သုဓမ္မသင်္ဂဟ
သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၏ အဆောင်အယောင်တံဆိပ် လည်ဆွဲဖဲကြိုးဖြင့် နမူနာပုံ | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | (ဖဲကြိုးတို(ဆားဗစ်တန်း)တပ်ဆင်ရန် သတ်မှတ်ထားခြင်းမရှိပါ။[၁]) |
Grades | |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | မရှိပါ။ |
နောက်ထပ် (ပိုနိမ့်သော) | ပြည်ထောင်စုစည်သူသင်္ဂဟ |
သုဓမ္မသင်္ဂဟ အဆောင်အယောင်တံဆိပ် (သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၏ အဆောင်အယောင်တံဆိပ် ရှေ့ဖက်ပုံစံများသည် တူညီကြသည်။[၁]) |
သင်္ဂဟအဖွဲ့တွင် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟဟူ၍ (၂) ဖွဲ့ထားရှိပေသည်။ သင်္ဂဟအဖွဲ့ (၂) ဖွဲ့စလုံးအတွက် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိများအတွက်ဟူ၍ (၂) မျိုးစီ ခွဲခြားထားသည်။ ယင်းသို့ ခွဲခြားထားသော်လည်း၊ အဆင့်အတန်းမှာ ခြားနားခြင်းမရှိပေ။ သုဓမ္မသင်္ဂဟတွင် -
ဟူ၍ အဆင့်အတန်း (၃) မျိုးခွဲခြားထားသည်။[၂]
အရည်အချင်း သတ်မှတ်ချက်
[ပြင်ဆင်ရန်]သုဓမ္မသင်္ဂဟဘွဲ့များအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ၊ အကျိုးဆောင်သူများဖြစ်ရမည်။ ယင်းသုဓမ္မသင်္ဂဟသုံးမျိုးကို အဆင့်အလိုက်ချီးမြှင့်ရာတွင် စွမ်းဆောင်မှုအတိုင်းအတာအပေါ်မူတည်၍ သတ်မှတ်ထားသည်။
နိုင်ငံတော်အကြီးအကဲအတွက် ဘွဲ့တံဆိပ်ဆိုင်ရာ ထူးခြားချက်
[ပြင်ဆင်ရန်]နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်အကြီးအကဲအဖြစ်ဖြင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူးအလျောက် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟများ၏ အကြီးအမှူးဖြစ်သည့်အပြင် သုဓမ္မသင်္ဂဟတွင် "အဂ္ဂမဟာသီရိသုဓမ္မ" ဖြစ်၍ ပြည်ထောင်စုစည်သူသင်္ဂဟတွင် "အဂ္ဂမဟာသရေစည်သူ"လည်း ဖြစ်သည်။
ထို့ပြင် “နိုင်ငံတော်အကြီးအကဲသည် တာဝန်ပြီးဆုံးသည့်အခါတွင် သုဓမ္မသင်္ဂဟတွင် အဂ္ဂမဟာသီရိသုဓမ္မ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူ အဖြစ်လည်းကောင်း ဆက်လက်တည်မြဲကြောင်း” နိုင်ငံတော်အကြီးအကဲအတွက် ထူးခြားစွာပြဋ္ဌာန်းထားရှိသည်။[၃]
အခြားပြဋ္ဌာန်းချက်များ
[ပြင်ဆင်ရန်]သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၂]
ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း (၁၂) ပုဂ္ဂိုလ်အမည်နှင့်တွဲ၍ သုံးနိုင်သော ဂုဏ်ထူးဆောင်ဘွဲ့များ”
- ↑ ၂.၀ ၂.၁ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅-၄၀၁။
- ↑ သန်းထွန်း(မော်လမြိုင်); et al. (မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့) (၂၀၁၂)။ စာပေဗိမာန် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ (ed.)။ တိုင်းကျိုးပြည်ဆောင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ။ မြန်မာ့စွယ်စုံကျမ်း။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂) (ပထမအကြိမ်၊ ၂၀၁၂ ခုနှစ် ed.)။ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ: စာပေဗိမာန်အဖွဲ့။ pp. ၂၈၄-၂၉၀။