ကျင့်ဆည်း ပူးတော်မူခဲ့သည် (အဘိ၊ဋ္ဌ၊၁။၇၃)။

ပြဆိုခဲ့ပြီးသည့်အတိုင်း ဒါသီလစသော ပါရမီ၁၀-ပါး မြတ်တရားတို့နှင့်တကွ ဉာဏ်ပညာပွါးကြောင်း တရားကောင်းတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူကြပြီးလျှင် မိမိတို့ လိုလားပန်ဆင်အပ်သည့် ဗောဓိဉာဏ်ကို လျင်မြန်ဆောစွာ ရရှိအောင် ကြိုးစားအားထုတ် ကြကုန်ရာသည်။

ပညာ[ပြင်ဆင်ရန်]

အထူးထူးအပြားပြားအားဖြင့်- ဝေဘန်- ပိုင်းခြား-- စဉ်းစား ဆင်ခြင်-သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ပညိန္ဒြေ စေတသိက်။

ပညာသည် အကောင်းအဆိုး အမျိုးမျိုးသော သဘောတရားတို့ကို အထူးထူး အပြားပြားအားဖြင့် ထိုးထွင်း သိမြင်ခြင်း လက္ခဏာရှိသည်။ ဆီးမီးကဲ့သို့ အာရုံ၏ သဘောမှန်ကို ထွန်းပြခြင်းကိစ္စရှိသည်။ မတွေမဝေ သိတတ်သော တရားအဖြစ်ဖြင့် ရှေးရှုထင်လာမှုအခြင်းအရာ အာကာရပစ္စုပဋ္ဌာန်ရှိသည်၊ သမာဓိဟူသော နီးသော အကြောင်း ပဒဋ္ဌာန်ရှိသည် ( အဘိ၊ဋ္ဌ၊၁။ ၁၆၅-၆။ ဝိသုဒ္ဓိ၊ ၂၈၆၀။ ဣတိဝုတ်၊ဋ္ဌ။၁၉၇)။ ဝိညာဉ်သည် အာရုံကို ရအောင်ယူ၍ သညာသည် အမှတ်ပြုသည်၊ ပညာကား ထိုအာရုံ၏ သဘောမှန်ကို သိသည်။ ယင်းတို့၏ထူးခြားပုံ အကျယ်ကို ဤအဘိဓာန် အတွဲ-၈ ဉာဏ ပုဒ်နှင့် ဆိုင်ရာကျမ်းတို့၌ ကြည့်။

ယင်းပညာသည် အသေးစားဖြစ်သော လူမှုကိစ္စမှစ၍ သစ္စာ ၄-ပါး တရားကိုင်ဆောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုး သိစွမ်းနိုင်သည်။ အဋ္ဌကာ(အဘိ၊ဋ္ဌ၊၁၊၁၆၅ ဣတိဝုတ်၊ဋ္ဌ၊၁၉၇)တို့၌ ပညာ၏ ဗျုပ္ပဘ်ကို ဖွင့်ပြရာဝယ် “သစ္စာ ၄-ပါးတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏”ဟု မိန့်ဆိုခြင်းကား မဟာဝေဒလ္လသုတ် (၂၁။ ၃၆၆)စသည်နှင့်အညီ ဥက္ကဋ္ဌနည်းအားဖြင့် ဆိုခြင်းသာဖြစ်သည်။ ထိုကြောင့် ဝိဘင်းပါဠိတော်(အဘိ၊ဝိ။၃၃၇)၌ အသက်မွေးကြောင်းဖြစ်သည့် လယ်လုပ်မှု ကုန်သွယ်မှု စသော “ကမ္မာယတန”၊ ယက်ကန်းအတတ် အိုးထိန်းသည်အတတ် စသော “သိပ္ပါယတန”၊ မြွေဆိပ်ချမန္တန်စသော “ဝိဇ္ဇာဌာန” တို့၌ တတ်သိနားလည်မှုကိုလည်း “ပညာ” ဟု ဟောတော်မူသည်။

ပညာအစစ်နှင့်အတု[ပြင်ဆင်ရန်]

လောကရေးရာ လိမ္မာပါးနပ်မှိုနှင့် စပ်၍ ပညာအစစ်, ပညာအတုဟု ခွဲထားပြုခဲ့ကြသည်။ အဋ္ဌကနိပါတ် သုလသာဇာတ် (ဇာ၊ ၁။၁၇၇။ ဇာ၊ဋ္ဌ၊၃။၄၁၃-၄၁၇)၌ ပစ္စုပ္ပန်ဝတ္ထုနှင့် အတိတ်ဝတ္ထုတို့ဝယ် လက်ဝတ်တန်ာများကို ယူလို၍ လူကို သတ်ရန် အကောက်ကြံသော အကောက်ကြံသော ခိုးသူလင်ယောက်ျားကို ဥပါယ်တံမျဉ်ဖြင့် ပြန်လည် လှည့်ပတ်ကာ သတ်ဖြတ် အနိုင်ယူလိုက်သော ကျွန်မနှင့် ပြည့်တန်ဆာမတို့အား ဘုရားရှင်နှင့် အလောင်းတော် နတ်သားတို့က “စူးစမ်းဆင်ခြင်တတ်သောပညာ ရှိပါသည်” ဟု ချီးကျူးကြသည်။ ထို့အတူပင် ကုလကေသီထေရီဝတ္ထု (အပ၊ ၂။ ၂၄၂။ ထေရီ၊ဋ္ဌ။ ၁၁၄။ ဓမ္မ၊ဋ္ဌ၊၁။၄၁)၌ ထေရီလောင်းလျာ ဘဒ္ဒါမယ်အား တောင်စောင့်နဘ်က ချီးကျူးလေသည်။

ဤဝတ္ထုတို့၌ လာသော လိမ္မာပါးနပ်မှုကို “ပညာအစစ်”ဟူ၍လည်းကောင်း၊ “ပညာ အစစ်မဟုတ်၊ အတုသာဖြစ်သည်”ဟူ၍လည်းကောင်း ကျမ်းပြုပုဂ္ဂိုလ်တို့ အမျိုးမျိုးမိန့်ဆို ကြသည်(မဟာဗုဒ္ဓပင်၊ ပ-တွဲ၊ ပ-ပိုင်း၊ အနု ဒီပနီ၊ ဗု-ချပ်။ သဂြိုဟ်ဘာသာဋီကာ၊ နှာ ၁၅၆)။ ဤနှင့်စပ်၍ အဘိဓမ္မာဝိနိစ္ဆယကျမ်း (နှာ-၂၅၂-၂၅၇)၌ အပိုင်း ၄-ပိုင်း ခွဲကာ ဤသို့ ဆုံးဖြတ်သည်။ (၁) မိမိအသက်ဘေးမှ လွတ်မြောက်အောင် ကြံစည်ခိုက် ကျွန်မနှင့် ကုဏ္ဍလကေသီတို့ သန္တာန်၌ ဉာဏသမ္ပယုတ်ဝီထိဖြစ်၌ ပညာအစစ်ဖြစ်သည်။ ဤကိုရည်၍ ဘုရားရှင်နှင့် တောင်စောင့်နတ်တို့က “ပညာရှိပါပေသည်” ဟု ချီးကျူးကြ ခြင်းဖြစ်သည်။ (၂ ) ခိုးသူယောက်ျားကို မသတ်မီ လှည့်ပတ် ဖျားယောင်းနေခိုက် ပညာနှင့် အလားတူသည့် “မိစ္ဆာဉာဏ်”ခေါ် မောဟသာဖြစ်သည်။ (၃) ခိုးသူယောက်ျားကို သတ်ဖြတ် အဆုံးစီရင်လိုက်သောအခါ ၀ဓကစေတနာပြဓာန်းသော ဒေါသမူစိတ္တုပ္ပါဒ် ဖြစ် သည်။ (၄) လက်ဝတ်တန်းများကို ရယူလို၍ ခိုးသူယောက်ျား၏ လှည့်ပတ်ဖျားယောင်းမူသည် ပညာနှင့်အလားတူသော “မာယာ”ခေါ် လောဘသာဖြစ်သည်။ ဤသို့ ဆုံးဖြက်တော်မူသည်။ အကျယ်ကို ထိုကျမ်းတို့၌ ကြည့်။

