မာတိကာသို့ ခုန်သွားရန်

စောဒန်နီယယ်

ဝီကီပီးဒီးယား မှ

စောဒန်နီယယ်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏
ဗဟိုအကြံပေးအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်)
ခေါင်းဆောင်စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင်
ယခင်လူအဖွဲ့စတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဗဟိုအကြံပေးအဖွဲ့ဝင်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဖေဖော်ဝါရီ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူကောင်စီစတင်
ဆက်ခံသူရာထူးအနားပေး
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၅ နိုဝင်ဘာ ၁၉၅၇&#၁၆၀;(၁၉၅၇-၁၁-၂၅) (အသက် ၆၈)
မြန်မာနိုင်ငံ
နိုင်ငံရေးပါတီကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (၂၀၁၆-၂၀၂၁)
အလုပ်အကိုင်
  • နိုင်ငံရေးသမား

စောဒန်နီယယ် (အင်္ဂလိပ်: Saw Daniel; ၁၉၅၇ မွေးဖွား []) သည် ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကာလုံဗဟိုအကြံပေးအဖွဲ့ဝင် ဖြစ်သည်။​ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကောင်စီလက်ထက်တွင် စကစ ကောင်စီနှင့် စကစ၏ ဗဟိုအကြံပေးအဖွဲ့  အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။[]ယင်းမတိုင်ခင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌ ဟောင်းတစ်ဦး ဖြစ်သည်။[]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် စောဒန်နီယယ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[] အဆိုပါရာထူးလက်ခံခြင်းအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက စောဒန်နီယယ်အား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။[]

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ခြင်းခံရပြီး၊ စကစ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွေ့ခံရသည်။

ကာလုံအကြံပေးအဖွဲ့ဝင်

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်တွင် တာဝန်ပေးခံရသည်။[]

အရေးယူပိတ်ဆို့ခံရမှု

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ရက် တွင်လည်းကောင်း၊အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ဇူလိုင် ၂၁ရက် တွင်လည်းကောင်း၊ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းသည်။[] [] []

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော “စည်သူဘွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှံခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 Karenni armed group urges govt, Tatmadaw on single stand in peace talks (2 December 2020)။ 8 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်း Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၇ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ 7 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2021 တွင် ပြန်စစ်ပြီး။
  4. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
  5. Treasury Sanctions Senior Officials and Family Members Connected to Burma’s Military U.S. Embassy in Burma (2 July 2021)။ 7 March 2023 တွင် ပြန်စစ်ပြီး။
  6. COUNCIL IMPLEMENTING REGULATION (EU) the European Union (19 April 2021)။ 7 March 2023 တွင် ပြန်စစ်ပြီး။
  7. Autonomous Sanctions (Designated and Declared Persons – Myanmar) Amendment Instrument 2023 Australian Government (25 January 2023)။ 7 March 2023 တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း Myanmar National Portal။ 2 August 2025 တွင် ပြန်စစ်ပြီး။