ရသ (ဗုဒ္ဓဘာသာ)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ရသသဒ္ဒါသည် ဤနေရာ၌ (၁)ပြုဖွယ်လုပ်ငန်း (ကိစ္စ)နှင့်(၂) ပြည့်စုံခြင်း(သမ္ပတ္တိ) ဟူသော အဓိပ္ပာယ်နှစ်မျိုးကိုဟောသည်။ ယင်းအဓိပ္ပာယ်များအရ ရသသည် (၁)ကိစ္စရသ၊ (၂) သမ္ပတ္တိရသဟု နှစ်မျိုးပြား၏။
ကိစ္စရသ
[ပြင်ဆင်ရန်]ထိုတွင် ကိစ္စရသဆိုသည်မှာ ပရမတ်တရားတို့၏ ကိုယ်ပိုင် ပြုမူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ဥပမာ-အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းသည် မောဟစေတသိက်၏ ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်၍ မိမိဖြစ်ရာပုဂ္ဂိုလ်နှင့် ဟဒယဝတ္ထုရုပ်တို့ကို လောင်ကျွမ်းခြင်းသည် ဒေါသ စေတသိက်လုပ်ငန်းဖြစ်သည်။ ယင်းကိစ္စရသကို အကျိုးပစ္စုပဋ္ဌာန် တရားကို ဖြစ်ပေါ်စေနိုင်သဖြင့် အကြောင်းရသဟူ၍လည်း ဆိုနိုင်သည်။
သမ္ပတ္တိရသ
[ပြင်ဆင်ရန်]အကြောင်းစုံညီသဖြင့် ဖြစ်ပေါ်လာရခြင်းကို သမ္ပတ္တိရသဟုခေါ်သည်။ ယင်းရသကို အကျိုးရသဟူ၍လည်း ခေါ်နိုင်သည်။ ဥပမာ-ဒေါသကြောင့် ခြေတုန်လက်တုန်ဖြစ်ခြင်း၊ အသံတုန်ခြင်း မျက်နှာထားခက်ထန်ကြမ်း တမ်းလာခြင်း စသော တကိုယ်လုံး၌ မလိုလားအပ်သော အနိဋ္ဌရုပ်များ ဖြစ်ပေါ်လာခြင်းသည် ဒေါသစေတသိက်၍ သမ္ပတ္တိရသပင် ဖြစ်ပါသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်။