ဤအဆုံးအဖြတ်သည် စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲတတ်သာ နိယာမ သဘောတရားနှင့် ကိုက်ညီသဖြင့် ယုတ္တိရှိလှပေသည်။ ထို့ကြောင့် ယခုကာလ အလွန်ဆန်းကြယ်သော သိပ္ပံပညာနှင့် နက်နဲလှသော ဝိဇ္ဇာပညာရပ်များကို ကြံစည်တီထွင် စီရင်ပြုလုပ်ကြသော သူတို့သန္တာန်၌ (တိုက်ခိုက် ဖျက်ဆီးလိုစိတ် မရှိပါလျင် ) ပညာစစ် ပညာမှန် ဧကန် ဖြစ်ပေလိမ့်မည်။

ပညာ၏ဂုဏ်ကျေးဇူး[ပြင်ဆင်ရန်]

ကျမ်းဂန်တို့၌ ပညာ၏ ဂုဏ်ကျေးဇူးကို အမျိုးမျိုး ချီးကျူးမိန့်ဆိုကြသည်။ သတ္တဝါ တို့တွင် ဘုရားရှင်သည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ရုပ်နာမ်သင်္ခါရတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာပြီးမြောက်လျှင် အပြစ်မရှိသော တရားအားလုံး ပြီးမြောက်သောကြောင့်တည်း ( ဣတိဝုတ်။ ၂၁၉။ ဣတိဝုတ်၊ဋ္ဌ။၁၄၉)။ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်၍ ကြွင်းတရားတို့သည် ပညာ၏အခြံအရံများဖြစ်သည် (ဇာ၊၂။၁၀။ ဇာ၊ဋ္ဌ၊၃။၃၂၇။ ဇာ၊ဋ္ဌ၊၅။ ၁၅၇-ဂ )။ အသက်ရှင်နေသူ သတ္တဝါအပေါင်းတွင် ပညာဖြင့် အသက်ရှင်သူသည် အမြတ်ဆုံးဖြစ်သည် (သံ၊၁။ ၂၁၆။ သုတ္တနိ။ ၃၀၆)။ ပညာရှိသော သူသည် ဥစ္စာပစ္စည်း ကုန်ခန်းသွားသော်လည်း အပြစ်ကင်းသော အသက်မွေးမှုဖြင့် ကြာမြင့်စွာ အသက်မွေးနိုင် သည်၊ ပညာမရှိသော သူကား ဥစ္စာပစ္စည်း ရှိငြားသော်လည်း ပညာမရသဖြင့် အသက် မမွေးနိုင် (ထေရ။ ၂၉၅၊၃ဝ၂)၊ အမျိုးမြတ်သော မင်းသားပင်ဖြစ်သော်လည်း မင်း အဖြစ်ကို ရပြီးနောက် ပညာမရှိလျှင် မင်းစည်းစိမ်ဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင် (ဇာ၊ ၂။၄)။ ပညာကို ရခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည် (ဓမ္မ ။ ၆၁)။ ပညာရှိသောသူသည် မျက်စိအမြင်နှင့် ပြည့်စုံသူမည်၏။ ပညာမျက်စိမရှိသူကား အကန်း သာတည်း (ဓမ္မ၊ဋ္ဌ၊၁။ ၂၀၀။ ဓမ္မဋ္ဌ၊၂။၁၁၄)။ များစွာသော လူအပေါင်းသည် ပညာမျက်စိ မရှိသောကြောင့် အကန်းသာတည်း၊ ထိုလူအပေါင်းတွင် အနည်းငယ်သော လူသည်သာ ပညာမျက်စိရှိပေသည်(ဓမ္မ။၃၉)။ ဤမှတပါးသော ပညာ၏ ဂုဏ်ကျေးဇူးတို့ကို ဉာဏပုဒ်၌ ကြည့်။

ပညာနှင့်သမာဓိ[ပြင်ဆင်ရန်]

ပညာမရှိသောသူအား ဈာန်သမာဓိ မရှိ၊ ဈာန်သမာဓိ မရှိသော သူအားလည်း ပညာ မရှိ၊ ပညာနှင့် သမာဓိ ၂-ပါးရှိသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့သည်(ဓမ္မ။၆၆)

ပညာနှင့်သဒ္ဓါ[ပြင်ဆင်ရန်]

သဒ္ဓါ ပညာဟူသော ဣနြေ ၂-ပါးတို့ အယုတ်အလွန်မရှိဘဲ ညီမျှမှ ပညာရှိတို့ ချီးမွမ်းကြသည်။ သဒ္ဓါလွန်လျှင် ဆွန့်၍ ပညာလွန်လျှင် ကွန့်တတ်သည်(ဒီ၊ဋ္ဌ၊ ၂။၃၇၇။ မ၊ဋ္ဌ၊ ၁။၂၉၅။ သံ၊ဋ္ဌ၊၃။၁၉၄။ အံ၊ဋ္ဌ၊၁း၃၉၁။ အဘိ၊ဋ္ဌ၊၂။ ၂၆၄)၊ လောကီဂုဏ်တို့တွင် သဒ္ဓါသည် အကြီးအမှူးဖြစ်၍ လောကုတ္တရာဂုဏ်တို့တွင် ပညာသည် အကြီးအမှူးဖြစ်သည် (သာရတ္တ ၄၁၂။ ဒီဋီ၊၁၂၇၄။ သီ၊ဋီ၊ သစ်၊၂။၁၆၇။ မ၊ဋီ၊၂၃။ အံ၊ဋီ၊၂။၁၅)။

ပညာနှင့်ဝိတက်

ပညာသည် မိမိသဘောအားဖြင့် အာရုံကို အနိစ္စ ဒုက္ခ အနတ္တ ဟု ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ ဝိတက်က ထိုအာရုံကို ခေါက်၍ ခေါက်၍ ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်သည် (ဝိသုဒ္ဓိ၊၂။၁၄၆)။

ပညာနှင့်စိတ်[ပြင်ဆင်ရန်]

ဘုရားရှင်ဒေသနာတော်၌ လောကီတရားကို ဟောရာတွင် စိတ်ကို အကြီးအမှူး အဦးထား၍ လောကုတ္တရာတရားကို ဟောရာတွင် ပညာကို အကြီးအမှူး အဦးထားသည် (အဘိ၊ဋ္ဌ၊၁။၁၁၀)။

ပညာနှင့်ဥစ္စာ

ဥစ္စာဖြင့် အသက်ရှည်မှုကို မရနိုင်၊ အိုခြင်းတရားကို မလွန်မြောက်နိုင်၊ ဥစ္စာရှိသူ ဥစ္စာမဲ့သူ ပညာရှိသူ ပညာမဲ့သူအားလုံး သေကြေ ပျက်စီးရသည်သာ ဖြစ်သည်။ ပညာမဲ့သူ လူမိုက်သည် နှလုံးမသာယာမှုဖြင့် တုန်လှုပ် တွေဝေသည်။ ပညာရှိသူကား မတုန်လှုပ် မတွေဝေ၊ ထို့ကြောင့် လောက၌ ပညာသည် ဥစ္စာထက် မြတ်သည်(မ၊၂၊၂၆၁)။

ပညာပါဝင်သော တရားစု[ပြင်ဆင်ရန်]

