တိုက်ပွဲတံဆိပ် (လောက်ကိုင်)
ပုံပန်းသွင်ပြင်
| တိုက်ပွဲတံဆိပ် (လောက်ကိုင်) | |
|---|---|
ဆုတံဆိပ်ပုံ | |
| အမျိုးအစား | စစ်ပွဲ/ တိုက်ပွဲ/ စစ်ဆင်ရေး ဂုဏ်ပြုတံဆိပ် |
| ဆုချီးမြှင့်ရခြင်း | စာတွင်ရှု |
| နိုင်ငံ | |
| ဆုတံဆိပ်ပေးအပ်သူ | ကာကွယ်ရေးဌာနကောင်စီ |
| အကျုံးဝင်သူများ | တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ |
| ကျောဘက် | |
| စစ်ဆင်ရေး(များ) | ပြည်သာယာစစ်ဆင်ရေး |
| အခြေအနေ | ချီးမြှင့်ဆဲ |
| စတင်တည်ထောင် | ၁၅ အောက်တိုဘာ ၂၀၁၅ |
ဆားဗစ်တန်းဖဲကြိုးတို | |
| တပ်ဆင်ရန် အဆင့်အတန်းသတ်မှတ်ချက် | |
| နောက်ထပ် (ပိုမြင့်သော) | တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်) |
| နောက်ထပ် (ပိုနိမ့်သော) | သင်တန်းတံဆိပ်များ [မှတ်စု ၁] |
တိုက်ပွဲတံဆိပ် (လောက်ကိုင်) သည် မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုချီးမြှင့်သော ဆုတံဆိပ်တစ်မျိုးဖြစ်သည်။ ၎င်းနှင့်အတူ တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)တို့အား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပေးဆပ်၍ တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် "ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊ ၁၇/အထူး/၂ဝ၁၅" ဖြင့် ပြဋ္ဌာန်းခဲ့သည်။[၁][၂]
ချီးမြှင့်ရန် သတ်မှတ်ချက်များ
[ပြင်ဆင်ရန်]တိုက်ပွဲတံဆိပ် (လောက်ကိုင်)အား ချီးမြှင့်ရန် အောက်ပါအတိုင်း သတ်မှတ်ထားသည်–[၁][၂]
- ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သာယာ စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ။
- ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ။
နောက်ထပ်ကြည့်ရန်
[ပြင်ဆင်ရန်]ရှင်းလင်းချက် မှတ်စုများ
[ပြင်ဆင်ရန်]- ↑ ရာထူး၊ အဆင့်နှင့် သင်တန်းပြီးစီးမှုပေါ်မူတည်၍ ကွဲပြားနိုင်သည်၊
ကိုးကား
[ပြင်ဆင်ရန်]- 1 2 "တပ်မတော်မှ တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်) နှင့် တိုက်ပွဲတံဆိပ်(လောက်ကိုင်) တို့ကို ပြဋ္ဌာန်း" (in မြန်မာဘာသာ) (22-10-2015). မြဝတီနေ့စဉ်သတင်းစာ (၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်၊ ကြာသပတေးနေ့။ အတွဲ(၅)၊ အမှတ်(၁၈၆)). မြဝတီသတင်းစာတိုက်. Retrieved on 03-02-2023. 3 February 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- 1 2 "ကချင်နှင့်ကိုးကန့်တိုက်ပွဲပါဝင်သူများ ရွှေလင်းယုန်နှင့် လောက်ကိုင် တိုက်ပွဲတံဆိပ် ချီးမြှင့်မည်" (in မြန်မာဘာသာ)၊ ဧရာဝတီသတင်းဌာန၊ 22-10-2015။ 3 February 2023 တွင် ပြန်စစ်ပြီး။
