သီရိပျံချီဘွဲ့
သီရိပျံချီဘွဲ့ | |
---|---|
အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
တည်ထောင်ခဲ့ | ၂ စက်တင်ဘာ ၁၉၄၈ |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | |
သီရိပျံချီဘွဲ့တံဆိပ် |
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည် -
- သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
- ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
- အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
- သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
- ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]
ပုံပန်းသဏ္ဌာန်
[ပြင်ဆင်ရန်]လက်ယာရစ်ရွှေခရုသင်းကို သပြေခက်နှစ်ခက်ဝန်းရံထားသောအမှန်တံဆိပ်ပုံဖြစ်ပြီး နိုင်ငံတာဝန်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့သော နယ်ဘက်ဆိုင်ရာ အစိုးရအမှု့ထမ်း၊ ယောက်ျား၊ မိန်းမ၊ အရပ်သားများကို ချီးမြှင့်ခဲ့သည်။
သီရိပျံချီဘွဲ့ ရရှိခဲ့သူများ
[ပြင်ဆင်ရန်]သီရိပျံချီဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
- မီးယပ်သားဖွားပါမောက္ခ ဒေါက်တာ ဒေါ်ရင်မေ (ဒပ်ဖရင်ဆေးရုံ) (၁၉၄၉)
- ဆေးပညာပါမောက္ခ ဒေါက်တာ ဦးမင်းစိန် (၁၉၄၉)
- ဦးသိန်း (သစ်တောရေးရာ မင်းကြီးချုပ်)
- ဓာတုဗေဒ မင်းကြီး ဦးချစ်သောင်း (၁၉၅ဝ)
- ခန္တီး စော်ဘွားကြီးစဝ်မြစိန် (၁၉၅၂)
- ဦးသန့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်(၁၉၅၃)
- ဦးသာမြတ် (၁၉၅၄) (ပျူစာပေ ပညာရှင်)
- ပါမောက္ခ ဒေါက်တာ ဘသန်း (၁၉၅၄) (ရန်ကုန်ဆေးကောလိပ်)
- ဆရာဇေယျ (၁၉၅၅)
- ကောလိယ ဦးစိန်းမောင် (နိုင်ငံတော်သာသနာရေးအရာရှိချုပ်၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲအတွက် သာသနာကဏ္ဍမှ ဦးဆောင်ခဲ့သူ)
- ပင်လောင်းစော်ဘွား စောမိုးကျော် (ကယန်းလထာမျိုးနွယ်စု) (၁၉၅၉)
- ဝဏ္ဏကျော်ထင် ဦးစိုးရ (၁၉၅၉)
- ဆရာ ဇော်ဂျီ (၁၉၆၁)
- ဝဏ္ဏကျော်ထင် နွယ်စိုး (၁၉၆၁)
- ပါမောက္ခ ဦးဧမောင် (၁၉၆၂)
- ဆရာ မင်းသုဝဏ် (၁၉၆၂) (နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ဖခင်)
- ဦးဘသောင်း (၁၉၆၂) (အတွင်းဝန်)
- ဦးစိန်ဝင်း (နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်))
- ဦးသန်းစိန် (ပါလီမန်အတွင်းဝန်)
- အထူးခုံရုံး အဖွဲ့ဝင် ဦးစီဘူး (၁၈၉၈-၁၉၅၃) (၁၉ ဇူလိုင် နိုင်ငံတော် လုပ်ကြံမှုကို စစ်ဆေးစီရင်သော တရားရေးအဖွဲ့ဝင်)
- ဦးမြ (အငြိမ်းစားကျောက်စာဝန်၊ အထူးအရာရှိ၊ ရှေးဟောင်းသုတေသနဌာန)
- ဗိုလ်မှူးကြီး စောမြင့် (လွတ်လပ်ရေးမော်ကွန်းဝင်) ခေါ် စာရေးဆရာ မှူးသမိန် (၁၉၅၅)
- ဗိုလ်မှူးကြီး မောင်မောင် (လွတ်လပ်ရေးမော်ကွန်းဝင်)
- စည်သူ ဗိုလ်မှူးကြီး ကျော်စိုး (လွတ်လပ်ရေးမော်ကွန်းဝင်)
- ဒုတိယ ဗိုလ်မှူးကြီး မြင့်ဆွေ (သူရဲကောင်းမှတ်တမ်းဝင်၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်))
- ဗိုလ်မှူးကြီး သီဟသူရ လှမော် (လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)) (BC-3570)
- ဦးဘအေး (ပြည်ထောင်စု ရွှေတံဆိပ်ဆုရှင်)
- ဦးဘစိန်
- ဦးဘဉာဏ်
- ဗိုလ်မှူးကြီး ကြည်မောင် (လွတ်လပ်ရေးမော်ကွန်းဝင်) (နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သူ)
- ဒုဗိုလ်မှူးကြီး ချစ်ခိုင် (နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ၂)
- ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ
- မှူးသမိန်
- စန်းယု (နိုင်ငံတော်သမ္မတ)
- ဦးအေးကို (နိုင်ငံတော်သမ္မတ)
- ဦးသိန်းဟန် (မြန်မာနိုင်ငံသမိုင်း ကော်မရှင်ဥက္ကဋ္ဌ)
- ဦးထွန်းမြင့် (လင်းခေး)
- စဝ်ခွန်အောင်
- စဝ်ရွှေမှုံ
- ဦးလွင် (ဒုတိယဝန်ကြီးချုပ်)(နောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် ၏ယောက္ခမ)
- ဦးခင့်မောင်
- ဦးအေမြလေး
- စောခင်စိုး
- ဒေါက်တာသာဉာဏ်(ရန်ကုန်ကလျာဏယုဝခရစ်ယာန်အသင်းဥက္ကဌ) (အကယ်ဒမီ မြင့်မြင့်ခိုင်၏ခင်ပွန်း)
- ဦးထွန်းနေလင်း (နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး)
- ဦးခင်အောင်မြင့် ( အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ) (၂၀၁၁)
- ဦးဇော်ဇော် (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ)
- ဦးတေဇ
- ဦးသိန်းဆွေ (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
- စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)[၂]
- ဦးဝင်းမြ - သံအမတ်ကြီး (အငြိမ်းစား) (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ) (၂၀၁၆)[၃]
- ဦးကျော်ကျော်မောင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ) (၂၀၁၆)[၃]
- စဝ်အောင်မြတ် (ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်) (၂၀၁၆)
- ဦးလှမောင်တင် (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်) (၂၀၁၆)[၃]
- ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး) (၂၀၁၆)[၃]
- ကရင်ပြည်နယ် တောင်ကလေးဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ပညာသာမိ (တောမှီရဟန်း) (၂၀၂၂)[၄]
- ကရင်ပြည်နယ်ဩဝါဒါစရိယ ဘဒ္ဒန္တကဝိဓဇ (ဇွဲကပင်တောင်ရေဆူဆရာတော်) (၂၀၂၂)
- မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) (၂၀၂၂)
- ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ) ယောဆရာတော်) (၂၀၂၃)
- ဒေါက်တာဘဒ္ဒန္တနောဓိဉာဏ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဒုတိယပါမောက္ခချုပ်ဆရာတော်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) (၂၀၂၃)
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
- ↑ http://www.moi.gov.mm/npe/?q=news/7/04/2016/id-40179
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ https://www.moi.gov.mm/ppd/sites/default/files/pyantan%20%2869-18%29.pdf[လင့်ခ်သေ]
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 11 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2023 တွင် ပြန်စစ်ပြီး။