ပညာသည် သာသနာတော်၌ ပဓာနအကျဆုံးတရားဖြစ်၍ အမျိုးမျိုးသော တရားတို့နှင့် တွဲဖက်ကာ အသီးသီးသော တရားအစု၌ ပါဝင်သည်။ ဓမ္မသင်္ဂဏီပါဠိတော် မဟာကုသိုလ်ပဌမစိဘ်၏ ဓမ္မုဒ္ဒေသ(နှာ-၁၇) ၌ တရားအမျိုးအမည်ပေါင်း ၅၆-ပါး ဟော ကြားတော်မူသည်။ ယင်းတို့တွင် ပညာသည် ဣန္ဒိယရာသိ၌ ပညိနြေ၊ မဂ္ဂပဉ္စကရာသီ၌ သမ္မာဒိဋ္ဌိ၊ ဗလရာသိ၌ ပညာဗလ၊ ဟေတုတိက်(မူလရာသိ)၌ အမောဟ၊ ကမ္မပထရာသိ၌ သမ္မာဒိဋ္ဌိ၊ ဥပကာရဒုက်၌ သမ္မဇည၊ ယုဂနဒ္ဓဒုက်၌ ဝိပဿနာဟု အမည်နာမ ၇-မျိုးဖြင့် တရားစု ၇-ပါး၌ ပါဝင်သည် (အဘိ၊ဋ္ဌ၊၁။၁၇၉။ အဘိ၊ ဝဘာရ၊ ဋီ၊၁။၂၇၇)။ ဗောဓိက္ခိယတရား ၃၇ ပါးသည် တရားစု “ရာသိ”အားဖြင့် ၇-ပါး ရှိသည် (ဝိသုဒ္ဓိ၊ ၂။ ၃၁ဂ။ သင်္ဂဟ။ ၁၂၃-၄)။ ယင်းတို့တွင် ပညာသည် ဣဒ္ဓိပါဒ် ၄-ပါး (အဘိ၊ဝိ။ ၂၂၅-၈)၌ ဝီမံသိဒ္ဓိပါဒ်၊ ဣန္ဒြေ ၅-ပါး (သံ၊၃။၁၇၀။ ပဋိသံ။၁၉၀)၌ ပညိနြေ၊ ဗိုလ် ၅-ပါး ( အဘိ၊ဓ။၁၇)၌ ညာဗိုလ်၊ ဗောဇ္ဈင် ၇-ပါး (အဘိ၊ဝိ။ ၂၄၆)၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ မဂ္ဂင် ဂ-ပါး (အဘိ၊ဝိ။၂၄၄)၌ သမ္မာဒိဋ္ဌိဟု တရားစု ၅-မျိုး၌ ပါဝင်သည်။

ပညာသည် သီလ, သမာဓိ, ပညာဟူသော သိက္ခာ ၃-ပါး(အံ၊၁။၂၃၃-၂၃၆)၌ လည်းကောင်း၊ ဝီရိယ, သူရဘာဝ, ပညာဟူသော ရန်အောင်ကြောင်းတရား ၃-ပါး (ဇာ၊၁။၁၄)၌ လည်းကောင်း၊ ဝီရိယ, စိတ္တ, ဝီမံသာဟူသော အဓိပတိ ၄ ပါး(ပဋ္ဌာန ၁။ ၂) ၌လည်းကောင်း၊ သစ္စာ, ပညာ, ဝီရိယ, စာဂဟူသော ရန်အောင်ကြောင်းတရား ၄-ပါး (ဇာ၊ ၁။ ၁၄၊ ၆၁) နှင့် တမလွန်၌ မစိုးရိမ်ကြောင်းတရား ၄-ပါး (သံ၊ ၁+၂၁၇။ သုတ္တနိ။ ၃၀၇)၌ လည်းကောင်း၊ ဒါန, သီလ, သမာဓိ, ပညာဟူသော အနုဂါမိကနိဓိ ၄-ပါး (ခုဒ္ဒက။၉)၌လည်းကောင်း၊ သီလ, သမာဓိ, ပညာဝိမုတ္တိဟူသော သံသရာပြတ်ကြောင်း တရား ၄-ပါး (ဒီ၊၂။၁ဂ၂)၌လည်းကောင်း၊ သာသနာမှ မလျောကျကြောင်းတရား ၄-ပါး (အံ၊၁။၃၀၈)၌လည်းကောင်း၊ ပညာ, သစ္စာ, စာဂ, သန္တိ(ဥပသမ)ဟူသော ဆောက်တည်ရာတရား ၄-ပါး (ဒီ၊၃။၁၉၁။ မ၃။ ၂ဝ၂-၃)၌လည်းကောင်း၊ သီလ, သောစေယျ, ထာမ, ပညာဟူသော ကြာမြင့်မှ သိနိုင်သောတရား ၄-ပါး (သံ၊၁၂၇ – ၉။ ဥဒါန၁၅၆-၇) ၌ လည်းကောင်း၊ ဗာဟု, ဘောဂ, အမစ္စ, အဘိဇာတိ, ပညာဟူသော ဗလ ၅-မျိုး (ဇာ၊၂။ ၃)၌လည်းကောင်း၊ သဒ္ဒါ, သီလ, သုတ, စာဂ, ပညာဟူသော ဂတိမြဲကြောင်းတရား ၅-ပါး (မ၊၃။၁,၀။ မ၊ဋ္ဌ၊၄၁၄)၌လည်းကောင်း၊ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, သုတ, ဝီရိယ, သတိ, ပညာဟူသော သူတော်ကောင်းတရား ၇-ပါး (ဒီ၊ ၃။ ၂၁၈)၌ လည်းကောင်း၊ သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာဟူသော သူတော်ကောင်းဥစ္စာ ၇ ပါး (ဒီ၊၃။ ၂၀၇။ အံ၊ ၂။ ၃၉၇-၉)၌လည်းကောင်း ပါဝင်သည်။

ပညာပါရမီ[ပြင်ဆင်ရန်]

ဘုရားအဖြစ်ကို ပြုပေးနိုင်သည့် ပါရမီတို့သည် သရုပ်အားဖြင့် ၁၀-ပါးရှိသည် (ဗုဒ္ဓဝံ။ ၃၀၆။ စရိယာ၊ဋ္ဌ။ ၂၇၀)။ ယင်းတို့တွင် အခြားပါရမီတို့အား ကျေးဇူးမပြုတတ်သော တရားတို့ကို ပယ်၍ ကျေးဇူးပြုတတ်သောတရားတို့၌ အကြောင်းဥပါယ်ကို တတ်သိလိမ္မာသော အလွန်ခေါင်းပါးစွာ အသက်မွေးမှုကို ပြီးစေ တတ်သော အသိဉာဏ်ကို ပညာပါရမီခေါ်သည် (စရိယာ၊ဋ္ဌ။ ၂၇)။ ဘုရားလောင်း သုမေဓာသည် နိယတဗျာဒိတ်ခံယူပြီးနောက် ပါရမီတို့ကို ဆင်ခြင်တော်မူရာ လေးကြိမ်မြောက်တွင် ပညာပါရမီကို တွေ့မြင်တော်မူသည်၊ ထိုအခါ ဤသို့ ဆုံးမဆောက်တည်တော်မူသည်၊ “အမောင် သုမေဓာ- အသင်သည် ယနေ့မှစ၍ ပညာပါရမီကို ဖြည့်ကျင့်ပါလော့၊ ဆွမ်းခံလှည့်လည်သော ရဟန်းသည် အယုတ် အလတ် အမြတ်မရွေးဘဲ အိမ်စဉ် မပြတ် ဆွမ်းရပ်သည်ရှိသေ၌ မျှတလောက်သော ဆွမ်းကို ရသကဲ့သို့ သင်သည်လည်း အလုံးစုံသော ပညာရှိတို့ကို ချဉ်းကပ်၍ ပြဿနာအရပ်ရပ်ကို မေးမြန်းပါလော့၊ ယင်းသို့ ပြုသည်ရှိသော် ပညာပါမီ အထွတ်အထိပ်သို့ ရောက်ကာ ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်” (ဗုဒ္ဓဝ။၃၁၆-၇၊ ဗုဒ္ဓဂံ၊ဋ္ဌ၊၁၃၂)။ ပညာပါရမီ၏ အခြားသော ဆင်ခြင်ဖွယ် ဂုဏ်ကျေးဇူးတို့ကို- စရိယာ၊ ဋ္ဌ၊ ၂ဂဂ-၉၊ ဒီ၊ဋီ၊ “၁၇၈-၉။သီ၊ဋီ၊သစ်၊၁။၂၆၅-၆-တို့၌ကြည့်။

