မာတိကာသို့ ခုန်သွားရန်

ပစ္စုပဋ္ဌာန်

ဝီကီပီးဒီးယား မှ

ပစ္စုပဋ္ဌာန်[မှတ်စု ၁]ဆိုသည်မှာ ဉာဏ်တွင် ရှေးရှုထင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုပစ္စုပဋ္ဌာန်သည်(၁) အကျိုး(ဖလ) ပစ္စုပဋ္ဌာန်၊ (၂) ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ (ဥပဋ္ဌာနာကာရ[မှတ်စု ၂]) ပစ္စုပဋ္ဌာန်ဟု နှစ်မျိုးရှိသည်။

အကျိုးပစ္စုပဋ္ဌာန်

[ပြင်ဆင်ရန်]

ထိုတွင် အကျိုးပစ္စုပဋ္ဌာန်ဆိုသည်မှာ ကိစ္စတခုခုကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ ထိုကိစ္စကြောင့် အကျိုးတမျိုးမျိုးရှိလာသကဲ့သို့ ပရမတ် တရားတို့၏ ပြုမူဆောင်ရွက်မှု ကိစ္စရသကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရားမျိုးဖြစ်၏။ ဥပမာ-ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်း ဟူသော မောဟစေတသိက်၏ ပစ္စုပဋ္ဌာန်နှင့်တူသည်။ မောဟစေတသိက်၏ ကိစ္စရသသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၏ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်း ကိစ္စရသကြောင့်ဖြစ်၍ အကျိုးပစ္စုပဋ္ဌာန်ဟုခေါ်သည်။

ဥပဋ္ဌာနာကာရ-ပစ္စုပဋ္ဌာန်

[ပြင်ဆင်ရန်]

ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ ပစ္စုပဋ္ဌာန်ကား ပရမတ် တရားတခု၏ သဘောထားကို ဉာဏ်ဖြင့်သက်ဝင် နက်နက်နဲနဲဆင်ခြင်လိုက်သည့်အခါ စူးစူးစိုက်စိုက် လေ့လာရှုမြင်သူတို့၏ ဉာဏ်တွင် ထိုပရမတ်တရား၏ သဘောလက္ခဏာဖြစ်စေ၊ ကိစ္စဖြစ်စေ၊ အကြောင်းတရားဖြစ်စေ၊ အကျိုးတရားဖြစ်စေ ထင်လာတတ်သည်။ ယင်းသို့ထင်မြင်လာသော ပရမတ်တရား၏ သဘောလက္ခဏာစသော အခြင်းအရာသည်ပင် ဥပဋ္ဌာနာကာရ-ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဥပမာ-တစုံတယောက်သောသူကို သူ၏ ဟန်ပန် အမူအရာတို့ကိုကြည့်၍ အကဲခတ်သည့်အခါ အကဲခတ်သူဉာဏ်တွင် ထိုသူ၏ စိတ်နေသဘောထားတမျိုး ထင်မြင်လာသကဲ့သို့ပင် ဖြစ်ပါသည်။ []

  1. ပစ္စုပဋ္ဌာန=ပတိ+ဥပဋ္ဌာန။ ပတိ=ရှေးရှု။ ဥပဋ္ဌာန=ထင်ခြင်း။
  2. ဥပဋ္ဌာနာကာရ=ထင်သောအခြင်းအရာ။

ကိုးကား

[ပြင်ဆင်ရန်]
  1. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်