သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
ပုံပန်းသွင်ပြင်
| သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် | |
|---|---|
ဆုတံဆိပ်ပုံ[၁] | |
| အမျိုးအစား | တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်[၂] |
| ဆုချီးမြှင့်ရခြင်း | "... သူရဘွဲ့ဖြင့် ဂုဏ်ပြုချီးမြှင့်အပ်နှင်းထိုက်သည့် အရည်အချင်း ရာနှုန်းပြည့် မမီသော်လည်း ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်ရာ၌ ကြံ့ခိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်သော သူရသတ္တိဖြင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်း။"[၃] |
| ဖော်ပြချက်အကျဉ်း | အချင်း ၃.၂ cm ရှိ စက်ဝိုင်းပုံဖြစ်ပြီး အလယ်တွင် အချင်း ၂.၃ cm ရှိ စက်ဝိုင်းအတွင်း ဖောင်းကြွနေသည့် ၅ ထောင့်ကြယ်ရှိသည်။ အတွင်းနှင့် အပြင် စက်ဝိုင်း နှစ်ခုအကြားတွင် မြန်မာပန်းပုံခွေပုံဖော်ထားသည်။ တံဆိပ်၏ ကျောဘက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” စာတန်းကို အထက်၌ လည်းကောင်း၊ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” စာတန်းကို အောက်၌ လည်းကောင်း တံဆိပ်အဝိုင်းအလိုက် ဖောင်းကြွပြုလုပ်ထားသည်။ အလယ်တွင် ချီးမြှင့်သည့် ခုနှစ်သက္ကရာဇ်ကို ရေးထိုးထားပြီး တံဆိပ်ထိပ်တွင် ဖဲကြိုးတပ်ရန် ရွှေကွင်းကလေးတပ်ဆင်ထားသည်။ |
| နိုင်ငံ | |
| ဆုတံဆိပ်ပေးအပ်သူ | |
| အကျုံးဝင်သူများ | စာတွင်ရှု့ |
| ဖဲကြိုး | |
| ကျောဘက် | |
| အခြေအနေ | ချီးမြှင့်ဆဲ |
ဆားဗစ်တန်းဖဲကြိုးတိုပုံ[၁] | |
| တပ်ဆင်ရန်အဆင့်သတ်မှတ်ချက် | |
| နောက်ထပ် (ပိုမြင့်သော) | သီဟဗလတံဆိပ်[၂] |
| နောက်ထပ် (ပိုနိမ့်သော) | မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် |
| ဆက်နွယ် | သူရဘွဲ့ |
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်သည် မြန်မာ့တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည်။[၂]
ပြည့်စုံရမည့် အရည်အချင်းများ
[ပြင်ဆင်ရန်]သူရဘွဲ့ဖြင့် ဂုဏ်ပြုချီးမြှင့်အပ်နှင်းထိုက်သည့် အရည်အချင်း ရာနှုန်းပြည့် မမီသော်လည်း ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်ရာ၌ ကြံ့ခိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်သော သူရသတ္တိဖြင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်း။[၃]
ဆုတံဆိပ်ဆိုင်ရာ အချက်အလက်များ
[ပြင်ဆင်ရန်]သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေး၊ တံဆိပ်အမှတ်အသားများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖော်ဆောင်ချက်များဖြစ်သည်။[၁]
ပစ္စည်းအမျိုးအစားနှင့် အလေးချိန်
[ပြင်ဆင်ရန်]ဆုတံဆိပ်အား (၁၄ ပဲရည်) ရွှေ ၃ ကျပ်သားဖြင့် ပြုလုပ်ထားသည်။
ပုံသဏ္ဌာန်နှင့် အရွယ်အစား
[ပြင်ဆင်ရန်]- စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်၍ အချင်း ၃.၂ စင်တီမီတာရှိသည်။
- တံဆိပ်၏ အလယ်တွင် အချင်း၂.၃ စင်တီမီတာရှိ စက်ဝိုင်းအတွင်း ရောင်ခြည်ဖြာထွက်နေဟန် ၅ ထောင့်ကြယ်ကို ဖောင်းကြွပြုလုပ်ထားသည်။
- အတွင်းစက်ဝိုင်းနှင့် အပြင်စက်ဝိုင်း၏ အကြားတွင် မြန်မာပန်းပုံခွေပုံဖော်ထားသည်။