ပညာဓိကဘုရားလောင်း[ပြင်ဆင်ရန်]

ဘုရားလောင်းတို့၏ ပါရမီဖြည့်ရာ ကာလ သည် (က) ၄-သင်္ချေနှင့် ကမ္ဘာတသိန်း (ခ) ဂ-သင်္ချေနှင့် ကမ္ဘာတသိန်း၊ (ဂ) ၁၆ သင်္ချေနှင့် ကမ္ဘာတသိန်းဟု ၃-မျိုးကွဲပြားသည်၊ ယင်းသိုကွဲပြားခြင်းကား ပညာပါရမီ၏ အစွမ်းအာနုဘော် ထက် မထက်ကြောင့် ဖြစ်သည်။ ပညာဓိက ဘုရားလောင်းတို့သည် ပညာပါရမီထက်မြက်သောကြောင့် ၄-သင်္ချေ နှင့် ကမ္ဘာတသိန်းသာ ပါရမီဖြည့်ကျင့်ကြရသည်၊ သဒ္ဓါဓိကဘုရားလောင်းတို့သည် ပညာပါရမီ အလယ်အလတ်ရှိသောကြောင့်- သင်္ချေနှင့်ကမ္ဘာတသိန်း ဖြည့်ကျင့်ကြရသည်။ ဝီရိယာဓိက ဘုရားလောင်းတို့သည် ပညာပါရမီနံ့သောကြောင့် ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်တော်မူကြရသည် (သတ္တနိ၊ဋ္ဌ၊၁။၄၃။ ထေရ၊ဋ္ဌ၊၁။၁၁။ ပဋ္ဌ၊ ၁၈.၁၅၅။ စရိယာ၊ဋ္ဌ၊၃၂။ အံ၊ဋီ၊၁။၁၃၅။ သမန္တစက္ခု။ ပုစ္ဆာနံပါတ်-၁၁၈)။

ပညာ ဂ-မျိုး[ပြင်ဆင်ရန်]

မဟာပညာ, ပုထုပညာ, ဂမ္ဘီရပညာ, ဘူရိပညာ, ဟာသပညာ, ဇဝနပညာ, တိက္ခပညာ, နိဗ္ဗဓိကပညာတို့၏ အကျယ်မှတ်ဖွယ်ကို ပဋိသံ၊၃၇၁-၃၈၁။ ဒီ၊ဋ္ဌ၊၃။၁၁၃-၁၁၅။ မ၊ ဋ္ဌ၊၄၊၅၆-၅၇။ ပဋိသံ၊ဋ္ဌ၊၂။ ၂၄၇-၂၆၃-တို့၌ ကြည့်။

ပညာရှိ[ပြင်ဆင်ရန်]

ကျမ်းဂန်တို့၌ ပညာကို အမျိုးမျိုးခွဲခြား ပြသကဲ့သို့ ပညာရှိကိုလည်း အစားစားမိန့်ဆိုကြသည်။ စကားများ ပြောဆိုကာမျှဖြင့် ပညာရှိမမည်၊ ဘေးမရှိ ရန်မမူ အေးငြိမ်းသောသူသည်သာ ပညာရှိမည်၏ (ဓမ္မ။ ၅၀။ ဓမ္မ၊ဋ္ဌ၊၂။၂၄၂)။

ကိုယ် နှုတ် နှလုံး သုံးပါးလုံးယဉ်ကျေး သိမ်မွေ့သော သူသည် ပညာရှိ (အံ၊၁။၁ဝဝ-၁)။ မိမိသူတပါး ၂-ဦးသားလုံး ဆင်းရဲအောင် မလှုံ့ဆော် မတိုက်တွန်းမူ၍ ထို၂- ဦးသားလုံး၏ အစီးအပွားကို ကြံစည်သော သူသည် ပညာရှိ (အံ၊၁။၄၉ဂ -၉)။

ပညာဉာဏ်ဖြင့် ဆင်ခြင်၍ အကျိုးစီးပွားကို ရယူနိုင်သော သူသည် ပညာရှိ (ဇာ၊ဋ္ဌ၊၃။၉၅)။

ပစ္စုပ္ပန်နှင့် တမလွန်လောကအကြောင်းကို သိသော သူသည် ပညာရှိ (ဓမ္မ၊ဋ္ဌ၊၂။၁၂၂)။

ခန္ဓာ ၅-ပါး၏ အဖြစ် အပျက်ကို သိသော သူသည် ပညာရှိ (မ၊ ၂။ ၁၉။ သံ၊၃။၁၇၃-၄။ မဟာနိ။ ၃၀။ ဒီ၊ဋ္ဌ၊ ၂။ ၁၂၀။ မ၊ဋ္ဌ၊၃။၂၂)။

အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်နှင့် ဌာနာဌာန ဤ ၄ – မျိုးတို့၌ ကျွမ်းကျင် လိမ္မာ သူသည် ပညာရှိ (မ၊၃။ ၁၀၇။ မ၊ဋ္ဌ၊၄။၅၆။ သံ၊ဋ္ဌ၊၁။၁၁၀)။

သစ္စာ ၄-ပါးကို သိသော သူသည် ပညာရှိ (မ၊၁။ ၃၆၆)။[ပြင်ဆင်ရန်]

မထိုင်းမှိုင်း မဆံ့အမှု၍ ကောင်းမကောင်းသောစကား၏ အနက်အပ္ပါယ်ကို သိသောသူသည် ပညာရှိမည်၏၊ ထိုပညာရှိသည် ဘုရားရှင်သာသနာတော်၌ အကျင့်မြတ် ကို ကျင့်သုံးရန် အခွင့်ကောင်း ကြုံသူမည်၏ (ဒီ၊၃။ ၂၂၀၊၂၄၉။ အံ၊၁။၃၇။ အံ၊၃။ ၆၁)။

သီလ သမာဓိ ဝီရိနှင့် ပြည့်စုံ၍ တိဟိတ်ပဋိသန္ဓေ ပညာဟူသော “ဇာတိပညာ, ကမ္မဋ္ဌာန်းအားထုတ်ပုံကို တဘ်သိ နားလည်မှုဟူသော “ပါရိဟာရိယပညာ”နှင့် ဝိပဿနာပညာ ရှိသော သူသည် မျက်မှောက် ဘဝ၌ပင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ တဏှာ အရှုပ်အထွေးကို ဖြေရှင်းတော်မူနိုင်ကြသည် (သံ၊၁။၁၃၆၇။ သံ၊ဋ္ဌ၊၁။၄ဂ-၉။ ဝိသုဒ္ဓိ၊ ၁။၃)။

