မာတိကာသို့ ခုန်သွားရန်

အလင်္ကာကျော်စွာဘွဲ့

ဝီကီပီးဒီးယား မှ
(အလင်္ကာကျော်စွာ မှ ပြန်ညွှန်းထားသည်)
အလင်္ကာကျော်စွာဘွဲ့
အလင်္ကာကျော်စွာ ပန်းချီ ဦးစောမောင် ရရှိခဲ့သည့် ဘွဲ့တံဆိပ်ပုံ
အမျိုးအစားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[]

အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ် အစိုးရများမှ ၂၀၁၁ခုနှစ်နောက်ပိုင်း ပြည်ထောင်စုအစိုးရများ လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၂၀) ကျော်သာ ရှိသည်။ ၂၀၂၁ခုနှစ်မှစ၍ တပ်မတော်မှဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ လက်ထက် ၂၀၂၂ခုနှစ်တွင်မူ မတ်လ၌ (၂၅)ဦး၊ ဧပြီလ၌ (၈)ဦး၊ နိုဝင်ဘာလ၌ (၇)ဦး စုစုပေါင်း (၄၀)ဦးအထိ အမြောက်အမြား ချီးမြှင့်ခဲ့သည်။[][]

ရွှေမန်းတင်မောင်၏သားဖြစ်သူ ညွန့်ဝင်းအား ၂၀၂၂ခုနှစ် မတ်လတွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဧပြီလတွင် နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ ရွှေနန်းတင်အား အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။[]

အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့သော သူများ

[ပြင်ဆင်ရန်]
စဉ်အမည်ရရှိသည့်နှစ်ဓာတ်ပုံအမိန့်ကြေညာစာအမှတ်/ရက်စွဲမှတ်ချက်
ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း)၁၉၅၀၁၈၇၆-၁၉၆၄အမှတ်(၇) ၄.၁.၁၉၅၀
ဆိုင်းဆရာဦးဟန်ပ၁၉၅၃မြန်မာ ၁၂၅ဝ-၁၃၂၈အမှတ်(၃) ၄.၁.၁၉၅၃
စောင်း ဆရာညိန်း(ဂီတအနုပညာသည်ကြီး)၁၉၅၃-အမှတ်(၃) ၄.၁.၁၉၅၃
ပတ္တလား ဆရာဘကလေး(မန္တလေး)၁၉၅၃မြန်မာ ၁၂၄ဝ-၁၃၂၂အမှတ်(၃) ၄.၁.၁၉၅၃
ဒေါ်စောမြဧကြည်၁၉၅၃၁၈၉၂-၁၉၆၈အမှတ်(၃) ၄.၁.၁၉၅၃
ပန်းချီဆရာကြီးဦးငွေကိုင်၁၉၅၃၁၉၁၀-၁၉၆၇အမှတ်(၃) ၄.၁.၁၉၅၃
မြန်မာ့ဇာတ်မင်းသားရွှေမန်းတင်မောင်၁၉၅၃အမှတ်(၃) ၄.၁.၁၉၅၃
ပြဇာတ်ဒါရိုက်တာဒဂုံဆရာတင်၁၉၅၃? -၁၉၇၆အမှတ်(၃) ၄.၁.၁၉၅၃
ဆိုင်းဆရာ ဦးဘမောင်၁၉၅၅-အမှတ်(၁) ၄.၁.၁၉၅၅
၁၀သီချင်းရေးဆရာဦးဧ(ရွှေပြည်အေး)၁၉၅၅အမှတ်(၁) ၄.၁.၁၉၅၅
၁၁စောင်းဦးဘသန်း၁၉၅၅၁၉၀၈ - ၁၉၈၇အမှတ်(၁) ၄.၁.၁၉၅၅
၁၂ရုပ်ပြောင်၊ပန်းချီဆရာကြီးဦးဘဂျမ်း၁၉၅၅၁၉၀၂-၁၉၅၂အမှတ်(၁) ၄.၁.၁၉၅၅(ကွယ်လွန်ပြီးမှ ရရှိ)
၁၃သီချင်းရေးဆရာမြို့မငြိမ်း၁၉၅၆၁၉၀၉-၁၉၅၅အမှတ်(၂) ၄.၁.၁၉၅၆(ကွယ်လွန်ပြီးမှ ရရှိ)
၁၄ဇာတ်ပွဲ စာရေးဆရာဦးစံခို ၁၉၅၈၁၈၇၉ - ၁၉၅၈အမှတ်(၂) ၄.၁.၁၉၅၈
၁၅ရုပ်ရှင်ဒါရိုက်တာအေဝမ်းဦးတင်မောင်၁၉၅၈၁၉၀၈-၂၀၀၀အမှတ်(၂) ၄.၁.၁၉၅၈
၁၆ပန်းချီဆရာကြီးဦးစောမောင်၁၉၅၈၁၉၀၀ - ၁၉၆၉အမှတ်(၂) ၄.၁.၁၉၅၈
၁၇နိုင်ငံတော်တီးဝိုင်းနှင့် ပြဇာတ်အဖွဲ့ စိန်ဝေလျှံ (ခေါ်) ဦးတိုးဝေ၁၉၅၈? -၁၉၇၄အမှတ်(၂) ၄.၁.၁၉၅၈
၁၈စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးသုခ၁၉၅၈၁၉၁၀-၂၀၀၅အမှတ်(၂) ၄.၁.၁၉၅၈
၁၉စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးဉာဏ၁၉၅၈၁၉ဝ၃-၁၉၆၈အမှတ်(၂) ၄.၁.၁၉၅၈
၂၀ရုပ်ရှင်ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်)၁၉၅၈၁၉၁၀-၁၉၈၅အမှတ်(၂) ၄.၁.၁၉၅၈
၂၁ဒါရိုက်တာ ပန်းချီစိုးမိုး၂၀၁၆အမှတ် (၂/၂၀၁၆) ၄.၁.၂၀၁၆
၂၂ဒါရိုက်တာ စင်​ရော်​မောင်​မောင်
၂၃ဂီတစာဆို ဟင်္သာတမြင့်ငွေ
၂၄ဆိုင်းဆရာကြီး စိန်စတင်း၂၀၂၀အမှတ် (၂/၂၀၂၀) ၄.၁.၂၀၂၀(ကွယ်လွန်ပြီးမှ ရရှိ)[]
၂၅စွယ်စုံရအနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင်၂၀၂၂အမှတ် (၂၆/၂၀၂၂) ၂၇.၃.၂၀၂၂[](ကွယ်လွန်ပြီးမှ ရရှိ)
၂၆စာ​ရေးဆရာအယ်ဒီတာချုပ် ဦး​ကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)
၂၇ဒါရိုက်တာ ကြည်စိုးထွန်း
၂၈စာ​ရေးဆရာ ဦး​လေးမြိုင် (​လေးမြိုင်)
၂၉စာ​ရေး​ဆရာ ​ဒေါက်တာခင်​မောင်ညွန့်
၃၀စာ​ရေးဆရာ ​ဒေါက်တာ​သော်​ကောင်း
