ဇေယျ၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဇေယျ၊ စာရေးဆရာ
အမည်ရင်း ဦးယော
ကွယ်လွန် ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်း
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာ
ရရှိသည့်ဆုများ သီရိပျံချီဘွဲ့
အိမ်ထောင်ဖက် ဒေါ်မြရီ

ဇေယျ (၁၉ဝဝ - ၁၉၈၂)[ပြင်ဆင်ရန်]

ဆရာကြီး ဇေယျ (ခေါ်) ဦးယော

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ဆရာဇေယျ၏ ငယ်နာမည်မှာ မောင်ယောရှု ဖြစ်သည်။ ဇီးကုန်းမြို့ အေဘီအမ်ကျောင်း၌ စတင်ပညာသင်ကြားပြီး ၁၉၂ဝ တွင် ဆယ်တန်း စာမေးပွဲကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သည်။ ကျောင်းနေစဉ်ကပင် ကျောင်းလက်ရေးစာမူမဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ပြီး မောင်ယော အမည် သုံးခဲ့သည်။


ဒဂုန် မဂ္ဂဇင်း၌ စတင် အလုပ် လုပ်ကိုင်သည်။ ဒဂုန်မဂ္ဂဇင်း ပထမစာစောင်တွင် ဗိုလ်ရန်အောင် ဝတ္ထုကို ရေးခဲ့သည်။ စာရေးဆရာဘဝသို့ ရောက်အောင် ဆုံးမသွန်သင် လမ်းညွှန်ခဲ့သူများမှာ သခင် ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ပီမိုးနင်း၊ ကျောင်းဆရာကြီး ဦးဘိုးသစ်တို့ ဖြစ်သည်။


ဒဂုန်မဂ္ဂဇင်းတွင် ဇေယျ အမည်ဖြင့် စတင်ရေးသားသည်။ ဇေယျကလောင် အမည်ရွေးပုံမှာ စားပွဲပေါ်ရှိ အဘိဓာန် စာအုပ်ကို မကြည့်ဘဲ လှန်ပြီး စာအုပ်ပေါ် လက်ထောက်ကာ ကျရာစာလုံးကို ကလောင်အမည် ယူမည်ဟု အဓိဋ္ဌာန် ပြုခဲ့သည်။ (Victory) စာလုံးပေါ် လက်ထောက်မိပြီး မြန်မာမှု ပြုကာ ဇေယျ အမည်ကို ရွေးခဲ့သည်။ ဒဂုန်မဂ္ဂဇင်းကို အစွဲ ပြု၍ ဒဂုန်ဇေယျဟု သုံးခဲ့ပြီး ထို့နောက်မှ ဇေယျ ဖြစ်လာသည်။ ဒဂုန်မဂ္ဂဇင်းတွင် လေးနှစ်ခွဲခန့် အလုပ်လုပ်ခဲ့ပြီး နုတ်ထွက်ခဲ့သည်။ ဇေယျသတင်းစာကို ကိုယ်တိုင် ထုတ်ခဲ့သည်။ ထို့အပြင် တပတ်တကြိမ် လေးပဲတန် (တမတ်တန်) ဂျာနယ်ကို ထုတ်ဝေခဲ့ရာ ကိုးလအကြာတွင် ရပ်လိုက်ရသည်။ [၁]

ထို့နောက် လန်ဒန်အတ် မဂ္ဂဇင်း၊ ဗြိတိသျှ ဘားမား၊ ဓူဝံ မဂ္ဂဇင်း၊ ဓူဝံ ဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် အဆင့်ဆင့် ဆောင်ရွက် ခဲ့သည်။ စစ်ပြီးခေတ်တွင် ပြန်ကြားရေး ဝန်ကြီး ဌာနသို့ ဝင်ရောက် အမှု ထမ်းပြီး ညွှန်ကြားရေးဝန် ရာထူးဖြင့် အငြိမ်းစား ယူခဲ့သည်။


အငြိမ်းစား ယူပြီး နောက်တွင် သမိုင်း ကော်မရှင် ယဉ်ကျေးမှု ကောင်စီ၊ မြန်မာစာ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၊ စာပေဗိမာန်ဆု ရွေးချယ်ရေး အဖွဲ့ တို့တွင် ပါဝင် ဆောက်ရွက် ခဲ့သည်။ ထို့အပြင် မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။


၁၉၃ဝ ပြည့်နှစ်တွင် ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန ထုတ်ဝေသော သူကြီး ဂေဇက် မဂ္ဂဇင်းတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၃၉ ခုနှစ် မဂ္ဂဇင်း ရပ်ဆိုင်း သွားသည့် အချိန်အထိ ဖြစ်သည်။

၁၉၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၌ ဆရာ ဇေယျသည် သခင်ကိုယ်တော်မှိုင်း၏ သမီးကြီး ဒေါ်မြရီနှင့် အိမ်ထောင် ပြုခဲ့သည်။

၁၉၂၅-ခုနှစ်တွင် ရင်းနှီးသော မိတ်ဆွေသုံးဦး၏ အစုဝင်ငွေ ၂၀-ကျပ်ဖြင့် မတည်ကာ လေးပဲတန် ဇေယျသတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူမှာ မောင်မောင်လေး ဖြစ်ပြီး၊ အယ်ဒီတာမှာ ဆရာဇေယျဖြစ်သည်။

၁၉၅ဝ ပြည့်နှစ်တွင် ဝဏ္ဏ ကျော်ထင် ဘွဲ့ကို လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် သီရိပျံချီ ဘွဲ့ကို လည်းကောင်း ရရှိ ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် စာပဒေသာ ဆုကို မြန်မာ့ မျက်ပွင့် (ရွာဓလေ့၊ လူဓလေ့) စာအုပ်ဖြင့် ရရှိခဲ့သည်။


၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် ချမ်းသာလမ်း အိမ် အမှတ် (၅) တွင် ကွယ်လွန် ခဲ့သည်။

ဇေယျ ထုတ်ဝေပြီး စာအုပ်များ[ပြင်ဆင်ရန်]

စဉ် အမည် ထုတ်ဝေနှစ် မှတ်ချက်
စာတိုပေစ ၁၉၆၅
စာတွေ့ ငါတွေ့ ၁၉၆၇
စာသဘင် ၁၉၆၃
ဇေယျ စာတမ်း ၁၉၆၅
ဇေယျ ဝတ္ထုတိုများ ၁၉၅၅
ဇေယျ၏စာ ၁၉၆၅
တောကြီးမာယာ ၁၉၆၅
နီပွန်စိတ်ဓာတ်
ဗမာ့အရေးနှင့် အနုပညာ အသွေး
၁၀ ဗမာပြည် တိုက်ပွဲ ၁၉၆၄
၁၁ မိန်းမ ၁၉၆၁
၁၂ မြနှင်းနွယ် ၁၉၆၁
၁၃ မြတ်လေး ရွှေဓားဗိုလ် ၁၉၉၉
၁၄ မြန်မာစာ မြန်မာ့စိတ် မြန်မာ့မာန် ၁၉၆၆
၁၅ မြန်မာ့မျက်ပွင့် (စာဓလေ့) ၁၉၇၄
၁၆ မြန်မာ့မျက်ပွင့် (ရွာဓလေ့၊ လူ့ဓလေ့) ၁၉၆၁
၁၇ မှတ်တမ်းတင် ဗမာ့ အရေးအခင်းများ ၁၉၆၅
၁၈ လူ ၁၉၃၈
၁၉ သိန်းလေးဆယ် ၁၉၇၄
၂၀ အဏုမြူ

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  • နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) စာတည်းအဖွဲ့၊ ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်။