ယင်းတို့တွင် ဇာတိပညာကို ပဓာန အကျဆုံးဟု ဆိုရပေမည်။ အဘယ့်ကြောင့် ဆိုသော်- ကမ္မ, ကိလေသ, ဝိပါက, ဥပဝါဒ, အာဏာဝီတိက္ကမ ဟူသော (သဂ္ဂ, မောက္ခ၏) အန္တရာယ်ကို ပြုတတ်သောတရား ၅-ပါးတွင် ဇာတိပညာ မရှိခြင်းသည် ဝိပါကအန္တရာယ် အဖြစ် ပါဝင်သောကြောင့်တည်း (အဘိက။ ဂဝ။ ပဋိသံ။၁၁၉။ ဝိ၊ဋ္ဌ၊၃။၁၃၈။ မ၊ဋ္ဌ၊၂။၉)။

ဇာတိပညာရှိမရှိ စုံစမ်းနည်း[ပြင်ဆင်ရန်]

လောက၌ ပေါ်လွင်ထင်ရှားသော အကြောင်းအရာနှင့် စပ်သည့် ပြဿနာကို မေးမြန်း စုံစမ်းခြင်းဖြင့် ဇာတိပညာ(ပင်ကိုဉာဏ်)ရှိ မရှိကို သိနိုင်သည်။ ထိုကြောင့် ဒေဝါနံပိယတိဿမင်းအား အရှင်မဟိန္ဒထေရ်သည် ဤသို့ မေးမြန်း စုံစမ်းတော်မူသည်။

အရှင်မင်းကြီး - ဤသစ်ပင် အဘယ်အမည် ရှိသနည်း?

သရက်ပင်ပါဘုရား။

ဤသရက် ပင်ကို လွှတ်၍ အခြားသရက်ပင်ရှိသေးသလား? မရှိဘူးလား?

အခြားသရက်ပင်တွေ များစွာ ရှိပါသည်။

ဤသရက်ပင်ကို လည်းကောင်း၊ အခြားသရက်ပင်တို့ကိုလည်းကောင်း လွှတ်၍ အခြားသစ်ပင်ရှိသေး သလော?

ရှိပါသည်။ ယင်းတို့ကား သရက်ပင်များ မဟုတ်ကြပါ။

အခြားသော သရက်ပင်တို့ကိုလည်းကောင်း၊ သရက်ပင်မဟုတ်သည့် သစ်ပင်တို့ကိုလည်းကောင်း လွှတ်၍ အခြား သစ်ပင်ရှိသေးသလော?

ဤသရက်ပင်သာ ဖြစ်ပါသည်ဘုရား။

ဤသရက်ပင်ပြဿနာအားဖြင့် အရှင် မဟိန္ဒထေရ်သည် ဝေဒါနံပိယတိဿမင်း၏ ဇာတိပညာရှိအဖြစ်ကို သိတော်မူသည်။ တဖန် ဆွေမျိုး ပြသနကိုလည်း မေးမြန်းတော်မူပြန်သည်။

အရှင်မင်းကြီး - အရှင် မင်းကြီးအား ဆွေမျိုးများ ရှိသလော?

အရှင်ဘုရားမြောက်မြားစွာ ရှိပါသည်။

ထိုဆွေမျိုးတို့ကို လွှတ်၍ အခြားဆွေမျိုးမတော်သူများရှိပါသလား?

ဆွေမျိုးမတော်သူတို့ကား ဆွေမျိုးတော်သူတို့ထက် များပါသည်ဘုရား။

အရှင်မင်းကြီး၏ ဆွေမျိုးတော်သူတို့ကိုလည်းကောင်း၊ မတော်သူတို့ကို လည်းကောင်း လွှတ်၍ အခြားတစုံတယောက်သောသူ ရှိပါသေးသလော?

အရှင်ဘုရား...ဘပည့်တော်ပင် ဖြစ်ပါသည်။

ဆွေမျိုးပြဿနာ ဖြင့်လည်း ဇာတိပညာရှိအဖြစ်ကို သိတော်မူသည် (ဝိ၊ဋ္ဌ၊၁၅၇-ဂ)။

ပညာရှိ၏ ဂုဏ်ကျေးဇူး[ပြင်ဆင်ရန်]

ပညာမဲ့သူလူမိုက်တို့၏ ကဲ့ရဲချီးမွမ်းခြင်းသည် ပမာဏမဟုတ်၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းမင်းသည်သာ ပမာဏဖြစ်သည် (ဓမ္မ၊ ဋ္ဌ၊၂ ၂ )။

ပညာမဲ့သူမိတ်ဆွေထက် ပညာရှိ ရန်သူသည် မြတ်၏ (ဇာ၊၁။၁၁။ ဇာ၊ဋ္ဌ၊၁။ ၂၆၅)။

လူမိုက်နှင့် အတူတကွ နေရခြင်းသည် ရန်သူနှင့် နေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲ၏၊ ပညာရှိနှင့် အတူတကွ နေရခြင်းသည် ဆွေမျိုးနှင့် နေရသကဲ့သို့ ချမ်းသာသည် (ဓမ္မ။ ၄၄။ ဓမ္မ၊ဋ္ဌ၊၂။၁၇၆)။

ကျူးမိုးအိမ် မြတ်မိုးအိမ်မှ လွင့်စဉ်လာသော မီးသည် အိမ်ကြီးအိမ်ကောင်းတို့ကို လောင်ကျွမ်းသကဲ့သို့ အလုံးစုံသော ဘေးရန်တို့သည် သူမိုက်တို့ကြောင့် ဖြစ်ကုန်၏၊ ပညာရှိတို့ကြောင့် မဖြစ် (မ၊၃.၁၇။ အံ၊၁၊၉၉)။

ပညာရှိသည် နည်းမှန်လမ်းမှန်ကို ကျင့်တတ်၏၊ မပြုသင့်သော အရာမျိုး၌ မတိုက်တွန်းတတ်၊ မှန်ကန်သော နည်းလမ်းသည် ပညာရှိအတွက် အကောင်း အမြတ် ဖြစ်သည်။ ပညာရှိသည် အကျိုးသင့် အကြောင်းသင့် ပြောဆိုသော် စိတ်မဆိုးတတ်၊ စည်းကမ်းနည်းလမ်းကို နားလည် ကျင့်သုံးတတ်၏၊ ထိုပညာရှိနှင့် ပေါင်းသင်းရခြင်းသည် ကောင်းမြတ်၏(ဇာ၊၁၊၂၆၇)။

တောင်ဇလပ်ပန်းကို ပေါက်ဖက်နှင့် ထုပ်လျှင် ပေါက်ဖက်များလည်း မွှေးကြိုင်သွားသကဲ့သို့ ပညာရှိကို မှီဝဲသောသူသည် အခြားပညာရှိ သူတော်ကောင်းတို့၏ နှစ်သက်ဖွယ် ချီးမွမ်းဖွယ် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရသည် (ဣတိဝုတ်-၂၄၁။ ဇာ၊၁။၃၃၀။ ဇာ၊၂ ၂၆၅။ ခုဒ္ဒက ဋ္ဌ။၁၈)။

ပညာရှင်နှင့် ဥစ္စာရှင်[ပြင်ဆင်ရန်]