- တံဆိပ်၏ ကျောဘက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” ဟူသော စာတန်းကို အထက်၌လည်းကောင်း၊ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ဟူသောစာတန်းကို အောက်၌ လည်းကောင်း ထား၍ တံဆိပ်အဝိုင်းအလိုက် ဖောင်းကြွပြုလုပ်ထားသည်။ အလယ်လစ်လပ်သော နေရာတွင် ချီးမြှင့်အပ်နှင်းသည့် ခုနှစ်သက္ကရာဇ်ကို ရေးထိုးထားသည်။
- တံဆိပ်ထိပ်တွင် ဖဲကြိုးတပ်ဆင်ရန် ရွှေဖြင့်ပြုလုပ်ထားသော ကွင်းကလေး တပ်ဆင်ထားသည်။
ဖဲကြိုးအရွယ်အစားနှင့် အရောင်အသွေး
[ပြင်ဆင်ရန်]- ဖဲကြိုး၏ အရောင်မှာ ဟင်္သပဒါးအနီရောင်ဖြစ်၍ အကျယ်မှာ ၃.၈ စင်တီမီတာရှိသည်။
- ဖဲကြိုး၏ အလယ်တွင် ၀.၈ စင်တီမီတာအကျယ်ရှိ အစိမ်းရောင်အစင်းရှိ၍ ယင်းအစိမ်းရောင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ၀.၅ စင်တီမီတာ အကျယ်ရှိ အဖြူရောင်အစင်း ၂ စင်းရှိသည်။
တံဆိပ်ပါ အမှတ်အသားများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖော်ဆောင်ချက်
[ပြင်ဆင်ရန်]- မြန်မာပန်းပုံခွေသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာကို ဖော်ဆောင်သည်။
- ကြယ်၏ ရောင်ခြည်ဖြာထွက်နေသည့် သဘောမှာ တံဆိပ်ချီးမြှင့်ခံရသူတို့ အစဉ်အမြဲ အရည်အသွေးတောက်ပြောင်မှုရှိသည့်အဓိပ္ပာယ်ကို ဖော်ဆောင်သည်။
ပုံတူတံဆိပ်ငယ်
[ပြင်ဆင်ရန်]- ဤတံဆိပ်နှင့်အတူ ချီးမြှင့်မည့် ပုံတူတံဆိပ်ငယ်ကို လက်ဝဲဘက်ရင်ဘက်တွင် တပ်ဆင်ရန်ဖြစ်သည်။
ဂုဏ်ပြုစာလွှာ
[ပြင်ဆင်ရန်]ဤတံဆိပ်နှင့်အတူ ရွှေရောင်ဖြင့်ရိုက်နှိပ်ထားသော ဂုဏ်ပြုစာလွှာတစ်စောင် ပါရှိသည်။
ချီးမြှင့်ခြင်းခံရသူများ
[ပြင်ဆင်ရန်]ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
၂၀၂၅ ခုနှစ်
[ပြင်ဆင်ရန်]| ချီးမြှင့်သည့်နှစ် | ရာထူး | အမည် | အဖွဲ့အစည်း | ချီးမြှင့်သူ |
|---|---|---|---|---|
| ၂၀၂၅[၄] | ဗိုလ်ချုပ် | အောင်နေမျိုး | ကာကွယ်ရေးဝန်ကြီးဌာန | မင်းအောင်လှိုင် |
| ဗိုလ်မှူးချုပ် | ထွန်းထွန်းဝင်း | ကာကွယ်ရေးဝန်ကြီးဌာန | ||
| ဗိုလ်မှူးကြီး | ကျော်စံဦး | ကာကွယ်ရေးဝန်ကြီးဌာန | ||
| ဗိုလ်မှူးကြီး | ဖြူဝင်း | ကာကွယ်ရေးဝန်ကြီးဌာန | ||
| ဗိုလ်မှူးကြီး | နိုင်ဝင် | ကာကွယ်ရေးဝန်ကြီးဌာန | ||
| ရဲမှူးချုပ် | မျိုးသူရနောင် | မြန်မာနိုင်ငံရဲတပ်ဖွဲ့ | ||
| ဒုတိယဗိုလ်မှူးကြီး | ရဲဝင်းထွန်း | ကာကွယ်ရေးဝန်ကြီးဌာန | ||
| ဒုတိယဗိုလ်မှူးကြီး | ကောင်းမြတ်သူ | ကာကွယ်ရေးဝန်ကြီးဌာန | ||
| ဗိုလ်ကြီး | ကျော်ကျော်ခန့် | ကာကွယ်ရေးဝန်ကြီးဌာန |
နောက်ထပ်ကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “နောက်ဆက်တွဲ (င)။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေးနှင့် တံဆိပ်ပါ အမှတ်အသားများနှင့်ပတ်သက်၍အဓိပ္ပာယ်ဖော်ဆောင်ချက်များ”
- 1 2 3 ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “အခန်း(၆)။ ချီးမြှင့်အပ်နှင်းရန် သတ်မှတ်သည့် ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အဆင့်များ”
- 1 2 ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၇.၁၂.၂၀၀၉)။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် (pdf) (in မြန်မာဘာသာ)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝဘ်ဆိုက်။ 4 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၄.၀၂.၂၀၂၃ တွင် ပြန်စစ်ပြီး။ “အခန်း(၈)။ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ”
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။