မာတိကာသို့ ခုန်သွားရန်

စိတ်

ဝီကီပီးဒီးယား မှ
အခြားကြည့်ရန်။ သိတွေးအုံ
ဤဆောင်းပါးသည် သိတွေးမှုသဘော အလုံးစုံ အကြောင်း ဖြစ်သည်။ ဗုဒ္ဓဝါဒနှင့်တကွ ရှေးအိန္ဒိယကျမ်းဂန်လာ "စိတ္တ" သဘောတရား အတွက် စိတ္တ ကို ကြည့်ပါ။
Diagram of mental capacities
ခံစားသိရှိမိမှုစဉ်းစားတွေးတောမှုခံစားချက်အမျိုးမျိုး ခံစားမှုကြံစည်အားထုတ်မှု စသည်တို့ကို ပြုလုပ်သည်နေသည်မှာ စိတ်အစဉ်စု (mind) ဖြစ်၏။

စိတ်သဘော (သို့) စိတ်အစဉ်စု (သို့) သိတွေးမှု (အင်္ဂလိပ်: mind) (ပါဠိ: နာမ) ဆိုသည်မှာ - ပတ်ဝန်းကျင်မှ ဖြစ်စေ မိမိကိုယ်တွင်း စဉ်းစားခြင်းမှ ဖြစ်စေ လာရောက်သက်ရောက်သော လှုံ့ဆော်ချက်များကို ခံစားသိရှိခြင်းခံစားချက်များ ခံစားရခြင်းအခြင်းအရာတို့ကို မှတ်မိခြင်းစဉ်းစားခြင်းစိတ်ကူးပုံဖော်ခြင်းအကျိုးဆက် တခုခုကို ရည်သန်ခြင်း စသည့် သိရှိခံစားတွေးကြံမှု လုပ်ငန်းအားလုပ်ကို ပြုလုပ်နိုင်သည့် အရာကို ညွှန်းဆိုကြခြင်းမျိုး ဖြစ်၏။ သက်ရှိက သူ၏ ကိုယ်တွင်းနှင့် ပတ်ဝန်းကျင် အခြေအနေများကို သိရှိစွာဖြင့် သတိကပ်လျက် အားထုတ် သတိကပ်စိတ်သိတွေးမှုများလည်း ပါဝင်သကဲ့သို့၊ သတိပါပါ မဟုတ်ဘဲ ကြံစည်အားထုတ်မိသွားသော သတိလွတ်စိတ် (မသိစိတ်)သိတွေးမှုများလည်း ပါဝင်တတ်ပေ၏။

စိုင်းယန့်စ်အရ စိတ်ကို အကြမ်းဖျင်း အဆင့်ခွဲကြည့်ပုံ[ပြင်ဆင်ရန်]

လက်ရှိ နျူရိုစိုင်းယန့်စ် (Nueroscience) နှင့် သိတွေးအုံ သိပ္ပံ (Cognitive Science) တို့မှ သိရှိထားသမျှအရ စိတ်ကို အောက်ပါ အဆင့်များအဖြစ်သို့ ယေဘုယျ အကြမ်းဖျင်း ခွဲခြားနိုင်၏။

  • ၎င်း (မြင်ကွင်းဖြစ်စေ၊ အသံစဉ်များဖြစ်စေ) ခံစားသိရှိမိချက်များကို သာယာနှစ်သက်မှု-ဆင်းရဲမနှစ်မြို့မှုဖြင့် ဆက်လက်ခံစားမိခိုက်ကို ထိကြုံခံစားမှု ဖြစ်ပေါ်နေစဉ်တွင်လည်း ဆိုင်ရာ ကိုယ်တွင်းလျှပ်လှိုင်းများ ဦးနှောက် နျူရွန်ကွန်ရက်တို့အတွင်း ဆက်လက် ဖြစ်ပျက်စီးကူးနေ၏။
  • ၎င်း (မြင်ကွင်းဖြစ်စေ၊ အသံစဉ်များဖြစ်စေ) ခံစားသိရှိမိချက်များကို မှတ်ဉာဏ်များအဖြစ် ပြောင်းလဲမှတ်သားခြင်းကို ဦးနှောက်အတွင်း၌ နျူရွန်ချိတ်ဆက်ပုံတို့ ကိုယ်စားပြုပုံဖော် ချိတ်ထားလိုက်ခြင်းသဖွယ် စမ်းသပ်တွေ့ရှိထားရ၏။
  • ၎င်း (မြင်ကွင်းဖြစ်စေ၊ အသံစဉ်များဖြစ်စေ) ခံစားသိရှိမိချက်များကို အခြေခံ၍ သိတွေးအုံအတွင်းသို့ အခြင်းအရာများ အဖြစ် ပုံဖော်ဖမ်းယူခြင်းမျိုးကို သိယူမှု (Conception) ဟု ခေါ်နိုင်၏။ ဤအဆင့်အဖြစ်လည်း း ဦးနှောက်၏ နျူရွန်တို့အကြား ဆိုင်ရာ ကိုယ်တွင်းလျှပ်လှိုင်းများ ဆက်လက်စီးကူးနေသည်ကိုမူ တွေ့ထားရ၏။
  • ၎င်း သိယူထားသော (conceived) အခြင်းအရာများကို ဆက်လက်ကိုင်တွယ်စဉ်းစားခြင်း ပြုလျှင်လည်း ဆိုင်ရာ ကိုယ်တွင်းလျှပ်လှိုင်းများ ဆက်လက်စီးကူးနေသည်ကိုမူ တွေ့ထားရ၏။