ပညာရှင်နှင့် ဥစ္စာရှင် ၂-ဦးတို့တွင် မည်သူက သာလွန်မင့်မြတ်ကြောင်း ဝိဒေဟရာဇ် မင်းကြီး အမေးတော်ရှိဖူးသည်။ ထိုအခါ မဟောသဓသုခမိန်နှင့် သေနကသုခမိန်တို အချေအတင် စကားစစ်ထိုးကြသည်။ ရှေးဦး သေနကသုခမိန်က ဥစ္စာရှင်က မြတ် ကြောင်း ဂ-ကြိမ်တိုင်တိုင် ဝါဒတင်ကာ အဆိုပြုသည်။ ထို့နောက် မဟောသဓသုခ မိန်ကဂ-ကြိမ်တိုင်တိုင် ထိုဝါဒကို ချေဖျက်၍ ပညာရှင်က မြတ်ကြောင်း ဖြေဆိုသည်။ ဂ-ကြိမ်မြောက်၌ သေနက သုခမိန်က “အရှင်မင်းကြီး-ပညာရှိသော အကျွန်ုပ်တို့ ၅-ဦးသည် အရှင်မင်းကြီးကို လက်အုပ်မိုးကာ ဆည်းကပ်ခစားကြရပါသည်။ အရှင်မင်းကြီးသည် နတ်ပြည် ၂-ထပ်ကို အစိုးရသော သိကြားမင်းကဲ့သို့ အကျွန်ုပ်တို့ကို အစိုးရတော်မူသည်။ ဤသည်ကို ထောက်ရှု၍ ပညာရှင်ထက် ဥစ္စာရှင်က မြတ်ပါသည်” ဟု လျှောက်တင်သည်။ ဤတွင် မဟောသဓ သုခမိန်က “အရှင်မင်းကြီး– တစုံတခုသော အမှုကြီး အမှုခက် ပေါ်ထွက်လာသောအခါ ပညာမဲ့သော ဥစ္စာရှင်သည် ပညာရှင် လူဆင်းရဲ၏ ကျေးကျွန် အစေအပါးကဲ့သို့ ဖြစ်ရပါသည်။ ပညာရှိစီရင်အပ်သော ထိုအမှုကြီး အမှုခက်၌ ဥစ္စာရှင် သူမိုက်သည် မသိ မမြင်နိုင်ပါ။ ထိုကြောင့် ဥစ္စာရှင်ထက် ပညာရှင်က သာလွန် မြင့်မြတ်ပါသည်”ဟု ချေပ ဖြေဆိုသည်။ ထိုအခါ သေနက သုခမိန်သည် ဆက်လက်ဝါဒမတင်နိုင် ကြံမှိုင်၍သာ နေရရှာသည်။ ဆက်လက်၍ မဟောသဓ သုခမိန်က “မသိ မလိမ္မာသူ လူမိုက်တို့သည် စည်းစိမ်ဥစ္စာကိုသာ လိုလားတောင့်တကြ၍ ပညာရှိ သူတော်ကောင်းတို့သည် ပညာကို ချီးမွမ်းကြပါသည်။ သဗ္ဗညုဘုရားရှင်တို့၏ ဉာဏ်ပညာ(သဗ္ဗညုတာ)သည် အတုမဲ့ရတနာ ဖြစ်ပါသည်၊ ဥစ္စာရှင် သူမိုက်သည် ပညာရှင် သူတော်ကောင်းကို ဘယ်သောအခါမှ မလွှမ်း မိုးမလွန်မြောက်နိုင်ပါ” ဟု နိဂုံးချုပ်လျှောက်တင်လေသည်(ဇာ၊၁။၃၁၉-၃၂၃။ ဇာ၊ဋ္ဌ၊ ၆။၁၉၅-၂၀၄)။ ဤသို့ စကားငယ်များကို အလျင်ပြော၍ နောက်မှ စကားကြီးများဖြင့် ဖိ၍ ပြောခြင်းကို “တောင်သူယာခုတ် ပြောနည်း”ဟု စကားကြီးဆယ်ပါး၌ လာသည်။ ယင်းစကားကြီးဆယ်ပါးကို လောကဓမ္မရာဇဝတ္ထုဒီပနီကျမ်း၌ လာရှိကြောင်း တက္ကသိုလ် မြန်မာအဘိဓာန်၌ ညွှန်ပြထားသည်။

ပညာဆုတ်ယုတ်ကြောင်း[ပြင်ဆင်ရန်]

ပညာဆုတ်ယုတ်ကြောင်းကိုလည်း အမျိုး မျိုး မိန့်ဆိုကြသည်။ ကာမဝိတက် ဗျာပါဒ ဝိတက် ဝိဟိ `သာဝိတက်တွိသည် ပညာမျက်စိ ကန်းအောင် ပြုတတ်ကြသည် (ဣတိဝုတ်။ ၂၅၁)။ ကာမစ္ဆန္နီ ဗျာပါဒ ထိနမိဒ္ဓ ဥစ္စဒ္ဓ ကုက္ကူ ဝိစိကိစ္ဆာ ဟူသော တရား ၅-ပါး တိုသည် ပညာအားနည်းအောင် ပြုတတ် ကြသည်(မ၁။ ၂၃၉။ သံ၊၃။ဂ၆၊၁၃၉။ အံ၊၁။ ၅၃၁။ နေတ္တိ၇၈)။

ပညာရခြင်းအကြောင်း[ပြင်ဆင်ရန်]

ပညာရခြင်း ပညာတိုးပွားခြင်းအကြောင်း တို့ကို အမျိုးမျိုး မိန့်ဆိုကြသည်။ နေက္ခမ္မ သင်္ကပ္ပ အဗျာပါဒသင်္ကပ္ပ အဝိဟိ”သာသင်္ကပ္ပ ဟု ၃-ပါး (ဣတိဝုတ်* ၂၅၁)။ ကောင်းသော တရားတို့၌ မမှိတ် မသုန် ယုံကြည်ခြင်း “သဒ္ဓါ”၊ပညာရှိတို့ထံ ဆည်းကပ်နာကြားခြင်း “သုသု မမေ့မလျော့ခြင်း အပ္ပမာဒ”၊ စူးစမ်း ဆင်ခြင်ခြင်း “ဝိစက္ခဏာ”ဟု ၄-ပါး (သံ၊၁။ ၂၇၊သုတ္တနိ။၃၇)။ သူတော်ကောင်းကို မှီဝဲခြင်း သူတော်ကောင်း တရားကို နာခြင်း အသင့်အတင့် နှလုံးသွင်းခြင်း၊ လောကုတ္တရာ တရားအား လျော်စွာကျင့်ခြင်း ဟု ၄-ပါး(အံ၊၁။၅၆၇။ပဋိသံ၊၇၁)။ အလေး ပြုအပ်သော ဆရာသမားတို့ အပေါ်၌ ရှက်ကြောက် ရိုသေမြတ်နိုးမှု အားကြီးခြင်း အခါအခွင့်သင့်တိုင်း ဆရာသမားတို့ထံ ချဉ်းကပ် မေးမြန်းခြင်း ကိုယ်စိတ် ၂-ပါး ဆိတ်ငြိမ်စွာနေခြင်း ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း အစ အလယ် အဆုံး ကောင်းခြင်း ၃-ပါးရှိသော တရား(ကျမ်းဂန်)ကို သင်မှတ်သားခြင်း အကုသိုလ်ကို ပယ်၍ ကုသိုလ် တရား ပွားများရန် ကြိုးပမ်းအားထုတ်ခြင်း အကျိုးမရှိသော စကားကို မပြောဆိုဘဲ အကျိုးရှိသောစကားကို ပြောဆိုခြင်း၊ ခန္ဓာ စသော တရားတို့၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုမှတ်ခြင်းဟု ၈-ပါ။ (အံ၊၃။၂-၅)။ ကြွင်း ပညာရကြောင်း တရားတို့ကို ဉာဏ-ပုဒ်, ပညာပဋိလာဘကာရဏ-ပုဒ်တို့၌ ကြည့်။

ပညာပါရမီကို အကြောင်းပြု၍ ဟောသောဇာတ်များ[ပြင်ဆင်ရန်]

