သိပ္ပကျော်စွာဘွဲ့
ပုံပန်းသွင်ပြင်
| သိပ္ပကျော်စွာဘွဲ့ | |
|---|---|
| အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
| တည်ထောင်ခဲ့ | ၂ စက်တင်ဘာ ၁၉၄၈ |
| နိုင်ငံ | |
| ဖဲကြိုး | |
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။
- သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
- ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
- အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
- သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
- ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]
သိပ္ပကျော်စွာဘွဲ့ ရရှိခဲ့သူများ
[ပြင်ဆင်ရန်]ဤဘွဲ့ရသူများ စာရင်း သည် မပြီးစီးသေးပါ။ |
၂၀၂၃
[ပြင်ဆင်ရန်]| ချီးမြှင့်သည့်နှစ် | အမည် | ရာထူး | အဖွဲ့အစည်း | ချီးမြှင့်သူ |
|---|---|---|---|---|
| ၂၀၂၃[၂] | ဦးအောင်မြိုင် | ဒုတိယဝန်ကြီး | ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | မင်းအောင်လှိုင် |
| ဗိုလ်မှူး ပြည့်ဖြိုးမောင် | ကာကွယ်ရေးဝန်ကြီးဌာန | |||
| ဦးချမ်းအေး | Structure ပညာရှင် | အင်ဂျင်နီယာကောင်စီ | ||
| ဦးဇာလီချမ်း | Structure ပညာရှင် | အင်ဂျင်နီယာကောင်စီ |
၂၀၂၅
[ပြင်ဆင်ရန်]| ချီးမြှင့်သည့်နှစ် | အမည် | ရာထူး | အဖွဲ့အစည်း | ချီးမြှင့်သူ |
|---|---|---|---|---|
| ၂၀၂၅[၃] | ဒေါက်တာ တင်ထွန်းဦး | ဥက္ကဋ္ဌ | မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ | မင်းအောင်လှိုင် |
| ဒေါ်နွဲ့နွဲ့ခင် | ဥက္ကဋ္ဌ | မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ |
၂၀၂၆
[ပြင်ဆင်ရန်]| ချီးမြှင့်သည့်နှစ် | အမည် | ရာထူး | အဖွဲ့အစည်း | ချီးမြှင့်သူ |
|---|---|---|---|---|
| ၂၀၂၆ ဇန်နဝါရီ | ဦးခင်အောင်ကြည် | ပါမောက္ခချုပ် (ငြိမ်း) | သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန | မင်းအောင်လှိုင် |
| ဦးတင်မြင့် | ဒုတိယဥက္ကဋ္ဌ | မြန်မာနိုင်ငံသံနှင့် သံမဏိလုပ်ငန်းရှင်များအသင်း | ||
| ဦးယဉ်ထွေးသက် | အဖွဲ့ဝင် | မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ | ||
| ဒေါက်တာမြမြဦး | အဖွဲ့ဝင် | မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ | ||
| ဒေါက်တာရဲလှ | ဥက္ကဋ္ဌ | ဝက်သက်ရောဂါကင်းစင်ပပျောက်ရေးအတည်ပြုစစ်ဆေးခြင်းအမျိုးသားအဆင့်ကောင်မတီ | ||
| ဦးမြင့်လွင် | နာယက | မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ | ||
| ပါမောက္ခဒေါက်တာ မျိုးညွန့် | ဥက္ကဋ္ဌ | မြန်မာနိုင်ငံကြက်ခြေနီအသင်း | ||
| ၂၀၂၆ မတ် | ဒေါက်တာကေသီလွင် | ပါမောက္ခချုပ် | သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန | |
| ဦးကျော်ကောင်းချို | ညွန်ကြားရေးမှူးချုပ် | ဆောက်လုပ်ရေးဝန်ကြီးဌာန |
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၃၉၅ - ၄၀၁။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃ ၁၃၈၅ ခုနှစ် ၊ ဒုတိယဝါဆိုလဆန်း ၆ ရက်။ CINCDS။ 3 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။