ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်

ဝီကီပီးဒီးယား မှ
ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
(ရှေ့ဖက် နှင့် ကျောဖက်)

ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်ပုံ[၁]
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားမြန်မာ့တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်[၂]
နိုင်ငံ မြန်မာ
ဖဲကြိုး     
အရည်အချင်းပြည့်မီစာတွင်ရှု့
အခြေနေချီးမြှင့်ဆဲ
Precedence
နောက်ထပ် (ပိုမြင့်သော)ပြည်ပရန်နှိမ်တံဆိပ်[၂]

ဆားဗစ်တန်းပုံ[၁]

ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်သည် မြန်မာ့တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည်။[၂] ၎င်း၏ ပြည့်စုံရမည့် အရည်အချင်းများပါ အချက်များအရ ယင်းတံဆိပ်သည် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းတိုင်း ရရှိသော တံဆိပ်တစ်ခုဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ပြည်သူ့စစ် စစ်ဆင်ရေးများ ယနေ့ထိတိုင်ပြုလုပ်ဆဲဖြစ်သောကြောင့်ဖြစ်သည်။

ပြည့်စုံရမည့် အရည်အချင်းများ[ပြင်ဆင်ရန်]

အောက်တွင်ဖော်ပြထားသော စစ်ဆင်ရေးများတွင် သာမန်ထက် ထူးခြားပြောင်မြောက်စွာ သက်စွန့်ကြိုးပမ်း ပါဝင်တိုက်ခိုက်တာဝန်ထမ်းဆောင်ခဲ့ခြင်း (သို့) ၎င်းစစ်ဆင်ရေးကာလများအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိခြင်း တို့အတွက် ချီးမြှင့်သည်[၃] -