ပုဏ္ဏနဒီဇာတ်- ဇာ၊ဋ္ဌ၊၂။၁၅။ ဂါမဏိစန္ဒီဇာတ်- ဇာ၊ဋ္ဌ၊ ၂။ ၂၇၀ သတ္တုဘဩဇာတ်- ဇာ၊ဋ္ဌ၊၃။၃၂၁။ ဒူတဇာတ်--ဇာ၊ဋ္ဌ၊၄။ ၂၂၄။ သမ္ဘဝဇာထ—ာ၊ဋ္ဌ၊၅။၅၀။ မဟာဗောဓိဇာတ်- ဇာ၊ဋ္ဌ၊၅။၂၄၀။ ဥမင်္ဂဇာတ်- ဇာ၊ဋ္ဌ၊၆။၁၆၃။ဝိဓူရဇာတ်- ဇာ၊ဋ္ဌ၊၇၊ ၁၅၁။

ပညာနှင့် ပညာ၏ ဝေဝုစ်တို့ကို အမည်တပ်၍ဟောသောသုတ်များ

ဥမ္မဂ္ဂသုတ်-- အံ၊၁။၄၉၇။ .ဝတ္ထုသုတ် သံ၊၁။ ၂၈၈၊၂၉၀။ ဒိဋ္ဌိသုတ် -အံ၊၁။၅၄၈၊ ၅၅၀။ပညဝန္တသုတ်-သံ၊၃။ဂ။ပညာသုတ် အံ၊၃။၂၊၂ဝ၂။ ပညာဝိမုတ္တသုတ်- အံ၊၃။ ၂၄၅။ ပညာပရိဟီနသုတ်- ဣတိဝုတ်။ ၂၁၉။ ဖာသုတ်-အံ၊၁၅၆၇။ ပဋိဘာနသုတ်- အံ၊၁၊၄၅၂။ ဗုဒ္ဓသုတ်- သံ၊၃။၁၃။ ဝိဇ္ဇာသုတ်- သံ၊၂။၁၃၂။ အံ၊ ၃။ ၂၆၆၊၄၂၉။ ဣတိဝုတ် ၂၁၁။ ဝိဘာဂိယသုတ်-အံ၊၂။ ၂၉၄။ သမ္မာဒိဋ္ဌိသုတ်- မ၊၁၉၅၇။ အံ၊၁။၃ဂဂ၊၄၁။

ပညာ၏ လောကူပမာ[ပြင်ဆင်ရန်]

ပညာကို လောကဥပမာဖြင့် နှိုင်းယှဉ်၍ အမျိုးမျိုး မိန့်ဆိုတော်မူကြသည်။

ပညာမြေကြီး- မဟာနိ။၇၃။အဘိ၊ဋ္ဌ၊၁။၁၉၂။ ပဋိသံ၊ဋ္ဌ၊ ၁။၃၄၃။ခမ္မ၊ဋ္ဌ'၂၊ ၆၄။

ပညာထမ်းပိုး၊ ပညာထွန်ထုံး-သံ၊၁၊၁၇၅။ သုနိ။ ၂၉။

ပညာနှင်တံ-အဘိ၊ဓ။ ၂၀၊ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၀။ ဝိသုဒ္ဓိ၊၁။ ၂၇။

ပညာပြာသာဒ်- အဘိ၊။ ၂၀။ ဓမ္မ။၁၇။ နေတ္တိက။ အဘိ၊ဋ္ဌ၊၁။၁၉၂။ သာရတ္ထ၊၃၊ ၅၆၊

ပညာမှန်ကင်း- ပဋိသံ။ ၃၇၇။ မဟာနိ။ ၃၉၃။ စူဠနိ။ ၂၁၃-၅။ အံ၊ဋ္ဌ၊၁။၄၁၄။

ပညာတံခါးမုခ်၊ ပညာလမ်းဆုံ- အပ၊၁။၄၈။

ပညာဥစ္စာ- ဒီ ၃။၂၀၈။ အံ၊၂၊၃၉၉။ စူဠနိ၊၁၀၂။

ပညာရတနာ- သံ၊၁။၃၃။ အဘိဓ။၂၀။ ပဋိသံ၁၁၄။ နေတ္တိ၊ဂဂ။ မိလိန္ဒ။၃၂၁။

ပညာကွန်ယက်- ထေရ၊ဋ္ဌ၊၁။၁၁၈၊

ပညာလက်နက်−အဘိ၊ဓ။၂၀။ပဋိသံ။၁၁၄။နေဋ္ဌိဂ၁။ဇာ၊ဋ္ဌ၊၁။၂၂။

ပညာဝရဇိန်- အဘိဓ။၁၃၊ ၂၅၅။ ဇာ၊ဋ္ဌ၊၁။ ၂၉၁။

ပညာသန်လျက်- နေတ္တိ၊ဂဂ။မိလိန္ဒ၊၃၇၉။

ပညာလှံမ– ဗုဒ္ဓဝံ။၃၇၉။

ပညာ(သင်တုန်း)ဓား- ဓမ္မ၊ဋ္ဌ၊၁၄၃၆။

ပညာဦးခေါင်း- အံ၊၂။၃၁၄။ ဓမ္မ၊ဋ္ဌ၊ ၃၂၆။

ပညာမျက်စိ- သံ၊၃။၄၁၅။ အံ၊၁။၃၇။ ဣတိဝုတ်။ ၂၃၁။ မဟာနိ။ဋ္ဌ။ ၃၈၉။

ပညာနား- ဇာ၊၁။ဂ။ မ၊ဋ္ဌ၊၁၊၆၀၊ ဇာ၊ဋ္ဌ၊ ၂။ ၂၃ဂ။

ပညာနှလုံးသား- ဇာ၊၂။၃ဝဝ။

ပညာနှုတ်သီး- မ၊ဋ္ဌ၊၂။၁၈၁။

ပညာဆင်စွယ် မ၊ဋ္ဌ၊၂။ ၁၂၁။ နေတ္တိ၊ ဋ္ဌ။ ၆၀။

ပညာကိုယ်ဝန်- သာရတ္ထ၊၁။၄။

ပညာမီးလျှံ- မဟာနိ။၄။ မ၊ဋ္ဌ၊၁၆၀။ ဇာ၊ဋ္ဌ၊ ၂။၂၁။ မ၊ဋီ၊၂။၁၉၆။အံ၊ဋီ၊၃။၃၆၇။

ပညာအလင်း၊ပညာအရောင်၊ပညာတန်ဆောင်-အဘိဓ။၂၀၊ ပဋိသံ။၁၁၄။ နေတ္တိ။ဂ။

ပညာသော့- အပ၊၁၊၃၆၄၊ ပညာလျှပ်စစ်- အဘိ။ ၁၃၊၂၅၅။

ပညာပုဒ်အရောက်[ပြင်ဆင်ရန်]

ပညာသည် အသိဉာဏ် ပညာဟူသော အနက်သာမညကို ဟောသော်လည်း ထိုပုဒ်၏အရ ဒေသနာဉာဏ်၊ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ အရဟတ္တမဂ်ပညာ၊ အရဟတ္တဖိုလ်ပညာ၊ လောကီလောကုတ္တရာပညာ စသည်တို့ကို အရာအားလျော်စွာ ကောက်ယူရသည်။

ကိုးကားသောကျမ်းများ[ပြင်ဆင်ရန်]

