မဟာသရေစည်သူ
မဟာသရေစည်သူ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
မဟာသရေစည်သူဘွဲ့တံဆိပ် နမူနာပုံ | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | ပြည်ထောင်စုစည်သူသင်္ဂဟ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | သတိုးမဟာသရေစည်သူ |
နောက်ထပ် (ပိုနိမ့်သော) | သရေစည်သူ |
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး တတိယတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ
- အဂ္ဂမဟာသရေစည်သူ
- သတိုးမဟာသရေစည်သူ
- မဟာသရေစည်သူ
- သရေစည်သူ
- စည်သူ ဘွဲ့တို့ဖြစ်ကြသည်။
မဟာသရေစည်သူ ကို ရှမ်းစော်ဘွားများ၊ ဝန်ကြီးများ၊ တရားလွှတ်တော်ဝန်ကြီးများ၊ နိုင်ငံ့တာဝန်ထူးချွန်ပြောင်မြောက်သူများကိုချီးမြှင့်လေ့ရှိသည်။
ချီးမြှင့်ခြင်း
[ပြင်ဆင်ရန်]သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၁]
ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[၂]
မဟာသရေစည်သူဘွဲ့ ရရှိခဲ့သူများ
[ပြင်ဆင်ရန်]မဟာသရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
- ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်
- မြို့မ ဦးဘလွင်
- ဦးဖေခင် (ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ)
- ဦးကြာပု (ပင်လုံစာချုပ် လူထုကိုယ်စားလှယ်)[၃]
- သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေး (ပင်လုံစာချုပ် လူထုကိုယ်စားလှယ်)
- စဝ်ခွန်ပန်းစိန် (တောင်ပိုင်နယ် စော်ဘွားကြီး၊ ရှမ်းပြည်မြောက်ပိုင်း)
- အတွင်းဝန်ချုပ် ခင်မောင်ဖြူ
- ဒေါက်တာ ဘဟန်
- လက်ဝဲမင်းညို
- ပညာမင်းကြီး ဒေါက်တာ ဦးဘ
- ဗိုလ်မှူးချုပ် အောင်ကြီး (လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)) (နောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်သူ)
- ဗိုလ်မှူးချုပ် မောင်မောင်ကျော်ဝင်း
- ချတ်တီချိုင်း ချွန်ဟာဗန် (ထိုင်းဝန်ကြီးချုပ်)
- ဦးစိန် (ပါလီမန်အတွင်းဝန်) (ကယားပြည်နယ်ဝန်ကြီးချုပ် ၁၉၄၈ မှ ၁၉၆၀ ထိ)
- ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (ရဟတ်ယာဉ်ပျက်ကျ၍ ကျဆုံး)
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
- ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း
- ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း[၄]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2020 တွင် ပြန်စစ်ပြီး။
- ↑ http://www.moi.gov.mm/npe/?q=news/13/02/2017/id-55666
- ↑ အမျိုးသားအောင်ပွဲနေ့တွင် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး ချီးမြှင့်အပ်နှင်း။