ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ
ပုံပန်းသွင်ပြင်
ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Karenni State Democratic Party |
ဥက္ကဋ္ဌ | ခူးသဲရယ် |
အတွင်းရေးမှူး | အန်တောညို |
တည်ထောင်ခြင်း | ၈ စက်တင်ဘာ ၂၀၁၇ |
ဌာနချုပ် | လွိုင်ကော်မြို့၊ ကယားပြည်နယ် |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၃ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၂ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၃ / ၂၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Karenni State Democratic Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကယားလူမျိုးစုဒီမိုကရေစီပါတီ နှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့ ပူးပေါင်းထားသော ပါတီဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် အဆိုပါနိုင်ငံရေးပါတီ ၂ခုက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။[၂] [၁] ၂၀၂၃ ဇွန်လ ၂ ရက်နေ့တွင် "ကယား" အစား "ကရင်နီ" ဟူ၍ ပါတီအမည်ပြောင်းလဲခဲ့သည်။[၃]
ရွေးကောက်ပွဲအနိုင်ရခြင်း
[ပြင်ဆင်ရန်]အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကယားပြည်နယ်အတွင်း ယင်းပါတီက နေရာ(၃၀)တွင် ဝင်ပြိုင်ခဲ့သည်။[၄] အမျိုးသားလွှတ်တော်သုံးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်သုံးနေရာအနိုင်ရသည်။[၅]
ထူးခြားဖြစ်စဉ်များ
[ပြင်ဆင်ရန်]- ၆ ဩဂုတ် ၂၀၂၀ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး အား ပါတီကိုယ်စားပြုကာ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းစာရှင်းလင်းပွဲထဲ ထည့်သွင်းပြောဆိုခြင်း။ [၆]
- ၁၄ ဩဂုတ် ၂၀၂၀ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့ တွေ့ဆုံပွဲ သို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ် တက်ရောက်ခဲ့။[၇]
- ၁၂ ဇန်နဝါရီ ၂၀၂၁ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အပြီး NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ အကြား တွေ့ဆုံမည့်ကိစ္စ နေရာညှိနှိုင်းမရ၍ဆိုကာ တွေ့ဆုံပွဲပျက်ခဲ့ခြင်း။[၈] [၉]
- ၄ ဖေဖော်ဝါရီ ၂၀၂၁ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဒု-ဥက္ကဋ္ဌ (၁) စောဒန်နီယယ် နစက အဖွဲ့ဝင်အဖြစ် ၎င်း၏သဘောဆန္ဒအရ ပါဝင်သွား၍ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း။ [၁၀]
- ၉ ဖေဖော်ဝါရီ ၂၀၂၁ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကယားပြည်နယ်) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ လူထုနှင့်အတူ ရပ်တည်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်။[၁၁]
- ၂၇ မတ် ၂၀၂၂ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးခြင်းကိုခံယူ။[၁၂]
- ၂၈ မတ် ၂၀၂၃ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်၍ ပါတီဖျက်သိမ်းခံရသည့်စာရင်းထဲ ထည့်သွင်းဖော်ပြခံရ။[၁၃] [၁၄]
- မေ ၂၀၂၃ - ပါတီ ပထမအကြိမ်ညီလာခံကျင်းပ။
- ၂ ဇွန် ၂၀၂၃ -ပါတီအမည်ပြောင်းခြင်းနှင့် ပါတီဦးဆောင်သူများ အပြောင်းအလဲပြုလုပ်။[၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ။ UEC Myanmar။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် အမည်ပြောင်းလဲ။ ဖယ်ဒရယ်ဂျာနယ် မြန်မာ (2 June 2023)။
- ↑ နိုင်ငံရေးပါတီများ မျက်စိကျရာ ကယားပြည်နယ်။ Myanmar Now (၂၈ စက်တင်ဘာ ၂၀၂၀)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ကိုယ်စားပြု အနိုင်ရကိုယ်စားလှယ်များနှင့် ပါတီအကြား ရိုးရာအရ ကြက်ရိုးထိုး၍ ကတိကဝတ်စာချုပ်ချုပ်ဆို။ Eleven Media Group (၂၁ ဇန်နဝါရီ ၂၀၂၁)။ ၃ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကြေညာ၊ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်မည်။ DVB Burmese (၆ ဩဂုတ် ၂၀၂၀)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လာရောက်မိတ်ဆက်တွေ့ဆုံ။ seniorgeneralminaunghlaing (၁၄ ဩဂုတ် ၂၀၂၀)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အန်အယ်လ်ဒီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံပွဲပျက်။ DVB Burmese (၁၂ ဇန်နဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံမည့်နေရာညှိနှိုင်းမရသဖြင့် တွေ့ဆုံပွဲပျက်။ Eleven Media Group (၁၂ ဇန်နဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ဦးစောဒယ်နီယယ်ကို KySDP ပါတီက ထုတ်ပယ်။ DVB Burmese (၅ ဖေဖော်ဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်မှ NLDပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အနိုင်ရကိုယ်စားလှယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်နေသောလူထုနှင့်ရပ်တည်ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်။ Tachileik News Agency (၁၀ ဖေဖော်ဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီအား ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့်အညီ စစ်ဆေး။ MWD Webportal (၃၁ မေ ၂၀၂၂)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းလိုက်ကြောင်း UEC ထုတ်ပြန်။ Eleven Media Group (၂၉ မတ် ၂၀၂၃)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်း။ BBC Burmese (၂၈ မတ် ၂၀၂၃)။ ၃ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီထံ မှတ်ပုံတင်မထားတဲ့ ကယားနိုင်ငံရေးပါတီ ပါတီအမည်နဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်။ Delta News Agency (၂ ဇွန် ၂၀၂၃)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။