သီဟသူရဘွဲ့
ပုံပန်းသွင်ပြင်
| သီဟသူရဘွဲ့ | |
|---|---|
| အမျိုးအစား | တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
| နိုင်ငံ | |
| ဖဲကြိုး | |
| Precedence | |
| နောက်ထပ် (ပိုမြင့်သော) | အောင်ဆန်းသူရိယဘွဲ့ |
| နောက်ထပ် (ပိုနိမ့်သော) | သူရဘွဲ့ |
သီဟသူရဘွဲ့မှာ မြန်မာ့တပ်မတော်တွင် အောင်ဆန်းသူရိယဘွဲ့ပြီးလျှင် ဂုဏ်သိက္ခာအားဖြင့် ဒုတိယအမြင့်မားဆုံးသော ဆုတံဆိပ်ဖြစ်သည်။ အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခံထိုက်သည့် အရည်အချင်း ရာနှုန်းပြည့်မမီသော်လည်း ၎င်းအရည်အချင်းနီးပါးမျှ တိုက်ပွဲအတွင်း မိမိတို့၏ အသက်ကို ပဓာနမထားပဲ နိုင်ငံတော် အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်သော စစ်သည်များကို ချီးမြှင့်လေ့ရှိသည်။
ပြည့်စုံရမည့် အရည်အချင်းများ
[ပြင်ဆင်ရန်]အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့် အရည်အချင်းကို ရာနှုန်းပြည့်မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှပြည်စုံသော တပ်မတော်သားများအား သီဟသူရဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်။[၁]
ချီးမြှင့်ခြင်းခံရသူများ
[ပြင်ဆင်ရန်]| ချီးမြှင့်နှစ် | ချီးမြှောက်ခံ | မှတ်ချက် |
|---|---|---|
| ၁၉၄၉ | ဒုဗိုလ် ကိုကြီး (ကျဆုံး) | |
| ၁၉၅၀ | တပ်ကြပ် ခင်မြင့် (ကျဆုံး) | |
| ၁၉၅၂ | ဦးကျော်သိန်း (ကျဆုံး) | |
| ၁၉၅၆ | တပ်သား တင်ညွန့် (ကျဆုံး) | |
| ၁၉၆၂ | ကြည်း ၇၇၆၁ ဗိုလ် လှကြည် | |
| ၁၉၇၅ | ကြည်း ၁၁၈၆၄ ဗိုလ် ညွန့်ခင် (ကျဆုံး) | |
| ၁၉၇၈ | ကြည်း ၁၁၇၁၆ ဗိုလ်ကြီး သူရ စစ်မောင် | |
| ကြည်း ၁၃၇၆၉ ဒုဗိုလ် စိုးလွင် (ကျဆုံး) | ||
| အမှတ် ၂၇၈၁၄၃ တပ်ကြပ် ထွန်းကြည် (ကျဆုံး) | ||
| အမှတ် ၃၇၀၇၀၀ တပ်သား ညိုအေး (ကျဆုံး) | ||
| ၁၉၇၉ | ကြည်း ၁၂၀၁၉ ဗိုလ်မှူး သိန်းထွန်းတင် | |
| ၁၉၈၀ | ကြည်း ၁၁၇၀၁ ဗိုလ်မှူး တင်အောင်မြင့်ဦး |
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၇)၊ ဂုဏ်ထူးဆောင်ဘွဲ့များဆိုင်ရာ အရည်အချင်းများ”