၃၁စာ​ရေးဆရာ ​ဒေါက်တာခင်​အေး ​(မောင်ခင်မင် (ဓနုဖြူ))
၃၂စာ​ရေးဆရာ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)
၃၃စာ​ရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)
၃၄စာ​ရေးဆရာ ဦးခင်​မောင်စိုး (​မောင်ပေါ်ထွန်း)
၃၅စာ​ရေးဆရာ ဦးကို​လေး (ကို​လေး - အင်းဝဂုဏ်ရည်)
၃၆စာ​ရေးဆရာ ဦးတင်ခ (တက္ကသိုလ်တင်ခ)
၃၇စာ​ရေးဆရာ ဦး​ကျောက်​ဆောက်သာနိုး (​မောင်သာနိုး)
၃၈စာ​ရေးဆရာ ဦးသန်းထွန်း (သိန်းသန်းထွန်း)
၃၉စာ​ရေးဆရာ ဦးမြင့်လွင် (ဖိုးကျော့)
၄၀စာ​ရေးဆရာ ဦးထွန်းရီ (ထွန်းရီ - ​ရှေး​ဟောင်းသု​တေသီ)
၄၁စာ​ရေးဆရာ ဦးတင်​မောင်မြင့်
၄၂စာ​ရေးဆရာ ဦးထွန်း​အောင်ချိန်
၄၃စာ​ရေးဆရာ ​​မောင်​မောင်လတ် (​နောင်)
၄၄စာ​ရေးဆရာ ဦးစိန်လှိုင် (သူရ​ဇော်)
၄၅စာ​ရေးဆရာ ​ဒေါ်ချိုချိုတင် (မစန္ဒာ)
၄၆သရုပ်​ဆောင် ညွန့်ဝင်း
၄၇ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို
၄၈စွယ်စုံရအနုပညာရှင် ဝင်းဦး(ကွယ်လွန်ပြီးမှ ရရှိ)
၄၉သရုပ်​ဆောင် ​ကောလိပ်ဂျင်နေဝင်း(ကွယ်လွန်ပြီးမှ ရရှိ)
၅၀ဂီတစာဆို နန်း​တော်​ရှေ့ဆရာတင်၂၀၂၂အမှတ် (၆၃/၂၀၂၂) ၁၇.၄.၂၀၂၂
၅၁ဂီတစာဆို ​ရွှေတိုင်ညွန့်
၅၂ဇတ်သဘင်ပညာရှင် ​ရွှေနန်းတင်
၅၃​အဆိုပညာရှင် တွံ​တေးသိန်းတန်
၅၄ဂီတပညာရှင် စန္ဒရား ချစ်​ဆွေ
၅၅ဂီတပညာရှင် စန္ဒရား လှထွတ်
၅၆အဆိုပညာရှင် သု​မောင်
၅၇ဆိုင်းပညာရှင် စိန်ဗိုလ်တင့်
၅၈ဒါရိုက်တာ ဦးသာဓု၂၀၂၂အမှတ် (၂၁၁/၂၀၂၂) ၁၇.၁၁.၂၀၂၂
၅၉စာ​ရေးဆရာမ ​ဒေါ်နုယဉ် (နုယဉ်)
၆၀စာ​ရေးဆရာ ဦးဝင်း​မောင် (မင်းယု​ဝေ)
၆၁စာ​ရေးဆရာ ဦးမျိုးသန့် (​မောင်ဆုရှင်)
၆၂စာ​ရေးဆရာ ဦးတင်​မောင် (သိပ္ပံမှူးတင်)
၆၃စာ​ရေးဆရာ ဦး​အောင်သင်း (​​အောင်သင်း)
၆၄စာ​ရေးဆရာမ ​ဒေါက်တာတင်တင်ဝင်း (​ဒေါက်တာမတင်ဝင်း-ပညာ​ရေးတက္ကသိုလ်)
ဗိုလ်မှူးခင်မောင်လှ (ရဲဘော်ခင်မောင်လှ)[] ၂၀၂၅

ဆက်လေ့လာရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၃၉၅ - ၄၀၁။
  2. 1 2 ပွဲဆူခဲ့တဲ့ စစ်ကောင်စီ ရဲ့ ဘွဲ့၊တံဆိပ်အပ်နှင်းပွဲ
  3. အမျိုးသားအောင်ပွဲနေ့တွင် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး ချီးမြှင့်အပ်နှင်း
  4. ကွယ်လွန်ပြီးမှ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရတဲ့ ဆိုင်းဆရာကြီးစိန်စတင်း
  5. မတ်လ ၂၇ ရက် တပ်မတော်နေ့တွင်  နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့ နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်​ကျော် အနုပညာရှင်များ ပါဝင်
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။