ပည (ထေရ။ ၂၂၀)န္တိ.. သတ္ထု ဒေသနာ ဉာဏဉှိ ဣဓာဓိပ္ပေတံ။ ထေရ၊ဋ္ဌ၊၁။၄၂။

ပညာယာ (အံ၊၃။ ၂)တိ ဝိပဿနာယ။ အံ၊ ဋ္ဌ၊၃။၁၉၅။

ပညာဘာဝေတာ (မ၊၁။ ၃၆၇)တိ ဣဒံ မဂ္ဂပညံ သန္ဓာယ ဝုတ္တံ။ မ၊ ဋ္ဌ၊ ၂၂၄၂။

ပညာယာ (အံ၊၁။ ၂၆၁)တိ သဟ ဝိပဿနာယ မဂ္ဂပညာယ။ အံ၊ဋ္ဌ၊၂။ ၂၃၀။

ပည(ဥဒါန၊၁၃၆)န္တိ သဒ္ဓိံ ဝိပဿနာ ပညာယ မဂ္ဂပညဉ္စေဝ ဖလပညဉ္စ။ ဥဒါန၊ဋ္ဌ။ ၂၆၆။

ပရိပုဏ္ဏာယ ပညာယာ(ထေရီ။၃၇၇)တိ ပရိပုဏ္ဏာယ အရဟတ္တမဂ္ဂပညာယ။ထေရီ၊ဋ္ဌ။၁၀။

ပညာ(ဒီ၊၃။၂၅၂)တိ အရဟတ္တဖလပညာ။ ဒီ၊ဋ္ဌ၊၃။ ၂၄၈။

ပဇာနာတီတိ ပညာ။... ဝိသေသတော ပနေတ္ထ အာသဝက္ခယဉာဏသင်္ခါတာ ပညာ စတုသစ္စဒဿနဋ္ဌေန ပညာစက္ခုတိ အဓိပ္ပေတာ။ ယံ သန္ဓာယ ဝုတ္တံ “စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒီ (ဝိ၊၃။ ၁၅။ သံ၊ ၃။၃၇၀။ ပဋိသံ၊၃၃ဝ)”တိ။ ဣတိဝုတ်၊ဋ္ဌ။ ၁၉၇။

ပညာ တဿာ(ဓမ္မ။၃၆)တိ လောကိယလာကုတ္တရာပနဿ ပညာ။ ဓမ္မ၊ဋ္ဌ၊၂။ဂ၀။(-ဒီ၁၁၁၆။ ဒီ၊၂။၂ဂ။ ဒီ၊၃။၃၁။ မ၊၁။၁၁၅။ မ၊၂"၁၂၀။ ၃။ ၂၈၂။ သံ၊၁။၁၇၅။ သံ၊၂၇၆။ သံ၊၃။၆၂။ အံ၊၁။၁၂၃။ အံ၊၂။၅။ အံ၊၃၄၀၄။ အဘိ၊ ပု၊၁၂၈။ အဘိက။၁၈၇။ ယမက၊၃၇။ ပဋ္ဌာန၊၁။၁၄၅။ပဋိသံ၊၃၆၇။ဓမ္မ။၁၈။ ဥဒါန။၁၅၇။ ဣတိဝုတ်။ ၂၁၉။ သုတ္တနိ။ ၂၉၁။ ထေရ။ ၂၂၀။ ထေရီ။၄၀၃။ အ၂၊၁။၂၅-၉။ အပ၊ ၂၂၁၀၈။ မဟာနိ။၁၆။ စူဠနိ။၃၀-၂-၃။ ဇာ၊၁။၁၄။ ၂။၁၀။ နေတ္တိ။ ၂၅၊၆၄။ မိလိန္ဒ၊၃၈၉၃။ ဝိဋ္ဌ၊၁။ဂ၂။ ဝိ၊ဋ္ဌ၊၂။၁၆။ ဝိ၊ဋ္ဌ၊၃။၅၄။ ဝိ၊ဋ္ဌ၊၄။၁၃၇၊ ဒီ၊ဋ္ဌ၊၁။၃၀။ ဒီ၊ဋ္ဌ၊၂။၅၁။ ဒီ၊ဋ္ဌ၊၃၇၄၊၁၁၊၁၂၈၊၂၄၇။ မဋ္ဌ၊၁။၁၂၂။၁၉၄၊ ၃၆၇။ မ၊ဋ္ဌ၊၂၊၅၊၃၇၊၅၃၊ ၆၉၊၂၀၇။ မ၊ဋ္ဌ၊၃၊ ၂၂၁၃၃။ သံ၊ဋ္ဌ၊၁၊၄၈။ သံ၊ဋ္ဌ၊၂၊၂၀၊၁၆၂။ သံ၊ဋ္ဌ၊၃။၁၁ဂ-၉။ အံ၊ဋ္ဌ၊ ၁။၄၁၂၊၃။ အံ-ဋ္ဌ၊၂။ ၂၆၊ ၂၀၁၊၃၆၀၊ ၃၉၄-၅။ အံ၊ဋ္ဌ၊၃။ ၅၁၊၁ ၁၅၊၁၄၂။ အဘိ၊ဋ္ဌ၊ ၂။ ၆။ အဘိ၊ဋ္ဌ၊၃။၃၈။ ပဋိသံ၊ဋ္ဌ၊၁။ ၁၀၁၊၁၁၉၊၃၄၃။ ပဋိသံ၊ဋ္ဌ၊ ၂။ ၁၉၅။ ဝိသုဒ္ဓိ၊၁။ ၉၈.၁၉၄။ ဝိသုဒ္ဓိ၊ ၂၊ ၆၆။ ခုဒ္ဒက၊ဋ္ဌ။၂၇။ ဓမ္မ၊ဋ္ဌ၊၁ ၁၉၆။ ဓမ္မ၊ဋ္ဌ၊၂၊၃၂၆၊ ၃၃၃။ ဥဒါန၊ဋ္ဌ။ ၂၆၆ ဣဘိဝုတ်၊ဋ္ဌ။၁၉၃-၇၊၂၈၃။ သုတ္တနိ၊ဋ္ဌ၊၁။ ၂၂၇။ သုတ္တနိ၊ဋ္ဌ၊ ၂၂၁၁၆။ ဝိမာန၊ဋ္ဌ။၁၄၁။ ပေတ၊ဋ္ဌ။၃။ ထေရ၊ဋ္ဌ၊၁။၃၁၅၊ ထေရ၊ဋ္ဌ၊၂။၁၈၇။ အဋ္ဌ၊၁။၃၂၂။ ဗုဒ္ဓဝံ၊ဋ္ဌ၊၆၀၊ စရိယ၊၁၊ဋ္ဌ။၇။ မဟာနိ၊ဋ္ဌ။၂၅၃၊ စူဠနိ၊ဋ္ဌ။၇။ နေတ္တိ၊ဋ္ဌ၊ ၄၅၊၁၃၂။ ဇာ၊ဋ္ဌ၊၁။၅၅။ဇာ၊ ဋ္ဌ၊ ၂။ ၁၅၀။ ဇာ၊ဋ္ဌ၊ ၃။ ၃၆။ ဇာ၊ဋ္ဌ၊၄။ ၁၇၃-၅။ ဇာ၊ဋ္ဌ၊၅။၁၂၇-၉။ဇာ၊ဋ္ဌ၊၆၊၂၀-၁။ဇာ၊ဋ္ဌ၊၇၊၁၈၉။သာရတ္ထ၊၁၊၁၃။ သာရတ္ထု၊ ၂။ ၅၃၊  သာရတ္ထ၊ ၃။ ၁၇၉၊  ကင်္ခါ၊ဋီ၊သစ်၊ ၂၁၉။ ဒီ၊ဋီ၊ ၁။၃၁၉။ သီ၊ဋီ၊သစ်၊၁။၁၉၉။ ဒီ၊ဋီ၊၃။ ၂၁၅-၆။ မ၊ဋီ၊၁း၁၈။ မ၊ဋီ၊၂။ ၂။ မဋီ၊၃။ ၃၉ဂမ သံ၊ဋီ၊၁။၁။ သံ၊ဋီ၊၂၇၆။ အံ၊ဋီ၊၁။ ၃၁။ အံ၊ဋီ၊ ၂။၇၆။ အံ၊ဋီ၊၃၅။ မူလဋီ၊၁၊၅၇။ မူလဋီ၊ ၃။၃၆။ အနုဋီ၊၁။၁၇၊ အနုဋီ၊၂။၇။)