  1. (၁- ၅- ၁၉၆၈) မှ (၃၁- ၁၂- ၁၉၆၈) ကာလအတွင်း ပင်လယ်ဘူး၊ ဂဒူး၊ ဗန်းမောက်/ ဂဏန်းနယ်မြေ နှင့် ထီးချိုင့်/ ကောလင်း/ ဝန်းသိုနယ်မြေများ၌ ပြုလုပ်ခဲ့သည့် "ဂဏန်းစစ်ဆင်ရေး"၊
  2. (၁- ၆- ၁၉၆၈) မှ (၂၄- ၁- ၁၉၆၉) ကာလအတွင်း သာပေါင်း နှင့် ဓနုဖြူနယ်မြေဒေသများ၌ ပြုလုပ်ခဲ့သည့် "မိုးဟိန်းစစ်ဆင်ရေး"၊
  3. (၁၀- ၃- ၁၉၆၉) မှ (၃၁- ၃- ၁၉၇၁) ကာလအတွင်း မြောင်းမြခရိုင်၊ သိလ္လာ၊ ကျုံပျော်ဓနုဖြူငပုတောလေးမျက်နှာကြံခင်းနယ်မြေများ၌ ပြုလုပ်ခဲ့သည့် "ရွှေလင်းယုန်စစ်ဆင်ရေး"၊
  4. (၁၉- ၄- ၁၉၆၉) မှ စတင်ပြုလုပ်ခဲ့သော မှော်ဘီ/ ပဲခူးနယ်မြေဒေသများ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင်စစ်ဆင်ရေး"၊
  5. (၂၅- ၅- ၁၉၇၀) မှ (၁၄- ၁၀- ၁၉၇၁) ကာလအတွင်း အုတ်တွင်းနယ်မြေဒေသများ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
  6. (၂၄- ၈- ၁၉၇၀) မှ (၂၂- ၁၀- ၁၉၇၀) ကာလအတွင်း ကကရံမြစ်၊ ချောင်းသာ၊ ကျွန်းပြဿဒ်၊ ကျောက်ချောင်းကြီး၊ ရေကျော်ချောင်းဝ ပင်လယ်ကမ်း မှ အနောက်တောင်တိုင်းစစ်ဌာနချုပ် နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်စပ်အတိုင်း ချောင်းသာဒေသ အထိ ပါဝင်သော နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "ရွှေလဝန်းစစ်ဆင်ရေး"၊
  7. (၁၇- ၁၀- ၁၉၇၀) မှ (၁- ၁- ၁၉၇၁) ကာလအတွင်း ပဲခူးခရိုင်ပဲခူးရိုးမနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင်စစ်ဆင်ရေး"၊
  8. (၂၆- ၁- ၁၉၇၁) မှ (၃၁- ၁၂- ၁၉၇၁) ကာလအတွင်း ဖဒိုနယ်မြေဒေသ၌ ပြုလုပ်ခဲ့သော "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
  9. (၈- ၁- ၁၉၇၁) မှ (၁၅- ၁၁- ၁၉၇၁) ကာလအတွင်း ဒိုက်ဦးအနောက်ခြမ်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
  10. (၁၄- ၇- ၁၉၇၁) မှ (၂၀- ၁- ၁၉၇၂) ကာလအတွင်း ဇလွန်မြို့နယ်ဒေသ၌ ပြုလုပ်ခဲ့သည့် "ဧရာမင်းစစ်ဆင်ရေး"၊
  11. (၂- ၉- ၁၉၇၂) မှ (၂၁- ၁၀- ၁၉၇၂) ကာလအတွင်း ဖျာပုံခရိုင်နယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "ထော်ပိုင်စစ်ဆင်ရေး"၊
  12. (၁၈- ၉- ၁၉၇၂) မှ (၁- ၃- ၁၉၇၄) ကာလအတွင်း ပဲခူးရိုးမနယ်မြေ၌ ပြုလုပ်ခဲ့သည့် "အောင်စိုးမိုးစစ်ဆင်ရေး"၊
  13. ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ မှ ၁၉၇၃ ခုနှစ်၊ မတ်လ ကာလအတွင်း သရက်အရှေ့ခြမ်းနယ်မြေဒေသ၌ ပြုလုပ်ခဲ့သည့် "အလင်းရောင် အဆင့်(၂) စစ်ဆင်ရေး"၊
  14. (၁၇- ၁၁- ၁၉၇၂) မှ (၂၄- ၁၁- ၁၉၇၂) ကာလအတွင်း ပုသိမ်အရှေ့ပိုင်းနယ်မြေ၌ ပြုလုပ်ခဲ့သည့် "ဒေသန္တရစစ်ဆင်ရေး"၊
  15. (၂၁- ၇- ၁၉၇၃) မှ (၁၅- ၅- ၁၉၇၄) ကာလအတွင်း ကြံခင်းဟင်္သာတနယ်မြေ၌ ပြုလုပ်ခဲ့သော "တိုင်းလုံးအောင်စစ်ဆင်ရေး"၊
  16. အထက်ပါစစ်ဆင်ရေးများအပြင် (၁၂- ၁- ၁၉၆၆) မှစ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့သည့် "တပ်မတော် နှင့် ပြည်သူ့စစ် စစ်ဆင်ရေးများ"၊

ချီးမြှင့်ခြင်းခံရသူများ[ပြင်ဆင်ရန်]

၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့သည့် တပ်မတော် နှင့် ပြည်သူ့စစ် စစ်ဆင်ရေးများတွင် ပါဝင်သူ နှင့် ၎င်း စစ်ဆင်ရေးကာလများအတွင်း တပ်မတော်တွင် စစ်မှုထမ်းဆောင်လျက်ရှိသူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းအားလုံး ချီးမြှင့်ခံရသည်။

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “နောက်ဆက်တွဲ (င)။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေးနှင့် တံဆိပ်ပါ အမှတ်အသားများနှင့်ပတ်သက်၍အဓိပ္ပာယ်ဖော်ဆောင်ချက်များ
  2. ၂.၀ ၂.၁ ၂.၂ ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “အခန်း(၆)။ ချီးမြှင့်အပ်နှင်းရန် သတ်မှတ်သည့် ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အဆင့်များ
  3. ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “အခန်း(၈)။ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